ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကြောက်တတ်တဲ့ ကလေးအတွက် ဖေဖေမေမေတို့ ကူညီအားပေးသင့်တယ်

ကလေးဆိုတာကြောက်တတ်တယ် ဆိုပြီး စကြနောက်ကြတာလည်း လူကြီးတွေပါပဲ။ပြောလို့မနိုင်ရင် ကလေးတွေငြိမ်သွားအောင် ဟိုခြောက်ဒီခြောက်နဲ့ခြောက်လှန့်ကြတယ်။ဒေဝေါဆိုတာ ဘာကြီးမှန်းလည်းမသိဘဲ ကလေးတွေကကြောက်ကြတာပဲ။ မအိပ်ရင်တောင် ကြောင်ကြီးကိုက်လိမ့်မယ်ဆိုပဲ။ ဥပမာ ပိုးဟပ်ကြောက်တာ၊ပင့်ကူကြောက်တာဆိုလည်း ချစ်စရာ၊ရယ်စရာအဖြစ်သဘောထားတတ်ကြတယ်၊ ချစ်လို့စတတ်ကြတယ်။ ဒါတွေကို လုပ်သင့်ရဲ့လား။ ငယ်ငယ်လေးတည်းက ကလေးရဲ့စိတ်မှာအကြောက်တရားသွင်းပေးခဲ့တာ မိဘကိုယ်တိုင်ဖြစ်နေရင် ဒီကလေး နောက်ပိုင်းကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ရပ်တည်နိုင်ဖို့ ပင်ပန်းရပါလိမ့်မယ်။ ရုပ်ရှင်တွေမှာ တွေ့ရတတ်တဲ့ အနောက်တိုင်းဓလေ့ကို ကြည့်ပါဦး(သရဲကားမဟုတ်)။ ကလေးတွေကို ငယ်တည်းက သီးသန့်အခန်းနဲ့နေစေတာနော်။ ကိုယ်တိုင်ဖြေရှင်းတတ်ဖို့၊ ကိုယ်တိုင်ရပ်တည်တတ်ဖို့၊ အရာရာမှီခိုမနေဖို့ အကျင့်လေးသွင်းပေးတာပါ။ကြောက်တတ်တဲ့စိတ်ကိုဖြစ်တည်မလာအောင် ကျင့်ပေးတာပါ။ မဟုတ်ရင် အမေနဲ့အဖေအလယ်မှာအိပ်တာတောင် အခန်းထောင့်ကိုကြည့်ပြီးကြောက်နေဦးမှာ။ ဒီမှာတော့နွေးထွေးတဲ့မိသားစုမေတ္တာပေးတတ်တဲ့ယဉ်ကျေးမှုကြောင့်ဖေဖေမေမေတို့က ရင်နဲ့မကွာစောင့်ရှောက်ကြပါတယ်။ ဒါပေမယ့်ခုနပြောသလိုခြောက်လှန့်ပြီးမှ မိဘကိုအားကိုးလာ၊ပြောစကားနားထောင်လာအောင် လုပ်တဲ့နည်းကတော့ အကျိုးဆက်ရှိနိုင်ပါတယ်နော်။ အဲကစပြီးကြောက်စိတ်အခံရှိတဲ့ကလေးက လူစိမ်းကြောက်တတ်၊ အသံကြားလည်းကြောက်တတ်၊ အရိပ်မြင်လည်းကြောက်၊ မီးပျက်လည်းကြောက်၊ သရဲကြောက်တတ်လာပါတော့တယ်။ ကိုယ့်ကလေးအတွက် ဘာလုပ်ပေးရမလဲ ကြောက်တတ်တဲ့ကလေးကို ဆက်မခြောက်ဘဲဖေးမအားပေးသင့်တယ်၊ အကြောက်တရားကနေလွတ်မြောက်အောင် ကူညီပေးသင့်ပါတယ်။ မဟုတ်ရင် အရွယ်ရောက်လာရင်တောင်မှ မလုပ်ရဲ၊မကိုင်ရဲ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးအတွက် Diaper ဘယ်လိုလဲပေးမလဲ

