ART မှာဆိုရင် မျိုးအောင်ခြင်းလမ်းစဉ်ဟာ ပုံမှန်အတိုင်းဖြစ်လေ့မရှိပါဘူး။ သိပ္ပံနည်းကျ အထောက်အပံ့တွေလိုအပ်ပါတယ်။ ART နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
In Vitro Fertilization – IVF
တကယ်လို့ မျိုးဥတစ်ခုတည်းက သုက်ပိုးတွေအတွက် မလုံလောက်ရင် IVF နည်းလမ်းနဲ့ ဖြေရှင်းလို့ရပါတယ်။ ဥတွေကို အမျိုးသမီးရဲ့ သားအိမ်ထဲထည့်ပြီး သန္ဓေအောင်နိုင်ဖို့ အခွင့်အလမ်းတွေကို မြှင့်တင်ပေးလိုက်တာပါ။
ဒါကို အပြင်မှာလဲ လူလုပ်ဖန်ပြွန်နဲ့ ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ မျိုးဥက မျိုးအောင်ပြီဆိုရင် အမျိုးသမီးရဲ့ သားအိမ်ထဲကို ထည့်လိုက်ပါတယ်။ ဒီနည်းလမ်းရဲ့ လမ်းစဉ်တွေမှာ မျိုးဥတွေအများကြီးသုံးတဲ့အတွက် ကလေးတစ်ယောက်ထက်ပိုပြီး ရနိုင်ချေများပါတယ်။
Intracytoplasmic Sperm Injection – ICSI
နာမည်ကနေတစ်ဆင့် သင်ထင်လိုက်သလိုပါပဲ။ သုက်ပိုးတွေကို ဥဆီရောက်အောင် သဘာဝနည်းလမ်းအတိုင်းပို့မယ့်အစား စမ်းသပ်ခန်းထဲမှာပဲ ဥထဲကို သုက်ပိုးတွေထိုးထည့်လိုက်တာပါ။ မျိုးအောင်ပြီးဥကိုတော့ အမျိုးသမီးရဲ့ သားအိမ်ထဲကိုထည့်လိုက်ပါတယ်။
ဒီနည်းလမ်းရဲ့ကောင်းကျိုးကတော့ သုက်ပိုးက ဥကိုထိုးဖောက်ဝင်ရောက်နိုင်ဖို့ကို ပူစရာမလိုဘဲ မျိုးအောင်ဖို့ တစ်ခုတည်းကိုသာ စောင့်စားရတာပါ။
Insemination
ဒီနည်းလမ်းကတော့ အပေါ်ကနည်းလမ်း၂ခုထက် လုပ်ဆောင်ရတာ နည်းပါးပါတယ်။ အမျိုးသမီး မျိုးဥကြွေတဲ့အချိန်ရောက်တဲ့အခါ သုက်ပိုးတွေကို သူမ သားအိမ်ထဲ ထည့်ပေးလိုက်တာပါပဲ။ အချို့သောဆေးတွေကိုတော့ သုက်ပိုးအရေအတွက် တိုးလာအောင် ရံဖန်ရံခါ သုံးတတ်ပါတယ်။
မျိုးမအောင်ခြင်းဟာ စိတ်ဖိစီးမှုတွေကို အများကြီးဖြစ်စေနိုင်ပါတယ်။ ဒီနည်းလမ်းတွေကလည်း အမြဲတမ်းတော့ အောင်မြင်နိုင်မယ်လို့ အာမမခံထားတာကြောင့် ကိုယ့်ကိုကိုယ်ပြင်ဆင်ထားဖို့တော့ လိုပါမယ်။ ကုန်ကျစရိတ်ကလည်း ကြီးလွန်းပါတယ်။
ဒါကြောင့် သင်နဲ့သင့်ရဲ့လက်တွဲဖော်ရယ် ဆရာဝန်ရယ် ပူးပေါင်းပြီး သင်တို့ ဘယ်လောက်ထိလုပ်နိုင်မယ်ဆိုတာ သေချာဆုံးဖြတ်ပြီးမှ အစီအစဉ်ဆွဲပါ။