ချောင်းဆိုးတယ်၊ မောတယ်၊ အသက်ရှူရင် တရွှီရွှီမြည်တယ် စတဲ့ လက္ခဏာတွေ ရှိရုံနဲ့ ပန်းနာရင်ကျပ်ရောဂါ ပါလို့ တန်းပြီး သတ်မှတ်လို့ မရပါဘူး။ ဒီလက္ခဏာတွေက တခြား အသက်ရှူလမ်းကြောင်းရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ ပန်းနာရင်ကျပ် ဟုတ်မဟုတ် သေချာချင်တယ်ဆိုရင် ကျွမ်းကျင်တဲ့ အဆုတ်နဲ့ ရင်ခေါင်းအထူးကုဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေတာ အကောင်းဆုံးပါပဲ။ ဒါမှ ရောဂါအမှန်ကို သိရပြီး ကုသမှု လမ်းမလွဲမှာ ဖြစ်ပါတယ်။