ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအရေပြားထိန်းသိမ်းစောင့်ရှောက်နည်း နည်းလမ်းကောင်းများ

မွေးကင်းစကလေးတွေမှာ ရှုံ့တွနေတဲ့ အရေပြားနဲ့  venix လို့ခေါ်တဲ့ အဖြူရောင်အဖတ်တွေ ပါရှိပြီး သူတို့ဟာ ပထမ အပတ်မှာတယ် ကွာကျသွားတတ်ပါတယ်။ ဒါက သဘာဝ အကာအကွယ်ဖြစ်လို့ ပွတ်တိုက်တာ၊ ခွာတာတွေ မလုပ်သင့်ပါဘူး။ မွေးကင်းစကလေးတွေရဲ့ အသားအရေနဲ့ ပတ်သက် 'The less is more'ပါ။ ဆိုလိုတာက ဘာမှမလုပ်တာက အကောင်းဆုံးပါ။ ကလေးမှာ သူ့သဘာဝအတိုင်း အကာအကွယ်တွေ ပါလာပြီးသားမို့လို့ ဘာမှမလုပ်လေလေ အထိအခိုက်နည်းလေပဲ ဖြစ်ပါတယ်။ မဖြစ်မနေလုပ်ချင်တယ်ဆိုရင်တော့ ခုပြောမဲ့ ကလေးအရေပြားထိန်းသိမ်းစောင့်ရှောက်နည်း နည်းလမ်းကောင်းများ ကို လိုက်နာသင့်ပါတယ်။ ကလေးအရေပြားထိန်းသိမ်းစောင့်ရှောက်နည်း နည်းလမ်းကောင်းများ ကလေးငယ်ကို ရေချိုးပေးချင်စိတ်ကို ထိန်းထားပါ။ မကြာခဏ ရေချိုးပေးခြင်းက ကလေးငယ်ရဲ့ အသားအရေကို ကာကွယ်ပေးတဲ့ သဘာဝအဆီတွေကို ခမ်းခြောက်စေပါတယ်။ ဒါဟာ ကလေးငယ်ရဲ့ အရေပြားကို ထိခိုက်လွယ်စေပြီး ခြောက်သွေ့စေပါတယ်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးနှာခေါင်းထဲ ဝင်သွားသော ပဲစေ့လေးကို ဘယ်လိုပြန်ထုတ်ကြမလဲ။

ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ရတာ တော်တော်လွယ်တဲ့ အလုပ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက ဆော့ရင်းပြုရင်း သူတို့ကိုယ်သူတို့ ထိခိုက်ဒဏ်ရာရအောင် မကြာခဏလုပ်နေတတ်ကြလို့ပါ။ ကလေးအရွယ်မှာ အဖြစ်များဆုံးကတော့ နှာခေါင်းထဲကို ပဲစေ့လေးတွေ၊ အစေ့လေးတွေ ထည့်တာပါ။ မတော်တဆ ဒီလိုအခြေအနေနဲ့ ကြုံခဲ့ရင် ကလေးနှာခေါင်းထဲ ဝင်သွားသော ပဲစေ့လေးကို ဘယ်လိုပြန်ထုတ်ကြမလဲ။ ကလေးနှာခေါင်းထဲ ပဲစေ့ဝင်သွားတဲ့အခါ အဲဒီအစေ့လေးတွေ ဝင်သွားပြီဆိုရင်တော့ အကျိုးဆက်တွေအများကြီး ဖြစ်နိုင်ပါတယ်။ အဲဒီအကျိုးဆက်တွေက သူ့ဘာသာအဆင်ပြေသွားတာရှိနိုင်သလို စိုးရိမ်ရတဲ့ အခြေအနေထိလည်း ဖြစ်သွားနိုင်ပါတယ်။ ထိုကဲ့သို့သော အချိန်မျိုးမှာ ကလေးရဲ့ နှာခေါင်းထဲက အရာကို ဘယ်လိုထုတ်ရမလဲ ဆိုတာ သိဖို့အရေးကြီးသွားပါပြီ။ အထူးသဖြင့် မိဘတွေအတွက် အရမ်းအရေးကြီးပါတယ်။ ပဲစေ့အပြင် ကလေးနှာခေါင်းထဲကို ဝင်နိုင်တဲ့ ပြင်ပပစ္စည်းတွေ အများကြီးရှိပါတယ်။ အဲဒါတွေက ပဲလုံးလေးတွေ၊ မြေပဲစေ့လေးတွေနဲ့ သစ်သီးစေ့လေးတွေလို စားစရာမျိုးတွေ ဖြစ်နိုင်သလို၊ ရောင်စုံခဲတံအစလေးတွ၊ ခဲဖျက်လေးတွေနဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင်၏ကလေးကို သွေးပေါင်ချိန်မြင့်တက်မှုမှ ရှောင်ရှားနိုင်ရန် ကူညီပေးမည့် အချက်(၄)ချက်

