အဆုတ်တွင်း granuloma အကျိတ်ဖြစ်ခြင်း
အဆုတ်ကို ဓာတ်မှန်ရိုက်လိုက်လို့ granuloma အကျိတ်ရှိတယ်လို့ ပြောတဲ့အခါ ကင်ဆာကျိတ်များလားဆိုပြီး လန့်သွားတတ်ပါတယ်။ အကျိတ်လို့ ပြောလိုက်တာကိုး။ အကျိတ်လို့ ဆိုတိုင်း အခါခပ်သိမ်း ကင်ဆာကျိတ်တော့ မဟုတ်ပါဘူး။ ဒါဆိုရင် ဒါက ဘယ်လိုအကျိတ်အမျိုးအစားလဲဆိုတာ ရှင်းပြပေးပါ့မယ်။ Granuloma အကျိတ်ဆိုတာ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ ပိုးဝင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်တဲ့အခါ ခုခံအားဆဲလ်တွေက ဝိုင်းပြီး ငုံလိုက်ပါတယ်။ ဒီတော့ အကျိတ်လို လုံးလုံးလေး ဖြစ်သွားတာပေါ့။ စစချင်းမှာတော့ အကျိတ်က ခပ်ပျော့ပျော့ပါပဲ။ နောက်ပိုင်းကျရင်တော့ ကယ်ဆီယမ်တွေ ဝင်ပြီး တဖြည်းဖြည်း မာသွားပါတယ်။ ဒါကြောင့် ရင်ဘတ်ဓာတ်မှန်ရိုက်တဲ့အခါ အဖြူလုံးလေး တွေ့ရတာပါ။ အရေပြား၊ ပြန်ရည်ကျိတ်နဲ့ အဆုတ်မှာ ဖြစ်လေ့ရှိပါတယ်။ အဆုတ်မှာတော့ အတွေ့ရများပါတယ်။ ရုတ်တရက် အကျိတ်တွေ့လိုက်တဲ့အခါ လန့်သွားနိုင်ပေမယ့် ကင်ဆာမဟုတ်တဲ့အတွက် စိုးရိမ်စရာ မရှိပါဘူး။ Granuloma အကျိတ်ရဲ့ လက္ခဏာများ Granuloma သက်သက်ကတော့ […]