အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျွန်ုပ်တို့ရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အဆုတ်အပြင် တခြားအရာတွေကိုပါ ဂရုစိုက်ရမှာပါ။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုဂရုစိုက်သင့်သလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဆောင်းတွင်းက တခြားရာသီနဲ့ ယှဥ်ရင် ချောင်းဆိုးတာ ပိုအဖြစ်များပါတယ်။ ညဦးပိုင်းလောက် ရောက်လာပြီဆိုရင် အိမ်နီးချင်းတွေဆီကနေ ချောင်းသံလေး တဟွတ်ဟွတ်ကို မကြာခဏ ကြားရမှာပါ။ ကိုယ်ကိုယ်တိုင်လည်း တခြားအချိန်တွေထက် ချောင်းဆိုးတာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။ ဒီလို ချောင်းဆိုးတာကို သက်သာစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။ ဆောင်းရာသီမှာ မကြာခဏ ချောင်းဆိုးရတဲ့ အကြောင်းရင်း ဗိုင်းရပ်စ်ပိုးတွေကြောင့် အေးမြတဲ့ရာသီဖြစ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေက ရှင်သန်လွယ်ပါတယ်။ အများစုက အိမ်ထဲမှာပဲ အလုံပိတ်နေကြတာကြောင့် တစ်ယောက်နဲ့ တစ်ယောက်လည်း ကူးစက်လွယ်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ တုပ်ကွေးအပါအဝင် ဗိုင်းရပ်စ်တော်တော်များများက ခေါင်းထောင်တတ်ပါတယ်။ ဒီလို ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ချောင်းဆိုးခြင်းတွေက ချောင်းခြောက်ဖြစ်တာ များပါတယ်။ လေထုခြောက်သွေ့တာကြောင့် ခြောက်သွေ့တဲ့ လေထုကိုပဲ အမြဲတစေ ရှူနေရတာကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက်က အမြှေးပါးတွေ ခြောက်သွေ့လာပါတယ်။ ဒါကြောင့် နေရတာ ကသိကအောက် ဖြစ်လာပါတယ်။ […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးတယ် ဆိုတာ လည်ချောင်းနဲ့ အဆုတ်က အမှုန်အမွှားတွေ၊ ပိုးတွေကို အပြင်ထွက်စေတဲ့ သဘာဝနည်းလမ်းတစ်ခုပါ။ သာမန် တစ်ချက်၊ နှစ်ချက်လောက် ချောင်းခြောက် ထဆိုးတာ၊ သလိပ်လည်း မထွက်ဘူးဆိုရင် စိုးရိမ်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆက်တိုက်ဆိုးနေမယ်ဆိုရင်တော့ နောက်ကွယ်မှာ ရောဂါတစ်ခုခု ရှိနေနိုင်ပါတယ်။ ချောင်းခြောက်ဆိုးရတဲ့ အကြောင်းရင်းများ ချောင်းခြောက်ဆိုးရတဲ့ အကြောင်းရင်းတွေကတော့ ခုလိုကာလမှာဆိုရင် ကိုဗစ် ပန်းနာရင်ကျပ် လေပြွန်ရောင်တာ အဆုတ်ပိုးဝင်တာ တီဘီရောဂါ စားချဉ့်ပြန်ရောဂါ စတာတွေမှာ ဖြစ်နိုင်ပါတယ်။ အဆုတ်ရောဂါ တော်တော်များများမှာ ချောင်းဆိုးတာက တွဲနေတတ်ပါတယ်။ အဆုတ်နဲ့ မဆိုင်ဘဲ တခြားရောဂါ (ဥပမာ ဓာတ်မတည့်တာ၊ နှလုံးပျက်စီးတာ) တွေနဲ့ ဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ချောင်းခြောက်ဆိုးတတ်ပါသေးတယ်။ စိုးရိမ်စရာ ကောင်းတဲ့ ချောင်းခြောက်ဆိုးခြင်း များ ချောင်းခြောက်ဆိုးတာက သာမန်အားဖြင့်တော့ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရက်ရှည် ချောင်းဆိုးနေရင် […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးတာက လည်ချောင်း နဲ့ အဆုတ်ထဲကို ရောက်ရှိလာတဲ့ ပြင်ပက ပစ္စည်းတွေကို ခန္ဓာကိုယ်က ပြင်ပကို ပြန်လည် ထုတ်လွှတ်တဲ့ ဇီဝဖြစ်စဉ် တစ်ရပ်ပါ။ ဖုန်မှုန့်တွေ ရှူရှိုက်မိတဲ့အခါ ချောင်းဆိုးတာက အဆုတ်ထဲကို ရောက်လာတဲ့ ဖုန်မှုန့်တွေကို ခန္ဓာကိုယ် ပြင်ပကို ပြန်လည် စွန့်ထုတ်တာပါ။ ချောင်းဆိုးတာက နေ့စဉ် ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ ချောင်းဆိုးတဲ့ ဆိုတဲ့ နေရာမှာ ချွဲ၊ သလိပ်ပါတဲ့ ချောင်း အစို ဆိုးတာနဲ့ ချွဲ၊ သလိပ်တွေ လုံးဝ မပါတဲ့ ချောင်းခြောက် ဆိုးတာ ဆိုပြီးပါ။ ချောင်း အစိုဆိုးတာက သိပ်မစိုးရိမ် ရပေမယ့် ကိုဗစ် ဖြစ်ပြီးတဲ့နောက်မှာတော့ ချောင်းခြောက်ဆိုးတာက စိုးရိမ်စရာ ကျန်းမာရေး အခြေအနေ တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ချောင်းခြောက် ဆိုးတာက […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အော်ရင်းဟစ်ရင်း အသံဝင် သွားတယ်ဆိုတာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။ Hoarseness ဆိုတာက အသံပြာသွားတာ၊ အသံဝင် သွားတာပါ။ အော်ရင်းဟစ်ရင်း အလွန်အကျွံဖြစ်သွားရင် ဒါမှမဟုတ် အားကုန်သွားတာမျိုးဖြစ်ခဲ့ရင် ဒီပြဿနာကြုံရနိုင်ပါတယ်။ လည်ချောင်းနာရင်လည်း ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်လည်း အဖျားရောဂါပိုး ကူးစက်တာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသံဝင် တာကို အဖြစ်စေနိုင်ဆုံးကိစ္စကတော့ အော်ဟစ်ပြောဆိုတာ၊ အော်ဟစ်ကြွေးကြော်တာမျိုးတွေကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒါက ယာယီကိစ္စဖြစ်ပေမယ့် အင်တိုက်အားတိုက် ကြွေးကြော်ပြောဆိုမှုတွေလုပ်မိရင် အသံဝင်သွားတတ်တာက သဘာဝကိစ္စဖြစ်ပါတယ်။ အသံဝင်ရာမှာ အော်ဟစ်ကြွေးကြော်မှုတွေကြောင့် သာမန် အသံဝင်တာနဲ့ ကျန်းမာရေးပြဿနာတစ်စုံတစ်ရာကြောင့် အသံဝင်တာဆိုပြီး အကြမ်းဖျဉ်းခွဲခြားနိုင်ပါတယ်။ အော်ရင်းဟစ်ရင်း အသံဝင် သွားခြင်းကို သက်သာစေမယ့် နည်းလမ်းတွေ အသံဝင်ခြင်းကို အများဆုံးဖြစ်စေတဲ့ ကိစ္စက အထက်မှာပြောခဲ့သလို အော်ဟစ်ခြင်းနဲ့ အာပေါင်အာရင်းသံသံနဲ့ ပြောဆိုခြင်းတွေကြောင့်ပါပဲ။ အားကစာပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ လူစုလူဝေးအခမ်းအနားတွေမှာ အချိန်ကြာမြင့်စွာ အော်ဟစ်အားပေးရင်းနဲ့ အသံဝင်တာမျိုး မကြာခနကြုံရတတ်ပါတယ်။ ကျန်းမာရေးပြဿနာကြောင့်မဟုတ်ပဲ ဒီလို အခြေအနေမျိုးတွေကြောင့် […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နှာခေါင်းကနေစလို့ အဆုတ်လေအိတ်ငယ်မှာ ဆုံးသွားတဲ့ အသက်ရှူလမ်းကြောင်း ဟာ ရောဂါပေါင်းစုံ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် ပိုးဝင်တဲ့ ပြဿနာ အဖြစ်များပါတယ်။ သာမန် အအေးမိတုပ်ကွေးကနေစလို့ အဆုတ်ရောင်တဲ့အထိ ဖြစ်တာတွေ ရှိပါတယ်။ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း တွေက ဘာလဲဆိုတာ ပြောပြပေးသွားပါမယ်။ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း အမျိုးအစား အသက်ရှူလမ်းကြောင်းကို တည်ဆောက်ပုံအရ အပေါ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး ခွဲလိုက်ပါတယ်။ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းက နှာခေါင်းကနေ အသံအိုးထိ ပါပါတယ်။ အသံအိုးကနေ အဆုတ်လေအိတ်ငယ်တွေထိကိုတော့ အောက်ပိုင်း အသက်ရှူလမ်းကြောင်းအဖြစ်သတ်မှတ်ပါတယ်။ အပေါ်ပိုင်းအသက်ရှူလမ်းကြောင်းမှာ အဖြစ်များတဲ့ ပိုးဝင်ကူးစက်ခြင်းများ အအေးမိတုပ်ကွေး ထိပ်ကပ်နာ အာသီးရောင် လည်ပင်းနာ အသံအိုးရောင် စတာတွေက အဖြစ်များပါတယ်။ အများစုက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာများပြီး အခြေအနေဆိုးလေ့မရှိပါဘူး။ တစ်ပတ် ၂ပတ်လောက်ဆို သက်သာသွားကြပါတယ်။ အောက်ပိုင်း အသက်ရှူလမ်းကြောင်းမှာ အဖြစ်များတဲ့ […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Oxytocin ဆိုရင် အတော်များများက အချစ်ဟိုမုန်းလို့ သိကြပါတယ်။ ချစ်ခြင်းမေတ္တာကိုဖြစ်ပေါ်စေပြီး ဆန့်ကျင်ဘက်လိင်အပေါ် ဆွဲဆောင်နိုင်စွမ်းကိုလည်း ဖြစ်ပေါ်စေတဲ့ ဟိုမုန်းတစ်မျိုးပေါ့။ ကျန်းမာရေးပညာရှင်တွေကတော့ Oxytocin ဟာ ကျား/မ မရွေး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအပေါ်ပါ ကောင်းကျိုးအထွေထွေသက်ရောက်စေတဲ့ ဟိုမုန်းတစ်မျိုးလို့ ဆိုကြပြန်ပါတယ်။ လူတစ်ယောက်အတွက် အရမ်းကိုအကျိုးပြုတဲ့ ဟိုမုန်းတစ်မျိုးလို့ပဲ ဆိုကြပါစို့။ ဦးနှောက်အတွင်းမှာရှိတဲ့ Hypothalamus ဆိုတဲ့ အစိတ်အပိုင်းကနေ ထွက်ပေါ်လာတဲ့ Oxytocin ဟာ လူ့ရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်နိုင်စွမ်းကြီးမားတဲ့ ဟိုမုန်းတစ်မျိုးပါ။ သွေးတွင်းထဲကို စီးဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးစီကို ပြန့်နှံ့ရောက်ရှိနိုင်တာမို့ တစ်ကိုယ်လုံးကို သက်ရောက်နိုင်တာဖြစ်ပါတယ်။ ဒီလိုအရေးပါလှတဲ့ Oxytocin ဟာ အချစ်စိတ်တစ်မျိုးတည်း လူတွေအပေါ် အကျိုးပြုတာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်အပြင် လူနေမှုဘဝအထိကိုပါ အကျိုးပြုပေးတဲ့အချက်တွေ အမြောက်အများရှိနေတာပါ။ ဒီအချက်တွေကို အောက်ပါအတိုင်း စုစည်းဖော်ပြပေးလိုက်ပါတယ်။ Oxytocin က […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ခြင်းဟာ ရောဂါပိုးဝင်ခြင်းကြောင့် အဆုတ်ထဲက လေအိတ်ကလေးတွေ ရောင်ရမ်းခြင်းပဲ ဖြစ်ပါတယ်။ လေအိတ်ထဲမှာ အရည်များ၊ ပြည်များ၊ ဆဲလ်အသေများနဲ့ ပြည့်လာတတ်ပါတယ်။ ဗိုင်းရပ်စ်၊ မှို၊ ဘက်တီးရီးယား စတဲ့ရောဂါပိုးမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဘက်တီးရီးယားကြောင့် အဆုတ်ရောင်ခြင်း အကြောင်းဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့် အဆုတ်ရောင်ခြင်းဟာ အဆုတ်ရဲ့အပိုင်းတစ်ပိုင်းလောက်မှာ ကွက်ပြီးဖြစ်တာ ရှိနိုင်သလို အဆုတ်တစ်ခုလုံးကို ပျံ့သွားခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဆုတ်ရောင်တဲ့အခါ ကိုယ်ခန္ဓာကနေ အောက်ဆီဂျင်ကို လုံလောက်စွာ ရရှိဖို့ ခက်ခဲသွားစေပါတယ်။ ဘက်တီးရီးယားကြောင့် အဆုတ်ရောင်ခြင်းဟာ သိပ်မဆိုးရွားတဲ့ အခြေအနေရှိသလို အသက်အန္တရာယ် ကြုံလောက်သည်အထိ ဆိုးရွားပြင်းထန်တာမျိုးလည်း ရှိပါတယ်။ အဆုတ်ရောင်ခြင်းရဲ့ ဆိုးရွားမှုအခြေအနေဟာ - ဘက်တီးရီးယားအင်အား - ဘယ်လောက်မြန်မြန်ဆန်ဆန်နဲ့ ရောဂါသိပြီး ကုသနိုင်သလဲ - အသက်အရွယ် - အခြားကျန်းမာရေးပြဿနာ ရှိမရှိ စတာတွေအပေါ်မှာ မူတည်ပါတယ်။ ဘက်တီးရီးယားကြောင့် အဆုတ်ရောင်တဲ့လက္ခဏာတွေက ဘာတွေလဲ ဘက်တီးရီးယားကြောင့် […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အသက်ရှူလမ်းကြောင်းတလျှောက်မှာ ရောဂါမျိုးစုံဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတစ်ခုခု ခံစားနေရပြီဆိုရင် “ငါ ကုလို့ ရပါ့မလား။ ဘယ်အလောက်ကြာအောင် ကုရမှာလဲ။ သောက်ဆေးလား။ ထိုးဆေးလား။ ခွဲရ စိတ်ရမှာလား “ စသဖြင့် စိုးရိမ်တတ်ပါတယ်။ ဒီဆောင်းပါးမှာ အဖြစ်များတဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေနဲ့ သူတို့ရဲ့ ကုသနည်း အကြမ်းဖျင်းကို ပြောပြပေးပါ့မယ်။ အသက်ရှူလမ်းကြောင်း ရောဂါများ အသက်ရှူလမ်းကြောင်းရောဂါတွေကို အကြမ်းဖျင်း ၃မျိုးခွဲလိုက်လို့ ရပါတယ်။ လေပြွန်ကျဉ်း/ ပိတ်တဲ့ရောဂါ (Obstructive conditions) COPDလို့ ခေါ်တဲ့ နာတာရှည် လေပြွန်ကျဉ်းရောဂါ ပန်းနာရင်ကြပ်ရောဂါ လေပြွန်တွေကျယ်ပြီး ပြည်တွေနဲ့ ပြည့်နေတဲ့ ရောဂါ (Bronchiectasis) အဆုတ်က လေကောင်းကောင်း လက်မခံနိုင်တဲ့ ရောဂါ (Restrictive conditions) အဆုတ်ကင်ဆာ အဆုတ်အမာရွတ်တွယ်တာ (pulmonary fibrosis) ပိုးဝင်တာ အဆုတ်ရောင် တီဘီ ဒါတွေက မြန်မာနိုင်ငံမှာ အတွေ့ရများတဲ့ […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နေ့စဉ်နဲ့ အမျှ အသက်ရှူနေရတဲ့အတွက် အသက်ရှူလမ်းကြောင်းလေး ကျန်းမာနေဖို့ဆိုတာ အရေးကြီးပါတယ်။ ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းလေး ဖြစ်ဖို့ ဘယ်လိုတွေ ထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာ မျှဝေပေးလိုပါတယ်။ အသက်ရှူလမ်းကြောင်းက ဘာတာဝန်တွေ လုပ်ပေးလဲ။ အသက်ရှူလမ်းကြောင်းလေးက လေထဲက အောက်ဆီဂျင်ကို ရှူပြီး သွေးထဲကို ထည့်ပေးတယ်။ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပြီး လေထုထဲကို ပြန်စွန့်ထုတ်ပေးတယ်။ ဒါကြောင့် အသက်ရှင်နေနိုင်တာပါ။ ကိုယ်ထဲကို ဝင်လာမယ့် ပိုးမွှားတွေ၊ ဖုန်တွေ၊ အမှုန်တွေကို ချောင်းဆိုး၊ နှာချေပြီး ရှင်းထုတ်ပေးတယ်။ ချွဲတွေနဲ့ ကပ်ပြီး ရှင်းလင်းပေးတယ်။ ရှူလိုက်တဲ့ လေကို ခန္ဓာကိုယ်နဲ့ သဟဇာတဖြစ်အောင် ပူနွေးစွတ်စိုစေတယ်။ အသက်ရှူလမ်းကြောင်းလေး နေမကောင်းဖြစ်တဲ့အခါ ဒီလို တာဝန်တွေကို ထမ်းရွက်နေတဲ့အတွက် အသက်ရှူလမ်းကြောင်းလေး နေမကောင်းဖြစ်တဲ့အခါ ပြင်ပက ရောဂါပိုးတွေ ဝင်လာမှာပါ။ သာမန် နှာစေး၊ ချောင်းဆိုးကစလို့ အဆုတ်ရောင်၊ အဆုတ်ပွ၊ […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဝေဒနာတစ်ခုခံစားရတဲ့အခါ တချို့သောလက္ခဏာတွေက ခဏစောင့်ကြည့်လို့ရတယ်။ ဆေးသိပ်ကုစရာမလိုဘဲ သူ့ဟာသူသက်သာသွားတာတွေ ရှိတယ်။ တချို့လက္ခဏာတွေကျတော့ အိမ်တွင်းနည်းလမ်းတွေနဲ့ ပျောက်ကင်းသွားတာရှိတယ်။ တချို့လက္ခဏာတွေကျတော့ မြန်နိုင်သမျှ မြန်မြန်ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူမှ နောက်ဆက်တွဲတွေ မခံစားရဘဲ သက်သာလာနိုင်တာတွေ ရှိတယ်။ ဒီလိုလက္ခဏာတွေက ခန္ဓာကိုယ်ရဲ့ စနစ်တိုင်း စနစ်တိုင်းမှာ ရှိပါတယ်။ အရေးကြီးလက္ခဏာတွေလို့ ခေါ်ပါတယ်။ ခုပြောမှာက အသက်ရှူလမ်းကြောင်းရဲ့ အရေးကြီးလက္ခဏာတွေပါ။ ဒီလက္ခဏာတွေရှိနေရင် ဆရာဝန်နဲ့ ပြသဖို့ ဝန်မလေးပါနဲ့။ အသက်ရှူလမ်းကြောင်းစနစ်ရဲ့ အရေးပေါ်လက္ခဏာများ နာတာရှည်ချောင်းဆိုး ချောင်းဆိုးတာက ရက်ပိုင်းလောက် မဟုတ်ဘဲ လနဲ့ချီနေပြီဆိုရင် ဒါဟာ နာတာရှည်ချောင်းဆိုးလို့ သတ်မှတ်ပါတယ်။ ၈ပတ်နဲ့အထက် ဆိုးတဲ့ ချောင်းတွေပေါ့။ ဒါဆိုရင်တော့ သလိပ်ပါပါ မပါပါ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ သင့်အသက်ရှူလမ်းကြောင်းမှာ ရောဂါတစ်ခုခုရှိနေပါပြီ။ မောတာ လေ့ကျင့်ခန်းလုပ်လို့၊ အထပ်မြင့်တွေ တက်လို့ မောတာက သာမန်ပါပဲ။ ဒီလိုမဟုတ်ဘဲ […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

လူနာတွေကို ကုသတဲ့ နေရာမှာ ဆရာဝန်တွေ အနေနဲ့ တိကျတဲ့ ရောဂါကို အဖြေထုတ်နိုင်ဖို့အတွက် ရောဂါရာဇဝင်မေးမြန်န်းတာ၊ စမ်းသပ်တာ၊ လိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ရပါတယ်။ ဒါကြောင့် လူနာပြောတဲ့ ရောဂါရာဇဝင်ဟာ သိပ်ကို အရေးကြီးပါတယ်။လူနာပြောတဲ့အပေါ်မူတည်ပြီး ရောဂါက ဘယ်နားမှာ ဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းရတာပါ။ ခုလည်း ဒီလိုပါပဲ။ လူနာက ဒီလက္ခဏာတွေ ခံစားရပါတယ်လို့ ပြောလာပြီဆိုရင် ယေဘုယျအားဖြင့် အသက်ရှူလမ်းကြောင်း မှာ ရောဂါတစ်ခုခုရှိနေတာ ဖြစ်နိုင်တယ်ဆိုပြီး ကောက်ချက်ချရပါတယ်။ ဒီလက္ခဏာတွေ ရှိနေရင် သင့်အသက်ရှူလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ မောတာ မောတာဆိုတာရဲ့ ရင်းမြစ်က အောက်ဆီဂျင်မလုံလောက်လို့ပါပဲ။ အသက်ရှူမဝတာကြောင့်ပေါ့။ အသက်ရှူလမ်းကြောင်းမှာ ရောဂါရှိနေတဲ့ လူနာတော်တော်များများဟာ ဒီပြဿနာနဲ့ လာတတ်ပါတယ်။ မောတယ်ဆိုတာ အသက်ရှူလမ်းကြောင်းရောဂါတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ နှလုံးကြောင့်လည်း မောနိုင်တယ်၊ ရင်ဘတ်ကြွက်သားတွေ နာနေလို့ အသက်မရှူနိုင်ဘဲ မောတာရှိမယ်။ […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy