အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ပြည်တည်နာ သိကောင်းစရာ

အဆုတ်ပြည်တည်နာ ဆိုတာက တခြားပြည်တည်နာတွေလိုပဲ ပိုးဝင်တာကြောင့်ဖြစ်တဲ့ ပြည်လုံးပါ။ အများစုက ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မှိုပိုးတွေ၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ရတာမျိုး ရှိနိုင်ပါတယ်။ အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းအရင်း အဆုတ်ပြည်တည်နာက အဆုတ်ကိုယ်တိုင်က ဖြစ်လာတာ ရှိသလို တခြားနေရာကနေ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တည်တာက တစ်ခုတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်တယ်ဆိုရင်တော့ နမိုးနီးယား ဒါမှမဟုတ် သွေးဆိပ်သင့်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ကနေ စဖြစ်တဲ့ ပြည်တည်နာ အဆုတ်ကို တိုက်ရိုက်ထိတဲ့ ရောဂါအများစုက အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နမိုးနီးယား အဆုတ်ရောင်ရောဂါ (ဒီထဲမှာ အဖြစ်အများဆုံးက အစာသီးပြီး အဆုတ်ရောင်တဲ့ aspiration pneumonia အမျိုးအစားပါ) ကင်ဆာကျိတ်တွေ - […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အအေးမိဖျားနာခြင်း

အအေးမိခြင်း

အအေးမိခြင်း ဆိုတာ နှစ်တိုင်းဖြစ်နေကြ ကျန်းမာရေး ပြဿနာတစ်ခုပါ။ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပေမယ့် မိုးတွင်းနဲ့ ဆောင်းတွင်းမှာ အဖြစ်များပါတယ်။ အအေးမိတာက စိုးရိမ်စရာကောင်းလောက်အောင် ပြင်းထန်တဲ့ ရောဂါ မဟုတ်ပေမယ့် နေလို့မကောင်းဘဲ အလုပ်ပျက်၊ ကျောင်းပျက်ဖြစ်ရလို့ စိတ်ရှုပ်စရာကောင်းပါတယ်။ လူကြီးတစ်ယောက်က တစ်နှစ်ကို ၂ခေါက်၊ ၃ခေါက်လောက် အအေးမိတတ်ပါတယ်။ ကလေးဆို ဒီထက်တောင် ပိုများပါတယ်။ အအေးမိခြင်း ဆိုတာ အအေးမိဖျားနာက ဗိုင်းရပ်စ်ပိုးကြောင့် အဓိက ဖြစ်ပါတယ်။ နာမည်အကြီးဆုံးကတော့ Rhinovirus အမျိုးအစားပါပဲ။ ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲကို နှာခေါင်း၊ ပါးစပ်၊ မျက်လုံးကနေ တဆင့် ဝင်လာပြီး အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ပြဿနာဖြစ်စေပါတယ်။ ပိုးရှိတဲ့ တစ်ယောက်ယောက်က နှာချေ၊ ချောင်းဆိုးလိုက်မယ်ဆိုရင် ထွက်လာတဲ့ အမှုန်အမွှားတွေကို အနားက လူက ရှူမိပြီး ကူးစက်နိုင်ပါတယ်။ ဒီအမှုန်အမွှားတွေ ကပ်နေတဲ့ […]


တီဘီရောဂါ

အဆုတ်တီဘီရောဂါ

တီဘီရောဂါဟာ ကူးစက်မြန်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အဆုတ်ကစလို့ တစ်ကိုယ်လုံးမှာ တီဘီဖြစ်နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီး အဖြစ်များပါတယ်။ မြန်မာနိုင်ငံမှာလည်း အဆုတ်တီဘီရောဂါ ဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် အမျိုးသားကျန်းမာရေး ပြဿနာအဖြစ် သတ်မှတ်ပြီး ထိထိရောက်ရောက် ကိုင်တွယ်နေကြပါတယ်။ အဆုတ်တီဘီရောဂါ ဘာကြောင့် ဖြစ်တာလဲ။ တီဘီရောဂါဟာ Mycobacterium tuberculosisလို့ ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ တစ်ယောက်ကနေ တစ်ယောက်စီကို လေထဲကတဆင့် ကူးစက်နိုင်ပါတယ်။ တီဘီပိုးရှိတဲ့လူတစ်ယောက်က စကားပြောမယ်၊ ချောင်းဆိုးမယ်၊ နှာချေမယ်၊ သီချင်းဆိုမယ်ဆိုရင် ဘက်တီးရီးယားက လေထဲကို ပြန့်လာမှာပါ။ ပြီးရင် လေထဲမှာ အချိန်တစ်ခုထိအောင် ရှိနေတဲ့အတွက် ရှူမိတဲ့သူက ပိုးကူးစက်ခံရမှာပါ။ ဒါပေမယ့် တီဘီက လက်ဆွဲနှုတ်ဆက်တာ အစားအသောက်တွေ မျှဝေစားသောက်တာ အိပ်ရာ၊ အိမ်သာ အတူသုံးတာ သွားပွတ်တံ အတူသုံးတာ နမ်းရှုံ့ရာကနေတော့ […]


အဆုတ်သွေးကြော သွေးခဲပိတ်ရောဂါ

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း ဆိုတာ

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း ဆိုတာ ဘာတွေဖြစ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ အဆုတ်သွေးကြော သွေးခဲပိတ်ခြင်းဆိုတာ ခြေထောက် သွေးပြန်ကြော ဒါမှမဟုတ် တခြားနေရာက သွေးပြန်ကြောတစ်ခုခုမှာ သွေးခဲလေး ပိတ်နေပြီး ဒီသွေးခဲလေးက ပဲ့ထွက်လာခဲ့ရင် သွေးကြောအတိုင်း အဆုတ်ကို ရောက်လာပြီး အဆုတ်သွေးလွှတ်ကြောမှာ သွားပိတ်တတ်ပါတယ်။ ဒီလို ပိတ်တဲ့အတွက် အဆုတ်ကို သွေးရောက်တာနည်းပြီး အောက်စီဂျင်ကျလာပါတယ်။ သွေးပိုရအောင် အဆုတ်သွေးကြောတွေက ဖိညှစ်ရတဲ့ အတွက် သိပ်မကြာခင်မှာ အဆုတ်သွေးကြောမှာ ဖိအားတွေ များလာပါတယ်။ အဆုတ်သွေးကြော သွေးခဲပိတ်တာက အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပြီး အချိန်မီ မကုသနိုင်ရင် အသက်ဆုံးရှုံးတတ်ပါတယ်။ ဘာကြောင့် အဆုတ်သွေးကြော သွေးခဲပိတ်ရတာလဲ။ အဓိကကတော့ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောကနေ သွေးခဲတာက စတာပါ။ deep vein thrombosis (DVT) လို့ ခေါ်ပါတယ်။ ဒီသွေးခဲကနေ အစိတ်အပိုင်းလေး ပြုတ်ထွက်ပြီး […]


ရာသီတုပ်ကွေး

တုပ်ကွေးရောဂါ နဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိသလဲ။

တုပ်ကွေးရောဂါ ဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ရောဂါပါ။ ရာသီတုပ်ကွေးဆို နှစ်တိုင်းကို ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ အများစုက မပြင်းထန်ဘဲ အလွယ်တကူပျောက်ကင်းပေမယ့် တချို့သူတွေမှာဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်ပါတယ်။ တုပ်ကွေးနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲဆိုတာ မျှဝေပေးပါ့မယ်။ တုပ်ကွေးရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းများ တုပ်ကွေးက တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရလို့ ဖြစ်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ် အေ၊ ဘီ၊ စီ၊ ဒီဆိုပြီး ၄မျိုးရှိတဲ့အထဲက အေနဲ့ ဘီအုပ်စုက နှစ်စဉ် ရာသီတုပ်ကွေး ဖြစ်စေတဲ့ အမျိုးအစား ဖြစ်ပါတယ်။ တုပ်ကွေးမှာ ကမ္ဘာ့မြောက်ခြမ်း တုပ်ကွေး (Northern hemisphere flu)နဲ့ ကမ္ဘာ့တောင်ခြမ်း တုပ်ကွေး (Southern hemisphere flu)ဆိုပြီး ရှိပါတယ်။ မြောက်ခြမ်းတုပ်ကွေးက ၁၂လပိုင်းကနေ ၅လပိုင်းမှာ ဖြစ်တတ်ပါတယ်။ ဆောင်းတုပ်ကွေးပေါ့။ တောင်ခြမ်းတုပ်ကွေးကတော့ ၆လပိုင်းကနေ ၁၀လပိုင်းအထိ […]


