ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ
ကလေး အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ
ကွဲပြားခြားနားမှုတွေက တစ်မူထူးခြားမှုကို ဖြစ်စေပါတယ်။ ဒါပေမယ့် အချို့ ကလေးတွေအတွက်ကတော့ အများနဲ့မတူတာက အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ရှိနေတာကြောင့်ပါ။ ဒီလိုမျိုး အပြုအမူ နဲ့ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေက တစ်ယောက်နဲ့ တစ်ယောက်မှာ မတူကွဲပြားတဲ့ ပုံစံတွေနဲ့ သက်ရောက်မှု ရှိနေပါတယ်။ ကလေးတွေမှာ အသေးစား အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ရှိနေတာမျိုး ရှိနိုင်သလို ကိုယ်တိုင်တစ်ဦးတည်း ရပ်တည်ဖို့ ခက်ခဲတာမျိုးလည်း ရှိနိုင်ပါတယ်။ ကလေးတစ်ယောက်မှာ အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာရှိနေတာက တစ်သက်တာ ရှင်သန်မှုကို ထိခိုက်သွားစေတာမျိုး မဟုတ်ပါဘူး။ ကလေးမှာ အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတွေ ရှိနေပေမယ့်လည်း ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းလို့ ရပါတယ်။ ဒီတော့ ကလေး အပြုအမူနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ အကြောင်း နည်းနည်းလောက် လေ့လာကြည့်လိုက်ရအောင်နော်။ အပြုအမူနဲ့ […]