ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ငွေ့ရှူတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 8, 2020 . 2 mins read
Share now

ကိုယ့်ကျန်းမာရေးတစ်ခုတည်းကြောင့် ဆေးလိပ်ဖြတ်ဖို့ခက်နေသေးတယ်ဆိုရင် ကိုယ်ဝန်ရှိတယ်၊ ဒါမှမဟုတ် ကိုယ်ဝန်ယူတော့မယ်လို့ စိတ်ကူးမိတာနဲ့ ကိုယ့်ကလေးအတွက်တော့ ဆေးလိပ်ဖြတ်သင့်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ မိမိကိုယ်တိုင်ဆေးလိပ်သောက်ရင် သင့်ကိုယ်ဝန်မရခင်၊ ကိုယ်၀န်ဆောင်ကာလနဲ့ မွေးပြီးတဲ့အခါ သုံးချိန်စလုံးကို ဆေးလိပ်က ထိခိုက်စေတာမို့လို့ပါပဲ။
ဘယ်လိုဆေးလိပ်အမျိူးအစားမှာမဆို ပါ၀င်တဲ့ နီကိုတင်းဓာတ်၊ ကာဗွန်မိုနောက်ဆိုက်နဲ့ တခြားမြောက်မြားစွာသောအဆိပ်အတောက်တွေဟာ သင်ရှူသွင်းရာက သွေးကြောထဲကတဆင့် သင့်ကလေးဆီကို တိုက်ရိုက်ရောက်ပါတယ်။ အကျိူးဆက်အနေနဲ့ သင်ကိုယ်တိုင်နဲ့ သင့်ရဲ့ ကြီးထွားနေတဲ့ကလေးကို အောက်ဆီဂျင်ပမာဏလျော့နည်းစေပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းကိုမြန်စေပါတယ်။ ကိုယ်၀န်ပျက်ကျခြင်း၊ သားလျှောခြင်းတွေကို ဖြစ်စေပါတယ်။ လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်ဘဲမွေးတာတွေကို အင်္ဂါမပြည့်စုံတာတွေလဲဖြစ်တတ်ပါတယ်။ရုတ်တရက် ကလေးအသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
ဆေးလိပ်သောက်တာများလေလေ၊ ဒါမှမဟုတ် သူများသောက်တဲ့ဆေးလိပ်ငွေ့ကိုရှူရှိက်ရတာများလေလေ အပေါ်က ကျန်းမာရေးပြသနာတွေရင်ဆိုင်ရတာများလေလေပါပဲ။ကိုယ်၀န်ဆောင်စဉ်မှာ  ဆေးလိပ်နဲ့ထိတွေ့တာ ဘယ်လောက်ထိရတယ်၊ဘယ်လောက်ထိဆို အန္တရာယ်ကင်းတယ်ဆိုတဲ့ safe level လုံး၀မရှိတဲ့အတွက် လုံး၀ကိုရှောင်ကြဉ်ရမှာပါ။

ဆေးလိပ်ငွေ့ရှူရှိုက်မိရင်

တချို့တွေက ကိုယ်ကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် မိသားစု၀င်တစ်ဦးဦးကဆေးလိပ်သောက်တဲ့အခါ မီးလောင်နေတဲ့ ဆေးလိပ်ကထွက်တဲ့အငွေ့နဲ့ ဆေးလိပ်သောက်သူက ရှူထုတ်လိုက်တဲကအငွေ့နှစ်မျိုးပေါင်းကို ရရှိခံစားရတာပါ။ ဆေးလိပ် ဒါမှမဟုတ် စီးကရက်ရဲ့ ကုန်ခါနီး ဖင်ဆီခံကို လောင်ကျွမ်းလို့ထွက်လာတဲ့ အငွေ့တွေထဲမှာ နီကိုတင်း၊ ကတ္တရာ၊ ကာဗွန်မိုနောက်ဆိုက်စတဲ့ အဆိပ်တွေဟာ တကယ်ဆေးလိပ်သောက်တဲ့လူ ရှူသွင်းလိုက်တာထက် ပိုလို့တောင် ပမာဏများများနဲ့ပါ၀င်နေပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တိုင်ဆေးလိပ်မသောက်သော်ငြား အတူနေမိသားစုဝင်တစ်ယောက်ယောက် သောက်တဲ့ဆေးလိပ်ငွေ့ကို ပုံမှန်လိုရှူနေရရင် ကလေးအသေမွေးခြင်း၊ ပေါင်မပြည့်လမစေ့မွေးခြင်း၊ ကိုယ်လက်အင်္ဂါမစုံလင်ခြင်းတွေအပြင် အခြားသော ကိုယ်၀န်ရဲ့ နောက်ဆက်တွဲပြဿနာတွေပိုကြုံရနိုင်ပါတယ်။ ဒါ့အပြင် မွေးလာတဲ့ကလေးတွေအနေနဲ့ ပန်းနာရင်ကြပ်ရောဂါ၊ ဓာတ်မတည့်ရောဂါ၊ အဆုတ်နဲ့ နားဆိုင်ရာပြသနာတွေ၊ ရုတ်တရက်နားလေးခြင်း စတာတွေ ကြုံရနိုင်ပါတယ်။

