ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ဆိုတာ လေပြွန်တွေ ကျဉ်းပြီးရောင်ရမ်းတာအပြင် အချွဲတွေလည်း ထွက်တဲ့ အဆုတ်ရောဂါပါ။  အသက်ရှူရင် တရွှီရွှီမြည်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်တာတွေ ဖြစ်တတ်ပါတယ်။ ဘာကြောင့် ပန်းနာရင်ကျပ်ဖြစ်ရတာလဲ။ ဘယ်လိုထိန်းချုပ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ် ကူးစက်တတ်လား!

ပန်းနာရင်ကျပ်ရှိနေတယ်ဆိုရင် အနားကပ်ကပ်နေတာမျိုး မလုပ်နဲ့ ကူးမှာစိုးလို့၊ ချောင်းဆိုးတာကို ကြည့်ရင်း လည်ချောင်းတွေ ယားပြီး ချောင်းပါဆိုးချင်လာပြီဆိုတဲ့ သူလေးတွေသိချင်နေလောက်မယ့် ပန်းနာရင်ကျပ် ကူးစက်တတ်လား ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ပန်းနာရင်ကျပ် ကူးစက်တတ်လား ပန်းနာရင်ကျပ် ကူးစက်တတ်လား ဆိုတော့ ပန်းနာရင်ကျပ်က မကူးစက်တတ်ပါဘူး။ တီဘီလိုမျိုး ကူးစက်တဲ့ ကျန်းမာရေး ပြဿနာတော့ မဟုတ်ပါဘူး။ ပန်းနာရင်ကျပ် ဆိုတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုပါ။ လေပြွန်တွေကျဉ်းလာတာ၊ ရောင်လာတာ၊ ချွဲတွေ အထွက်များတာတွေကို ဖြစ်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဒီအခြေအနေတွေက အသက်ရှူရ ခက်စေနိုင်သလို ချောင်းဆိုးတာ၊ အသက်ရှူရင် တရွှီရွှီ မြည်တာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာတွေကို ခံစားရစေနိုင်ပါတယ်။ ပန်းနာရင်ကျပ်က အချို့သူတွေမှာ တော်တော်လေး ပြင်းထန်နိုင်ပေမယ့် အချို့သူတွေမှာတော့ သိပ်ပြီး ပြင်းပြင်းထန်ထန် မခံစားရပါဘူး။ တချို့တွေမှာ […]

ပန်းနာရင်ကျပ် ကို ရှာဖွေမည်။

ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ

ပန်းနာရင်ကြပ်ရောဂါ ဆိုတာ လေပြွန်တွေ ရောင်ရမ်းလာတာကြောင့် ကျဉ်းပြီး ရောဂါလက္ခဏာတွေ ခံစားရတာပါ။ ကျဉ်းတဲ့အပြင် အချွဲတွေပါ ထွက်လာပါသေးတယ်။ ပန်းနာရင်ကြပ် က အမျိုးအစား အများကြီး ရှိပေမယ့် လက္ခဏာတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ အကြောင်း လေ့လာလိုက်ရအောင်နော်။ ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ က ကွာခြားမှု ရှိပါတယ်။ လူနာအခြေအနေ၊ ရောဂါအခြေအနေကိုလိုက်ပြီး လက္ခဏာတွေက ပြင်းထန်ပုံကွာခြားပါတယ်။ တချို့ဆို ရင်ကြပ်ရှိလို့ ရှိမှန်းတောင် မသိပါဘူး။ ဒါကြောင့် ရောဂါပြင်းထန်ပုံအလိုက် ပန်းနာရင်ကြပ်ရဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်။ အတွေ့ရများတဲ့ ပန်းနာရင်ကြပ်လက္ခဏာတွေ အတွေ့ရများတဲ့ ပန်းနာရင်ကြပ်လက္ခဏာတွေကတော့ ချောင်းဆိုးတာ (အထူးသဖြင့် ညဘက်တွေ၊ မနက်ဝေလီဝေလင်းအချိန်မှာ) အသက်ရှူရင် တရွှီရွှီမြည်တာ မောတာ ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ်ဖြစ်နေတာ စတဲ့ […]


ပန်းနာရင်ကျပ်

အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ထတတ်သလား။

ဓာတ်မတည့်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့မိရင်၊ ရှူမိရင် ပန်းနာရင်ကြပ် ထဖောက်တတ်တယ်ဆိုတာ တော်တော်များများ သိပြီးသား ကိစ္စပါ။ ဒီထဲမှာ ထူးထူးဆန်းဆန်း အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ပိုဆိုးလာတဲ့သူတွေလည်း ရှိပါတယ်။ သူက ပန်းနာရင်ကြပ် အမျိုးအစားတွေထဲက တစ်ခုပါပဲ။ အက်စပရင်ဆိုတာ အက်စပရင်ဆိုတာ အကိုက်အခဲပျောက်ဆေးအနေနဲ့ရော သွေးကျဲဆေးအနေနဲ့ရော သုံးပါတယ်။ အစွမ်းထက်တဲ့ ဆေးတစ်မျိုးပါပဲ။ သွေးကျဲဆေး အနေနဲ့ဆိုရင် သွေးခဲပြီး လေဖြတ်တာကို ကာကွယ်ဖို့ ရေရှည်တောင် သောက်ရပါတယ်။ အက်စပရင်ကြောင့် ပန်းနာရင်ကြပ်ဖြစ်တယ်ဆိုတာ ပန်းနာရင်ကြပ်က အက်စပရင်သောက်လိုက်လို့ ပိုဆိုးလာတယ်လို့ ပြောဖို့ဆိုရင် ၃ချက်ရှိရပါတယ်။ ပန်းနာရင်ကြပ် ရောဂါအခံရှိရပါမယ်။ နှာခေါင်းအသားပို ရှိရပါမယ်။ (ဒီအသားပိုကလည်း ခွဲပြီးတာတောင် မပျောက်ဘဲ ပြန်ပြန်ဖြစ်တဲ့ အမျိုးအစား ဖြစ်ရပါမယ်။) အက်စပရင် ဒါမှမဟုတ် NSAIDs အုပ်စုဝင် အကိုက်အခဲပျောက်ဆေး (ဥပမာ အိုင်ဗျူပရိုဖန်) သောက်ပြီးတဲ့အခါ ပန်းနာရင်ကြပ် […]


ပန်းနာရင်ကျပ်

အလုပ်သွားတိုင်း ပန်းနာရင်ကြပ် ဖောက်နေပြီဆိုရင်

ပန်းနာရင်ကြပ် အမျိုးအစားတွေထဲမှာ တချို့က ထူးထူးခြားခြား လုပ်ငန်းခွင်က ပစ္စည်းတွေကြောင့် ပန်းနာရင်ကြပ်ထဖောက်တတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါကို occupational asthmaလို့ ခေါ်ပါတယ်။ အလုပ်လုပ်နေသရွေ့ အချိန်မရွေး ပန်းနာရင်ကြပ်ထဖောက်နိုင်တာကြောင့် ဆောင်ရန် ရှောင်ရန်တွေကို သိထားဖို့လိုပါတယ်။ လုပ်ငန်းခွင်ရောက်တိုင်း ဘာကြောင့် ပန်းနာရင်ကြပ် ထဖြစ်တာလဲ။ ဖြစ်နိုင်တဲ့အကြောင်းအရင်း ၃ခုရှိပါတယ်။ ဓာတ်မတည့်တာကြောင့် - ဒါကတော့ ဓာတ်မတည့် ပန်းနာရင်ကြပ်အမျိုးအစားထဲကို ပါသွားမှာပါ။ အလုပ်က ပစ္စည်းတွေနဲ့ ကိုယ်နဲ့ ဓာတ်မတည့်လို့ကို ဖြစ်တာပါ။ လေပြွန်တွေကို ကသိကအောက်ဖြစ်စေတာကြောင့် - ဥပမာ အမှုန်တွေ၊ မီးခိုးငွေ့တွေကြောင့် ခန္ဓာကိုယ်နဲ့ ဓာတ်ပြုတာ - လုပ်ငန်းခွင်က ပစ္စည်းတွေနဲ့ ခန္ဓာကိုယ်နဲ့ ဓာတ်ပြုပြီး ဟစ်တမင်းလို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ ထွက်စေလို့ ကြပ်တာပဲ ဖြစ်ပါတယ်။ ဘယ်လိုလူမျိုးတွေမှာ အတွေ့ရများသလဲ။ များသောအားဖြင့်တော့ ပေါင်မုန့်ဖုတ်တဲ့သူတွေ ဆေးဝါးစက်ရုံကသူတွေ လယ်သမားတွေ […]


