brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ

ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင်

ဒီရောဂါတွေအားလုံးက ကလေးတွေကို အသက်အန္တရာယ်ဖြစ်စေတာကြောင့် ကာကွယ်ဆေးထိုးထားတာက အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ဘယ်နှမျိုးရှိသလဲ

ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးမှာ

  • Pneumococcal conjugate vaccines (PCVs)နဲ့

    PCV15

    PCV20

    PCV21

  • Pneumococcal polysaccharide vaccinePPSV23

ဆိုပြီး ရှိပါတယ်။ ပါဝင်ပစ္စည်းပေါ်မူတည်ပြီး ကွာခြားပေမယ့် ပြင်းထန်အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးတာခြင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ နံပါတ်တွေက သူတို့ကာကွယ်ပေးနိုင်တဲ့ serotypes, strainsတွေကို ဖော်ပြတာပဲ ဖြစ်ပါတယ်၊၊

ဥပမာ PCV15ဆိုရင် မျိူးစိတ်ပေါင်း ၁၅ခုကို ကာကွယ်ပေးနိုင်ပြီး PPSV23ဆိုရင် ၂၃မျိုးကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

PCVကို ကလေးတွေမှာ ထိုးတာများပြီး PPSV23ကိုတော့ လူကြီးတွေမှာ ထိုးပေးတာ များပါတယ်။

ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးကို ဘယ်နှကြိမ် ထိုးပေးသင့်သလဲ

ကလေးငယ်လေးတွေအတွက် အသက်

  • ၂လ
  • ၄လ
  • ၆လ
  • ၁၂လနဲ့ ၁၅လကြားမှာ တစ်ကြိမ်

စုစုပေါင်း ၄ကြိမ် ထိုးပေးဖို့ လိုပါတယ်။

ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးထိုးပြီး ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်သလဲ

ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးကလည်း တခြားကာကွယ်ဆေးတွေလိုပဲ ထိုးပြီးတဲ့အခါ ဘေးထွက်ဆိုးကျိုး အနည်းငယ်ခံစားရနိုင်ပါတယ်။ အများစုက အန္တရာယ်မရှိသလို ၂ရက်လောက်နေရင် အလိုလိုသက်သာသွားမှာပဲ ဖြစ်ပါတယ်။

အတွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

PCVs အတွက်ဆိုရင် 

  • ထိုးတဲ့နေရာမှာ နီရဲရောင်ရမ်းတာ၊ နာကျင်တာ
  • ဖျားတာ
  • အစားအသောက်ပျက်တာ
  • ကလေးတွေမှာ မအီမသာဖြစ်တာ
  • နုံးတာ
  • ခေါင်းကိုက်တာ
  • ကိုယ်လက်နာတာတွေ ဖြစ်တတ်ပါတယ်။

PPSV23 အတွက်ဆိုရင် 

  • ထိုးတဲ့နေရာမှာ နီရဲရောင်ရမ်းတာ၊ နာကျင်တာ
  • နုံးတာ
  • ဖျားတာ
  • ကိုယ်လက်နာတာတွေ ဖြစ်တတ်ပါတယ်။

နီပြီး ရောင်ရမ်းတဲ့နေရာကို ရေခဲဝတ်ကပ်တာ၊ အဖျားတက်တာအတွက် ပါရာစီတမောတိုက်ပေးမယ်ဆိုရင် သက်သာသွားမှာပဲ ဖြစ်ပါတယ်။

တကယ်လို့ ပထမတစ်ကြိမ် ထိုးပြီး ပြင်းထန်တဲ့ ဓာတ်မတည့်ဖြစ်မှု (ဥပမာ အသက်ရှူကျပ်တာ၊ သွေးလန့်တာအထိ)နဲ့ ကြုံခဲ့ရတယ်ဆိုရင် နောက်ထပ် ထပ်မထိုးဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေးထိုးဖို့ ရက်ကျော်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ကာကွယ်ဆေးထိုးဖို့ ရက်ကျော်သွားရင် ဆရာဝန်ကို အသိပေးပါ။ သတိရရချင်းမှာ နောက်တကြိမ်အတွက် ထိုးပါ။ အစက ပြန်ထိုးစရာ မလိုပါဘူး။ သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း ကာကွယ်ဆေးကို ပြည့်အောင်ထိုးပါ။ အကြိမ်ရေမပြည့်ရင် ကာကွယ်ဆေးအာနိသင်ကို အပြည့်အဝ ရမှာ မဟုတ်ပါဘူး။

medical
Htet Htet Zaw Win
Written by
အထွေထွေရောဂါကုဆရာဝန် · HHG
17/04/2025 တွင် အသစ်ဖြည့်စွက်ခဲ့သည်။