ကိုယ်ဝန်မဆောင်ခင် ဆေးလိပ်ဘယ်လိုဖြတ်မလဲ

အသုံး၀င်တဲ့ နည်းလမ်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။
  • ဆေးလိပ်ပြာခွက်၊ မီးခြစ် စတဲ့ ပစ္စည်းတွေကို မမြင်အောင်ထားပါ။ ကိုယ့်ရဲ့အိမ်ကို ဆေးလိပ်ကင်းစင်နေရာအဖြစ်သတ်မှတ်ပါ။
  • ဆေးလိပ်သောက်တဲ့ သင့်မိတ်ဆွေအပေါင်းအသင်းတွေကို သင့်အနားမှာ ဆေးလိပ်မသောက်ဖို့ပြောပါ။
  • လက်ဖက်ရည်၊ကော်ဖီ၊လက်ဖက်၊ green tea စတဲ့ ကဖင်းပါတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ပါ။ ကဖင်းက ဆေးလိပ်သောက်ချင်စိတ်ကိုဖြစ်စေတတ်လို့ပါပဲ။
  • ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေသူတွေအနေနဲ့ အရက်ကိုလဲ ရှောင်ကြဉ်သင့်ပါတယ်။ အရက်ဟာ သင့်ကိုယ်သင်ရော၊ ရင်သွေးအတွက်ပါ လုံးဝကောင်းကျိူးမပေးတဲ့အပြင် အရက်သောက်ခြင်းက ဆေးလိပ်သောက်ချင်စိတ်ကိုပိုတွန်းအားပေးပါတယ်။
  • အရင်ဆေးလိပ်သောက်တာနဲ့အတူတွဲလုပ်နေကျအပြုအမူတွေကိုပါဖြတ်ပါ။ ဥပမာ သင်က အရင်က ကားမောင်းတဲ့အချိန်၊ ဒါမှမဟုတ် စိတ်ဖိစီးတဲ့အချိန်မျိုးမှာ ဆေးလိပ်သောက်တတ်တဲ့သူဆိုရင် ဒါတွေလုပ်နေတဲ့အချိန်မှာ တခြားအလေ့အကျင့်နဲ့ အစားထိုးစလုပ်ကြည့်ပါ။ ဆေးလိပ်သောက်ချင်စိတ် ပေါက်လာတဲ့အခါတိုင်း ပူရှိန်း ဒါမှမဟုတ် ပီကေဝါးကြည့်ပါ။အလွယ်တကူရနိုင်အောင် ဆောင်ထားပါ။
  • လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွနေပါ။ လမ်းလျှောက်တာဖြစ်ဖြစ်၊စာဖတ်တာဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့အရာတွေကိုပြောင်းလဲလုပ်ဆောင်ကြည့်ပါ။
  • လူတွေအများကြီး ဆေးလိပ်သောက်တတ်တဲ့နေရာတွေဖြစ်တဲ့ ဘား၊ကလပ်၊ အရက်ဆိုင်၊ တချို့သောစားသောက်ဆိုင်တွေကို သွားတာကနေ ရှောင်ကြဉ်လိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

လည်ချောင်းနာ တာက ရက်ပိုင်းလောက် ကြာတတ်တယ်ဆိုပေမယ့် အရင်လို ပြန်ပြီး အော်ဖို့ ဟစ်ဖို့ဆိုရင် ခဏတော့ သည်းခံရမှာပါ။ သက်သာစေဖို့ ဒီနည်းလမ်းတွေ လိုက်လုပ်ပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မီးသတ်ပိုက် နဲ့ အထိုးခံရရင်

မီးသတ်ပိုက် ဆိုတာက အရှိန် ခပ်ပြင်းပြင်း၊ ရေလုံး ကြီးကြီးနဲ့ ဖိအား အတော်လေး များတဲ့အရာပါ။ မီးတွေကို ငြှိမ်းသတ်နိုင်စေဖို့ ပြုလုပ်ထားတဲ့ အရာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မျက်ရည်ယိုဗုံး တွေကို chloroacetophenone (CN) နဲ့chlorobenzylidene malononitrile (CS) တို့ အပါအဝင် အမျိုးမျိုးသော ဒြပ်ပေါင်းတွေနဲ့ ပြုလုပ်ထားတာပါ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read