ပန်းနာရင်ကျပ်

ဓာတ်မတည့်တာ မရှိဘဲ ပန်းနာရင်ကြပ် ထဖောက်နိုင်ပါသလား။

ပန်းနာရင်ကြပ် လူနာတစ်ယောက် ရောဂါဖောက်ပြီဆိုရင် သူတော့ မတည့်တာရှူမိပြီ။ ထိမိပြီလို့ ထင်တတ်ကြပါတယ်။ ပန်းနာရင်ကြပ်ရှိသူတွေရဲ့ ၆၀ရာခိုင်နှုန်းလောက်က ဓာတ်မတည့်ပန်းနာရင်ကြပ်အမျိုးအစား ဖြစ်တာကြောင့် ဒီလိုထင်တာ ဆန်းတော့ မဆန်းပါဘူး။ ဒါပေမယ့် ပန်းတာရင်ကြပ်လို့ဆိုတိုင်း ဓာတ်မတည့် ပစ္စည်းတစ်ခုခု ရှိရမယ်လို့ မဆိုလိုပါဘူး။ တချို့က ဓာတ်မတည့်တဲ့ ပစ္စည်းမရှိပေမယ့်လည်း ထကြပ်တတ်ပါတယ်။ ကံကောင်းတာက ဒါက လူနည်းစုပါပဲ။ ဓာတ်မတည့်တာကြောင့် မဟုတ်တဲ့ ပန်းနာရင်ကြပ်ဆိုတာ (Non allergic asthma) ဒီအမျိုးအစားက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်ကြီးတဲ့သူတွေမှာ အတွေ့ရများပါတယ်။ ဓာတ်မတည့်အမျိုးအစားထက် ပိုပြင်းထန်ပါတယ်။ ဓာတ်မတည့်ပန်းနာရင်ကြပ်နဲ့ ဘာကွာသလဲဆိုတော့ ဓာတ်မတည့်ပန်းနာရင်ကြပ်က သူနဲ့ မတည့်တဲ့ အလာဂျင်ဝင်လာပြီဆိုရင် ခုခံအားက အလွန်အကျွံတုံ့ပြန်တာကြောင့် တစ်ကိုယ်လုံးမှာ IgEလို့ ခေါ်တဲ့ ခုခံအားပစ္စည်းတွေ ထွက်လာပြီး ပန်းနာရင်ကြပ်ထဖောက်ပါတယ်။ ဓာတ်မတည့်တာကြောင့် မဟုတ်တဲ့ ပန်းနာရင်ကြပ်အမျိုးအစားမှာတော့ IgEက လေပြွန်အတွင်းထဲမှာပဲ […]


ပန်းနာရင်ကျပ်

ဓာတ်မတည့် ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ် ရောဂါနဲ့ ပတ်သတ်ရင် လူတော်တော်များများက သူနဲ့ မတည့်တာကို ရှူမိတာကြောင့် ထင်တတ်ကြပါတယ်။ တကယ်တမ်းကြတော့ ဒီလိုမတည့်တာကြောင့် ပန်းနာရင်ကျပ်ထတာက ပန်းနာရင်ကျပ်အမျိုးအစားတွေထဲက တစ်ခုပါပဲ။ ဓာတ်မတည့် ပန်းနာရင်ကျပ် အပြင် တခြားအမျိုးအစားတွေ အများကြီး ရှိပါသေးတယ်။ ဓာတ်မတည့် အလာဂျီရှိတဲ့ သူတိုင်းက ပန်းနာရင်ကျပ်ရောဂါ မရှိကြပါဘူး။ ဒီလိုပဲ ပန်းနာရင်ကျပ်သမားတိုင်းမှာလည်း ဓာတ်မတည့် ပြဿနာ ရှိချင်မှရှိတာပါ။ ဓာတ်မတည့်တာနဲ့ ပန်းနာရင်ကြပ်က ဆက်စပ်မှုရှိပေမယ့် တစ်ခုရှိရင် နောက်တစ်ခုပါ လိုက်ရှိရမယ်လို့ ပုံသေသတ်မှတ်ထားတာမျိုး မဟုတ်ပါဘူး။ ဓာတ်မတည့်ဆိုတာ ဓာတ်မတည့်စေတဲ့ ပစ္စည်းကို အလာဂျင်လို့ခေါ်ပါတယ်။ ဓာတ်မတည့်ရောဂါကတော့ အလာဂျီပေါ့။ ဒီဓာတ်မတည့်စေတဲ့ ပစ္စည်းတွေက ရှူမိရာက၊ စားမိရာက၊ ထိတွေ့မိရာက ကိုယ်ထဲကို ရောက်ရှိပြီး ဓာတ်မတည့် ဖြစ်စဉ်ကို ဖြစ်စေပါတယ်။ ပန်းနာရင်ကျပ် ဆိုတာ ဘာကြောင့်ပဲ ကျပ်ကျပ် ပန်းနာရင်ကြပ်ရဲ့ သဘောတရားကတော့ အတူတူပါပဲ။ […]


ပန်းနာရင်ကျပ်

လူကြီး ပန်းနာရင်ကြပ် အကြောင်း

ပန်းနာရင်ကြပ် ဆိုတာ ကလေးဘဝတည်းက စဖြစ်တယ်လို့ လူအများ သိထားကြပါတယ်။ ကလေးဘဝတည်းက ဂေါက်လေး တရှူရှူနဲ့ပေါ့။ တကယ်တော့ ပန်းနာရင်ကြပ်မှာ အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ ကလေးဘဝမှာ ဘာမှမဖြစ်ဘဲ လူကြီးဖြစ်တော့မှ (ကြီးကောင်ဝင်တော့မှ) ပန်းနာရင်ကြပ်ထဖြစ်ကြတာတွေလည်း ရှိပါတယ်။ အလွယ်ပြောရင် လူကြီးပန်းနာရင်ကြပ်ပေါ့။ လူကြီးပန်းနာရင်ကြပ် ဘာလို့ ဖြစ်တာလဲ။ ငယ်ငယ်တုန်းက အကောင်း ကြီးမှ ဘာကြောင့် ပန်းနာရင်ကြပ်ထဖြစ်တာလဲဆိုတာ ခုထိ မသိကြသေးပါဘူး။ အသက် ၂၀လောက်မှာ စဖြစ်တတ်ကြပါတယ်။ အများစုက ဓာတ်မတည့်တာနဲ့ ဆက်စပ်နေတာပါတယ်။ လူကြီးပန်းနာရင်ကြပ်ရဲ့ ၃၀ရာခိုင်နှုန်းလောက်က ဓာတ်မတည့်တာကြောင့်ပါတဲ့။ ALAအဆိုအရတော့ ၆လောက်မှာ ၁ယောက်လောက်က ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်က ပစ္စည်းတွေကြောင့် ဖြစ်တာပါတဲ့။ ဒါကြောင့် အသက် ၄၅နှစ်နဲ့ ၆၄နှစ်အရွယ်တွေမှာ အများဆုံး တွေ့ရပါတယ်။ တချို့ကလည်း ငယ်ငယ်တုန်းက ဒီလို ဓာတ်မတည့်တဲ့ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ် အမျိုးအစားများ

ပန်းနာရင်ကြပ် လို့ ဆိုလိုက်ရင် သူ့မှာ အမျိုးအစားတွေ အများကြီး ရှိနေတဲ့အတွက် ကိုယ်က ဘယ်အမျိုးအစားလဲဆိုတာ သိထားတာ ပိုကောင်းပါတယ်။ ဒါမှ ကိုယ့်ရဲ့ ကုသမှုမှာ အများကြီး အထောက်အကူဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဆောင်ရန် ရှောင်ရန်တွေကို သေချာသိထားတာကြောင့် ထပ်ခါထပ်ခါ ရောဂါဖောက်မလာအောင်လည်း ကာကွယ်နိုင်မှာပါ။ ပန်းနာရင်ကြပ် ဆိုတာ အမျိုးအစားတွေ အရင်မပြောခင် ရောဂါအကြောင်း အကြမ်းဖျင်း ပြောပြချင်ပါတယ်။ ပန်းနာရင်ကြပ်ဆိုတာ နာတာရှည် ရောဂါဖြစ်ပြီး လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းမြောင်းတဲ့ ရောဂါဖြစ်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ လေပြွန်ကျဉ်းတာကြောင့် အသက်ရှူရင် တရွှီရွှီမြည်တာ၊ မောတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာတွေပဲ ဖြစ်ပါတယ်။ အမြစ်ပြတ်အောင် ကုလို့မရတဲ့အတွက် မတည့်တာတွေကို ရှောင်တာကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ ပန်းနာရင်ကြပ် အမျိုးအစားများ ကလေးပန်းနာရင်ကြပ် ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာမသိသေးပေမယ့် မိဘမျိုးရိုးရှိတဲ့သူတွေ၊ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် သမားတွေရဲ့ ၃၀ ရာနှုန်းကနေ ၇၀ ရာနှုန်းလောက်ဟာ နေ့ဘက်ထက် ညဘက်မှာ ပိုပြီး ရင်ကျပ်တတ်ကြပါတယ်။ ညဘက်မှာ ရင်ကြပ်ခြင်း၊ အမောထဖောက်ခြင်းတို့ဟာ နေ့ဘက်ထက်စာရင် ပိုပြီး ကသိကအောက် ဖြစ်စေမယ့်အပြင် တချို့လူတွေအတွက်ဆို ချက်ချင်း ကုသမှု ခံယူဖို့ လိုအပ်စေပါတယ်။ ပန်းနာရင်ကြပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ ...... ပန်းနာရင်ကြပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ ပန်းနာရင်ကြပ်ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲဆိုတော့ (၁) ဓာတ်မတည့်မှုဖြစ်စေသောအရာများနှင့် ထိတွေ့မှုများခြင်း ဓာတ်မတည့်စေသော အရာဟာ အိပ်ရာပေါ်က ကြမ်းပိုး ဖြစ်နိုင်သလို အခန်းထဲမှာ ရှိနေတဲ့ ဖုန်မှုန့်နှင့် ကြောင်အမွေးတွေလည်း ဖြစ်နိုင်ပါတယ်။ သင့်အနေနှင့် ညအိပ်ချိန်မှာ အနည်းဆုံး ၇ နာရီလောက်တော့ အခန်းထဲမှာ နေဖြစ်နေတဲ့အတွက် မိမိအခန်းထဲမှာ […]


ပန်းနာရင်ကျပ်

မိုးရာသီနဲ့ ရင်ကျပ်ဝေဒနာ

ရာသီဥတုလေး ပြောင်းလဲလာပြီဆိုရင် ရင်ကျပ်ဝေဒနာ ရှိတဲ့သူတွေအတွက်တော့ အခက်ကြုံရတတ်ပါတယ်။ အသက်ရှူရခက်တာ၊ ဓာတ်မတည့်တာတွေကြောင့် ရင်ကျပ်ဝေဒနာ ပိုပိုဆိုးသွားတတ်တယ်လေ။ ခုရာသီလို စိုထိုင်းဆမြင့်မားပြီး မကြာခဏမိုးတွေရွာနေတတ်တဲ့ မိုးရွာသီမျိုးမှာဆိုရင် ရင်ကျပ်ဝေဒနာရှင်တွေ ပိုပြီး အခက်တွေ့ရနိုင်ပါတယ်။ ရင်ကျပ်ရောဂါဆိုတာ ဘာလဲ ရင်ကျပ်ဝေဒနာ  ဖြစ်ပေါ်တယ်ဆိုတာက လေကိုရှူသွင်းလိုက်ချိန်မှာ အဆုတ်ကို သွားတဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ချွဲသလိပ်တွေတွေ ပြည့်ပြီး ကျဉ်းမြောင်းသွားတာမျိုးကို ဆိုလိုတာပါ။ ရင်ကျပ်ဝေဒနာရှင်အများစုဟာ ငယ်ရွယ်စဉ်ကတည်းက ရောဂါစတင်ဖြစ်ပေါ်လေ့ရှိပါတယ်။ များသောအားဖြင့် ဓာတ်မတည့်တာ၊ မျိုးရိုးလိုက်တာတွေနဲ့ သက်ဆိုင်တတ်ပါတယ်။ ဓာတ်မတည့်တတ်သူတွေဆိုရင် ပုံမှန်မဟုတ်တဲ့ အနံ့ထူးထူးဆန်းဆန်းတွေ၊ အမွှေးနံ့၊ အနံ့ဆိုး၊ ဆေးလိပ်ငွေ့၊ အမွှေးတိုင်အနံ့၊ ခြင်ဆေးခွေ ခြင်ဖြန်းဆေးတွေက ထွက်ရှိတဲ့ အငွေ့တွေ အနံ့တွေ၊ စက်ရုံအလုပ်ရုံတွေက ထွက်ရှိတဲ့ မီးခိုးငွေ့နဲ့ အနံ့တွေ၊ လေထုထဲက အမှုန်အမွှားတွေ၊ ပန်းဝတ်မှုန်တွေနဲ့ တိရစ္ဆာန်အမွေးအမျှင်တွေကို ထိတွေ့ရှူရှိူက်မိတဲ့အခါမျိုးတွေမှာ ရင်ကျပ်ခြင်းဝေဒနာ ပိုမိုဆိုးရွားသွားတတ်ပါတယ်။ တစ်ခုရှိတာက လူတစ်ယောက်နဲ့ တစ်ယောက် […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ

ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ ဆိုတာကို သိချင်နေပြီလား! ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ပန်းနာရင်ကျပ် (Asthma) ပန်းနာရင်ကျပ်ဆိုတာကလေပြွန်ကျဉ်းမြောင်း၊ရောင်ရမ်းပြီး ချွဲသလိပ်တွေအများကြီးဖြစ်နေတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေက အသက်ရှုရခက်စေပြီးချောင်းဆိုးတာ၊ အသက်ရှုပြတ်တောင်းပြတ်တောင်းဖြစ်တာ နဲ့ အသက်ရှုတဲ့အခါ တရွှီရွှီမြည်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါက အချို့သူတွေအတွက်တော့ အသေးစားကျန်းမာရေးပြဿနာလို့ ဆိုနိုင်ပေမယ့် အချို့သူတွေအတွက်ကတော့နေ့စဉ်လုပ်ဆောင်မှုတွေကိုပါထိခိုက်တဲ့အထိဖြစ်စေနိုင်သလို အသက်အန္တရာယ်ကိုပါဖြစ်စေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါကို အမြစ်ပြတ်ပျောက်ကင်းသွားအောင် မကုသနိုင်ပေမယ့်ရောဂါလက္ခဏာတွေကိုတော့ ထိန်းချုပ်လို့ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေဖြစ်ပေါ်ပုံက တစ်ချိန်နဲ့တစ်ချိန်မတူနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ပြသပြီး သင့်တော်တဲ့ ကုသမှုကိုခံယူနိုင်ဖို့ကအရေးကြီးပါတယ်။သေချာဂရုစိုက်နေထိုင်မယ်ဆိုရင် ပန်းနာရင်ကျပ်ဝေဒနာသည်တွေကလည်း သာမန်လူတွေလိုပဲ ကျန်းကျန်းမာမာနေထိုင်မှာပါ။ ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ ဆိုတာကို ဆက်ကြည့်လိုက် ပါဦးနော်။ ပန်းနာရင်ကျပ်ဝေဒနာရဲ့ လက္ခဏာတွေက ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေက လူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ဒါပေမယ့် ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူတွေမှာ အခုလိုလက္ခဏာတွေကတော့ပြသနိုင်ပါတယ်။ အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်မယ် ရင်ဘတ်ထဲက တင်းတင်းကျပ်ကျပ်ကြီးဖြစ်နေမယ် ရင်ဘတ်အောင့်မယ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်