home

အဆုတ်သွေးကြော သွေးခဲပိတ်ရောဂါ

အဆုတ်သွေးကြော သွေးခဲပိတ်ရောဂါဆိုတာ အဆုတ်သွေးကြောကြီးတွေမှာ သွေးခဲပိတ်တာပဲ ဖြစ်ပါတယ်။ ဒီသွေးခဲတွေက ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောကြီးတွေကနေ အဆုတ်ကို ရောက်လာတာပဲ ဖြစ်ပါတယ်။ အဆုတ်အပြင် တခြားနေရာတွေမှာလည်း ပိတ်နိုင်ပါသေးတယ်။

ကျန်းမာရေးဗဟုသုတ

အဆုတ်သွေးကြော သွေးခဲပိတ်ရောဂါ

အဆုတ်သွေးကြောသွေးခဲပိတ်ဆို့ခြင်း (Pulmonary Embolism) ဟာ ခြေထောက်ပိုင်းက သွေးကြောတွေထဲမှာ စတင်ဖြစ်ပေါ်လာတဲ့ သွေးခဲများ အဆုတ်ဆီကို ရောက်လာရာကနေ ဖြစ်ပွားပါတယ်။ ကိုယ်ခန္ဓာရဲ့ တခြားအစိတ်အပိုင်းတွေတွေကနေလည်း ရောက်လာနိုင်ပါတယ်။ အဲဒီလိုမျိုး ကိုယ်ခန္ဓာ အစိတ်အပိုင်းတနေရာရာမှာ ဖြစ်ပေါ်နေတဲ့ သွေးခဲဟာ သူ့နေရာကနေ ပြုတ်ထွက်ပြီး သွေးလည်ပတ်မှုစနစ်ထဲရောက်လာတတ်ပါတယ်။ နောက်ဆုံး အဆုတ်သွေးကြောတွေဆီကို ရောက်ရှိပြီး ပိတ်ဆို့သွားတဲ့အခါ အသက်အန္တရာယ်ကြုံနိုင်ပါတယ်။ အဆုတ်သွေးကြောပိတ်ဆို့တဲ့အခါ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ အဆုတ်သွေးကြောပိတ်ဆို့ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ များစွာရှိပါတယ်။ ဆေးရုံတက်ရောက်ချိန် အထူးသဖြင့် ခွဲစိတ်ကုသပြီးချိန်မှာ ကြုံတွေ့ရတတ်ပါတယ်။ ယေဘုယျအားဖြင့် ခွဲစိတ်ပြီးချိန်မှာ ဆေးရုံမှာရော အိမ်မှာပါ သေချာစွာ ဂရုတစိုက်ပြုစုကုသရင် ကာကွယ်နိုင်ပါတယ်။ အဓိကဖြစ်ပေါ်ရခြင်းဟာ အိပ်ရာထဲမှာ အချိန်အတော်ကြာ လဲလျောင်းနေရလို့ ဖြစ်ပါတယ်။ လမ်းမလျှောက်ဘဲ၊ ခြေထောက်များကို မလှုပ်ရှားဘဲနေတာ ကြာလာတဲ့အခါ သွေးလည်ပတ်မှု သိပ်မကောင်းတော့ပါဘူး။ […]

အဆုတ်သွေးကြော သွေးခဲပိတ်ရောဂါ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အဆုတ်သွေးကြော သွေးခဲပိတ်ရောဂါ

Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) ကဘာလဲ။ မုန့်ချိုအိတ်ဆိုတာအစာအိမ်ရဲ့နောက်မှာရှိတဲ့ ကြီးမားတဲ့အဂါၤတစ်ခုဖြစ်ပါတယ်၎င်းက အစာခြေတဲ့ဟော်မုန်းနဲ့အန်ဇိုင်းတွေထုတ်ပေးပြီးအစာခြေရာမှာကူညီပါတယ်။ မုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်ခြင်းဆိုတာ မုန့်ချိုအိတ်မှာအရည်အိတ်လေး ဖြစ်ပေါ်နေခြင်းကို ခေါ်ပါတယ်။ မုန့်ချိုအိတ်မှာအရည်အိတ်အများစုဟာကင်ဆာဖြစ်တာ တော့သိပ်မရှိပါဘူးများသောအားဖြင့် ဘာလက္ခဏာမှမပြတတ်ပါဘူး။၎င်းတို့က ယေဘုယျအားဖြင့် တစ်ခြားပြသနာတွေအတွက်ပုံရိပ်ဖော်စမ်းသပ်နည်းတွေစမ်းရင်းနဲ့မှ တွေ့လာရတာများပါတယ်။ သင့်ဆရာဝန်က သင့်ရဲ့မုန့်ချိုအိတ်မှာဖြစ်တဲ့အရည်ကိုနမူနာယူစမ်းပြီးမှ ကင်ဆာဆဲလ်တွေပါမပါ ကြည့်မှာပါ။ Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ မုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်ခြင်းဟာအမျိုူးသားနဲ့အမျိုးသမီးကြားအတူတူဖြစ်ကြပါတယ်။ နှစ်စဉ်နဲ့အမျှမှာမုန့်ချိုအိတ်မှာအရည်အိတ်ဖြစ်တာကိုအထူးပြုလေ့လာထားတဲ့ အထူးကုတွေက လူ၃၀၀ထက်မနည်း ဒီအခြေအနေနဲ့ရှိနေကြတယ်လို့ဆိုပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သိပ္ပံပညာရှင်တွေကမုန့်ချိုအိတ်အရည်တည်ခြင်းကိုကုသတာထက် ဒီတိုင်းမကုပဲဂရုတစ်စိုက်ကြည့်ပြီးနေတာဟာပဲအကောင်းဆုံးလို့ဆိုပါတယ်။ သို့သော်လည်းဒါတွေကို အန္တရာယ်ရှိတဲ့အချက်တွေကိုလျှော့ချခြင်းနဲ့ ပြုလုပ်လို့ရပါတယ်။ (တစ်ခြားအချက်အလက်တွေကိုသိရဖို့သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။)

အဆုတ်သွေးကြော သွေးခဲပိတ်ရောဂါ

Atelectasis (အဆုတ်ပျက်စီးခြင်း သို့ အဆုတ်လေအိတ်ပျက်စီးခြင်း)ဆိုတာဘာလဲ။ Atelectasis ဟာ အဆုတ် (သို့) အဆုတ် ရဲ့ လုံးဝန်းတဲ့ အပိုင်းမှာ လုံးဝ (သို့) အနည်းငယ် ပျက်စီးခြင်းကို ဆိုလိုပါတယ်။ အဆုတ်အတွင်းမှာရှိတဲ့ လေအိတ်ငယ်လေးတွေဟာ လေလျော့ကုန်ပါတယ်။ ခွဲစိတ်မှုအပြီး ဖြစ်နိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ Atelectasis ဟာ အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ cystic fibrosis၊ ပြင်ပ အရာဝတ္ထုတွေကို ရှူမိခြင်း၊ အဆုတ်အကျိတ်များ၊ အဆုတ်အတွင်း အရည်စုပြုံခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ အားနည်းခြင်း၊ ရင်ဘတ်ဒဏ်ရာ ရရှိခြင်း တို့ကြောင့် ဖြစ်ပါတယ်။ Atelectasis (အဆုတ်ပျက်စီးခြင်း သို့ အဆုတ်လေအိတ်ပျက်စီးခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Atelectasis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် […]

အဆုတ်သွေးကြော သွေးခဲပိတ်ရောဂါ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy