အအေးမိဖျားနာခြင်း

အအေးမိဖျားနာဆိုတာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကို ဗိုင်းရပ်စ်ကူးစက်ခံရတာပါ။ အတိအကျပြောရရင် နှာခေါင်းနဲ့ လည်ချောင်းပါ။ သိသာတဲ့ လက္ခဏာကတော့ နှာစေးတာ၊ လည်ချောင်းနာတာပါ။ အအေးမိဖျားနာနဲ့ ပတ်သက်တဲ့ တခြားအကြောင်းအရာတွေကို ဒီစာမျက်နှာမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အအေးမိဖျားနာခြင်း

ချောင်းဆိုး တယ်ဆိုတာ လက္ခဏာတစ်ခု ဖြစ်သလို ခန္ဓာကိုယ်ရဲ့ သဘာဝ ကာကွယ်နည်းစနစ်တစ်ခုပါ။ ချောင်းဆိုးတဲ့ လက္ခဏာကြောင့် ရောဂါတွေကို ရှာဖွေတွေ့ရှိသလို လေပြွန်ထဲကို တစ်ခုခု ဝင်လာပြီဆိုရင်လည်း ချောင်းဆိုးပြီး အပြင်ကို ပြန်ထုတ်ပေးပါတယ်။ ချောင်းဆိုးတာက အမြဲတမ်း ရောဂါတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ အစားအသောက်၊ အနေအထိုင်၊ ပတ်ဝန်းကျင် အခြေအနေနဲ့ နောက်ဆုံး ရာသီဥတု အပြောင်းအလဲကြောင့်ထိ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတု အကူးအပြောင်းဆို ဖြစ်တတ်ပါတယ်။ ချောင်းဆိုးတာ ရောဂါကြောင့်လား၊ ရာသီအကူးအပြောင်းကြောင့်လားဆိုတာ ဘယ်လို ခွဲကြမလဲ။ ရောဂါကြောင့် ချောင်းဆိုး ခြင်း ရောဂါကြောင့်ဆိုရင် ချောင်းဆိုးတာက ရေတိုဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတာ ၃ပတ်အောက်ဆို ရေတိုလို့ သတ်မှတ်ပြီး ၄ပတ်အထက်ဆိုရင် နာတာရှည်လို့ သတ်မှတ်ပါတယ်။ ရေတို ချောင်းဆိုးရတဲ့ အကြောင်းရင်းတွေကတော့ သာမန်အအေးမိတာ တုပ်ကွေးမိတာ ကြက်ညှာချောင်းဆိုး […]

အအေးမိဖျားနာခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အအေးမိဖျားနာခြင်း

အအေးမိခြင်း ဆိုတာ နှစ်တိုင်းဖြစ်နေကြ ကျန်းမာရေး ပြဿနာတစ်ခုပါ။ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပေမယ့် မိုးတွင်းနဲ့ ဆောင်းတွင်းမှာ အဖြစ်များပါတယ်။ အအေးမိတာက စိုးရိမ်စရာကောင်းလောက်အောင် ပြင်းထန်တဲ့ ရောဂါ မဟုတ်ပေမယ့် နေလို့မကောင်းဘဲ အလုပ်ပျက်၊ ကျောင်းပျက်ဖြစ်ရလို့ စိတ်ရှုပ်စရာကောင်းပါတယ်။ လူကြီးတစ်ယောက်က တစ်နှစ်ကို ၂ခေါက်၊ ၃ခေါက်လောက် အအေးမိတတ်ပါတယ်။ ကလေးဆို ဒီထက်တောင် ပိုများပါတယ်။ အအေးမိဖျားနာဆိုတာ အအေးမိဖျားနာက ဗိုင်းရပ်စ်ပိုးကြောင့် အဓိက ဖြစ်ပါတယ်။ နာမည်အကြီးဆုံးကတော့ Rhinovirus အမျိုးအစားပါပဲ။ ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲကို နှာခေါင်း၊ ပါးစပ်၊ မျက်လုံးကနေ တဆင့် ဝင်လာပြီး အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ပြဿနာဖြစ်စေပါတယ်။ ပိုးရှိတဲ့ တစ်ယောက်ယောက်က နှာချေ၊ ချောင်းဆိုးလိုက်မယ်ဆိုရင် ထွက်လာတဲ့ အမှုန်အမွှားတွေကို အနားက လူက ရှူမိပြီး ကူးစက်နိုင်ပါတယ်။ ဒီအမှုန်အမွှားတွေ ကပ်နေတဲ့ ပစ္စည်းကို […]

အအေးမိဖျားနာခြင်း

ကျွန်တော်တို့ ငယ်ငယ်တုန်းက မိုးရေထဲထွက်ဆော့ရင် အအေးမိဖျားနာ ဖြစ်လိမ့်မယ်ဆိုပြီး လူကြီးမိဘတွေ ပြောဆိုခဲ့တာ မှတ်မိမယ်ထင်ပါတယ်။ ပြောစကားနားမထောင်ပဲ မိုးရေထဲ ထွက်ဆော့မိလို့ ဖျားပြီဆိုရင် စကားနားမထောင်ရကောင်းလား ဆိုပြီး ဆူခံထိတာလည်း ခဏခဏပါပဲ။ အဲ့လိုနဲ့ပဲ အအေးမိဖျားနာတာဟာ မိုးမိတာရဲ့ သက်ရောက်မှုဆိုပြီး လူတွေက ထင်လာကြပါတယ်။ ဒါဆိုရင် တချို့သူတွေက မိုးမိလျက်နဲ့ ဘာလို့ မဖျားနာတာလဲလို့ မေးစရာ ဖြစ်လာပါတယ်။ မိုးမိလို့ အအေးမိဖျားနာ ဖြစ်နိုင်လား။ လူအများစု ယုံကြည်ထားကြတဲ့ မိုးမိလို့ အအေးမိဖျားနာ ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ သာမန် အအေးမိခြင်းဟာ Rhinovirus လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးအပြင် တခြားသော ပိုးပေါင်း ၂၀၀ကျော်ကနေ တစ်ဆင့် ကူးဆက်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ အလွန်အမင်း မောပန်းနေတဲ့အချိန်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့အချိန်မှာ ကိုယ်ခံအားကျဆင်းနေတဲ့အတွက် ပိုးဟာ […]

အအေးမိဖျားနာခြင်း

ခုကာလ နေထိုင်မကောင်းရင်တောင် နေမကောင်းဘူးလို့ ကျယ်ကျယ် မညည်းတွားရဲဘူး။ အကြောင်းကတော့ ဖျားနာနိုင်တဲ့ အကြောင်းအရင်း အမျိုးမျိုး ရှိပေမယ့် ဖျားတယ်ဆိုရင် လူအများ သတ်မှတ်လိုက်တာက ကိုဗစ်လေလားဆိုတဲ့ ခန့်မှန်းမှုကိုး။ ဒီလိုဆိုတော့ ဖျားနေရင်တောင် အသံမထွက်ရဲဘူးလေ။ ကိုယ်တိုင်လည်း ငါ ကိုဗစ်များ အကူးခံရတာလားဆိုပြီး စိုးရိမ်နေတော့တာပေါ့။ တကယ်က အဖျားရှိတာ၊ နေမကောင်းတာက ကိုဗစ်ကြောင့် မဟုတ်တဲ့ အခြား အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီကာလမှာဆိုရင် ရာသီတုပ်ကွေး ရှိနိုင်သလို သာမန်ဖျားနာတာမျိုးလည်း ရှိနိုင်ပါတယ်။ ဖျားတိုင်း ကိုဗစ်မဟုတ်ပါဘူး။ ဒီတော့ ဖျားနာတဲ့အခါ ကိုဗစ်သံသယလူနာရယ်လို့ အထင်မှား မခံရစေဖို့ ဘယ်လိုအချက်လေးတွေကို လိုက်နာရမလဲဆိုတာ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားမယ်နော်။ ဖျားနေပြီဆို မြန်မြန် သက်သာစေဖို့ လူတစ်ယောက်ကို ဖျားစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးပါ။ ကိုဗစ်ကြောင့် ဖျားနိုင်သလို စိတ်ဖိစီးတာ၊ ပင်ပန်းမှုဒဏ်၊ ရာသီတုပ်ကွေးဗိုင်းရပ်စတာတွေကြောင့်လည်း […]

အအေးမိဖျားနာခြင်း

ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။ ပြင်ပကနေ အကြောင်းအမျိုးမျိုးနဲ့ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ၊ ကပ်ပါးပိုးကောင်တွေ၊ ဗိုင်းရပ်စ်တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတတ်ပါတယ်။ ဒီပိုးတွေဟာ ကျွန်တော်တို့ကို ဖျားနာစေနိုင်တယ်၊ အားအင်ကုန်ခမ်းစေတယ်၊ အလုပ်တာဝန်တွေ ပျက်ယွင်းစေတယ်၊ ရောဂါတွေ ဖြစ်စေတယ်၊ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်နှုန်းကိုလည်း နှေးကွေးစေတယ်၊ ဒါ့အပြင် စောစောစီးစီး သေဆုံးနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ဒီလို မဖြစ်ရအောင် ကာကွယ်ပေးဖို့အတွက် ကိုယ်ခံအားစနစ်က တာဝန်ယူပေးရပါတယ်။ ခန္ဓာကိုယ် နေရာအနှံ့မှာ ရှိတဲ့ ကိုယ်ခံအားစနစ်တွင်းက ဆဲလ်များ၊ တစ်ရှူးများဟာ ခန္ဓာကိုယ်ထဲကို ဝင်လာသမျှ ရောဂါပိုးတွေကို ခုခံပေးတယ်၊ ရောဂါပိုးတွေ ထပ်ပြီး ပွားများခြင်းမရှိအောင် ထိန်းချုပ်တယ်၊ ရောဂါပိုးတွေရဲ့ ဆဲလ်နံရံတွေကို ဖျက်ဆီးပြီး အားလျော့စေပါတယ်။ ဒီအတွက် ကိုယ်ခံအားစနစ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဘယ်လိုအရာတွေက ကိုယ်ခံအားစနစ်ကို […]

အအေးမိဖျားနာခြင်း

ဘယ်အရာက ကျွန်တော်တို့ကို ကျန်းမာနေစေတာလဲလို့ မေးခွန်းတစ်ခုမေးလိုက်ရင် ထိပ်ဆုံးမှာရှိနေမှာက ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ပါပဲ။ ဒီကိုယ်ခံအားစနစ်အကြောင်း သေချာသိရှိပြီး ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းစောင့်ရှောက်သွားခြင်းက ကျွန်တော်တို့ကို ပိုကျန်းမာအသက်ရှည်စေမှာမို့ သေချာလေ့လာကြည့်ကြရအောင်။ ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။ ကိုယ်ခံအားစနစ်ဆိုတာ လူ့ခန္ဓာကိုယ်ကို ရောဂါပိုးတွေ ရန်ကနေ ကာကွယ်ပေးဖို့ ထားရှိတဲ့ ခံစစ်တစ်ခုပါ။ အပြင်လေထုကနေ ဘက်တီးရီးယားပိုးတွေ၊ ကပ်ပါးပိုးကောင်တွေ၊ ဗိုင်းရပ်စ်တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့အခါ ဖျားနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ကိုယ်တွင်းအင်္ဂါများကို တိုက်ခိုက်ခြင်း၊ ရောဂါဖြစ်ခြင်း၊ အသက်အန္တရာယ်ထိခိုက်စေခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကို ကာကွယ်ပေးဖို့အတွက် ကိုယ်ခံအားစနစ်က တာဝန်ယူပေးရပါတယ်။ ခန္ဓာကိုယ် နေရာအနှံ့မှာ ရှိတဲ့ ကိုယ်ခံအားစနစ်တွင်းက ဆဲလ်များ၊ တစ်ရှူးများဟာ ခန္ဓာကိုယ်ထဲကို ဝင်လာသမျှ ရောဂါပိုးတွေကို ခုခံပေးတယ်၊ ရောဂါပိုးတွေ ထပ်ပြီး ပွားများခြင်းမရှိအောင် မျိုးပွားစနစ်ကို ထိန်းချုပ်တယ်၊ ရောဂါပိုးတွေရဲ့ […]

အအေးမိဖျားနာခြင်း

အအေးမိ၊ တုပ်ကွေးရာသီ လို့တောင် ခေါ်ကြတဲ့ မိုးရာသီမှာ ကိုယ်ခံအားနည်းသူတွေ အဖို့ နှာစေး၊ ‌ချောင်းဆိုးနဲ့ မကင်းနိုင်ရှာပါဘူး။ ထစ်ခနဲဆို ဟက်ချိုး ပဲ။ အဲဒီမှာ ပြဿနာ စတော့တာ မဟုတ်လား။ အအေးမိ၊ တုပ်ကွေး ဗိုင်းရပ်စ်တွေ ရဲ့ လက္ခဏာ အတိမ်အနက်နဲ့ ဘယ်အချိန် သက်သာ ပျောက်ကင်းမလဲ ဆိုတာက ကာယကံရှင်ရဲ့ ကိုယ်ခံအားစနစ်မှာ အဓိက မူတည်နေတာပါ။ ဥပမာ တချို့ဆို ဖျားတဲ့အဆင့်ထိ မရောက်ဘဲ နှာစေးတဲ့ အဆင့် မှာတင် ပြန်သက်သာသွားတာမျိုး၊ တချို့ကျ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ကိုယ်ပူတာ အတော်ကြာကြာ ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် ရောဂါတွေကို ကာကွယ်နိုင်စွမ်း၊ ခုခံနိုင်စွမ်း သူများထက် ပိုကောင်းချင်တယ်ဆို ကိုယ်ခံအားစနစ် ကို အကောင်းဆုံး ဂရုစိုက်ပြုစုထားဖို့ အရေးကြီးပါတယ်။ ဘာတွေ ဆင်ခြင် […]

အအေးမိဖျားနာခြင်း

ဟတ်ချိုး…ရာသီဥတုက ကိုယ့်ဘက်မှာပါနော်။ မိုးလေး အေးလာတာနဲ့ လူက နှာတချေချေ ဖြစ်ရတဲ့အထဲ ကားထဲရောက်လည်း အဲကွန်း၊ ရုံးရောက်လည်း အဲကွန်းနဲ့ တွေ့တဲ့အခါ ဖျားပြီလေ။ လူကလည်း နေမကောင်းဖြစ်၊ အလုပ်လည်း ပျက်လို့ မဖြစ်တဲ့ အနေအထားမှာ ဘယ်လို အနားယူရပါ့မလဲ။ စဉ်းစားရခက်နေပြီလား။ နေမြန်မြန်ကောင်းဖို့ အသည်းအသန် ထိုင်ဆုတောင်းနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူးနော်။ ကိုယ်ခံအားပြန်ကောင်းပြီး အအေးမိဝေဒနာကို ခုခံနိုင်ဖို့က အစာအာဟာရ ပြည့်ဝဖို့ အရေးကြီးပါတယ်။ နေမကောင်းချိန် စားသင့်တဲ့ စူပါ အစားအသောက် (၆) မျိုး (၁) ကြက်စွပ်ပြုတ် ကြက်စွပ်ပြုတ်ကို အအေးမိဝေဒနာ အတွက်ဆေးတစ်လက် အဖြစ် ဟိုးအရင်တည်းက လက်ခံထားကြပါတယ်။ ကြက်သားမှာ ပါတဲ့ amino acid cysteine ကြောင့် ဒီလို အစွမ်းသတ္တိရှိတာလည်း ဖြစ်ပါတယ်။ N-acetyl-cysteine ဟာ ချွဲသလိပ်ကို ကြေစေပြီး […]

အအေးမိဖျားနာခြင်း

ရာသီဥတု အကူးအပြောင်းတွေမှာ အအေးမိ နဲ့ တုပ်ကွေး အဖြစ်များကြပါတယ်။ ဒါပေမယ့် ထစ်ခနဲဆို ဆေးခန်းပြေးဖို့ မလွယ်တဲ့ အနေအထားတွေ၊ ဆေးခန်းမသွားချင်သူတွေ အတွက် ကံကောင်းတဲ့အချက်က အအေးမိဗိုင်းရပ်စ်ဟာ သူ့အချိန်အတိုင်းအတာ တစ်ခု အတွင်းမှာ ပြန်လည်ပျောက်ကင်းနိုင်တယ်ဆိုတာပါပဲ။ မြန်မြန်သက်သာဖို့ကတော့ ဒီအတောအတွင်းမှာ ကိုယ်ခံအားနဲ့ ဘယ်လောက် ခုခံနိုင်မလဲဆိုတာကို မူတည်နေပါတယ်။ နေပြန်ကောင်းတယ် ဆိုတာ အအေးမိ တုပ်ကွေးဗိုင်းရပ်စ်တွေကို ကိုယ်ခံအားစနစ်က ခုခံတိုက်ထုတ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဒီလိုခုခံနေတဲ့ကာလအတွင်းမှာ နေမကောင်းလို့ ဆိုပြီး ကွေးနေရုံနဲ့ ရောဂါလက္ခဏာတွေကို ကျော်လွှားနိုင်မှာ မဟုတ်ဘူးနော်။ရောဂါပိုးတွေကို ခုခံပေးမယ့် ခန္ဓာကိုယ်ကိုစောင့်ရှောက်အားဖြည့်ပေးဖို့လည်းလိုပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအား နဲ့ ခုခံမယ်ဆိုရင် - အနားယူပါ နေမကောင်း ဖြစ်နေတဲ့အချိန်မှာဆို ရောဂါပိုးဗိုင်းရပ်စ်တွေကို ခုခံဖို့ ခန္ဓာကိုယ်ကပင်ပန်းနေမှာဖြစ်လို့ ပုံမှန်ထက် ပိုပြီးအားကုန်ပါတယ်။ ဒါ့ကြောင့် ဘာကြောင့်ပဲနေမကောင်းဖြစ်ဖြစ် အနားယူဖို့ တတ်နိုင်သလောက်ဦးစားပေးပါ။ကျောင်းတွေ၊အလုပ်တွေကိုဖြစ်နိုင်ရင် ခွင့်ယူလိုက်တာက ကိုယ့်အတွက်အနားယူဖြစ်တဲ့အပြင် […]

အအေးမိဖျားနာခြင်း

ဒီအချိန်မှာ ကျန်းမာဖို့အတွက် ဘာအရေးကြီးလဲလို့ မေးရင် ခုခံအားကောင်းနေဖို့ပါပဲ။ အချင်းချင်းလည်း တွေ့လို့ နှုတ်ဆက်ရင် နေကောင်းအောင်နေနော်၊ အားရှိအောင်နေနော် လို့ပြောကြပါတယ်။ ကာကွယ်ဆေးရော ကုသဆေးပါ မရှိသေးတဲ့ ကူးစက်ရောဂါအသစ်အဆန်းတွေ အတွက်ရော သိပ်မကြာခင် ဖြစ်လာတော့မယ့် ရာသီတုပ်ကွေး သွေးလွန်တုပ်ကွေးရောဂါတွေကို ကာကွယ်ဖို့အတွက်ပါ ခုခံအား ကောင်းနေဖို့ လိုပါတယ်။ ခုခံအား ကောင်းနေမှသာ အပြင်က ရောဂါတွေ ဝင်မလာနိုင်မှာပါ။ မတော်တဆ ဖျားနာခဲ့ရင်တောင် ခုခံအားကောင်းတဲ့သူက ခံနိုင်ရည်ပိုရှိပါတယ်။ ပိုပြီး နာလန်ထ မြန်ပါတယ်။ ဒါကြောင့် ခုခံအားကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ခုခံအား ကောင်းစေမယ့် နည်းလမ်းများ အာဟာရပြည့်အောင်စားတာ အိပ်ရေးဝဝအိပ်တာ ဆေးလိပ်၊ အရက်ရှောင်တာ လက်ဆေးတာ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးတာ လေ့ကျင့်ခန်းလုပ်တာ စတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီထဲမှာ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး

လောကမှာ မဖျားတဲ့သူဆိုတာ မရှိပါဘူး။ ဘယ်လောက်ပဲ ကျန်းမာနေတဲ့ သူတစ်ယောက် ဖြစ်ပါစေ၊ အစာအာဟာရကို ဂရုစိုက်ပြီး စားသုံးနေပါစေ တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ပုံမှန် ဖျားတတ်ပါတယ်။ ခဏခဏ ဖျားတဲ့သူတွေမှာတော့ တော်တော်လေးကို ဖျားနာခြင်းရဲ့ ဒဏ်ကို ခံစားရပါတယ်။ သူများတွေက တစ်နှစ်လောက်မှ တစ်ခါပဲ ဖျားနေရင် သူတို့က တစ်လကို တစ်ခါလောက် ဖျားနေပြီ၊ ဖျားရင်လည်း အနည်းဆုံး ၃-၄ ရက်ကနေ တစ်ပတ်လောက်ထိပဲ။ ဖျားရင် လူက မလှုပ်ချင်၊ မကိုင်ချင်နဲ့ အလုပ်ကိစ္စတွေ ပျက်မယ်၊ အစားအသောက် ပျက်မယ်၊ ပြုစုပေးတဲ့ သူရော ဖျားနေတဲ့သူပါ ဒုက္ခများ၊ အလုပ်ရှုပ်ရတယ်နော်။ ခုဆောင်းပါးမှာ မကြာခဏ ဆိုသလို ဖျားနေသူတွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်မလဲဆိုတဲ့ […]

အအေးမိဖျားနာခြင်း ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon