backup og meta

နွေပူပူမှာ အဆုတ်လေးတွေ ကျန်းမာစေဖို့ ဘယ်လို ဂရုစိုက်ကြမလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 15/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေပူပူမှာ အဆုတ်လေးတွေ ကျန်းမာစေဖို့ ဘယ်လို ဂရုစိုက်ကြမလဲ!

    နွေရာသီမှာ အပူဒဏ်ကို သက်ရှိအားလုံး အလူးအလဲ ခံကြရပါတယ်။ ဒီလို အပူဒဏ်ကြောင့် ပင်ပန်းမှုကို ခံစားကြရသလို အပူချိန် မြင့်တက်မှုကလည်း လေထုအရည်အသွေးကို ထိခိုက်စေပါတယ်။ ဒီလို နေပူနေချိန်မှာ လေထုအရည်အသွေး မကောင်းတာကြောင့် ထိခိုက်နိုင်တဲ့ အစိတ်အပိုင်းလေး ရှိပါတယ်။ ဒါကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်တွေကို ရရှိစေဖို့ လုပ်ဆောင်ပေးတဲ့ အဆုတ်လေးပါ။ အဆုတ်လေးတွေက နွေအပူကြောင့် ပန်းနာရင်ကျပ်ထတာ အပါအဝင် အမျိုးမျိုးသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ နွေပူပူမှာ အဆုတ်လေးတွေ ကျန်းမာစေဖို့ ဘယ်လို ဂရုစိုက်ကြမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

    နွေပူပူမှာ အဆုတ်လေးတွေ ကျန်းမာစေဖို့ ဘယ်လို ဂရုစိုက်ကြမလဲ!

    နွေပူပူမှာ အဆုတ်လေးတွေ ကျန်းမာစေဖို့ ဆိုရင်

  • အပူချိန် အပြောင်းအလဲကို သတိထားပါ
  • ရာသီဥတု အခြေအနေကို ပြောင်းလဲတာမျိုး မလုပ်နိုင်ဘူးဆိုပေမယ့် ကိုယ်တိုင် ရှူသွင်းမယ့် လေအပူချိန်ကိုတော့ ထိန်းညှိလို့ ရပါတယ်။ အဆုတ်ကို မထိခိုက်အောင် ပူလွန်း၊ အေးလွန်းတဲ့ လေကို ရှောင်ပါ။ ပူလွန်းတဲ့ လေက အဆုတ်ပွ COPD၊ ပန်းနာရင်ကျပ် စတာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ပူလွန်းလို့ဆိုပြီး အဲကွန်းရှေ့မှာ တောက်လျှောက်နေပြီး ခြောက်သွေ့တဲ့ လေကို ရှူနေတာကလည်း အဆုတ်ပြဿနာတွေ၊ အသက်ရှူကျပ်ပြီး ချောင်းဆိုးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရှူနေတဲ့ လေထုရဲ့ အပူချိန်ကို သတိထားပါ။

    • အဆုတ်ထိခိုက်နိုင်တဲ့အရာတွေကို ရှောင်ပါ

    ပတ်ဝန်းကျင်မှာ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ အရာတွေ တော်တော်များများ ရှိနေနိုင်ပါတယ်။ အိမ်ထဲမှာ ရှိတတ်တဲ့ မှိုတွေ၊ ဖုန်မှုန့်တွေ၊ အမွှေးနံ့စူးစူးတွေနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကနေ ထွက်တဲ့ အနံ့တွေဆို ရှောင်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ဒါတွေ ရှိနေတဲ့နေရာနဲ့ ဝေးဝေးနေတာ၊ အိမ်သန့်ရှင်းရေး လုပ်တာတတွေနဲ့ ကာကွယ်လို့ ရပါတယ်။

    အပြင်သွားရင်တော့ ဖုန်မှုန့်တွေ၊ မီးခိုးငွေ့တွေ ရှိမှာပါ။ ဒါတွေကိုတော့ မတ်ခ်တပ်ပြီး ကာကွယ်လို့ ရပါတယ်။ နောက်တစ်ချက်က တဆင့်ခံဆေးလိပ်ငွေ့တွေပါ။ ဆေးလိပ်သောက်တဲ့သူနဲ့ ဝေးဝေးနေသင့်သလို ကိုယ်တိုင်လည်း မသောက်တာ အကောင်းဆုံးပါ။