လေပြွန်ပြည်တည်နာ

လေပြွန်များ ပျက်စီးခြင်း (Bronchiectasis)

လေပြွန်များ ပျက်စီးခြင်း (Bronchiectasis) အကြောင်း လေ့လာလိုက်ရအောင်လား။ လေပြွန်များ ပျက်စီးခြင်း ဆိုတာ ဘာလဲ။ အသက်ရှူလိုက်တယ်ဆိုရင် လေတွေက လေပြွန်တွေဖြတ်ပြီး အဆုတ်ထဲကို ရောက်လာပါတယ်။ လေပြွန်တွေ ပျက်စီးခြင်း ဆိုတာကတော့ လေပြွန်ရဲ့ နံရံတွေ ပြုပြင်မရအောင် ပျက်စီးပြီး ထူထဲလာတာပဲ ဖြစ်ပါတယ်။ ဒီလို ထူလာတာနဲ့အမျှ လေပြွန်ထဲက အချွဲတွေကို ကောင်းကောင်း မဖယ်ရှားနိုင်တော့တဲ့အတွက် တဖြည်းဖြည်းစုပုံလာပြီး ပိုးမွှားတွေ ပေါက်ဖွားလာပါတယ်။ ပိုးမွှားတွေ ပေါက်တဲ့အတွက် လေပြွန်တွေ ရောင်ရမ်းတယ်။ ကျဉ်းလာတယ်။ ကျဉ်းလာတဲ့အတွက် အချွဲတွေ ပြည့်လာတယ်။ ပိုးတွေ ထပ်ပေါက်တယ်။ ဒီလိုနဲ့ သံသရာလည်ပြီး နောက်ဆုံးမှာ လေပြွန်များ ပျက်စီးပြီး အဆုတ်စွမ်းဆောင်ရည်ပါ ကျလာပါတယ်။ ဒီလို ပျက်စီးတာက လေပြွန်တစ်ခု၊ နှစ်ခုပဲ ဖြစ်နိုင်သလို လေပြွန်အများကြီးလည်း ဖြစ်နိုင်ပါတယ်။ ပျက်စီးတဲ့ လေပြွန်များလေလေ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါ အကြောင်း သိကောင်းစရာ

ပန်းနာရင်ကျပ်ရောဂါ က မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါတွေထဲမှာ နံပါတ် ၆ချိတ်ပါတယ်။ မျိုးရိုးလည်း လိုက်တတ်တာကြောင့် အဖြစ်များတဲ့ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ပန်းနာရင်ကျပ်နဲ့ ပတ်သက်ပြီး ဘယ်လိုအချက်အလက်တွေက သိထားသင့်သလဲဆိုတာ မျှဝေပေးလိုပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ဆိုတာ ပန်းနာရင်ကျပ်ဆိုတာ လေပြွန်တွေ ရောင်ရမ်းတဲ့ရောဂါပါ။ လေပြွန်တွေ ရောင်ရမ်းတဲ့အတွက်ကြောင့် ကျဉ်းမြောင်းလာပြီး ချွဲတွေနဲ့ ပြည့်လာတာကြောင့် အသက်ရှူရကျပ်လာပြီး တရွှီရွှီနဲ့ မောလာပါတယ်။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်ပြတ်ကုသဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရင်တော့ လူကောင်းအတိုင်း နေသွားနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ဘာကြောင့်ဖြစ်တာလဲ။ ပန်းနာရင်ကြပ် ဘာကြောင့် ဖြစ်တာလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကြောင့်လို့ပဲ ယူဆထားကြပါတယ်။ ဒါပေမယ့် ပန်းနာရင်ကျပ်သမားတွေမှာ ရင်ကျပ်ထစေတဲ့ ပစ္စည်းလေးတွေ ရှိပါတယ်။ ဒါကို triggersလို့ ခေါ်ပါတယ်။ ဥပမာ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါကို ဘယ်လိုကုသနိုင်သလဲ။

ပန်းနာရင်ကျပ် ရောဂါကို ကုသတာက တခြားရောဂါတွေနဲ့ သိပ်မတူပါဘူး။ လူနာတစ်ယောက်နဲ့ တစ်ယောက် ခံစားရတာခြင်း မတူတာရော၊ တစ်ယောက်တည်းမှာတောင် တစ်ခေါက်နဲ့ တစ်ခေါက် ပြင်းထန်ပုံခြင်း မတူတာကြောင့် ကုသမှုကို လက္ခဏာအလိုက် စနစ်တကျ သတ်မှတ်ထားပါတယ်။ ဒါကို Stepwise managementလို့ ခေါ်ပါတယ်။ လက္ခဏာပေါ်၊ ပြင်းထန်မှုပေါ်လိုက်ပြီး အတိုးအလျော့ လုပ်ပြီး ကုသတာပါ။  ပန်းနာရင်ကျပ်နဲ့ ပတ်သက်ပြီး guidelinesတွေ အများကြီးရှိပါတယ်။ တစ်ခုနဲ့ တစ်ခု အနည်းငယ်ဆီကွဲပြားပေမယ့် အခြေခံအချက်တွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ ခုမှီငြမ်းထားတာကတော့ ၂၀၁၆က ထွက်ထားတဲ့ American Family Physician guidelines ပဲ ဖြစ်ပါတယ်။ ပန်းနာရင်ကျပ် ပြင်းထန်ပုံ အဆင့်ဆင့် ကုသနည်းတွေကို မပြောခင် ပြင်းထန်ပုံအဆင့်ဆင့်ကို အရင်သိထားရပါမယ်။ ရောဂါအဆင့်ကို လိုက်ပြီး ကုသမှုတွေ ပေးရတာကြောင့်ပါ။ မွေးစက […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ

နာတာရှည် လေပြွန်ရောင်ရမ်းခြင်းဆိုတာ နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါ (COPD)ရဲ့ ရောဂါအခွဲတစ်ခုပါပဲ။ ဆေးလိပ်သောက်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အဆုတ်အားနည်းနေတာကြောင့် မကြာခဏလည်း ပိုးဝင်လွယ်ပါတယ်။ နာတာရှည်ရောဂါဆိုပေမယ့် တစ်ချက် တစ်ချက် ထဖောက်တာမျိုးလည်း ရှိတတ်ပါတယ်။ နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ ကလည်း သိသာပါတယ်။ နာတာရှည် လေပြွန်ရောင် ရောဂါလို့ သတ်မှတ်ဖို့ဆိုရင် တစ်နှစ်ကို အနည်းဆုံး ၃လလောက် ချောင်းဆိုး ချွဲကြပ်ဖြစ်ရပါမယ်။ နှစ်နှစ် ဆက်တိုက်ဖြစ်ရပါမယ်။ ဒီလိုချောင်းဆိုးတာကလည်း တီဘီတို့ တခြားအဆုတ်ရောဂါတို့ကြောင့် မဖြစ်ရပါဘူး။ နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ ခဏခဏ လေပြွန်ကို ထိခိုက်ပြီး ရောင်ရမ်းစေတဲ့အတွက် ကြာလာတဲ့ လေပြွန်ပျက်စီးပြီး အောက်ကလက္ခဏာတွေ ပေါ်လာပါတယ်။ ချောင်းဆိုး ချွဲကြပ်တာ အတွေ့ရအများဆုံး လက္ခဏာပါပဲ။ နေ့တိုင်းနီးပါးနဲ့ ၃လလောက် ဆိုးနိုင်ပါတယ်။ ဘယ်လောက်ဆိုးမှာလဲ။ ချွဲဘယ်လောက်ထွက်မှာလဲကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါ ရှိမှန်း ဘယ်လိုသိနိုင်မလဲ။

ချောင်းဆိုးတယ်၊ မောတယ်၊ အသက်ရှူရင် တရွှီရွှီမြည်တယ် စတဲ့ လက္ခဏာတွေ ရှိရုံနဲ့ ပန်းနာရင်ကျပ်ရောဂါ ပါလို့ တန်းပြီး သတ်မှတ်လို့ မရပါဘူး။ ဒီလက္ခဏာတွေက တခြား အသက်ရှူလမ်းကြောင်းရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ ပန်းနာရင်ကျပ် ဟုတ်မဟုတ် သေချာချင်တယ်ဆိုရင် ကျွမ်းကျင်တဲ့ အဆုတ်နဲ့ ရင်ခေါင်းအထူးကုဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေတာ အကောင်းဆုံးပါပဲ။ ဒါမှ ရောဂါအမှန်ကို သိရပြီး ကုသမှု လမ်းမလွဲမှာ ဖြစ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ရှိမှန်း ဘယ်လိုသိနိုင်မလဲ။ ပန်းနာရင်ကျပ်လို့ သတ်မှတ်ဖို့ ဆိုရင် ဆေးပညာမှာ ရောဂါတစ်ခု ရှာဖွေမယ်ဆိုရင် အဆင့် ၃ဆင့် လိုပါတယ်။ လူနာကို ရောဂါရာဇဝင်မေးမြန်းတာရယ်၊ စမ်းသပ်တာရယ်၊ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်တာရယ်ပါ။ ဒါမှလည်း ရောဂါအဖြေမှန်ကို ရနိုင်ပါတယ်။ ရောဂါရာဇဝင်မေးမြန်းခြင်း လူနာက ပြောတဲ့ ရောဂါရာဇဝင်က ရောဂါရှာဖွေတဲ့ နေရာမှာ သိပ်ကို […]


ပန်းနာရင်ကျပ်

ပန်းနာ ရင်ကျပ်ရောဂါ ဘာကြောင့် ဖြစ်ရသလဲ။

ပန်းနာ ရင်ကျပ်ရောဂါ က မြန်မာနိုင်ငံမှာ အဖြစ်များဆုံး အသက်ရှူလမ်းကြောင်းရောဂါတွေထဲမှာ နံပါတ် ၇ချိတ်ပါတယ်။ ကလေးမှာရော လူကြီးမှာရော ဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကျပ်က ဘာကြောင့် ဖြစ်ရတာလဲ။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲဆိုတာ သိထားရင် လက္ခဏာတစ်ခုခု ခံစားရတဲ့အခါ ပန်းနာရင်ကျပ်များလားလို့ တွေးမိနိုင်ပါတယ်။ ဒါဆိုရင် စောစောကုသမှု ခံယူနိုင်မှာပါ။ ပန်းနာ ရင်ကျပ်ရောဂါ ဘာကြောင့် ဖြစ်တာလဲ။ ပန်းနာရင်ကျပ် ဘာကြောင့် ဖြစ်တာလဲဆိုတာ တိတိကျကျ ပြောလို့ မရသေးပါဘူး။ ဒါပေမယ့် ဒီရောဂါက မျိုးရိုးလိုက်ပြီး ပတ်ဝန်းကျင်က အချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေတွေကတော့ မျိုးရိုး ပန်းနာရင်ကျပ်က မျိုးရိုးလိုက်တတ်ပါတယ်။ မိဘနှစ်ပါးက တစ်ယောက်ယောက်မှာ ရှိရင်ကို သားသမီးမှာ ဖြစ်နိုင်ခြေရှိပါတယ်။ မောင်နှမထဲမှာ ရှိရင်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်ရောဂါ ဓာတ်မတည့်ရောဂါရှိတဲ့ သူတွေက သာမန်လူတွေနဲ့စာရင် ပန်းနာရင်ကျပ် ပိုဖြစ်နိုင်ပါတယ်။ လေ့လာချက်တွေအရ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်