တီဘီရောဂါဟာ ကူးစက်မြန်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အဆုတ်ကစလို့ တစ်ကိုယ်လုံးမှာ တီဘီဖြစ်နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီး အဖြစ်များပါတယ်။ မြန်မာနိုင်ငံမှာလည်း အဆုတ်တီဘီရောဂါဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် အမျိုးသားကျန်းမာရေး ပြဿနာအဖြစ် သတ်မှတ်ပြီး ထိထိရောက်ရောက် ကိုင်တွယ်နေကြပါတယ်။