ဆောင်းမနက်ခင်းမှာ အိပ်ရာနိုးတာနဲ့ နှာစေးနေပြီလား
ဆောင်းမနက်ခင်း အေးအေးလေးကို နှာစေးလို့ နှာခေါင်းလေး တရှုံ့ရှုံ့နဲ့ နိုးလာရတာကြောင့် ဆောင်းမနက်ခင်းရဲ့ အေးချမ်းလှပမှုတွေကို မခံစားနိုင်လို့ဆိုပြီး စိတ်ညစ်နေပြီလား! ဒါဆိုရင် ဆောင်းမနက်ခင်းမှာ အိပ်ရာနိုးတာနဲ့ နှာစေးနေတာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ရမယ့် နည်းလမ်းလေးတွေ နဲ့ ဘယ်လို ကာကွယ်လို့ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ ဆောင်းမနက်ခင်းမှာ နှာစေးတာက အဖြစ်များလား! ဆောင်းမနက်ခင်းမှာ နှာစေးတာက အဖြစ်များပါတယ်။ အကြောင်းကတော့ ရာသီဥတု အေးလာလို့ လေထုခြောက်သွေ့တာရယ်၊ ပတ်ဝန်းကျင်မှာ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေ ရှိနေတာရယ်၊ လေထုထဲမှာ ဗိုင်းရပ်စ်တွေ ရှိနေတာရယ်ကြောင့် နှာစေးတာက အဖြစ်များပါတယ်။ ဥပမာ အအေးမိစေ၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကြောင့် နှာစေးတာဆို အဖြစ်များပါတယ်။ ဆောင်းမနက်ခင်းမှာ အိပ်ရာနိုးတာနဲ့ နှာစေးနေပြီလား ဆောင်းမနက်ခင်းမှာ နှာစေးတာကို ခံစားရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ ဘာတွေကြောင့်များ နှာစေးရတာလဲဆိုတာကို […]