အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ပြည်တည်နာ သိကောင်းစရာ

အဆုတ်ပြည်တည်နာ ဆိုတာက တခြားပြည်တည်နာတွေလိုပဲ ပိုးဝင်တာကြောင့်ဖြစ်တဲ့ ပြည်လုံးပါ။ အများစုက ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မှိုပိုးတွေ၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ရတာမျိုး ရှိနိုင်ပါတယ်။ အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းအရင်း အဆုတ်ပြည်တည်နာက အဆုတ်ကိုယ်တိုင်က ဖြစ်လာတာ ရှိသလို တခြားနေရာကနေ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တည်တာက တစ်ခုတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်တယ်ဆိုရင်တော့ နမိုးနီးယား ဒါမှမဟုတ် သွေးဆိပ်သင့်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ကနေ စဖြစ်တဲ့ ပြည်တည်နာ အဆုတ်ကို တိုက်ရိုက်ထိတဲ့ ရောဂါအများစုက အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နမိုးနီးယား အဆုတ်ရောင်ရောဂါ (ဒီထဲမှာ အဖြစ်အများဆုံးက အစာသီးပြီး အဆုတ်ရောင်တဲ့ aspiration pneumonia အမျိုးအစားပါ) ကင်ဆာကျိတ်တွေ - […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဘာကြောင့် ဆောင်းတွင်းမှာမှ ချောင်းဆိုးတာ ပိုအဖြစ်များတာလဲ

ဆောင်းလေး အေးအေး ချောင်းလေး ဟွတ်ဟွတ် ဖြစ်နေပြီလား ........ နေပူရင် အပူချောင်းဆိုးတယ်ဆိုပေမယ့် ဆောင်းအေးရင် ရင်ကျပ်ပြီး ချောင်းဆိုးတာက ပိုဖြစ်သလို ပိုပြီးလည်း ပြင်းထန်သလိုပဲနော်။ ဘာကြောင့် ဆောင်းတွင်းမှာမှ ချောင်းဆိုးတာ ပိုအဖြစ်များတာလဲ လို့များ တွေးနေပြီလား ...... ဒါဆိုရင်တော့ တွေးမနေတော့ဘဲနဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။ ဘာကြောင့် ဆောင်းတွင်းမှာမှ ချောင်းဆိုးတာ ပိုအဖြစ်များတာလဲ။ တစ်နှစ်ပတ်လုံးမှာ အအေးမိ ဖျားနာတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆောင်းတွင်းကာလမှာတော့ အအေးမိ ဖျားနာတာ၊ ချောင်းဆိုးတာတွေက သိသိသာသာကို ဖြစ်တတ်ပါတယ်။ လူတော်တော်များများ ယူဆထားတာက ဒီလို ဖြစ်ရတာဟာ ဆောင်းတွင်းမှာ ဗိုင်းရပ်စ်တွေက ပိုပြီး သန်မာလာလို့ ပိုကူးစက်လွယ်လို့လို့ပေါ့။ တကယ်ကတော့ ဒီယူဆချက်အပြင် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ အအေးမိ ဖျားနာတာ၊ ချောင်းဆိုးတာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက […]


ရာသီတုပ်ကွေး

နှစ်စဉ် တုပ်ကွေးကြောင့် ဘယ်လောက်အတိုင်းအတာအထိ အသက်ဆုံးရှုံးနေရသလဲ .......

တုပ်ကွေးကြောင့် အသက်ဆုံးရှုံးမှုလို့ ပြောလိုက်လို့ တုပ်ကွေးဖြစ်ရင် သေလို့လား ...... တုပ်ကွေးက အဲ့လောက် ကြောက်စရာကောင်းလို့လား.... လို့ ထင်နေစရာ ရှိပါတယ်။ တုပ်ကွေးကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်ပါတယ်။ သေဆုံးနိုင်ခြေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ လူတွေက တုပ်ကွေးထက် COVID-19 ကို စိုးထိတ်နေခဲ့ကြပါတယ်။ ဒီလို စိုးထိတ်မှုတွေကြောင့် အပြင်ထွက်တဲ့အခါ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊ လက်ကို သေချာ ဂရုတစိုက်ဆေးကြောတာ၊ ကျန်းမာစေတဲ့ အလေ့အထတွေကို လိုက်နာတာကြောင့် တုပ်ကွေး ဖြစ်ပွားမှုက ရှေ့နှစ်တွေကထက် ကျဆင်းခဲ့ပါတယ်။ နှစ်စဉ် တုပ်ကွေးကြောင့် ဘယ်လောက်ထိ သေဆုံးမှုတွေရှိနေလဲ ...... ဒီအဖြေကို တိတိကျကျ ပြောပြဖို့က ခက်ပါမယ်။ နှစ်စဉ် တုပ်ကွေးကြောင့် ကမ္ဘာတလွှားမှာ လူဦးရေ များစွာ သေဆုံးနေကြပါတယ်။ တုပ်ကွေးက ဖြစ်တိုင်း […]


အအေးမိဖျားနာခြင်း

ချောင်းဆိုး တာ ရောဂါကြောင့်လား၊ ရာသီဥတုကြောင့်လား။

ချောင်းဆိုး တယ်ဆိုတာ လက္ခဏာတစ်ခု ဖြစ်သလို ခန္ဓာကိုယ်ရဲ့ သဘာဝ ကာကွယ်နည်းစနစ်တစ်ခုပါ။ ချောင်းဆိုးတဲ့ လက္ခဏာကြောင့် ရောဂါတွေကို ရှာဖွေတွေ့ရှိသလို လေပြွန်ထဲကို တစ်ခုခု ဝင်လာပြီဆိုရင်လည်း ချောင်းဆိုးပြီး အပြင်ကို ပြန်ထုတ်ပေးပါတယ်။ ချောင်းဆိုးတာက အမြဲတမ်း ရောဂါတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ အစားအသောက်၊ အနေအထိုင်၊ ပတ်ဝန်းကျင် အခြေအနေနဲ့ နောက်ဆုံး ရာသီဥတု အပြောင်းအလဲကြောင့်ထိ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတု အကူးအပြောင်းဆို ဖြစ်တတ်ပါတယ်။ ချောင်းဆိုးတာ ရောဂါကြောင့်လား၊ ရာသီအကူးအပြောင်းကြောင့်လားဆိုတာ ဘယ်လို ခွဲကြမလဲ။ https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-that-are-actually-making-your-cough-worse/ ရောဂါကြောင့် ချောင်းဆိုး ခြင်း ရောဂါကြောင့်ဆိုရင် ချောင်းဆိုးတာက ရေတိုဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာ ၃ပတ်အောက်ဆို ရေတိုလို့ သတ်မှတ်ပြီး ၄ပတ်အထက်ဆိုရင် နာတာရှည်လို့ သတ်မှတ်ပါတယ်။ ရေတို ချောင်းဆိုးရတဲ့ အကြောင်းရင်းတွေကတော့ သာမန်အအေးမိတာ တုပ်ကွေးမိတာ ကြက်ညှာချောင်းဆိုး […]


အအေးမိဖျားနာခြင်း

အအေးမိ ဖျားနာတာကို ကြက်သွန်ဖြူက သက်သာစေနိုင်သလား။

ရာသီဥတုလေးကလည်း ဆောင်းဝင်လာတော့ ဆောင်းပီပီ အေးလာပါပြီ။ ဒီလို အအေးပိုလာတာနဲ့အတူ အအေးမိ ဖျားနာ တာတွေကလည်း စလာပါပြီ။ ဒီလို အအေးမိဖျားနာတဲ့အခါ သာမန် ဖျားနာမှုလေးတွေပဲဆိုရင်တော့ အိမ်တွင်းကုထုံးလေးတွေကို သုံးပြီး သက်သာအောင် လုပ်ပေးလို့ ရပါတယ်။ အခုတစ်ခေါက်တော့ အိမ်တိုင်းမှာ အလွယ်တကူရနိုင်ပြီး အခုလို အအေးပိုတဲ့ ရာသီတွေမှာ အအေးမိဖျားနာတာတွေ သက်သာအောင် လုပ်ဆောင်ပေးနိုင်မယ့် အရာလေးတစ်ခုအကြောင်း နဲ့ အအေးမိ ဖျားနာတဲ့အခါ သက်သာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/respiratory-health/other-respiratory-issues/cold-or-sinus-infection/ အအေးမိ ဖျားနာဘာကြောင့်ဖြစ် တော်တော်များများက အအေးမိ ဖျားနာဖြစ်တဲ့အခါ ရာသီဥတု အေးလို့ အအေးခံလို့ ရေချိုးမှားလို့ဆိုပြီး အမျိုးမျိုး ပြောကြပါတယ်။ တကယ်ကတော့ အအေးမိ ဖျားနာ ဖြစ်ရတာက ရာသီဥတု အေးတဲ့ အချိန်မှာ ပြင်ပလေထုထဲမှာ အချိန်ကြာကြာ ရှင်သန်နိုင်ပြီး အအေးမိ […]


