ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းလျှောက်တတ်ခါစကလေးကို သရေစာမုန့် ကျွေးရင်သိထားရမယ့် အချက် (၅)ချက်

လမ်းလျှောက်တတ်ခါစ ကလေးအရွယ် ၁နှစ်မှ ၃နှစ်သား များဟာ ကြီးထွားဖွံ့ဖြိုးမှု အလွန်မြန်ဆန်တယ်လို့ သိထားကြပါတယ်။ ဒီအချိန်ကလည်း သူတို့လိုအပ်တဲ့ ဗီတာမင် သတ္ထုဓာတ်တွေနဲ့ အစာကောင်းစွာစားဖို့ သေချာအောင်ပြုလုပ်ရမှာဖြစ်ပါတယ်။ ကျန်းမာပြီး စုံလင်တဲ့ အစားအသောက်ပုံစံတည်ဆောက်ဖို့ သင့်တော်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတွေဘာစားသင့်လဲ သိနိုင်ဖို့နဲ့ ဘယ်လိုသရေစာတွေကို မှန်ကန်အောင်ကျွေးဖို့ မိဘတွေအတွက် ခက်ခဲနိုင်ပါတယ်။ ခုလမ်းညွန်ချက်ကတော့ မိဘနဲ့ ကလေးထိန်းတွေအတွက် ကလေးကိုသရေစာကျွေးလျှင် သိသင့်တဲ့ ၅ ချက် ဖြစ်ပါတယ်။ စားသောက်မှုပုံစံ မညီမျှခြင်းကို ထိန်းညှိခြင်း လမ်းလျှောက်တတ်ခါစ ကလေးငယ်တွေကို သရေစာမုန့် ကျွေးမွေးခြင်းက ကလေးဗိုက်ဝဖို့အတွက် အလွယ်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒီအရွယ်ကလေးငယ်တွေဟာ လောကအကြောင်း အလုပ်ရှုပ်လောက်အောင် လေ့လာနေပုံပေါက်တဲ့အတွက် အစာငြိမ်ငြိမ် ထိုင်မစားနိုင်ကြပါဘူး။ အချို့တွေက အစားအသောက်နဲ့ပတ်သက်ပြီး ကြေးများတတ်သလို စားသောက်ဖို့လည်းငြင်းဆန်ကြပါတယ်။ ကျန်းမာတဲ့ သရေစာတွေဟာ မညီမျှတဲ့စားသောက်မှုပုံစံကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မိခင်တွေကြုံရတတ်သော အပြစ်တင်စိတ်ကိုဘယ်လိုဖျောက်ဖျက်ကြမလဲ

မိခင်တွေဟာ သူတို့သားသမီးတွေအပေါ် အပြစ်ရှိတယ်လို့ ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်ကာ တခြားလူတွေဆီကပါ အဝေဖန်ခံရတဲ့ ကိစ္စလေးတွေရှိတတ်ပါတယ်။ အမေတော်တော်များများ တွေ့ကြုံရတတ်တဲ့ အဖြစ်အများဆုံး ကိစ္စလေးတွေကတော့……..   မိမိကလေးနှင့်ကစားပေးချိန်မရှိတဲ့အခါ ဒါဟာမိခင်အများစုကြုံရတတ်တဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရတဲ့ အကြောင်းအရင်းတစ်ခုပါ။ ရုံးမှာ အလုပ်တွေတောင်ပုံရာပုံ ပုံနေတတ်ပြီး အိမ်ပြန်လာချိန်မှာလည်း အိမ်အလုပ်တွေတစုံတပင်ဖြစ်နေတတ်တာကြောင့် သင်ပင်ပန်းတာဟာ သဘာဝကျပါတယ်၊ ဒါပေမယ့် မိမိကလေးလေးအတွက် အချိန်မပေးနိုင်တဲ့အတွက် အပြစ်ရှိသလိုတော့ ခံစားရတာပေါ့။ “မေမေ သမီးအကြိုက်ဆုံးဂါဝန်လေးဘယ်မှာလဲ” ကလေးတွေဟာ လျှော်ပြီးတာမလျှော်ပြီးတာအပထားလို့ သူတို့ကြိုက်တဲ့ ဂါဝန်လေးတွေ အဝတ်အစားလေးတွေကိုပဲ ထပ်တလဲလဲဝတ်ချင်တတ်ကြပါတယ်၊ သင်က ကလေးကို တခြားဟာဝတ်ဖို့ ချော့လိုက်နိုင်တယ်ဆိုရင်တောင်မှ သူ့မျက်နှာပေါ်ကဝမ်းနည်းသွားတဲ့ အရိပ်အယောင်လေးကြောင့် သင်စိတ်မကောင်းဖြစ်သွားရတတ်ပါတယ်။ “ငါဘာပြောလိုက်မိပါလိမ့်” တခါတရံမှာ မိမိခင်ပွန်းကိုဖြစ်ဖြစ်၊ တခြားသူငယ်ချင်းတစ်ယောက်ကို ဖုန်းထဲကနေဖြစ်ဖြစ် ရင့်ရင့်သီးသီးသုံးနှုန်းမိသွားတတ်ပါတယ်။ ဒါကို ကလေးကကြားပြီး လိုက်ပြော လိုက်သုံးနှုန်းတတ်ပါတယ်။ သင်ကမပြောရန်ဆုံးမတဲ့လို့ ‘အမေတို့ကျပြောလို့ရပြီး သားကျ/သမီးကျ ဘာလို့ပြောလို့မရတာလဲ’ လို့ပြန်မေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိမှာပါ။ သူတို့ရဲ့အလုံးစုံကိုမသိနိုင်တဲ့အခါ သူတို့တွေကျောင်းမှာဖြစ်ပျက်လာတာတွေ၊ လုပ်ဆောင်ရတာလေးတွေကို သင်သိနေနိုင်ပေမယ့် […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ဘုူးတိုက်ခြင်းနှင့် ပတ်သတ်သော သိထားသင့်သည့် ၁၁ချက်

မိခင်နို့ရည်တိုက်ကျွေးခြင်းသည် ကလေးငယ်လေးတွေအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိကြပါတယ်။ ဒါပေမယ့် အချ ို့ကျန်းမာရေးမကောင်းတဲ့ မိခင်တွေကိုတော့ ကလေးငယ်တွေကို မိခင်နို့ မတိုက်ကျွေးဖို့ တိုက်တွန်းထားပါတယ်။ ကံကောင်းစွာနှင့်ပဲ ကလေးငယ်တွေကို ဖြည့်စွက်အာဟာရ(ဖော်စပ်ပြုလုပ်ထားသော နို့ရည် သို့ အစာပျော့ )တိုက်ကျွေးခြင်းကလည်း ကျန်းမာရေးအတွက် ကောင်းကျိ ုးများစွာရှိနေတာကို တွေ့ရပြန်တယ်။ အကယ်၍ သင်ဟာ ကလေးငယ်လေးတွေကို ဖြည့်စွက်အာဟာရတိုက်ကျွေးမယ်ဆိုရင်တော့ အကြောင်းအရာ ၁၁ ချက်ကိုသိထားသင့်ပါတယ်။   ၁။ ဖြည့်စွက်အာဟာရတိုက်ကျွေးထားတဲ့ ကလေးငယ်တွေဟာ ပိုမိုပျော်ရွှင်မြူးတူးလေ့ရှိတတ်ပါတယ်။ ကလေးငယ်အယောက် ၃၀၀ ရဲ့ စရိုက်လက္ခဏာကို သုတေသနလုပ်ကြည့်ရာ ဖြည့်စွက်အာဟာရတိုက်ကျွေးထားတဲ့ ကလေးငယ်တွေဟာ ပိုပြီးပျော်ရွှင်ရယ်မောလေ့ရှိပြီး စိတ်ဆိုးဒေါသဖြစ်လွယ်မှုလည်း နည်းပါးလေ့ရှိကြောင်းတွေ့ရပါတယ် ။ ၂။ ဖြည့်စွက်အာဟာရတိုက်ကျွှေးခြင်းဟာ ကလေးငယ်ရဲ့အိပ်စက်ခြင်းကိုတော့ အကျ ို းမပြုပါဘူး။ ဖြည့်စွက်အာဟာရတွေက အစာကြေလွယ်ဖို့အချိန်များစွာကြာပြီး ကလေးငယ်လေးရဲ့ အစာအိမ်ထဲမှာ အချိန်ကြာမြင့်စွာ ရှိနေတတ်တယ်။ ဒါဟာ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက်

မိခင်နို့တိုက်ကျွေးခြင်း ဟာ နို့မှုန့်တိုက်ကျွေးခြင်းထက် ပိုကောင်းတယ်ဆိုတာ လူအများစုက သိရှိပြီးသားပါ။ ဒါပေမဲ့ ကောင်းကျိုးဆိုတာ ဘယ်လိုဟာမျိုးတွေလဲ။ သင်သေချာမသိဘူးဆိုပါက မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက် ကို ကြည့်ရှုပေးပါ။ မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက် မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက် ကတော့ ၁။ ကျန်းမာတဲ့ ကလေးငယ်လေး ကိုရရှိပါမယ်။ မိခင်နို့ တိုက်ကျွေးသော ကလေးငယ်တွေဟာ အဆုတ်ရောင်ရောဂါ၊ အအေးမိခြင်းနဲ့ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ အန္တရာယ်ရှိတဲ့ ဝမ်းလျှောခြင်းကဲ့သို့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေလည်း ဖြစ်နိုင်ခြေကို လျှော့ချပေးပါသေးတယ်။ ၂။ နာတာရှည်ရောဂါ ဖြစ်နိုင်ခြေကို နည်းစေပါတယ်။ မိခင်နို့ တိုက်ကျွေးမည်ဆိုပါက အမျိုးစား ၁ဆီးချို၊ ဝမ်းဗိုက်ရောဂါ၊ Crohn’s disease တို့ကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျော့နိုင်စေနိုင်ပါလိမ့်မယ်။ ၃။ SIDS ဖြစ်နိုင်ခြေကို လျော့ချပေးခြင်း။ SIDSဆိုတာ Sudden Infant […]


ကလေးငယ်အာဟာရ

ကလေးများအတွက်ဗီတာမင် ဘီ၏အံ့ဖွယ်အကျိုးကျေးဇူး ၄ ရပ်

ဗီတာမင် ဘီ အုပ်စုတွင် ပုံစံများစွာ ရှိပါသည်။ ဗီတာမင်B1၊ဗီတာမင်B2 ၊ဗီတာမင်B6၊ဗီတာမင်B12 ၊ဗီတာမင် B3(နိုင်ရာစင်)၊ဘိုင်အိုတင်၊ပန်တိုသီးနစ်အက်ဆစ်စသောပုံစံများဖြစ်ပါသည်။ ဗီတာမင် ဘီ အုပ်စုသည်ခန္ဓါကိုယ် မှစွမ်းအင်ထုတ်လုပ်ခြင်းနဲ့ လိုအပ်သောအခါထိုစွမ်းအင်ကို ထုတ်လွှတ်ပေးသောဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များတွင်အဓိက အခန်းကဏ္ဍမှာပါဝင်ပါသည်။ သွေးနီဥများ ခန္ဓါကိုယ်တစ်လျှောက် အောက်ဆီဂျင်သယ်ယူပို့ဆောင်ရာတွင်လည်း ဗီတာမင်ဘီ အုပ်စုကို လိုအပ်ပါသည်။ ဤဗီတာမင်ဘီ အုပ်စုသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုတွင် အလွန်အရေးပါပါသည်။ ၁။ ဗီတာမင် B1 (Thiamine) ဗီတာမင်B1သည် စွမ်းအင်ထုတ်လုပ်ခြင်း အတွက်အဓိကအရေးပါသည်။ ၎င်းသည်သကြားနှင့်အခြား ကာဗိုဟိုက်ဒရိတ်များကိုစွမ်းအင်အဖြစ်သို့ ကူညီပြောင်းလဲပေးသည်။ ၎င်းသည်အာရုံကြောအဖွဲ့အစည်းကို ထိခိုက်ခြင်း၊ပျက်စီးခြင်းများမှလည်း ကာကွယ်ပေးသည်။ အာရုံကြောအဖွဲ့အစည်း မှသတင်းအချက်အလက်များကို ခန္ဓါကိုယ်၏အခြားအင်္ဂါအမျိုးမျိုးသို့ပို့ဆောင်ပေးရာတွင်လည်းအသုံးဝင်သည်။ ကလေးများသည်တစ်နေ့လျှင်ဗီတာမင် B1 ငါးရာမှကိုးရာ မိုက်ခရိုဂရမ်ထိလိုအပ်သည်။ ဗီတာမင် B1 ကို နေကြာစေ့အခွံ့မာသီးများ၊ ပဲပြုတ်၊ပဲစိမ်း၊ဂျုံဖြင့်ပြုလုပ်သော ပေါင်မုန့်များမှရရှိနိုင်သည်။ သို့သော်ဗီတာမင် B1 […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်နည်း ၄ နည်း

လွယ်ကူသည်ဟု ထင်ရသော်လည်း မိခင်များအတွက် နို့တိုက်ခြင်းသည် တကယ်တော့ ခက်ခဲပါသည်။ အထူးသဖြင့် သားဦးမိခင်များတွင် ပို၍ခက်ခဲတတ်ပါသည်။ သဘာဝအလျောက်သူ့ဘာသာ သူတတ်ကျွမ်း သွားနိုင်သော်လည်း အလေ့အကျင့်တော့ လိုပါသည်။ အကယ်၍ သင်သည် ကလေးနို့တိုက်ရာတွင် အခက်အခဲဖြစ်နေသည်ဆိုပါက ဤ နို့တိုက်နည်း လေးသွယ်က သင့်အားပိုမိုလွယ်ကူအောင် ကူညီပေးပါမည်။ မိခင်နို့တိုက်နည်း ၄ နည်း အကြောင်း လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ မိခင်နို့တိုက်နည်း ၄ နည်း မိခင်နို့တိုက်နည်း ၄ နည်း မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁။ ဘက်တူလက်နှင့် နို့တိုက်နည်း အခြေခံကျဆုံးနည်းလမ်းဖြစ်သည်။ ညာဖက် နို့ကို တိုက်မည်ဆိုလျှင် ကလေးကို ညာဖက်လက်နှင့် ချီပါ။ ဘယ်ဖက်နို့နှင့် တိုက်မည်ဆိုလျှင် ကလေးကို ဘယ်ဖက်လက်နှင့် ချီပါ။ ကလေး၏ ခေါင်းကို သင်၏ လက်မောင်းကွေး ဆုံရာတွင် ထားလျက် […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးကိုအရိုးပျော့ရောဂါ(Rickets)မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ

သင့်ကလေးကိုအရိုးပျော့ရောဂါ(Rickets)မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။ အရိုးပျော့ရောဂါဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး အာရုံစိုက်စရာ ရောဂါတစ်ခု ဖြစ်လာပါတယ်။ ဒီရောဂါက အာဟာရချို့တဲ့တဲ့ နိုင်ငံတွေမှာသာဖြစ်လာတာမဟုတ်ဘဲ ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာပါ ဖြစ်လာတာတွေ့ရပါတယ်။ အရိုးပျော့ရောဂါဆိုတာ ကိုယ်မှာရှိတဲ့ အရိုးတွေကို ပျော့လာပြီး အားနည်းလာစေတဲ့ ရောဂါဖြစ်ပါတယ်။ အသက် ၆လ နဲ့ ၃၆ လ ကြားက ကလေးတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ ဒီရောဂါဟာ vitamin D အလွန်အမင်း မလုံလောက်မှုကြောင့် အရိုးအတွက် Calcium နဲ့ Phosphorus စုပ်ယူမှုအားနည်းသွားတဲ့အခါ ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဒီ Calcium နဲ့ Phosphorus တွေဟာ အရိုးတွေရဲ့ကြံ့ခိုင်မှုအတွက် အဓိကလိုအပ်တဲ့ ဓါတ်တွေဖြစ်ပါတယ်။ ဒီအရေးကြီးတဲ့ vitamin တွေမပြည့်စုံဘဲနဲ့ သင့်ကလေးရဲ့အရိုးတွေကကြံ့ခိုင်ပြီးဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်တဲ့အပြင် အားနည်းပြီးပျော့ပျောင်းသွားနိုင်ပါတယ်။ ကလေးတွေကိုဘာကအရိုးပျော့ရောဂါဖြစ်စေတာလဲ။ ကလးတွေမှာ အရိုးပျော့ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ဗီတာမင် ဒီ(Vitamin D) […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

သင့်ကလေးစိတ်ရောဂါ ခံစားနေရသည့် လက္ခဏာများ

ကလေးများသည် လူကြီးများကဲ့သို့ တူညီသောစိတ်ရောဂါများရရှိနိုင်သည်။ သို့သော် သူတို့၏ လက္ခဏာများအား မိဘများသတိထားမိရန် ခက်ခဲပါသည်။ ထို့ကြောင့် စိတ်ရောဂါခံစားနေရသည့် ကလေးများတွင် ထိရောက်သောကုသမှုမရရှိကြပါ။ မိဘများအနေနှင့် ကလေးများရှိစိတ်ရောဂါသတိပေးသည့် လက္ခဏာများကိုသိပြီး အချိန်မှီကျော်လွှားသင့်ပါသည်။ စိတ်ရောဂါရှိသည့် ကလေးများ၏ အမူအရာသည် တူညီသောရောဂါရှိသည့် လူကြီးနှင့် ကွဲပြားနိုင်သည်။ ဥပမာ- စိတ်ကျရောဂါရှိသည့် ကလေးသည် လူကြီးထက်ပို၍ စိတ်တိုလွယ်သည် ။ လူကြီးများတွင် ပို၍ဝမ်းနည်းနိုင်ပါသည်။ ကလေးများ ကြုံတွေ့ရသည့် အချို့သောစိတ်ရောဂါများ စိုးရိမ်ပူပန်မှု- စိုးရိမ်စိတ်ရှိသည့် ကလေးများသည် ကြောက်ရွံမှု၊ စိုးရိမ်မှု၊ အာရုံရှုပ်ထွေးမှုစသည့် အခြေအနေများကို တုံြ့ပန်ကြပါသည်။ ဖျက်ဆီးလိုသောအပြုအမူများ- ဤရောဂါရှိသည့် ကလေးများသည် ကျောင်းစသည့် ပတ်ဝန်းကျင်တွင် စည်းမျဉ်းများချိုးဖောက်ပြီး လူမှုဝန်းကျင်နှင့် ဆန့်ကျင်သည့် အပြုအမူများရှိနိုင်ပါသည်။ ပျံ့နှံ့သောတွေးများဖြစ်ပေါ်သည့် ပြဿနာများ- ကလေးသည် တွေးသည့်အခါ အာရုံရှုပ်ထွေးနေပြီးကမ္ဘာလောကကြီးကိုနားမလည်နိုင်သောအခြေအနေတစ်ခုဖြစ်သည်။ စားသောက်ခြင်းပုံမမှန်သည့် ကလေးများတွင် အစာတစ်ခုစားရန်တွန်းအားပေးသည့်အခါ ပြင်းထန်သောစိတ်ခံစားမှုများစသည့် ပုံမမှန်သည့် အပြုအမူများရှိနိုင်သည်။ အတွေးများကိုသက်ရောက်သော […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဦးရေပြား အဆီအထွက်များ၊ အဖတ်လန်သော cradle cap ကို ဘာတွေက ဖြစ်ပွားစေတာလဲ

Cradle cap ဟာ အဆီများတဲ့ အဝါရောင် အကြေးခွံအကွက်တွေဖြစ်ပြီး ကလေးငယ်တွေရဲ့ ဦးရေပြားမှာ အဖြစ်များတယ်။ Cradle cap ဟာ အဖြစ်များတဲ့ အန္တရာယ်မကင်းတဲ့ အရေပြားရောဂါတစ်ခုဖြစ်ပြီး ယားယံခြင်းလည်း မရှိပဲ ကလေးငယ်တွေကို နေလို့မကောင်းရုံသာ ဖြစ်စေပါတယ်။ Cradle cap ဟာ ဘာနဲ့ တူပါသလဲ။ Cradle cap ကို ဆေးပညာလို Seborrhoeic Dermatitis လို့ ခေါ်ပါတယ်။ ဒီရောဂါဟာ ဦးရေပြားမှာ အဖြစ်များပြီး မျက်နှာ၊ နားရွက်၊ လည်ပင်းနဲ့ ခါးတောင်းကျိုက်နေရာတွေ၊ ဒူးခေါင်းအနောက်နဲ့ ချိုင်းကြားတွေမှာလဲ ဖြစ်ပွားနိုင်ပါတယ်။ Cradle cap ဟာ ကလေးတွေရဲ့ ပထမနှစ်လမှာ ဖြစ်လာတတ်ပြီး ရက်သတ္တပတ် အနည်းငယ် (သို့) လအနည်းငယ်အကြာမှာ ကိုယ်တိုင် ပျောက်သွားတတ်ပါတယ်။ ကလေးအတော်များများမှာတော့ ကလေး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဦးရေပြား အဆီအထွက်များ၊ အဖတ်လန်သော cradle cap ကို ဘယ်လိုကုသမလဲ

မွေးကင်းစကလေးတွေရဲ့ ဦးရေပြားမှာ အဆီပြန်ပြီး အရေခွံကွာတဲ့ ပြဿနာရှိတတ်ပါတယ်။ ဒါဟာ cradle cap လို့ ခေါ်တဲ့ အန္တရာယ်မရှိတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။ အန္တရာယ်မရှိဘူးဆိုပေမဲ့ မိဘတွေအတွက် စိတ်ညစ်စရာ ဖြစ်တာကြောင့် ကလေးဦးရေပြား အဆီအထွက်များ၊ အဖတ်လန်သော cradle cap ကို ဘယ်လိုကုသမလဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။ ဆရာဝန်ကို ဘယ်အချိန်မှာ ပြသသင့်သလဲ။ များသောအားဖြင့် cradle cap ဟာ ဆေးကုသဖို့မလိုဘဲ သူ့အလိုလို ပျောက်ကင်းတတ်ပါတယ်။ ဒါပေမယ့် သူ့ကို အခြားအရေပြားရောဂါတွေနဲ့ (ဥပမာ atopic dermatitis) ခွဲခြားဖို့တော့ အရေးကြီးပါတယ်။ ဆရာဝန်ကို ပြသသင့်တဲ့ အခြေအနေတွေကတော့ ဆေးတွေ လိမ်းပေး၊ အိမ်တွင်းနည်းလမ်းတွေနဲ့ ကုသပေးနေတာတောင် ၂ပတ်ကြာတဲ့အထိ မသက်သာရင် ဦးရေပြားက နီရဲရောင်ရမ်းလာရင် ဦးရေပြားအပြင် တခြားနေရာတွေမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း