ရာသီတုပ်ကွေး

ရာသီတုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး နှာခေါင်း၊ လည်ပင်းနဲ့ အဆုတ်ကို ထိခိုက်စေပါတယ်။ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရပေမယ့် လက္ခဏာတွေကို သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိထားဖို့ လိုပါတယ်။ ဒီမှာဆက်ဖတ်နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီတုပ်ကွေး

ဖျားနာနေတဲ့ မိသားစုဝင် ကို ဘယ်လို ဂရုစိုက်ပေးမလဲ

လူတစ်ယောက်ဖျားနာရတဲ့ အကြောင်းရင်းတွေထဲမှာ အဖြစ်အများဆုံးကတော့ အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ကူးစက်ခံရလို့ပါ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် အအေးမိတာ၊ တုပ်ကွေးမိတာကြောင့် ဖျားနာတာ အများဆုံးပါပဲ။ ခုလို ရာသီအကူးအပြောင်းကာလဆိုရင် ပိုပြီးတော့ ဖျားနာတတ်ပါတယ်။ ဒီလိုကူးစက်ရောဂါတွေကြောင့် အိမ်မှာ ဖျားနာနေတဲ့ မိသားစုဝင်  တစ်ယောက်ရှိပြီဆိုရင်  နောက်တစ်ယောက်ကို အလွယ်လေး ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် ဖျားတဲ့သူတစ်ယောက်ယောက် ရှိပြီဆိုရင် သေချာဂရုစိုက်ပေးရပါမယ်။ သူလည်း မြန်မြန်သက်သာစေသလို သူများကို ကူးနိုင်ခြေလည်း နည်းသွားတာကြောင့်ပါ။ ဖျားနာနေတဲ့ မိသားစုဝင် တစ်ယောက်ရှိနေပြီဆိုရင် အိမ်မှာ ဖျားတဲ့သူ တစ်ယောက်ယောက် ရှိ နေပြီဆိုရင် အကောင်းဆုံးကတော့ အခန်းခွဲထားလိုက်တာပါ။ သူလည်း ကောင်းကောင်းနားလို့ ရသလို သူများတွေကိုလည်း ကူးစက်နိုင်ခြေနည်းသွားပါပြီ။ နောက်ပြီး သူ့ကို အလုပ်တွေ၊ ကျောင်းတွေ မသွားစေဘဲ အိမ်မှာကောင်းကောင်း အနားယူခိုင်းပါ။ အိမ်မှာပြုစုမယ့်သူကလည်း တစ်ယောက်လောက် ရှိရင် ရပါပြီ။ လူတိုင်းသူနဲ့ ထိတွေ့စရာမလိုပါဘူး။ […]

ရာသီတုပ်ကွေး ကို ရှာဖွေမည်။

ရာသီတုပ်ကွေး

တုပ်ကွေးရောဂါ နဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိသလဲ။

တုပ်ကွေးရောဂါ ဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ရောဂါပါ။ ရာသီတုပ်ကွေးဆို နှစ်တိုင်းကို ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ အများစုက မပြင်းထန်ဘဲ အလွယ်တကူပျောက်ကင်းပေမယ့် တချို့သူတွေမှာဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်ပါတယ်။ တုပ်ကွေးနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲဆိုတာ မျှဝေပေးပါ့မယ်။ တုပ်ကွေးရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းများ တုပ်ကွေးက တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရလို့ ဖြစ်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ် အေ၊ ဘီ၊ စီ၊ ဒီဆိုပြီး ၄မျိုးရှိတဲ့အထဲက အေနဲ့ ဘီအုပ်စုက နှစ်စဉ် ရာသီတုပ်ကွေး ဖြစ်စေတဲ့ အမျိုးအစား ဖြစ်ပါတယ်။ တုပ်ကွေးမှာ ကမ္ဘာ့မြောက်ခြမ်း တုပ်ကွေး (Northern hemisphere flu)နဲ့ ကမ္ဘာ့တောင်ခြမ်း တုပ်ကွေး (Southern hemisphere flu)ဆိုပြီး ရှိပါတယ်။ မြောက်ခြမ်းတုပ်ကွေးက ၁၂လပိုင်းကနေ ၅လပိုင်းမှာ ဖြစ်တတ်ပါတယ်။ ဆောင်းတုပ်ကွေးပေါ့။ တောင်ခြမ်းတုပ်ကွေးကတော့ ၆လပိုင်းကနေ ၁၀လပိုင်းအထိ […]


ရာသီတုပ်ကွေး

အအေးမိတုပ်ကွေးနှင့် ဗီတာမင် စီ

ဖျားနာပြီ၊ နေမကောင်းဖြစ်ပြီ၊ အအေးမိလာပြီဆိုရင် လူတွေ အများစု လုပ်တတ်ကြတာက ဗီတာမင်စီ အားဆေးတွေ၊ ဖြည့်စွက်စာတွေကို အလွန်အကျွံသောက်တဲ့ ကိစ္စပါ။ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ အအေးမိတုပ်ကွေး ပျောက်ကင်းအောင် ကုသဖို့ ဗီတာမင် စီ အားဆေးတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာ သိပ္ပံပညာရှင်တွေ လေ့လာဆန်းစစ်ကြည့်တဲ့အခါ ဗီတာမင် စီဓာတ် ဟာ အအေးမိတုပ်ကွေးရောဂါကို ကာကွယ်ပေးရန်အတွက်ရော ကုသတဲ့ နေရာမှာပါ သိပ်ပြီးထိရောက်မှု မရှိနိုင်ဘူးဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဗီတာမင် စီ အကြောင်း တစ်စေ့တစ်စောင်း ဗီတာမင် စီ ဆိုတာ အလွယ်ပြောရမယ်ဆိုရင် သစ်သီးတွေမှာ တွေ့ရတဲ့ ascorbic acid ပါပဲ။ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ကျန်းမာစေတဲ့အပြင် သံဓာတ်ကို ကောင်းစွာစုပ်ယူပေးလို့ အရိုးနဲ့ ကြွက်သားကို ကြံ့ခိုင်သန်စွမ်းစေတယ်။ […]


ရာသီတုပ်ကွေး

မိသားစုဝင်အချင်းချင်း အဖျားမကူးစက် အောင် ဘယ်လိုကာကွယ်ကြမလဲ

ခုချိန်က မိုးကာလမို့ ဖျားတာ၊ နာတာ၊ တုပ်ကွေးမိ၊ အအေးပတ်တာမျိုးက မကြာခဏဖြစ်တတ်တဲ့ အချိန်ကာလပါ။ ပုံမှန်ဖျားတာနာတာမို့ ပျောက်သွားမှာပါလို့ အလွယ်တကူတွေးတတ်ကြပေမယ့် ခေတ်ကာလအခြေအနေကြောင့် သတိထားရဖို့ လိုနေတဲ့အချိန်မျိုးပါ။ ဒီတော့ ကိုယ့်မှာပဲဖြစ်ဖြစ်၊ မိသားစုဝင်တစ်စုံတစ်ယောက်မှာပဲဖြစ်ဖြစ် ဖျားတာနာတာဖြစ်လာပြီဆိုရင် တစ်ယောက်နေ တစ်မိသားစုလုံးကို အဖျားမကူးစက် စေဖို့ အထူးအရေးကြီးလာပါပြီ။ ဒီလိုဆိုရင် တစ်ယောက်ကနေ တစ်ယောက်ကို ရောဂါပိုးမကူးစက်လာအောင် ဘယ်လိုတားဆီးကြမလဲ။ အောက်ပါနည်းလမ်းလေးတွေကို လိုက်နာနိုင်ပါတယ်နော်။ မိသားစုအချင်းချင်း အဖျားမကူးစက် စေဖို့ လက်ဆေးပါ လက်ကို ပုံမှန်နဲ့ စနစ်တကျဆေးခြင်းဟာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ ကူးစက်နိုင်ခြေနဲ့ ပြန့်နှံ့နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ CDC ရဲ့ အဆိုအရဆိုရင် လက်ဆေးတာဟာ ကာကွယ်ဆေးထိုးထားတာနဲ့ အတူတူပဲလို့ ဆိုပါတယ်။ သတိထားဖို့က ဆပ်ပြာနဲ့ ရေနဲ့ စက္ကန့် ၂၀ ကြာအောင် ဆေးဖို့ပါ။ စက္ကန့် ၂၀ […]


ရာသီတုပ်ကွေး

တုပ်ကွေးကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်စို့

မိုးလေးအေးပြီး တုပ်ကွေးဖြစ်လွယ် ဖျားနာလွယ်တဲ့ မုတ်သုံကာလကို ရောက်လာပြီနော်။ မုတ်သုံရောက်ပြီဆိုရင် အအေးမိ တုပ်ကွေး ဖြစ်နိုင်ခြေက အခြား ရာသီတွေထက် ပိုများနေပါတယ်။ ဒီကာလမှာ မဖြစ်မနေ တုပ်ကွေးဖြစ်မှာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ဂရုစိုက် စောင့်ရှောက်နိုင်လဲ ဆိုတာကလည်း လိုပါသေးတယ်။ ဒီတော့ တုပ်ကွေး အဖြစ်များတဲ့ မုတ်သုံမှာ တုပ်ကွေးကာကွယ်ဖို့ လိုက်နာသင့်တဲ့ အရာတစ်ခုအကြောင်း ပြောပြပေးပါရစေ။ တုပ်ကွေး မဖြစ်စေဖို့ လိုက်နာသင့်တဲ့ အရာတစ်ခု တုပ်ကွေးကလည်း အခြားရောဂါတွေလိုပါပဲ။ မဖြစ်ခင်က ကြိုတင် ကာကွယ်တာ အကောင်းဆုံးပါ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် တုပ်ကွေးရောဂါကနေ ကာကွယ်ဖို့ဆိုရင် မဖြစ်မနေ လိုက်နာဖို့ လိုမှာက တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ဖို့ပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာက တုပ်ကွေးကိုတင် မဟုတ်ဘဲ တခြားအသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေကိုလည်း ကာကွယ်ရာ​ရောက်ပါတယ်။ ဒီတော့ […]


ရာသီတုပ်ကွေး

တုပ်ကွေး ကို ဘယ်လို ကာကွယ်ကြမယ်

မိုးကလေး တဖြိုက်နှစ်ဖြိုက်ကျလာပြီဆိုတော့ နှာစေး၊ ချောင်းဆိုးလေးကတော့ ဝင်လာတတ်ပါပြီ။ တော်ရုံ ကိုယ်ခံအား မကောင်းတဲ့လူတွေဆို တုပ်ကွေးမိဖို့ အတော်နီးစပ်တဲ့ကာလလို့ ဆိုရမှာပါ။ မြန်မာပြည်လို မုတ်သုံတိုင်းပြည်တစ်ခုအတွက်တော့ မိုးလေးကျလာပြီဆိုရင် ရာသီတုပ်ကွေး အန္တရာယ်ကို တွေးပူရတတ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အဆိုအရလည်း ရာသီတုပ်ကွေး ကူးစက်ခံထားရသူ တချို့စမ်းသပ်တွေ့ရှိထားတယ်လို့ ဆိုထားပါတယ်။ ခုမှ မိုးရာသီရဲ့ အစောပိုင်းကာလမို့ တုပ်ကွေးကူးစက်ခံရသူတွေ ဒီထက်ပိုတိုးပွားလာနိုင်ပါသေးတယ်။ ဒီတော့ ကိုယ့်မှာ ရာသီတုပ်ကွေးကူးစက်မခံရဖို့ အရေးကြီးလာပါပြီ။ တုပ်ကွေးနဲ့ အဝေးမှာနေနိုင်ဖို့၊ တုပ်ကွေးကူးစက်မခံရဖို့ နည်းလမ်းတွေတော့ သိထားရမှာပေါ့။ ကာကွယ်ဆေးထိုးပါ တုပ်ကွေးကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကာကွယ်ဆေးထိုးနှံတာပါပဲ။ ကာကွယ်ဆေးကို တတ်နိုင်မျှ စောစောထိုးနှံထားတာက အကောင်းဆုံးနည်းလမ်းပါပဲ။ ကာကွယ်ဆေးတွေက ခန္ဓာကိုယ်အတွင်းကို အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုးတွေ ဝင်မလာအောင် တိုက်ထုတ်ဖို့ စီမံထားပါတယ်။ တချို့ဆေးတွေဟာ တုပ်ကွေးပိုး ၃ မျိုးလောက်ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ တစ်ခုရှိတာက ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ထိုးနှံမယ့် ဆေးအမျိုးအစားတွေကိုလည်း […]


ရာသီတုပ်ကွေး

တုပ်ကွေးဖြစ် နေချိန်မှာ ရုံးတက်ရတဲ့အခါ

တဖြည်းဖြည်းနဲ့ မိုးရာသီကို ရောက်လာပြီမို့လို့ မိုးရာသီရောဂါတွေကို ဂရုစိုက်ရတော့မှာပါ။ အဓိကကတော့ ရာသီတုပ်ကွေးပေါ့။ ခုချိန်မှာ ရုံးတွေကလည်း ပြန်တက်နေရပြီ။ မိုးတွင်းမှာ မတော်တဆများ တုပ်ကွေးဖြစ် ခဲ့ရင် ဘယ်လိုလုပ်လုပ်မလဲ။ အလုပ်ဆက်လုပ်ရမလား၊ နားရမလား။ အလုပ်ဆက်လုပ်ရမယ်ဆိုရင် ဆောင်ရန် ရှောင်ရန်တွေ ဘာရှိမလဲ ဆိုတာ ပြောပြပေးပါ့မယ်။ ရုံးတက်ချိန်မှာ တုပ်ကွေးဖြစ် ခဲ့သော် ရုံးတက်မှာလား၊ မတက်ဘူးလား ဆိုတာ အရင်စဉ်းစားရမှာပါ။ အလုပ်တွေကပုံနေတယ်၊ ခွင့်ကိစ္စကလည်း မလွယ်ဘူး၊ ကိုယ်ပြန်လာရင် လုပ်ရမယ့် အလုပ်တွေကလည်း ပုံနေမှာမို့လို့ ဆေးသောက်ပြီး တက်ချင်တယ်ဆိုတဲ့ သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် အကြံပေးချင်တာကတော့ တုပ်ကွေးဖြစ် ရင် အကောင်းဆုံးက အိမ်မှာ နားတာပါပဲ။ အိမ်မှာနားတော့ ကောင်းကျိုး ၂ခု ရှိပါတယ်။ ပထမ တစ်ခုက မြန်မြန် သက်သာတာပါ။ အိမ်မှာ သေသေချာချာ […]


ရာသီတုပ်ကွေး

တုပ်ကွေးကာကွယ်ဖို့ ဒါလေးတွေလိုက်နာပါ

ဝသန်ကာလ မိုးကျလာတော့ သဘာဝပတ်ဝန်းကျင်ကြီးက လှပလို့ အရာရာက စိမ်းစိုနေပါတယ်။ မျက်စိ ပသာဒရမှုနဲ့အတူ သင့်ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာမှာက တုပ်ကွေးပါ။ ရာသီတုအေးတဲ့အခါ တုပ်ကွေးဖြစ်လွယ်သလို ရောဂါပိုးတွေကလည်း အချိန်တော်တော်ကြာတဲ့အထိ ရှင်သန်နေနိုင်ပါတယ်။ ဒီတော့ မကြာခင်မှာ ရောက်လာတော့မယ် မိုးရာသီမှာ ကိုယ်ကိုယ်ကိုယ် တုပ်ကွေးကာကွယ်ဖို့ ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို မျှဝေပေးပါရစေလား........... တုပ်ကွေးရာသီမှာ တုပ်ကွေးမဖြစ်စေဖို့ တုပ်ကွေးကို ကာကွယ်တာက ကုသတာထက် ပိုထိရောက်မှုရှိပါတယ်။ တုပ်ကွေးကို ကာကွယ်ဖို့ဆိုရင် အထိရောက်ဆုံးဖြစ်အောင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ ကာကွယ်ဆေး ထိုးပါ နှစ်စ​ဉ် မိုးကျစမှာ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးတာက တစ်နှစ်ပတ်လုံး တုပ်ကွေး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။ ဒါကြောင့် တုပ်ကွေး မဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင် တုပ်ကွေးရာသီ မစတင်ခင်မှာကတည်းက ကာကွယ်ဆေး ထိုးထားပါ။ လူစုလူဝေးဖြစ်မယ့် နေရာတွေကို ရှောင်ပါ လူစုလူဝေးဖြစ်မယ့် […]


ရာသီတုပ်ကွေး

ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှား (၅) ခု

ကိုယ်ခံအား ကောင်းအောင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ် နဲ့ အမျိုးမျိုး ပြောကြတယ်၊ တစ်ယောက် နဲ့ တစ်ယောက် သိထားတာချင်း လည်း မတူကြဘူး။ အများအားဖြင့် တော့ မှန်ကြပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှား အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ ဒါပေမယ့် အမှန်လိုလို၊ အမှားလိုလို ဇဝေဇဝါ ဖြစ်တတ်တဲ့ အချက်တွေ ကို ကွဲကွဲပြားပြား ဖြစ်အောင် ဒီဆောင်းပါးမှာ ဆွဲထုတ် ဖော်ပြပေးချင်လို့ပါ။ ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှား (၅) ခု သေချာလေး ဆက်ဖတ်ပေးပြီး အမှားကို အမှန်ပြင်ကြရအောင်လား… ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှားတွေကတော့ (၁) စိတ်ဖိစီးမှု ကြောင့် ကိုယ်ခံအား ကို ကျစေတယ် အချိန်ကြာကြာ […]


ရာသီတုပ်ကွေး

တုပ်ကွေးအတွက် သဘာဝကုထုံးများ

တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးများစွာ ရှိပါတယ်။ တုပ်ကွေးဖြစ်ပွားချိန်မှာ ရောဂါဝေဒနာကို သက်သာစေမယ့် သဘာဝနည်းလမ်းတွေ ရှိပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ တုပ်ကွေးအတွက် သဘာဝကုထုံးများ ဖြစ်ပါတယ်။ တုပ်ကွေးအတွက် သဘာဝကုထုံးများ တုပ်ကွေးအတွက် သဘာဝကုထုံးများ ကတော့ ရေ သို့မဟုတ် အရည်များများသောက်ပါ တုပ်ကွေးဖြစ်ပွားနေချိန်မှာ ရိုးရိုးရေ ဒါမှမဟုတ် အရည်များများ သောက်ဖို့လိုပါတယ်။ ရေများများသောက်ရင် နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ ချွဲ သလိပ်တွေ ထွက်သွားအောင် အထောက်အကူ ပြုပါတယ်။ တုပ်ကွေးဖြစ်နေချိန်မှာ ပုံမှန်စားသောက်ခြင်း မပြုရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။ ဖျားခြင်း၊ ဝမ်းပျက်ခြင်း စတာတွေကြောင့်လည်း ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝအောင် အောက်ပါအရည်တွေ သောက်သုံးနိုင်ပါတယ်။ -ရေ -အုန်းရည် -ဓာတ်ဆားရည် - စွပ်ပြုတ် -အရည်ရွှမ်းသော အသီးအနှံများ ဆီးပုံမှန်သွားခြင်း၊ ဆီးအရောင်ကြည်ခြင်း ဒါမှမဟုတ် အဝါရောင်ဖျော့ဖျော့ရှိခြင်း စတာတွေဟာ ရေဓာတ် ပြည့်ဝတဲ့ […]


ရာသီတုပ်ကွေး

အအေးမိတာလား၊ တုပ်ကွေးလား

အတော်များများက အအေးမိတုပ်ကွေးလို့ ကြားရင် ရောဂါတစ်ခုတည်းလို့ထင်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း အအေးမိတာနဲ့ တုပ်ကွေးက နည်းနည်းတော့ ကွာပါတယ်။ ဒီ နှစ်မျိုးက ပြသတဲ့လက္ခဏာတွေလည်း နည်းနည်းကွဲပြားတာကြောင့် အအေးမိတာလား၊ တုပ်ကွေးလား ဆိုတာကို ဘယ်လိုခွဲခြားကြမလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်ပါ။ ယေဘုယျပြောရမယ်ဆို အအေးမိရောဂါက တုပ်ကွေးလောက်မပြင်းထန်ပါဘူး။ အအေးမိရင် ၂-၃ ရက်ကနေ တစ်ပတ်လောက်ထိ နေရတာ မအီမလည်ဖြစ်တတ်ပေမယ့် တုပ်ကွေးဆိုရင်တော့ တစ်ပတ်ကျော်တဲ့အထိ ခံစားရတတ်ပါတယ်။ နောက်ပြီး ကိုယ်ခံအားသိပ်မကောင်းတဲ့သူတွေဆို တုပ်ကွေးဝင်ရင် အဆုတ်ရောင်ရောဂါလို နောက်ဆက်တွဲပိုပြင်းထန်တဲ့ရောဂါတွေခံစားရနိုင်ပါတယ်။ အအေးမိ လက္ခဏာတွေက ဘာတွေလဲ ပထမဆုံးနဲ့ အသိသာဆုံးပြတတ်တဲ့ လက္ခဏာကတော့ လည်ချောင်းနာတာပါပဲ။ ပြီးရင် နှာခေါင်းပိုင်းမှာ ပြဿနာပေါ်လာမယ်။ နှာရည်ယို၊ နှာပိတ်တာတွေဖြစ်လာပြီးရင် ချောင်းပါဆိုးလာလေ့ ရှိပါတယ်။ ကလေးတွေမှာ အအေးမိရင် ဖျားပါဖျားတတ်ပေမယ့် လူကြီးတွေမှာတော့ သိပ်ဖျားလေ့မရှိပါဘူး။ အအေးမိတာအများစုက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။ အအေးမိတာကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်