အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အအေးမိဖျားနာခြင်း

အအေးမိဝေဒနာသက်သာစေမယ့် Nasal Spray

နေပူလိုက် မိုးရွာလိုက်၊ ပူလိုက်အေးလိုက်နဲ့ ရာသီအကူးအပြောင်းမှာ အအေးမိဖျားနာခြင်းဆိုတာ အခန့်မသင့်ရင် ဖြစ်လာတတ်တဲ့ ဝေဒနာဖြစ်ပါတယ်။ နှာလေး တရွှတ်ရွှတ်၊ ချောင်းလေး တဟွတ်ဟွတ်နဲ့ လူကြားထဲ အလုပ်သွားနေရတာ၊ အပြင်သွားနေရတာလည်း အဆင်မပြေလှပါဘူး။ ဒါတောင် ရောဂါက ဒီအတိုင်း မနေပါဘူး။ နှာစေးနှာပိတ်ရာကနေ နောက်ဆုံးကျ လည်ချောင်းနာ၊ အဖျား တက်လာတဲ့အထိ ဖြစ်လာမှာပဲ။ ဒီလက္ခဏာတွေ ဖြစ်လာရတာက အအေးမိ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။ တော်တန်ရုံဆို ကိုယ်ခံအားစနစ်ရဲ့ ခုခံမှုကြောင့် လက္ခဏာတွေ လျော့ပါးသက်သာနိုင်ပေမယ့် လူတိုင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက မတူညီကြတာကြောင့် မြန်မြန်ပျောက်ကင်းချင်ရင် ဆေးကုသမှု ခံယူတာ ကောင်းပါတယ်။ နှာစေးနှာပိတ်နေရင် သို့မဟုတ် ချောင်းဆိုးနေရင်နေရခက် ပင်ပန်းရတဲ့အပြင် ညဘက်လည်း အိပ်မရ၊ အသက်ရှူမဝ ဖြစ်ရပါတယ်။ လည်ချောင်းနာရင်လည်း ရေတောင် မျိုချရခက်ပြီး နာကျင်ရတာကြောင့် အစားပျက်ရ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

လည်ချောင်းနာအမြစ်ပြတ်မကုဘဲ နောက်ဆက်တွဲပြဿနာတွေအဖြစ်ခံမှာလား

လည်ချောင်းနာပြီဆိုရင် လည်ချောင်းထဲမှာ ယားစပ်စပ်နဲ့ မျိုချလိုက်တိုင်းနာကျင်နေတာ ခံစားရခက်ပါတယ်။ အစာတို့ ရေတို့မပြောနဲ့ တံတွေးမျိုတာတောင် အရမ်းနာတယ်မဟုတ်လား။ လည်ချောင်းနာရတဲ့အကြောင်းရင်းကတော့ အအေးမိနဲ့ တုပ်ကွေးတို့လို ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာများပါတယ်။ ဒီဝေဒနာက အချိန်အတိုင်းအတာတစ်ခုအတွင်းမှာပျောက်ကင်းနိုင်ပါတယ်။ streptococcus ဘက်တီးရီးယားကြောင့်ဖြစ်တတ်တဲ့ လည်ချောင်းနာကတော့နောက်ဆက်တွဲပြဿနာတွေဖြစ်လာတတ်လို့ ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသဖို့လိုအပ်ပါတယ်။ လည်ချောင်းနာတာက သူ့ဘာသာ အလွယ်တကူပျောက်သွားတတ်တဲ့ဝေဒနာဆိုပေမယ့် ဂရုတစိုက်မရှိဘူးဆိုရင်တော့နောက်ဆက်တွဲပြင်းထန်တဲ့ဝေဒနာတွေအဖြစ်ကို ကူးပြောင်းသွားနိုင်ပြီး မခံမရပ်နိုင်အောင်လည်ချောင်းနာတာ၊ပြည်တည်တာ၊ အသံမထွက်နိုင်တော့တာနဲ့ အသက်ရှူကြပ်တာမျိုးတွေထိဖြစ်နိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေရှိနိုင်မလဲ။ လည်ချောင်းနာခြင်းလက္ခဏာတွေက ရောဂါအကြောင်းရင်းကိုမူတည်ပြီး အမျိုးမျိုးကွဲပြားကြပါတယ်။ များသောအားဖြင့် - လည်ချောင်းထဲမှာ နာနေ၊ယားနေသလို ခံစားနေရခြင်း မျိုချရင်၊ စကားပြောရင် ပိုနာကျင်ခြင်း အစာ သို့မဟုတ်ရေမျိုချရခက်ခြင်း လည်ပင်း သို့မဟုတ်မေးရိုးအောက် ဂလင်းတွေရောင်ရမ်းခြင်း၊နာကျင်ခြင်း အာသီးရောင်ခြင်း အာသီးမှာ အဖြူဖတ်လေးတွေဖြစ်ခြင်း သို့မဟုတ်ပြည်တည်ခြင်း အသံဝင်ခြင်း တို့ဖြစ်လေ့ရှိပါတယ်။ လည်ချောင်းနာစေတဲ့ တချို့အကြောင်းရင်းတွေကတော့ ဖျားခြင်း၊ချောင်းဆိုးခြင်း၊နှာစေးခြင်း၊ နှာချေခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတို့အပါအဝင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဘာကြောင့် လည်ချောင်းနာရတာလဲ

ဘာတွေကြောင့် လည်ချောင်းနာဖြစ်စေတာလဲ လည်ချောင်းနာပြီဆို ဖျားတော့မယ့်လက္ခဏာလို့ သိထားကြပါတယ်။ ဆားရည်လေးငုံပြီးပလုပ်ကျင်းကြတာပဲ။ နောက်ထပ် သိထားသင့်တဲ့အချက်တစ်ခုကတော့ လည်ချောင်းနာဝေဒနာအများစုက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ အအေးမိနဲ့ တုပ်ကွေးတို့လို အဲဒီပိုးမျိုးကို ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က သဘာဝအလျောက် ခုခံတိုက်ဖျက်ပေးမှာဖြစ်လို့ ပဋိဇီဝပိုးသတ်ဆေးတွေမလိုပါဘူး။ လည်ချောင်းနာတာ ကြာရှည်ပြီး ဗိုင်းရပ်စ်ကနေ ဘက်တီးရီးယားတွေဝင်လာပြီဆိုရင်တော့ ရောဂါပိုးကိုတိုက်ထုတ်နိုင်ဖို့ ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့ လိုအပ်ပါတယ်။ ရက်ပိုင်းအတွင်း ဝေဒနာသက်သာလာရင်တောင် ဆရာဝန်ညွှန်းပေးလိုက်တဲ့ ပဋိဇီဝဆေးတွေကိုဆေးပတ်လည်အောင်သောက်ရပါမယ်။ လည်ချောင်းနာဖြစ်ရတဲ့ အကြောင်းရင်းက အမျိုးမျိုးရှိပါတယ်။ အဓိကအားဖြင့် - ဗိုင်းရပ်စ်ပိုး - အအေးမိခြင်းနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးအမျိုးအစားများစွာ ရှိပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက လည်ချောင်းနာစေတာအဖြစ်များပါတယ်။ ဘက်တီးရီးယားပိုး -ဘက်တီးရီးယားကူးစက်ခံရခြင်းက အာသီးပြည်တည်ခြင်း၊ ဆုံဆို့နာ၊ အသံအိုးဖုံးရောင်ရမ်းခြင်း၊အာသီးရောင်ခြင်း၊လည်ချောင်းနာခြင်းဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်ဓာတ်များ/ပြင်ပအကြောင်းရင်းခံများ -ဆေးလိပ်ငွေ့၊ လေထုညစ်ညမ်းခြင်း၊လေထုထဲကပါလာတဲ့ဓာတုပစ္စည်းတွေလိုမျိုး ဓာတ်ပစ္စည်းတွေက လည်ချောင်းနာစေပါတယ်။ ဓာတ်မတည့်မှု၊ ချောင်းဆိုးခြင်း၊ အစာချေရည်ပြန်ဆန်တက်ခြင်း(GERD) နဲ့အကျိတ်တို့လို ကျန်းမာရေးအခြေအနေတချို့ကြောင့်လည်း လည်ချောင်းနာတတ်ပါတယ်။ ထိခိုက်မှု […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

သင်လုပ်မိနေတဲ့ ဒီအမူအကျင့်အမှား (၆)ခုကြောင့် အသက်ရှူလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်

အသက်ရှူလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဘာလဲ။ အဲဒါက အအေးမိ၊နှာစေး ဖြစ်ဖူးသူတွေ သိပြီးသားဖြစ်မယ့် အဖြစ်များတဲ့ရောဂါဖြစ်စဉ်ပါ။ ဒါပေမယ့် အသက်ရှုူလမ်းကြောင်းဆိုတာမှာ ခန္ဓာဗေဒအရ အထက်ပိုင်းနဲ့အောက်ပိုင်းနှစ်မျိုးခွဲခြားထားပါတယ်။ ကူးစက်လွယ်တဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း ရက်တိုဝေဒနာတွေက နှာခေါင်း၊လည်ချောင်း၊လေပြွန်၊လည်ချောင်းဝနဲ့ အသံအိုးတို့လို အသက်ရှူလမ်းကြောင်းအထက်ပိုင်းမှာ ရောဂါပိုးဝင်တာ(URI) ဖြစ်ပါတယ်။ နှာစေးနှာပိတ်နဲ့ လည်ချောင်းနာတို့လို အအေးမိလက္ခဏာတွေဆိုရင်တော့ အဖြစ်များဆုံး URIတွေဆိုတာ သေချာပါတယ်။ တခြား URIတွေကတော့ ထိပ်ကပ်နာ၊ အသံအိုးရောင်ခြင်း စတာတွေပါဝင်ပါတယ်။ အသက်ရှူလမ်းကြောင်းအောက်ပိုင်းမှာတော့ အဆုတ်နဲ့သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် လေပြွန်ရောင်ခြင်းနဲ့ နမိုးနီးယားတို့ကတော့ ဒီလက္ခဏာထဲမှာပါဝင်ပါတယ်။ အအေးမိဝေဒနာတွေက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာဖြစ်ပြီး လက္ခဏာတွေကတော့ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ ကိုယ်ပူခြင်း၊ လည်ချောင်းယားခြင်းတို့ဖြစ်တတ်ပါတယ်။ ဒါတွေကို ကုသရာမှာ ဆရာဝန်ပေးတဲ့ဆေးဝါးအကူအညီတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ဆေးဝါးအပြင် ကိုယ်ခံအားက ခုခံပေးနိုင်ဖို့လည်း လိုတာကြောင့် ဆင်ခြင်နေထိုင်သင့်တဲ့အချက်တွေရှိပါတယ်။ အနေအထိုင်၊ အပြုအမူအမှားတွေကြောင့် ရောဂါမသက်သာဘဲ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း