အအေးမိဖျားနာခြင်း

ဆောင်းတွင်းမှာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း များ

ဆောင်းတွင်းမှာ သာမန်အချိန်ထက် ပိုပြီးဖျားနာလွယ်ကြပါတယ်။ လူကြီးရော ကလေးပါ မကြာခဏဆိုသလို နှာစေး၊ ချောင်းဆိုးတာ၊ ဖျားနာတာ ဖြစ်ကြပါတယ်။ အဓိကကတော့ အသက်ရှူလမ်းကြောင်း ကို ပိုးဝင်တာကြောင့်ပါ။ ဆောင်းတွင်းမှာ ဘာကြောင့် အသက်ရှူလမ်းကြောင်းပိုးဝင်တာ အဖြစ်များရတာလဲ။ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း ကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေကတော့ အိမ်ထဲမှာ အနေများတာ အေးတဲ့အတွက် အိမ်မှာပဲ အနေများကြပါတယ်။ လူချင်း ထိတွေ့မှု များတဲ့အတွက် တစ်ယောက်မှာ ရောဂါပိုး တစ်ခုခုရှိနေရင် နောက်တစ်ယောက်ကို အလွယ်တကူ ကူးနိုင်ပါတယ်။ လေထုခြောက်သွေ့တာ အေးမြတဲ့ ရာသီဥတုဖြစ်တဲ့အတွက် လေထုခြောက်သွေ့ပါတယ်။ ဒီလို အနအထားက ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ နှစ်သက်တဲ့ အခြေအနေပါ။ ဒါ့ပြင် အေးမြခြောက်သွေ့တဲ့ လေထုက အသက်ရှူလမ်းကြောင်းကို အချွဲတွေ ထွက်စေပါတယ်။ ဒီအခြေအနေနှစ်ခု တိုက်ဆိုင်သွားတဲ့အခါ ပိုးဝင်လွယ်ပြီး ဖျားနာနိုင်ပါတယ်။ https://hellosayarwon.com/respiratory-health/other-respiratory-issues/lower-respiratory-tract-infections/ ဗီတာမင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အအေးမိတာလား ....... Sinus Infection လား .......

နှာစေး လာပြီဆိုရင် တွေးမိတာက အအေးမိပြီလို့ပေါ့။ အခုကာလဆိုရင်တော့ နှာစေး ပြီဆိုရင် ထည့်စဉ်းစားစရာ တစ်ခု ရှိလာပါတယ်။ ဒါကတော့ ကိုဗစ် ဖြစ်နေတာလားပေါ့။ တကယ်ကတော့ နှာစေး လာပြီဆိုရင် အအေးမိတာ အပြင် ကိုဗစ်ကို ထည့်မတွက်ခင် နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခု ရှိပါတယ်။ ဒါကတော့ Sinus Infection လား ဆိုတာပါ။ ဒီတစ်ခေါက်တော့ နှာစေးတဲ့အခါ အအေးမိတာလား ....... Sinus Infection လား ....... ဆိုတာကို သဲသဲ ကွဲကွဲ သိရှိနိုင်အောင် ပြောပြပေးသွားပါမယ်။ အအေးမိ တယ်ဆိုတာ အအေးမိတယ်ဆိုတာ အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်တာပါ။ အသက်ရှူ လမ်းကြောင်း အထက်ပိုင်းကို ဝင်ရောက် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တွေက rhinoviruses၊ respiratory syncytial virus (RSV)၊ […]