ဘေဘီလေးအတွက် Diaper ဘယ်လိုလဲပေးမလဲ ! အသစ်စက်စက် မေမေဖေဖေတို့အနေနဲ့ဘေဘီလေးကို သေးခံ (Diaper) သုံးပေးချင်ပေမယ့် သေးခံ ဘယ်လို လဲပေးရမလဲ မသိဘူးဆိုပြီး ဖြစ်နေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို တူတူဖတ်ကြည့်ပြီး ဘေဘီလေးကို အဆင်ပြေပြေနဲ့ သေးခံ လဲပေးကြည့်ရအောင်လား.............. ဘေဘီလေးအတွက် Diaper ဘယ်လိုလဲပေးမလဲ ဘေဘီလေးကို သေးခံလဲပေးမယ်ဆိုရင် ပထမဆုံး လုပ်ရမယ့် အချက်က လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ဖို့ပါ။ ပြီးမှ တစ်ဆင့်ချင်းစီ လုပ်ပေးရုံပါနော်။ လိုအပ်တာတွေက ဘာတွေဖြစ်မလဲ........... သန့်စင်ခြောက်သွေ့နေတဲ့ သေးခံ အသစ် သန့်ရှင်းရေး လုပ်ပေးဖို့ ဂွမ်းစ၊ ရေ ဒါမှမဟုတ် wet tissue လွှင့်ပစ်စရာပုံး ဒါမှမဟုတ် အမှိုက်အိတ် သေးခံလောင်တာကို ကာကွယ်ဖို့ လူးပေးတဲ့ ခရင်မ် ဒါမှမဟုတ် Baby Oil […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာ ဖြစ်တဲ့ ဝမ်းကိုက်ရောဂါ

ကလေးတွေမှာ ဖြစ်တဲ့ ဝမ်းကိုက်ရောဂါ ဆိုတာဘာလဲ။ ဝမ်းကိုက်ရောဂါဆိုတာ Salmonella(စဲလ်မိုနဲလား) နှင့် Shigella(ရှီဂဲလ်လား)ဆိုတဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ အူလမ်းကြောင်းရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါပိုးဟာရောဂါးပိုးရှိနေတဲ့ မစင်နဲ့ တိုက်ရိုက်ထိတွေ့မိရာကနေ ကူးစက်နိုင်ပါတယ်။ ထို့အပြင် မသန့်ရှင်းတဲ့ အစားအသောက်တွေ စားသောက်မိခြင်း, မသန့်ရှင်းတဲ့ရေထဲမှာရေကူးမိခြင်းတို့ကနေလဲဖြစ်နိုင်ပါတယ်။ အသက် ၂ နှစ်ကနေ ၄ နှစ်ကလေးတွေ မှာ အဖြစ်များနိုင်ပါတယ်။ဆောင်းရာသီထက်နွေရာသီလို အချိန်အခါမျိုးမှာ ပိုအဖြစ်များနိုင်ပါတယ်။ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ လက္ခဏာတွေကတော့ရောဂါပိုးဝင်ပြီးချိန်ကစပြီး တစ်ရက်၊ နှစ်ရက်လောက် အကြာမှာ ဝမ်းလျှောခြင်း၊အန်ခြင်း၊ဖျားခြင်းနှင့် ဗိုက်အောင့်ခြင်းတွေ စဖြစ်လာပါမယ်။ ဝမ်းလျှောတာက ၅ ရက်ကနေ ၇ ရက်လောက်ထိ ဆက်တိုက်ဖြစ်နိုင်တာကြောင့် ကလေးငယ်လေးတွေအတွက်ဆေးရုံမှာ တက်ရောက်ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။ ကလေးက ဝမ်းလျှောပြီး အဖျား ၁၀ဝံFလောက်ဖြစ်နေတယ်ဆိုရင် အမြန်ဆုံးဆရာဝန်သွားပြသင့်ပါတယ်။ ဘာတွေက ဝမ်းကိုက်ရောဂါကိုဖြစ်စေတာလဲ။ ဝမ်းကိုက်ရောဂါကို အဓိကဖြစ်စေတာကတော့ ဘက်တီးရီးယားပိုးတွေပဲဖြစ်ပါတယ်။ Salmonella(စဲလ်မိုနဲလား)၊ Shigella(ရှီဂဲလ်လား)၊ E.coli(အီးကိုလိုင်း)၊Campylobacter (ကမ်ပိုင်လိုဘက်တာ) အစရှိတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို Diaper လဲပေးတဲ့အခါ လုပ်မိနိုင်တဲ့ အမှားအချို့

ဘေဘီလေးကိုပြုစုရတာ လွယ်ကူတယ်တော့မဟုတ်လှပါဘူး။ ဒီလိုပြုစုမှုတွေထဲမှာ မသိလိုက်ဘဲ အမှားလုပ်မိတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို Diaper  လဲပေးတဲ့အခါ လုပ်မိနေနိုင်တဲ့ အမှားတွေအကြောင်းပြောပြပေးချင်ပါတယ်။ ဘေဘီလေးကို Diaper (သေးခံ) လဲပေးတဲ့အခါ လုပ်မိနိုင်တဲ့ အမှားအချို့ ဘေဘီလေးကိုသေးခံလဲပေးတဲ့အခါ သတိမထားမိလိုက်ဘဲ ဒီလိုအမှားတွေလုပ်မိနေနိုင်ပါတယ်။ အဆင်သင့်မပြင်ထားမိတာ ဘေဘီလေးအတွက်သေးခံလဲပေးတဲ့အခါ လိုအပ်မယ့် ပစ္စည်းတွေကို အဆင်သင့်မပြင်ထားမိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဘေဘီလေးကိုသေးခံလဲပေးတဲ့အခါ လိုအပ်မယ့် ပစ္စည်းတွေကိုခြင်းတစ်ခုတည်းမှာ စုစည်းထည့်ထားပါ။ပြီးရင် လိုအပ်မယ့်ပစ္စည်းတွေကို လက်လှမ်းမီတဲ့နားထိယူပြီးမှ ကလေးကိုသေးခံလဲပေးပါ။ ဒီလိုအသင့်ပြင်ထားမှုက ကလေးကို မတော်တဆလိမ့်ကျတာမျိုးမဖြစ်အောင်ကာကွယ်နိုင်မှာပါ။ သေးခံကိုသေချာမဝတ်ပေးမိတာ ဒါက အသစ်စက်စက်မိဘတွေမှာဖြစ်တတ်ပါတယ်။ ကလေးကိုနေရတာ သက်သောင့်သက်သာမဖြစ်မှာစိုးပြီး ခပ်လျော့လျော့လေးဝတ်ပေးမိတာ၊ ဒါမှမဟုတ်လျော့ကျနေမှာစိုးပြီး ခပ်တင်းတင်းဝတ်ပေးမိတာမျိုးပေါ့။သေးခံကို ခပ်တင်းတင်းဝတ်ပေးမိတာက ကလေးရဲ့ သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီးသေးခံကြောင့် အရေပြားပွန်းနိုင်ခြေများစေနိုင်ပါတယ်။ ဘေဘီလေးကို သန့်ရှင်းပေးတဲ့နည်းလမ်းမမှန်တာ သေးခံလဲပေးဖို့အတွက် ဘေဘီလေးကို သန့်ရှင်းပေးတဲ့အခါ ရေစွတ်ထားတဲ့ ဂွမ်းစ ဒါမှမဟုတ် wet tissues ကို အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာ ဖြစ်တဲ့ ဝမ်းလျှောရောဂါ

ကလေးတွေမှာဖြစ်တဲ့ ဝမ်းလျှောရောဂါဆိုတာ ဘာလဲ။ ကလေးလေးတွေရဲ့ ဝမ်းက ပုံမှန်ထက်ကို ပိုပြီးအရည်အဖြစ်သွားနေခြင်းဖြစ်ပါတယ်။ ဒီလို ဝမ်းလျှောတာဟာ ဘယ်ကလေးမှာ မဆိုဖြစ်နိုင်ပါတယ်။ ဒါဟာ ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတစ်မျိုးဖြစ်ပြီး အိမ်မှာ ကုသရုံနဲ့ သက်သာသွားတာများပါတယ်။ ဒါပေမယ့်သေချာ ဂရုစိုက်ကုသခြင်းမရှိရင်တော့ ဒီဝမ်းလျှောရောဂါဟာ အန္တရာယ်ရှိလာနိုင်ပါတယ်။ ကလေးတွေမှာ ဝမ်းလျှောရောဂါဖြစ်ရင် ဘယ်လို လက္ခဏာတွေပြလဲ။ ဝမ်းလျှောရောဂါဆိုတဲ့အတိုင်းပဲ ဝမ်းကတော့ အရည်အဖြစ်သွားနေပါလိမ့်မယ်။ ဝမ်းလျှောတာ အပြင် အန်ခြင်း အစားအသောက်ပျက်ခြင်း ဖျားခြင်း မအီမသာဖြစ်ခြင်း ရေဓါတ်ခမ်းခြောက်ခြင်း ကိုယ်အလေးချိန်ကျခြင်း တို့ပါဖြစ်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်လဲ။ အောက်ပါလက္ခဏာတွေပြနေရင်တော့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဝမ်းလျှောခြင်းက တစ်ရက်၊နှစ်ရက်နဲ့ မသက်သာသွားရင် အဖျား ၁၀၂ံF နှင့် အထက်ရှိနေရင် ခဏခဏအန်နေပြီး ဘာအရည်မှသောက်မရနိင်အောင်ဖြစ်နေရင် ဝမ်းထဲမှာသွေး သို့မဟုတ် ချွဲတွေပါလာရင် ဆရာဝန်နဲ့ပြသင့်နေပါပြီ ရေဓါတ်ဆုံးရှုံးမှုလွန်ကဲခြင်း လက္ခဏာတွေဖြစ်တဲ့ ပါးစပ်နှင့် […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းပိတ်ရက်မှာ ပျော်လည်းပျော်မယ်၊ ပိုလည်းတော်မယ့် လှုပ်ရှားမှုများ

ကျောင်းပိတ်ရက်မှာ ပျော်လည်းပျော်မယ်၊ ပိုလည်းတော်မယ့် လှုပ်ရှားမှုများ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ..... မေမေဖေဖေတို့ရေ နွေရာသီ ကျောင်းပိတ်ရက်မှာ ကလေးတွေအပျော်ဆုံးအချိန်ပါ။ ကျောင်းတက်စရာ၊စာကျက်စရာမလို၊ တီဗီကြည့်မယ်၊ ဂိမ်းဆော့မယ်၊ အပြင်ထွက်ကစားမယ်ဆိုပြီးတော့ပေါ့။ အားလပ်တဲ့အချိန်လေး ကလေးတွေပျော်တာလည်းကောင်းပေမယ့် အပျော်အပါးနဲ့အကြာကြီးလွှတ်မထားသင့်ပါဘူး။ သုံးလပိတ်ပြီးရင်ကျောင်းပြန်တက်ရမှာပဲဆိုတော့ ကလေးတွေစိတ်လေသွားလို့မဖြစ်ဘူးလေ။ တီဗီကြည့်၊ ဂိမ်းတွေချည်းဆော့လို့ မျက်စိထိခိုက်လာတာ၊ အပြင်တွေချည်းထွက်ကစားလို့ စိတ်ပူနေရတာတွေမဖြစ်ရအောင် စည်းနဲ့ကမ်းနဲ့တော့ ရှိသင့်ပါတယ်။ ဘယ်အချိန်က ဘယ်အချိန်အတွင်း လွတ်လွတ်လပ်လပ်ကစားကြ ဆိုပြီး အချိန်တစ်ခုကန့်သတ်ပေးတာကောင်းပါတယ်။ကျောင်းပိတ်တုန်းလေး အားလပ်ရက်မှာ ကလေးတွေကို ပုံစံချ တင်းကျပ်ဖို့တော့ မလုပ်ပါနဲ့။ပေါ့ပေါ့ပါးပါးနေရင်း အကျိုးရှိစေမယ့် ပျော်ရွှင်စရာလှုပ်ရှားမှုတွေ ဖန်တီးပေးတာက ကလေးတွေအတွက်ပျော်လည်းပျော်၊ ဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဒါဆို နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေအတွက် ဘာတွေစီစဉ်ပေးရကောင်းမလဲ.... ကျောင်းပိတ်ရက်မှာ ပျော်လည်းပျော်မယ်၊ ပိုလည်းတော်မယ့် လှုပ်ရှားမှုများ ကျောင်းပိတ်ရက်မှာ ပျော်လည်းပျော်မယ်၊ ပိုလည်းတော်မယ့် လှုပ်ရှားမှုများကတော့ မိသားစုလိုက် ခရီးထွက်မယ် အမှတ်တရအဖြစ်ရော အပန်းဖြေခရီးအနေနဲ့ပါ […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ဦးနှောက်အကြောသေရောဂါ (Cerebral Palsy) ရှိတဲ့ကလေးကို ဘယ်လိုပြုစုမလဲ...

ကိုယ့်ရဲက ရင်နဲ့အမျှချစ်ရတဲ့ သားသမီးလေးကို ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာစေချင်တာက မိဘတိုင်းရဲ့ ထပ်တူကျနေမယ့် စိတ်ကူးလေးတစ်ခုဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဆုတောင်းတဲ့အတိုင်း မပြည့်ခဲ့ရင်တောင် သားသမီးကို ဂရုဏာပိုသက်လို့ ရင်ထဲကနေ နှစ်နှစ်ကာကာချစ်တတ်ကြတာကလည်း မိဘတွေပဲမဟုတ်လား။ ဒီတစ်ခေါက်တော့ ဦးနှောက်အကြောသေရောဂါ (Cerebral Palsy) ခံစားနေရတဲ့ ကလေးကို မိဘတွေအနေနဲ့ ဘယ်လိုပြုစုစောင့်ရမလဲ ဆိုတာကိုပြောပြပေးပါရစေနော်။ ဦးနှောက်အကြောသေရောဂါ (Cerebral Palsy) ဆိုတာဘာလဲ...... ဦးနှောက်အကြောသေရောဂါဆိုတာက ကြွက်သားတွေနဲ့ အာရုံကြောတွေကို ထိခိုက်စေတဲ့ရောဂါအခြေအနေတစ်မျိုးပါ။ ဒီရောဂါကို ခံစားရတဲ့အခါ ကလေးက လှုပ်ရှားမှုပိုင်းမှာထိခိုက်တာ စကားပြောဆိုမှုပိုင်းမှာထိခိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီရောဂါက မျိုးရိုးကြောင့်ဖြစ်တာမျိုးမဟုတ်ဘဲ ကလေးငယ်စဉ်ဘဝမှာစတင်ဖြစ်ပွားတာပါ။ ဘာကြောင့် ဦးနှောက်အကြောသေရောဂါ (Cerebral Palsy) ခံစားရနိုင်လဲ......... ဦးနှောက်အကြောသေရခြင်းရဲ့ အဓိကအကြောင်းအရင်းက ဦးနှောက်ကို သွေးစီးဆင်းရောက်ရှိမှုနည်းသွားတာကြောင့်ပါ။ ဒါပေမယ့် အခုလိုအခြေအနေတွေကြောင့်လည်း ကလေးမှာ ဦးနှောက်အကြောသေရောဂါကိုခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားတဲ့အချိန်နဲ့ ကလေးဘဝအစောပိုင်းမှာ ထိခိုက်မှုတစ်ခုခုခံစားခဲ့ရတာ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ

မွေးလာတုန်းက ဘေဘီလေးကို မေမေ့နို့ပဲတိုက်တာဆိုတော့ မေမေကအစားဆင်ခြင်ရင် အဆင်ပြေပြီပေါ့။ သိပ်အများကြီးတွေးစရာမလိုဘူးပေါ့။ ဒီလိုနဲ့ ဘေဘီလေးက ၅ လကျော် ၆ လထဲရောက်လာတယ်။ အစားစကျွေးပြီး ထမင်းကိုကြိတ်ကျွေးတာ၊ အာဟာရမှုန့်ကျွေးတာဆိုပြီး အမျိုးမျိုးရှိမယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အသီးအရွက်လေးတွေနည်းနည်းချင်းစီထည့်ကျွေးလာမယ်။ ဒီလိုကနေ နောက်တော့ သစ်သီးလေးတွေကျွေးဖို့ စဉ်းစားလာမယ်။ ဒီအချိန်မှာက နည်းနည်းတော့အတွေးကြပ်ပြီနော်။ ဘေဘီလေးက လူကြီးတွေစားသမျှ စားလို့မှမရသေးတာလေ။ ဒီတော့ ဘေဘီလေးကို အသီးအနှံတွေကျွေးချင်တယ်။ ဘာတွေများကျွေးလို့ရမလဲဆိုပြီး မေမေတို့ အတွေးရကြပ်နေတဲ့ပြဿနာကို ဒီဆောင်းပါးလေးထဲကနေ အဖြေထုတ်ပေးမယ်နော်။ ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ က ဘာတွေများလဲ...... ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ က ဘာတွေများလဲ...... ဘေဘီလေးကို အာဟာရပြည့်ဝမျှတစွာရရှိစေဖို့ဆိုရင် မုန်လာဥနီ - အပင်ကနေရရှိတဲ့ ဗီတာမင် A […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အထူးစောင့်ရှောက်မှုလိုအပ်တဲ့ကလေးတွေကို ဘယ်လိုမျိုးဂရုစိုက်ပေးမလဲ

ကလေးတိုင်းက မိဘတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ရတနာတွေပါ။ မိဘနေရာရောက်လာတဲ့အခါ သားသမီးထက်အရေးကြီးတာဘာမှမရှိသလိုကိုခံစားရမှာ အမှန်ပါပဲ။ သားသမီးတွေမှာ ထိခိုက်ခံစားရသမျှကို ကိုယ်တိုင်ထိခိုက်ခံစားရသလို ခံစားရစမြဲပါ။ သားသမီးတွေအတွက် အမြဲအဆင်သင့်ရှိနေတတ်တာကလည်း မိဘပါပဲ။ ပုံမှန်အခြေအနေမှာဆိုရင်တောင် ဒီလိုဆိုမှတော့ တကယ်လို့များ သားသမီးက အထူးဂရုစိုက်ရမယ့် ကလေးမျိုးလေးဖြစ်နေမယ်ဆိုရင် ဘယ်လောက်တောင် ကရုဏာပိုပြီး အရိပ်တကြည့်ကြည့်လုပ်နေရမလဲနော်။ အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်မယ့် ကလေးဆိုတာ ကလေးတိုင်းကတော့ အထူးဂရုစိုက်စောင့်ရှောက်မှုကို မလိုအပ်ကြပါဘူး။ ဒါပေမယ့် ကလေးကမွေးလာကတည်းကရောဂါတစ်ခုခုကိုခံစားလာရမယ်။ ဒါမှမဟုတ် စိတ်ခံစားမှုပိုင်းမှာဖြစ်စေ၊ သင်ယူမှုအပိုင်းမှာဖြစ်စေ အားနည်းမှုရှိနေမယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အားနည်းမှုရှိနေမယ်ဆိုခဲ့ရင်တော့ ကလေးက အထူးဂရုစိုက်စောင့်ရှောက်မှုကိုလိုအပ်နေတဲ့ ကလေးပါ။ ကလေးက ဆီးချိုရောဂါ၊ အတက်ရောဂါ၊မွေးရာပါ နှလုံးရောဂါလိုမျိုး ကုသဖို့မလွယ်တဲ့ရောဂါတစ်ခုခုကိုခံစားနေရတာ၊ အမြင်အာရုံအားနည်းတာ၊ အကြားအာရုံအားနည်းတာ၊ စကားပြောဆိုမှုစွမ်းရည်အားနည်းတာတွေအတွက် မိဘတွအနေနဲ့ အထူးဂရုစိုက်စောင့်ရှောက်မှုပေးဖို့လိုအပ်မှာပါ။ ကလေးက အခြားကလေးတွေနည်းတူ မဖွံ့ဖြိုးတာ၊ခြေလက်တွေမှာ ထိခိုက်မှုရှိနေခဲ့ရင်လည်း ကလေးရဲ့ လှုပ်ရှားမှုတိုင်းကို အသေအချာဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။ အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်မယ့် ကလေးတွေကို ဘယ်လိုဂရုစိုက်မလဲ ဘဝဆိုတာကနေ့စဉ်နဲ့အမျှစိန်ခေါ်မှုအပြည့်ပါ။ သာမန်အခြေအနေနဲ့လူတွေအတွက်တောင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရော လက်ဆေးဖို့လိုမလား

လူရယ်လို့ ဖြစ်လာရင် အညစ်အကြေးတွေ၊ ပေကျံစေတဲ့ အရာတွေ၊ ရောဂါပိုးတွေကို ကိုင်တွယ်ထိတွေ့မိနိုင်ပါတယ်။ ဒီထိတွေ့မိမှုတွေကြောင့် ရောဂါမဖြစ်စေဖို့ဆိုရင် လုပ်ဆောင်လို့ရတဲ့ ရိုးစင်းတဲ့ နည်းလမ်းလေး ရှိပါတယ်။ ဒါကတော့ လက်ဆေးတာပါ။ ဒါဆိုရင် မေးစရာ ရှိလာတာက ပက်လက်ကလေးပဲ နေနေရတဲ့ ဘေဘီလေးတွေ နဲ့ အရွယ်မရောက်သေးတဲ့ ဘေဘီလေးကို လက်ဆေး ပေးဖို့ လိုမလားဆိုတဲ့ ကိစ္စပါ။ ဒီအဖြေကို သိချင်ရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဘေဘီပိစိ လက်ဆေးဖို့လိုမလား ....... ဘေဘီလေးတွေရော လက်ဆေးဖို့လိုမလား ဆိုတော့ နုနယ်တဲ့ အရွယ်မှာ ထိခိုက်လွယ်တာကြောင့် အစစအရာရာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒါမှ ရောဂါကင်းပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ် ကြီးပြင်းအရွယ်ရောက် လာမှာပါ။ ဘေဘီလေးတွေက သူတို့ရဲ့ လက်ကလေးတွေနဲ့ ဘာမှ မကိုင်ဘူး ဆိုပေမယ့် ပြင်ပလေထုထဲက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း