နာတာရှည် လေပြွန်ရောင်ရမ်းခြင်းဆိုတာ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)ရဲ့ ရောဂါအခွဲတစ်ခုပါပဲ။ ဆေးလိပ်သောက်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အဆုတ်အားနည်းနေတာကြောင့် မကြာခဏလည်း ပိုးဝင်လွယ်ပါတယ်။ နာတာရှည်ရောဂါဆိုပေမယ့် တစ်ချက် တစ်ချက် ထဖောက်တာမျိုးလည်း ရှိတတ်ပါတယ်။