အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ပြည်တည်နာ သိကောင်းစရာ

အဆုတ်ပြည်တည်နာ ဆိုတာက တခြားပြည်တည်နာတွေလိုပဲ ပိုးဝင်တာကြောင့်ဖြစ်တဲ့ ပြည်လုံးပါ။ အများစုက ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မှိုပိုးတွေ၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ရတာမျိုး ရှိနိုင်ပါတယ်။ အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းအရင်း အဆုတ်ပြည်တည်နာက အဆုတ်ကိုယ်တိုင်က ဖြစ်လာတာ ရှိသလို တခြားနေရာကနေ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တည်တာက တစ်ခုတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်တယ်ဆိုရင်တော့ နမိုးနီးယား ဒါမှမဟုတ် သွေးဆိပ်သင့်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ကနေ စဖြစ်တဲ့ ပြည်တည်နာ အဆုတ်ကို တိုက်ရိုက်ထိတဲ့ ရောဂါအများစုက အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နမိုးနီးယား အဆုတ်ရောင်ရောဂါ (ဒီထဲမှာ အဖြစ်အများဆုံးက အစာသီးပြီး အဆုတ်ရောင်တဲ့ aspiration pneumonia အမျိုးအစားပါ) ကင်ဆာကျိတ်တွေ - […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ

ပန်းနာရင်ကြပ်ရောဂါ ဆိုတာ လေပြွန်တွေ ရောင်ရမ်းလာတာကြောင့် ကျဉ်းပြီး ရောဂါလက္ခဏာတွေ ခံစားရတာပါ။ ကျဉ်းတဲ့အပြင် အချွဲတွေပါ ထွက်လာပါသေးတယ်။ ပန်းနာရင်ကြပ် က အမျိုးအစား အများကြီး ရှိပေမယ့် လက္ခဏာတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ အကြောင်း လေ့လာလိုက်ရအောင်နော်။ ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ ပန်းနာရင်ကြပ်ရောဂါ ပြင်းထန်မှုအလိုက် လက္ခဏာများ က ကွာခြားမှု ရှိပါတယ်။ လူနာအခြေအနေ၊ ရောဂါအခြေအနေကိုလိုက်ပြီး လက္ခဏာတွေက ပြင်းထန်ပုံကွာခြားပါတယ်။ တချို့ဆို ရင်ကြပ်ရှိလို့ ရှိမှန်းတောင် မသိပါဘူး။ ဒါကြောင့် ရောဂါပြင်းထန်ပုံအလိုက် ပန်းနာရင်ကြပ်ရဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်။ အတွေ့ရများတဲ့ ပန်းနာရင်ကြပ်လက္ခဏာတွေ အတွေ့ရများတဲ့ ပန်းနာရင်ကြပ်လက္ခဏာတွေကတော့ ချောင်းဆိုးတာ (အထူးသဖြင့် ညဘက်တွေ၊ မနက်ဝေလီဝေလင်းအချိန်မှာ) အသက်ရှူရင် တရွှီရွှီမြည်တာ မောတာ ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ်ဖြစ်နေတာ စတဲ့ […]


ပန်းနာရင်ကျပ်

အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ထတတ်သလား။

ဓာတ်မတည့်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့မိရင်၊ ရှူမိရင် ပန်းနာရင်ကြပ် ထဖောက်တတ်တယ်ဆိုတာ တော်တော်များများ သိပြီးသား ကိစ္စပါ။ ဒီထဲမှာ ထူးထူးဆန်းဆန်း အက်စပရင်ကြောင့် ပန်းနာရင်ကြပ် ပိုဆိုးလာတဲ့သူတွေလည်း ရှိပါတယ်။ သူက ပန်းနာရင်ကြပ် အမျိုးအစားတွေထဲက တစ်ခုပါပဲ။ အက်စပရင်ဆိုတာ အက်စပရင်ဆိုတာ အကိုက်အခဲပျောက်ဆေးအနေနဲ့ရော သွေးကျဲဆေးအနေနဲ့ရော သုံးပါတယ်။ အစွမ်းထက်တဲ့ ဆေးတစ်မျိုးပါပဲ။ သွေးကျဲဆေး အနေနဲ့ဆိုရင် သွေးခဲပြီး လေဖြတ်တာကို ကာကွယ်ဖို့ ရေရှည်တောင် သောက်ရပါတယ်။ အက်စပရင်ကြောင့် ပန်းနာရင်ကြပ်ဖြစ်တယ်ဆိုတာ ပန်းနာရင်ကြပ်က အက်စပရင်သောက်လိုက်လို့ ပိုဆိုးလာတယ်လို့ ပြောဖို့ဆိုရင် ၃ချက်ရှိရပါတယ်။ ပန်းနာရင်ကြပ် ရောဂါအခံရှိရပါမယ်။ နှာခေါင်းအသားပို ရှိရပါမယ်။ (ဒီအသားပိုကလည်း ခွဲပြီးတာတောင် မပျောက်ဘဲ ပြန်ပြန်ဖြစ်တဲ့ အမျိုးအစား ဖြစ်ရပါမယ်။) အက်စပရင် ဒါမှမဟုတ် NSAIDs အုပ်စုဝင် အကိုက်အခဲပျောက်ဆေး (ဥပမာ အိုင်ဗျူပရိုဖန်) သောက်ပြီးတဲ့အခါ ပန်းနာရင်ကြပ် […]


ပန်းနာရင်ကျပ်

အလုပ်သွားတိုင်း ပန်းနာရင်ကြပ် ဖောက်နေပြီဆိုရင်

ပန်းနာရင်ကြပ် အမျိုးအစားတွေထဲမှာ တချို့က ထူးထူးခြားခြား လုပ်ငန်းခွင်က ပစ္စည်းတွေကြောင့် ပန်းနာရင်ကြပ်ထဖောက်တတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါကို occupational asthmaလို့ ခေါ်ပါတယ်။ အလုပ်လုပ်နေသရွေ့ အချိန်မရွေး ပန်းနာရင်ကြပ်ထဖောက်နိုင်တာကြောင့် ဆောင်ရန် ရှောင်ရန်တွေကို သိထားဖို့လိုပါတယ်။ လုပ်ငန်းခွင်ရောက်တိုင်း ဘာကြောင့် ပန်းနာရင်ကြပ် ထဖြစ်တာလဲ။ ဖြစ်နိုင်တဲ့အကြောင်းအရင်း ၃ခုရှိပါတယ်။ ဓာတ်မတည့်တာကြောင့် - ဒါကတော့ ဓာတ်မတည့် ပန်းနာရင်ကြပ်အမျိုးအစားထဲကို ပါသွားမှာပါ။ အလုပ်က ပစ္စည်းတွေနဲ့ ကိုယ်နဲ့ ဓာတ်မတည့်လို့ကို ဖြစ်တာပါ။ လေပြွန်တွေကို ကသိကအောက်ဖြစ်စေတာကြောင့် - ဥပမာ အမှုန်တွေ၊ မီးခိုးငွေ့တွေကြောင့် ခန္ဓာကိုယ်နဲ့ ဓာတ်ပြုတာ - လုပ်ငန်းခွင်က ပစ္စည်းတွေနဲ့ ခန္ဓာကိုယ်နဲ့ ဓာတ်ပြုပြီး ဟစ်တမင်းလို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ ထွက်စေလို့ ကြပ်တာပဲ ဖြစ်ပါတယ်။ ဘယ်လိုလူမျိုးတွေမှာ အတွေ့ရများသလဲ။ များသောအားဖြင့်တော့ ပေါင်မုန့်ဖုတ်တဲ့သူတွေ ဆေးဝါးစက်ရုံကသူတွေ လယ်သမားတွေ […]


ပန်းနာရင်ကျပ်

ဓာတ်မတည့်တာ မရှိဘဲ ပန်းနာရင်ကြပ် ထဖောက်နိုင်ပါသလား။

ပန်းနာရင်ကြပ် လူနာတစ်ယောက် ရောဂါဖောက်ပြီဆိုရင် သူတော့ မတည့်တာရှူမိပြီ။ ထိမိပြီလို့ ထင်တတ်ကြပါတယ်။ ပန်းနာရင်ကြပ်ရှိသူတွေရဲ့ ၆၀ရာခိုင်နှုန်းလောက်က ဓာတ်မတည့်ပန်းနာရင်ကြပ်အမျိုးအစား ဖြစ်တာကြောင့် ဒီလိုထင်တာ ဆန်းတော့ မဆန်းပါဘူး။ ဒါပေမယ့် ပန်းတာရင်ကြပ်လို့ဆိုတိုင်း ဓာတ်မတည့် ပစ္စည်းတစ်ခုခု ရှိရမယ်လို့ မဆိုလိုပါဘူး။ တချို့က ဓာတ်မတည့်တဲ့ ပစ္စည်းမရှိပေမယ့်လည်း ထကြပ်တတ်ပါတယ်။ ကံကောင်းတာက ဒါက လူနည်းစုပါပဲ။ ဓာတ်မတည့်တာကြောင့် မဟုတ်တဲ့ ပန်းနာရင်ကြပ်ဆိုတာ (Non allergic asthma) ဒီအမျိုးအစားက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်ကြီးတဲ့သူတွေမှာ အတွေ့ရများပါတယ်။ ဓာတ်မတည့်အမျိုးအစားထက် ပိုပြင်းထန်ပါတယ်။ ဓာတ်မတည့်ပန်းနာရင်ကြပ်နဲ့ ဘာကွာသလဲဆိုတော့ ဓာတ်မတည့်ပန်းနာရင်ကြပ်က သူနဲ့ မတည့်တဲ့ အလာဂျင်ဝင်လာပြီဆိုရင် ခုခံအားက အလွန်အကျွံတုံ့ပြန်တာကြောင့် တစ်ကိုယ်လုံးမှာ IgEလို့ ခေါ်တဲ့ ခုခံအားပစ္စည်းတွေ ထွက်လာပြီး ပန်းနာရင်ကြပ်ထဖောက်ပါတယ်။ ဓာတ်မတည့်တာကြောင့် မဟုတ်တဲ့ ပန်းနာရင်ကြပ်အမျိုးအစားမှာတော့ IgEက လေပြွန်အတွင်းထဲမှာပဲ […]


ပန်းနာရင်ကျပ်

ဓာတ်မတည့် ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ် ရောဂါနဲ့ ပတ်သတ်ရင် လူတော်တော်များများက သူနဲ့ မတည့်တာကို ရှူမိတာကြောင့် ထင်တတ်ကြပါတယ်။ တကယ်တမ်းကြတော့ ဒီလိုမတည့်တာကြောင့် ပန်းနာရင်ကျပ်ထတာက ပန်းနာရင်ကျပ်အမျိုးအစားတွေထဲက တစ်ခုပါပဲ။ ဓာတ်မတည့် ပန်းနာရင်ကျပ် အပြင် တခြားအမျိုးအစားတွေ အများကြီး ရှိပါသေးတယ်။ ဓာတ်မတည့် အလာဂျီရှိတဲ့ သူတိုင်းက ပန်းနာရင်ကျပ်ရောဂါ မရှိကြပါဘူး။ ဒီလိုပဲ ပန်းနာရင်ကျပ်သမားတိုင်းမှာလည်း ဓာတ်မတည့် ပြဿနာ ရှိချင်မှရှိတာပါ။ ဓာတ်မတည့်တာနဲ့ ပန်းနာရင်ကြပ်က ဆက်စပ်မှုရှိပေမယ့် တစ်ခုရှိရင် နောက်တစ်ခုပါ လိုက်ရှိရမယ်လို့ ပုံသေသတ်မှတ်ထားတာမျိုး မဟုတ်ပါဘူး။ ဓာတ်မတည့်ဆိုတာ ဓာတ်မတည့်စေတဲ့ ပစ္စည်းကို အလာဂျင်လို့ခေါ်ပါတယ်။ ဓာတ်မတည့်ရောဂါကတော့ အလာဂျီပေါ့။ ဒီဓာတ်မတည့်စေတဲ့ ပစ္စည်းတွေက ရှူမိရာက၊ စားမိရာက၊ ထိတွေ့မိရာက ကိုယ်ထဲကို ရောက်ရှိပြီး ဓာတ်မတည့် ဖြစ်စဉ်ကို ဖြစ်စေပါတယ်။ ပန်းနာရင်ကျပ် ဆိုတာ ဘာကြောင့်ပဲ ကျပ်ကျပ် ပန်းနာရင်ကြပ်ရဲ့ သဘောတရားကတော့ အတူတူပါပဲ။ […]


အအေးမိဖျားနာခြင်း

မိုးမိလို့ ဖျားတယ်ဆိုတာ တကယ်လား၊ ဂျင်းသက်သက်လား

ကျွန်တော်တို့ ငယ်ငယ်တုန်းက မိုးရေထဲထွက်ဆော့ရင် အအေးမိဖျားနာ ဖြစ်လိမ့်မယ်ဆိုပြီး လူကြီးမိဘတွေ ပြောဆိုခဲ့တာ မှတ်မိမယ်ထင်ပါတယ်။ ပြောစကားနားမထောင်ပဲ မိုးရေထဲ ထွက်ဆော့မိလို့ ဖျားပြီဆိုရင် စကားနားမထောင်ရကောင်းလား ဆိုပြီး ဆူခံထိတာလည်း ခဏခဏပါပဲ။ အဲ့လိုနဲ့ပဲ အအေးမိဖျားနာတာဟာ မိုးမိတာရဲ့ သက်ရောက်မှုဆိုပြီး လူတွေက ထင်လာကြပါတယ်။ ဒါဆိုရင် တချို့သူတွေက မိုးမိလျက်နဲ့ ဘာလို့ မဖျားနာတာလဲလို့ မေးစရာ ဖြစ်လာပါတယ်။ မိုးမိလို့ အအေးမိဖျားနာ ဖြစ်နိုင်လား။ လူအများစု ယုံကြည်ထားကြတဲ့ မိုးမိလို့ အအေးမိဖျားနာ ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ သာမန် အအေးမိခြင်းဟာ Rhinovirus လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးအပြင် တခြားသော ပိုးပေါင်း ၂၀၀ကျော်ကနေ တစ်ဆင့် ကူးဆက်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ အလွန်အမင်း မောပန်းနေတဲ့အချိန်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့အချိန်မှာ ကိုယ်ခံအားကျဆင်းနေတဲ့အတွက် ပိုးဟာ […]


ပန်းနာရင်ကျပ်

လူကြီး ပန်းနာရင်ကြပ် အကြောင်း

ပန်းနာရင်ကြပ် ဆိုတာ ကလေးဘဝတည်းက စဖြစ်တယ်လို့ လူအများ သိထားကြပါတယ်။ ကလေးဘဝတည်းက ဂေါက်လေး တရှူရှူနဲ့ပေါ့။ တကယ်တော့ ပန်းနာရင်ကြပ်မှာ အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာ ကလေးဘဝမှာ ဘာမှမဖြစ်ဘဲ လူကြီးဖြစ်တော့မှ (ကြီးကောင်ဝင်တော့မှ) ပန်းနာရင်ကြပ်ထဖြစ်ကြတာတွေလည်း ရှိပါတယ်။ အလွယ်ပြောရင် လူကြီးပန်းနာရင်ကြပ်ပေါ့။ လူကြီးပန်းနာရင်ကြပ် ဘာလို့ ဖြစ်တာလဲ။ ငယ်ငယ်တုန်းက အကောင်း ကြီးမှ ဘာကြောင့် ပန်းနာရင်ကြပ်ထဖြစ်တာလဲဆိုတာ ခုထိ မသိကြသေးပါဘူး။ အသက် ၂၀လောက်မှာ စဖြစ်တတ်ကြပါတယ်။ အများစုက ဓာတ်မတည့်တာနဲ့ ဆက်စပ်နေတာပါတယ်။ လူကြီးပန်းနာရင်ကြပ်ရဲ့ ၃၀ရာခိုင်နှုန်းလောက်က ဓာတ်မတည့်တာကြောင့်ပါတဲ့။ ALAအဆိုအရတော့ ၆လောက်မှာ ၁ယောက်လောက်က ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်က ပစ္စည်းတွေကြောင့် ဖြစ်တာပါတဲ့။ ဒါကြောင့် အသက် ၄၅နှစ်နဲ့ ၆၄နှစ်အရွယ်တွေမှာ အများဆုံး တွေ့ရပါတယ်။ တချို့ကလည်း ငယ်ငယ်တုန်းက ဒီလို ဓာတ်မတည့်တဲ့ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ် အမျိုးအစားများ

ပန်းနာရင်ကြပ် လို့ ဆိုလိုက်ရင် သူ့မှာ အမျိုးအစားတွေ အများကြီး ရှိနေတဲ့အတွက် ကိုယ်က ဘယ်အမျိုးအစားလဲဆိုတာ သိထားတာ ပိုကောင်းပါတယ်။ ဒါမှ ကိုယ့်ရဲ့ ကုသမှုမှာ အများကြီး အထောက်အကူဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဆောင်ရန် ရှောင်ရန်တွေကို သေချာသိထားတာကြောင့် ထပ်ခါထပ်ခါ ရောဂါဖောက်မလာအောင်လည်း ကာကွယ်နိုင်မှာပါ။ ပန်းနာရင်ကြပ် ဆိုတာ အမျိုးအစားတွေ အရင်မပြောခင် ရောဂါအကြောင်း အကြမ်းဖျင်း ပြောပြချင်ပါတယ်။ ပန်းနာရင်ကြပ်ဆိုတာ နာတာရှည် ရောဂါဖြစ်ပြီး လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းမြောင်းတဲ့ ရောဂါဖြစ်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ လေပြွန်ကျဉ်းတာကြောင့် အသက်ရှူရင် တရွှီရွှီမြည်တာ၊ မောတာ၊ ချောင်းဆိုးတာ၊ ရင်ဘတ်အောင့်တာတွေပဲ ဖြစ်ပါတယ်။ အမြစ်ပြတ်အောင် ကုလို့မရတဲ့အတွက် မတည့်တာတွေကို ရှောင်တာကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ ပန်းနာရင်ကြပ် အမျိုးအစားများ ကလေးပန်းနာရင်ကြပ် ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာမသိသေးပေမယ့် မိဘမျိုးရိုးရှိတဲ့သူတွေ၊ […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)မှာ နာတာရှည် လေပြွန်ရောင်တာနဲ့ အဆုတ်လေအိတ်တွေ ပျက်စီးတာ နှစ်မျိုးရှိပါတယ်။ တချို့လူတွေမှာ တစ်ယောက်တည်းမှာပဲ နှစ်မျိုးတွဲနေတာ ဖြစ်တတ်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါမှာ အဆုတ်လေအိတ်နဲ့ လေပြွန်တွေ ပျက်စီးကုန်တာ ဖြစ်လို့ ပြန်ကောင်းဖို့ မလွယ်ပါဘူး။ ဒါဆို နာတာရှည် လေပြွန်ကျဉ်းရောဂါကို ဘာကြောင့် ကုနေရသလဲဆို လက်ရှိအခြေအနေထက် ပိုမဆိုးဖို့ရယ်၊ ခံစားရတဲ့ ဝေဒနာတွေ သက်သာအောင်ရယ်၊ သက်သောင့်သက်သာ လှုပ်ရှားသွားလာနိုင်အောင်ရယ်၊ နောက်ဆက်တွဲရောဂါတွေကို တတ်နိုင်သမျှ ကာကွယ်ဖို့ရယ်ပါ။ နာတာရှည် အဆုတ်ရောင်ရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေက ရောဂါကြီးတွေဖြစ်တာကြောင့် တတ်နိုင်သမျှ မဖြစ်အောင် ကာကွယ်ထားတာက ပိုကောင်းပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ နောက်ဆက်တွဲ ရောဂါများ ကတော့ အဆုတ်ပိုးဝင်တာ နဂိုတည်းက ပျက်စီးနေတဲ့ အဆုတ်ဖြစ်တာကြောင့် ပိုးဝင်ဖို့ လွယ်ကူပါတယ်။ ပိုးဝင်တဲ့အခါမှာလည်း […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ

နာတာရှည် လေပြွန်ကျဉ်း ရောဂါ (COPD)မှာ အဆုတ်တွေပျက်စီးလာတဲ့အတွက် ပြန်ကောင်းဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ဒီတိုင်းထားရင် အခြေအနေပိုဆိုးလာရုံပဲ ရှိတာကြောင့် တတ်နိုင်သလောက် ကုသမှုတွေ လုပ်ပေးကြပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါကို ကုသရခြင်း ရည်ရွယ်ချက်ကတော့ ဒီထက် ပိုဆိုးမလာအောင်ရယ် ခံစားရတဲ့ ဝေဒနာ သက်သာအောင်ရယ် သာမန်လူလို လှုပ်ရှားသွားလာနိုင်ဖို့ရယ် နောက်ဆက်တွဲ ရောဂါတွေ ဝင်မလာဘဲ ကျန်းမာနေစေဖို့ရယ် ရောဂါထမဖောက်ဖို့ရယ် သက်တမ်းစေ့နေနိုင်ဖို့ရယ် ရည်ရွယ်ပါတယ်။ ဒါကြောင့် COPD လူနာတွေကို ကုသပေးရတာပါ။ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ ဆေးကောင်း ဝါးကောင်းတွေ ပေါ်ထွက်လာတာကြောင့် COPDကို ကုသဖို့ နည်းလမ်းတွေ အများကြီး ရှိနေပါပြီ။ နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ နာတာရှည် လေပြွန်ကျဉ်း ရောဂါအတွက် ကုသနည်းများ ကို အကြမ်းအားဖြင့်တော့ ဆေးဝါးများ အဆုတ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်