အအေးမိဖျားနာခြင်း

ဖျားနေချိန် ဒါတွေ မလုပ်ပါနဲ့

ကိုယ်လက်တွေ ကိုက်ခဲနေတယ်။ အသက်ရှူလိုက်တိုင်း လေတွေက ပူနေသလိုပဲ။ ရေတွေလည်း ဆာတယ်။ အိပ်လည်း အရမ်းငိုက်နေတယ်လို့များ ခံစားနေရပြီလား ....... ဒါဆိုရင် သင်ဖျားနေတာ ဖြစ်နိုင်ပါတယ် မိတ်ဆွေ။ ဖျားနေချိန် သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဖျားနေတဲ့အခါ အတောင့်တဆုံး အရာက အမြန်ဆုံး ပြန်သက်သာဖို့ဟုတ်။ ဒါဆို ဖျားနေတာကို သက်သာစေဖို့ အဖျားရှိနေချိန်မှာ ရှောင်ရမယ့် အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ ဖျားနေချိန် ဒါတွေ မလုပ်ပါနဲ့ ဖျားနာတယ်ဆိုတာက ခန္ဓာကိုယ်က အနားယူဖို့ လိုအပ်နေတဲ့ အချက်ပြမှု တစ်ခုဆို မမှားပါဘူး။  ဒီလို ဖျားနာနေတဲ့အခါ အမြန်ဆုံး သက်သာလာစေဖို့ဆိုရင် ကဖင်း ပါတာတွေ ရှောင်ပါ ဖျားနေချိန် မှာ ကော်ဖီ ပူပူလေး၊ လက်ဖက်ရည် ပူပူလေး သောက်ချင်တယ်ဆိုတဲ့ ဆန္ဒမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းခြောက်ဆိုးရင် ဘာတွေ စားပေးရမလဲ......

ချောင်းတွေ တအားဆိုးနေတယ်။ ချွဲကျတော့လည်း မထွက်ဘူး။ ချောင်းခြောက်ဆိုးတာ ဖြစ်မယ်။ ချောင်းခြောက်ဆိုးတာကြောင့် ညဘက်တွေဆို အိပ်မရသလို လူကြားထဲမှာ ချောင်းဆိုးသံကြောင့် လူအများက ဝိုင်းကြည့်ခံနေရလို့ စိတ်ညစ်နေသူလေးတွေ ရှိလား ...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ချောင်းခြောက်ဆိုးလို့ စိတ်ညစ်နေတာတွေကို ပြေလျော့စေဖို့ ကူညီပေးနိုင်မှာပါ။ ဒီတော့ ချောင်းခြောက်ဆိုးတဲ့အခါ သက်သာအောင် ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ချောင်းခြောက်ဆိုးတယ်ဆိုတာ ချောင်းဆိုးတယ်လို့ လွယ်လွယ်ပြောလိုက်​ကြပေမယ့် ချောင်းဆိုးတယ်ဆိုတဲ့နေရာမှာ ချောင်းခြောက်ဆိုးတာနဲ့ ချောင်းအစို ဆိုးတာဆိုပြီး ၂ မျိုး ခွဲကြပါတယ်။ သူတို့ ၂ မျိုး ဘာကွာသလဲဆိုတော့ ချောင်းအစို ဆိုးတာက ချောင်းဆိုးတယ်။ ချောင်းဆိုးတဲ့အခါ ချွဲသလိပ်တွေ ထွက်ပါတယ်။ ချောင်းခြောက်ဆိုးတာက ချောင်းဆိုးသံ ပိုကျယ်ပြီး ချွဲသလိပ်တွေ မထွက်ပါဘူး။ လည်ချောင်းယားတာ၊ ရင်ဘတ်အောင့်တာတွေပါ ခံစားရနိုင်ပါတယ်။ ချောင်းခြောက်ဆိုးရင် ဘာတွေ စားပေးရမလဲ...... ချောင်းခြောက်ဆိုးရင် သက်သာစေဖို့ […]


ရာသီတုပ်ကွေး

အိမ်ထဲမှာ တုပ်ကွေး ကူးစက်မှု နည်းစေဖို့

ခုဆိုရင် တုပ်ကွေး ရောဂါတွေက တော်တော်များများ ဖြစ်လာကြပါတယ်။ တစ်ယောက်ဖြစ် တစ်အိမ်လုံး ဖြစ်လို့ ပြောရအောင်ကို ကူးစက်တာလည်း မြန်ပါတယ်။ ဒီလို ကူးစက်တဲ့အခါကျတော့ သာမန်လူအနေနဲ့ ပြဿနာမရှိပေမယ့် ရောဂါအခံရှိသူတွေ၊ မကြာသေးခင်ကမှ ကိုဗစ်ဖြစ်ပြီး နာလန်ထတဲ့ လူနာတွေအတွက်က အရေးကြီးပါတယ်။ နဂိုတည်းက ခုခံအား နည်းနေတဲ့အတွက် တုပ်ကွေးပါ ထပ်ကူးခံရရင် သူတို့အတွက် မလွယ်ပါဘူး။ ဒါကြောင့် သူများတွေဆီကနေ တုပ်ကွေးကူးမလာအောင်၊ အိမ်မှာ တစ်ယောက်ဖြစ်ရင် ကျန်တဲ့သူတွေ မကူးအောင် စနစ်တကျ ကာကွယ်ထားသင့်ပါတယ်။ တုပ်ကွေး ဖြစ်နေပြီလား။ တုပ်ကွေးက နှစ်တိုင်း အချိန်ရောက်ရင်ဖြစ်နေကျပါ။ တချို့နှစ်တွေမှာ သိပ်မပြင်းထန်ဘဲ လူနည်းနည်းလောက်ပဲ ဖြစ်သွားတာ ရှိသလို ခုလိုမျိုး လူတွေ အများကြီး အကူးခံရတာမျိုးလည်း ရှိပါတယ်။ ရာသီတုပ်ကွေးက influenza ဗိုင်းရပ်စ် type A ဒါမှမဟုတ် B […]


အအေးမိဖျားနာခြင်း

ဆံပင်စိုလို့ ဖျားတာလား.........

ရေစိုကြီးနဲ့ မနေနဲ့။ ဆံပင်တွေ စိုရင် ဖျားဦးမယ် ခေါင်းကို သေချာ လုံအောင်ဆောင်းထား။ ခေါင်းရေစိုကြီးနဲ့ အပြင်မထွက်နဲ့ ဖျားမယ်လေဆိုတဲ့ စကားတွေကို ငယ်ငယ်ကတည်းက ရင်းနှီးကျွမ်းတဝင်ဖြစ်ခဲ့ဖူးမယ် ထင်ပါတယ်။ ဒါတွေက တကယ်ပဲ ဖျားစေတာလားလို့ တွေးမိဖူးပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း တွေးမိဖူးတယ်ဟုတ်။ ဒါဆိုရင်တော့ ဆံပင်စိုလို့ ဖျားတာလားဆိုတာကို သေချာသိရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်စို့နော်။ ဆံပင်စိုလို့ ဖျားတာလား......... မိုးရေထဲ ထွက်ခါနီးရင် ခေါင်းကို သေချာလုံအောင် ခေါင်းစွပ်စွပ်ပါ။ ခေါင်းရေစိုပြီး တော်ကြာ ဖျားဦးမယ်ဆိုတော့ ခေါင်းရေမစိုရင် မဖျားတော့ဘူးလားလို့ သိချင်မိမယ် ထင်ပါတယ်။ တကယ်ကတော့ အအေးမိတာ၊ ဖျားတာ၊ တုပ်ကွေးဖြစ်တာက ခေါင်းရေစိုလို့ ဖြစ်တာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ ဆံပင်ရေစိုနဲ့ အပြင်ထွက်ရင် လေတိုက်ခံရလို့ ဖျားတာလည်း မဟုတ်ပါဘူး။ ဆံပင်စိုနဲ့ အပြင်ထွက်တာကြောင့် ဖျားစေတဲ့ ဗိုင်းရပ်စ်က […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်