လေပြွန်ရောင်ခြင်း
လေပြွန်နဲ့ ပတ်သတ်ပြီး ရောင်ရမ်းခြင်းတွေထဲမှာ လေပြွန်ရောင်ခြင်းဟာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ လေပြွန်နံရံမှာ ရောဂါပိုးဝင်ခြင်းကြောင့် အများဆုံးဖြစ်ရပါတယ်။ လေပြွန်ရောင်တဲ့အခါ အဆုတ်ဆီ အောက်ဆီဂျင်ရောက်ရန် ခက်သွားတာကြောင့် အသက်ရှူမဝတာဖြစ်တတ်ပါတယ်။ ညစ်ညမ်းတဲ့လေနဲ့ အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေကို ကြာရှည်ထိတွေ့ရှူရှိုက်ခြင်းကလည်း လေပြွန်ရောင်စေတဲ့အချက်တွေ ဖြစ်ပါတယ်။ လေပြွန်ရောင်ခြင်း ဆိုတာ ဘာလဲ လေပြွန်ရောင်ခြင်းက ရေတိုလည်း ဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။ ရုတ်တရက်လေပြွန်ရောင်ခြင်းက ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ အအေးမိခြင်းတို့နဲ့ ဆက်နွယ်နေတတ်ပြီး လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ သလိပ်ထွက်ခြင်း၊ ရင်ဘက်အောင့်ခြင်း၊ တခါတရံအသက်ရှူမဝခြင်း စသည်ဖြင့် သာမန်လောက်ကနေ ပြင်းပြင်းထန်ထန်ထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ရုတ်တရက် လေပြွန်ရောင်ခြင်းဟာ ရက်အနည်းငယ် သို့ ရက်သတ္တပတ်အနည်းငယ်အကြာမှာ ကောင်းသွားတတ်ပြီး နာတာရှည်ကတော့ ပိုပြင်းထန်ကာ ပိုဆိုးပါက နှစ်နဲ့ချီ ကြာတတ်ပါတယ်။ အချိန်ကြာ ချွဲထခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်းတို့ ခံစားရတတ်ပြီး […]