    အဆုတ်ကို ထိခိုက်စေတဲ့အရာတွေကနေ ကာကွယ်ဖို့ နေအိမ်ထဲမှာ ပုံမှန်ဖုန်သုတ်တာ၊ ကြမ်းပြင်တွေနဲ့ အသုံးအဆောင်တွေကို သန့်ရှင်းတာအပြင် အစိုဓာတ်ထိန်းစက် ဖွင့်ပေးတာမျိုး လုပ်ပေးပါ။ အဲကွန်းမှာ မလိုအပ်ဘဲ အမွှေးနံ့တွေ ဖြန်းတာမျိုး မလုပ်ပါနဲ့။ နောက်တစ်ခုက လေလုံနေတဲ့ အခန်းထဲမှာ ဖယောင်းတိုင် ထွန်းတာ၊ ခြင်ဆေး နဲ့ အမွှေးတိုင် ထွန်းတာမျိုးတွေ မလုပ်ပါနဲ့။ ဒါတွေက အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။

  • လေ့ကျင့်ခန်း လုပ်ပါ
  • လေ့ကျင့်ခန်း လုပ်တာက နှလုံးခုန်နှုန်းကို တိုးစေနိုင်သလို သွေးလည်ပတ်မှုကောင်းစေတာကြောင့် အဆုတ်တွေကို လေမြန်မြန်ရှူသွင်းနိုင်စေဖို့ လှုံ့ဆော်ပေးပါတယ်။ နေ့စဉ် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက ခန္ဓာကိုယ်က ကြွက်သားတွေကို သန်မာစေသလို အဆုတ်တွေကိုလည်း ကျန်းမာစေပါတယ်။ အရွယ်တင်စေပြီး ရောဂါခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။ နွေပူနေချိန်မှာတော့ မနက်စောစော နဲ့ ညနေ နေအေးချိန်တွေမှသာ လေ့ကျင့်ခန်း လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

    • ကူးစက်မှုတွေကို သတိထားပါ

    လက်ကို စနစ်တကျနဲ့ ပုံမှန်ဆေးကြောတာ၊ တုပ်ကွေးကာကွယ်ဆေး နှစ်စဉ် ထိုးနှံတာတွေက ကူးစက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နွေပူနေချိန်မှာ အဆုတ်ကျန်းမာစေဖို့ဆိုရင် ကူးစက်မှုတွေကို ကာကွယ်နိုင်မယ့် တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထလေးတွေကို လိုက်နာပေးဖို့ လိုပါမယ်။ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ရှိမယ်ဆိုရင် ပိုပြီး သတိထားဖို့ လိုပါမယ်။

  • ပြင်းထန်တဲ့ အပူဒဏ်ကို ရှောင်ရှားပါ
  • နေ့လယ်နေ့ခင်း အရမ်း နေပူနေချိန်မှာ အပြင်ထွက်တာမျိုး ဥပမာ – နေ့လယ် ၁၁ နာရီ ကနေ ၃ နာရီ အတွင်း အပြင်ထွက်တာမျိုး မလုပ်ပါနဲ့။ ဒီအချိန်အတွင်း အရိပ်ရပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမျိုးမှာ သက်သောင့်သက်သာ နေပါ။ နေအေးမှ အပြင်ထွက်တာမျိုး လုပ်ပါ။ အပူလွန်ကဲတာနဲ့ ရေဓာတ်ခမ်းခြောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    အပူချိန် မြင့်တက်မှုက လေထုထဲက အိုဇုန်းပမာဏကို မြင့်တက်စေပြီး အသက်ရှူရ ခက်စေသလို အဆုတ် ကျန်းမာရေးကိုလည်း ထိခိုက်စေမှာပါ။

    နေပူနေချိန်မှာ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း ထီးဆောင်းတာ ဦးထုပ်ဆောင်းတာ၊ ချည်သား ပွပွချောင်ချောင် လက်ရှည် ဘောင်းဘီရှည် ဝတ်ဆင်ပြီးမှ ထွက်ပါ။ ရေဗူးယူသွားဖို့လည်း မမေ့ပါနဲ့။

    နွေရာသီမှာ အပူဒဏ်ကြောင့် အဆုတ် မထိခိုက်စေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 15/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement