မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု
ယူအက်စ်မှာ တစ်နှစ်ကို ကလေး ၃၈ယောက်လောက်က ကားထဲမှာ အပူလျှပ်ပြီး သေဆုံးကြရပါတယ်၊၊ အများစုက ကလေးကို ကားထဲမှာ တစ်ယောက်တည်းထားရာက စတာပါ၊၊ ဒါကြောင့် ယူအက်စ်က ပြည်နယ်တွေ တော်တော်များများနဲ့ တချို့နိုင်ငံတွေမှာ ကလေးကို ကားထဲမှာ တစ်ယောက်တည်းထားတာကို ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်၊၊ ဆိုလိုတာက ကလေးငယ်ငယ်လေးတွေ အထူးသဖြင့် ၆နှစ်အောက်ကလေးတွေကို ကားထဲမှာ တစ်ယောက်တည်း ရှိနေတာကို တစ်ယောက်ယောက်က တွေ့လို့ တိုင်လိုက်ရင် အရေးယူခံရပါတယ်၊၊ ဆိုလိုတာက ကလေးကို ကားထဲမှာ တစ်ယောက်တည်း ထားခဲ့တာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မထိန်းကျောင်းတတ်တဲ့ ကလေးနဲ့ အတူထားတာက အန္တရာယ်များပါတယ်၊၊ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်နိုင်တာကြောင့် ဥပဒေနဲ့ ချုပ်ကိုင်ထားတာပဲ ဖြစ်ပါတယ်၊၊ ကလေးတွေ ကားထဲကို ဘယ်လိုရောက် တမင်ထားခဲ့တာလည်း ရှိသလို မတော်တဆ မေ့ခဲ့တာလည်း ရှိပါတယ်၊၊ ဥပမာ […]