သွေးပေါင်ချိန်မြင့်တက်မှုမှ ရှောင်ရှားသည့် အချက်(၄)ချက်ပုံမှန်သွေးပေါင်ချိန် (သို့မဟုတ်) သွေးဖိအားမှာ ၉၀/၆၀ မီလီမီတာ မာကျူရီနှင့် ၁၂၀/၈၀ မီလီမီတာ မာကျူရီကြားဖြစ်ပါသည်။ သွေးပေါင်ချိန် ၁၄၀/၉၀ မီလီမီတာ မာကျူရီနှင့် အထက်ဆိုပါက သွေးဖိအားမြင့်တက်နေပြီ ဟုဆိုနိုင်သည်။ သွေးဖိအားမြင့်တက်ခြင်းသည် အသက်အရွယ်ကြီးသူများနှင့် အသက်ကြီးပိုင်းတွင် ဖြစ်ပွားလေ့ရှိပါသည်။ သို့သော်လည်း ဆေးရုံနှင့် ကျန်းမာရေးဌာနမှ ဆေးပညာ စစ်တမ်းများအရ ကလေးငယ်များတွင် သွေးဖိအားများခြင်းကို ပို၍ပို၍ခံစားလာရကြောင်း သိရှိရသည်။ အောက်ပါတို့သည် သွေးပေါင်ချိန်မြင့်တတ်နေသော သင်၏ ကလေးငယ်ကို ကူညီပေးနိုင်သည့် နည်းလမ်း (၄)မျိုးဖြစ်သည်။ (၁) သင့်ကလေး၏သွေးဖိအားကိုမျက်ခြေမပြတ်စောင့်ကြည့်ပါ သင့်ကလေး၏ သွေးဖိအားကို မကြာခဏစစ်ဆေးပေးပါ။ ဆေးခန်းတွင် သွေးပေါင်ချိန်ရန် အမြဲတမ်း အဆင်မပြေနိုင်သဖြင့် သင့်အနေဖြင့် သွေးဖိအားတိုင်းကိရိယာတစ်ခု ဝယ်ထားသင့်သည်။ ယနေ့အခါတွင် သင့်တင့်သော ဈေးနှုန်းဖြင့် အသုံးပြုရ လွယ်ကူသော ကိန်းဂဏန်းပြ ဒစ်ဂျစ်တယ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေး ပင့်ကူကိုက်ခံရလျှင်

အကောင်ကိုက်ခံရခြင်းသင့်ကလေး ပင့်ကူကိုက်ခံရလျှင် အများစုကတော့ အန္တရာယ်မရှိပေမယ့် တစ်ခါတစ်ရံမှာတော့ အဆိပ်ရှိတဲ့ ပင့်ကူတွေ ကိုက်တာမျိုး ခံရတတ်ပါတယ်။ လက္ခဏာများပင့်ကူကိုက်ခံရတဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဘာရယ်လို့ ပြောလို့မရတဲ့ ပင့်ကူတွေ ကိုက်ခံရရင် ဘယ်လိုလက္ခဏာမျိုးပေါ်မယ်ဆိုတာက တိတိကျကျ ပြောဖို့ခက်ပါတယ်။ ဖြစ်လာတဲ့လက္ခဏာတွေက သင့်အတွက် အဆင်မပြေဘူးဆိုရင်တော့ ဆရာဝန်ဆီ ချက်ချင်းဆက်သွယ်သင့်ပါတယ်။ ဘာလုပ်သင့်လဲသင့်အနေနဲ့ ဘာလုပ်သင့်သလဲ ပင့်ကူကိုက်ခံရရင် လုပ်ဆောင်သင့်တာကတော့ ကိုက်ခံရတဲ့နေရာကို ဆပ်ပြာ၊ ရေတို့နဲ့ သေချာဆေးကြောဖို့ပါပဲ။ ကုသမှုများဘယ်လိုကုသလို့ ရမလဲ ဒီအခြေအနေတွေ ရှိလာရင်တော့ သင့်ကလေးရဲ့ ဆရာဝန်ဆီ အမြန်ဆုံးဆက်သွယ်သင့်ပါတယ် • ကိုက်ခံရတဲ့နေရာက နာနေရင်၊ ပူနေရင် • ကြွက်သားများ တောင့်တင်းနေရင် • ကလေးက ဖျားနာသွားရင် • ပင့်ကူကို အသေဖြစ်ဖြစ် အရှင်ဖြစ်ဖြစ် ဖမ်းနိုင်အောင် လုပ်ပါ။ ပြီးရင် ပုလင်းတစ်ခုထဲထည့်ပြီး ဆရာဝန်ဆီ ယူသွားပါ။ တိတိကျကျ မသိရသေးဘဲ အလွန်အကျွံ ရိုက်တာမျိုး မလုပ်ပါနဲ့။ ဒီလိုလက္ခဏာတွေဖြစ်လာရင်လည်း ဆရာဝန်ဆီ ဆက်သွယ်ပါ။ • […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးငယ်များတွင် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း၏ ဆိုးကျိုးများ

ဆေးလိပ်သောက်သုံးတာက ဆေးလိပ်သောက်သုံးသူတွေအတွက်ရော အနီးပတ်ဝန်းကျင်ကသူတွေကိုပါ အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့ ဆိုးရွားတဲ့အကြောင်းအရာကိုသိထားပြီးသားဖြစ်မှာပါ။ တဆင့်ခံဆေးလိပ်ငွေ့ကို ရှုရှိုက်မိတဲ့နေရာမှာ အရွယ်ရောက်ပြီးသူနဲ့ကလေးငယ်လေးတွေကိုထိခိုက်တဲ့အတိုင်းအတာကိုနှိုင်းယှဉ်ကြည့်ရင် ကလေးငယ်လေးတွေကို ထိခိုက်တဲ့အတိုင်းအတာက ပိုကြီးပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်မိတဲ့ ကလေးငယ်လေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ကြီးမားတဲ့အန္တရာယ် ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလ စီးကရက်မှာ ဓါတုပစ္စည်းအမျိုးအစား ၄၀၀ ကျော်ပါဝင်ပါတယ်။ စီးကရက်ကို မီးညှိလိုက်ချိန်မှာ အဲဒီဓါတု ပစ္စည်းတွေဓါတ်ပြုသွားပြီး ပြင်းထန်တဲ့အဆိပ်အဖြစ ်ပြောင်းလဲသွားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးက ဆေးလိပ်သောက်သုံးရင်ဖြစ်ဖြစ် ဆေးလိပ်ငွေ့ကိုရှုရှိုက်မိရင်ပဲဖြစ်ဖြစ် အဆိပ်တွေက သွေးစီးဆင်းမှုတစ်လျှောက် လိုက်ပါသွားပြီး ကိုယ်ခန္ဓါတစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။ သန္ဓေသားဆီကို အစာအာဟာရ ထောက်ပံ့ပေးနေတဲ့ ချက်ကြိုးဆီကိုလည်း ရောက်ရှိသွားပါတယ်။ သန္ဓေသားကလေးငယ်ဟာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်း တွေကို ခံနိုင်စွမ်းမရှိပါဘူး။ ဆေးလိပ်မှာပါတဲ့ အဆိပ်အတောက်တွေကြောင့်ကလေးငယ်မှာမွေးရာပါချို့ယွင်းချက် ဖြစ်တဲ့နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတွေအဖြစ်များပါတယ်။ မွေးဖွားပြီး ကာလ ကလေးငယ်တွေဟာ သန္ဓေသားအဆင့်မှာ တော်တော်လေးကြီးထွားလာပြီးပြီဆိုပေမယ့်လည်း မွေးဖွားပြီးချိန်မှာ လည်း ကလေးငယ်က ဆက်လက်ကြီးထွားဖွံ့ဖြိုးနေဆဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ကလေးများ၊ဆယ်ကျော်သက်များနှင့်ကင်ဆာရောဂါ

ကင်ဆာရောဂါဟာ အဖြစ်များပါတယ်။ ကင်ဆာရောဂါဆိုတာ သင်အရင်ကလုပ်ခဲ့သမျှတွေအတွက် ပြစ်ဒဏ်တစ်ခုမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာတောင် ကင်ဆာရောဂါ ဖြစ်လာတတ်တာကြောင့်ပါ။ ကင်ဆာရောဂါဟာ ကလေးတွေနဲ့မြီးကောင်ပေါက် အရွယ်တွေ သေဆုံးမှုနှုန်းမှာအဖြစ်များတဲ့အကြောင်းရင်းတစ်ခု ဖြစ်နေဆဲပါ။ အမေရိကန်နိုင်ငံတစ်ခုတည်းမှာပဲ ၂၀၁၄ ခုနှစ်အတွင်း ကင်ဆာရောဂါရှိသူ ကလေးငယ်နဲ့ အသက် ၁၉ နှစ်အောက်အရွယ် ၁၅၀၀၀ ကျော်ရှိခဲ့ပါတယ်။ သည်အရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကျော်ကတော့ အသက်ဘေးက မလွတ်မြောက်နိုင်ခဲ့ပါဘူး။ သွေးကင်ဆာနဲ့ ဦးနှောက်ကင်ဆာတို့က ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ တွေ့ရှိရအများဆုံးရောဂါနှစ်မျိးဖြစ်ပါတယ်။ ၎င်းတို့အပြင် ဗဟိုအာရုံကြောစနစ်အတွင်းအကျိတ်ကင်ဆာ၊ lymphoma ကင်ဆာ၊ neuroblastoma ကင်ဆာ၊ sarcoma ကင်ဆာ၊ wilms tumor ကင်ဆာ၊ အရိုးကင်ဆာ၊ testicular ကင်ဆာနဲ့ ovarian germ cell ကျိတ်ကင်ဆာတို့လို တခြားရောဂါတွေလည်းရှိပါ သေးတယ်။ ဒါပေမယ့်ကလေးတွေနဲ့ဆယ်ကျော်သက်ကင်ဆာတွေမှာ အသက်ရှင်နိုင်တဲ့အခွင့်အလမ်းပိုများလာတာကို မကြာသေးမီက […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း

အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းဆိုတာ သင့်ခန္ဓာကိုယ်က အရွယ်ရောက်တဲ့အဆင့်ကို ပြောင်းလဲရောက်ရှိလာတဲ့ အကူးအပြောင်းကာလဖြစ်ပါတယ်။ ဒီကာလက အသက် ၉ နှစ်နဲ့ ၁၇ နှစ်ကြားမှာ ဖြစ်လေ့ရှိပါတယ်။ မိန်းကလေးတွေကယောကျာ်းလေးတွေထက် အပျိုဖော်ဝင်ချိန်စောလေ့ရှိပါတယ်။ ၁) မိန်းကလေးများအပျိုဖော်ဝင်ခြင်း သင့်ခန္ဓာကိုယ်က အပျိုဖော်ဝင်ကာလအတွင်းမှာ မြန်ဆန်စွာပဲ စတင်ဖွံ့ဖြိုးလာပါတယ်။ သင့်ရဲ့ရင်သားအရွယ်အစားနဲ့ ပုံသဏ္ဍာန်ကအချိန်နဲ့အမျှ မသိမသာပြောင်းလဲလာပါလိမ့်မယ်။ သင့်ရဲ့ မအင်္ဂါစေ့နဲ့ မိန်းမအင်္ဂါဇာတ် (vulva) မှာလည်း ဖွံ့ဖြိုးမှုတွေ ရှိလာမှာပါ။ vulva တွေရဲ့ အရောင်နဲ့ ပုံသဏ္ဍာန်ပြောင်းလဲမှုကို သတိထားမိတာပုံမှန်ပါပဲ။ လူတစ်ဦးချင်းစီမှာ မတူညီမှုတွေရှိကြပါတယ်။ ဒါကြောင့် သိပ်မစိုးရိမ်ပါနဲ့။ သင့်ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေက သင့်မှာအရင်ကမပေါက်ခဲ့ဖူးတဲ့ နေရာတွေမှာတောင် ပိုပြီးထူထပ်စွာပေါက်လာပါလိမ့်မယ်။ ဥပမာ - ချိုင်းကြားနဲ့ လိင်အင်္ဂါတွေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ခန္ဓာကိုယ်ကအရင်ကထက် ပိုပြီးချွေးထွက်လာပါမယ်။ ဒါ့ကြောင့်ပဲချွေးနံ့ပိုပြင်းစေမှာဖြစ်ပါတယ်။ ဆန္ဒရှိရင် ချွေးနံ့ပျောက်ဆေးသုံးပြီးအနံ့အသက်တွေ လျော့အောင် လုပ်နိုင်ပါတယ်။ အပျိုဖော်ဝင်ချိန်မှာ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

Diphtheria (ဆုံဆို့နာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diphtheria (ဆုံဆို့နာရောဂါ) ကဘာလဲ။ ဆုံဆို့နာရောဂါဆိုတာ သင့်ရဲ့နှာခေါင်းနဲ့ လည်ချောင်းမှာရှိတဲ့ အချွဲအမြှေးပါးတွေမှာ ဘက်တီးရီးယားပိုးဝင်ပြီး ဆိုးဝါးတဲ့ ထိခိုက်မှုဖြစ်စေခြင်းကိုခေါ်ပါတယ်။ ဒီဘက်တီးရီးယားတွေဟာ အထူးသဖြင့် နှာခေါင်းနဲ့ လည်ချောင်းမှာရှိတဲ့ တစ်ရှူး အသားမျှင်တွေကို ဖျက်ဆီးစေတဲ့ အဆိပ်ကိုထုတ် ပေးပြီး ရောဂါခံစားရစေပါတယ်။ ဆုံဆို့နာရောဂါ ကိုကာကွယ်ဖို့ ကာကွယ်ဆေးထိုးနိုင်ပါတယ်။ Diphtheria (ဆုံဆို့နာရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆုံဆို့နာရောဂါဟာ US နဲ့ ဥရောပနိုင်ငံကြီးတွေမှာ ဖြစ်တာအလွန်ရှားပါးနေပါပြီ။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ကာကွယ်ဆေးထိုးနိုင်မှု နည်းနေ သေးတဲ့အတွက် ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDiphtheria (ဆုံဆို့နာရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဆုံဆို့နာရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဆုံဆို့နာရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားပိုးဟာ ခန္ဓါကိုယ်ထဲက ဘယ်အသားအမျှင်ကိုမဆို တိုက်ခိုက်နိုင်ပါတယ်။ လည်ချောင်းနဲ့ ပါးစပ်မှာတော့ ရောဂါလက္ခဏာတွေကို သိသိသာသာ အခံစားရဆုံးပဲ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

Autism (အော်တစ်ဇင်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Autism (အော်တစ်ဇင်) ကဘာလဲ။ အော်တစ်ဇင် ဆိုတာက ကလေးဘဝထဲကစပြီး တစ်ဘဝလုံးကြန့်ကြာနေနိုင်တဲ့ ဦးနောက်အာရုံကြောနှင့် ဖွံဖြိုးမှုဆိုင်ရာ စိတ္တဇအထီးကျန်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ အော်တစ်ဇင် က လူတွေနှင့် ဆက်ဆံတာတွေ၊ ပြောဆိုတာတွေနှင့် သင်ကြားမှုပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီရောဂါရှိတဲ့ ကလေးတွေမှာ လူမှုဆက်ဆံရေး၊ အရိပ်ပြ အကောင်မမြင်၊ စကားနားမလည်ခြင်း နှင့် အမြင်ကျဉ်းခြင်းဆိုင်ရာ ပြဿနာများ၊ အစွဲအလမ်းကြီးခြင်း စတဲ့ အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်။ ဒီအပြုအမူတွေက အနည်းအကျဉ်းမှ ဒုက္ခိတဖြစ်တဲ့အထိဖြစ်နိုင်ပါတယ်။ အော်တစ်ဇင် က ရောဂါနှင့် ရောဂါလက္ခဏာအနည်းအများပေါ်မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်ပြီး အထူးသဖြင့် ရောဂါအခြေအနေ မပြင်းထန်တဲ့ ကလေးတွေ သို့မဟုတ် ပိုဆိုးတဲ့ရောဂါတွေက ဖုံးကွယ်ထားခံရလျှင် မသိသာနိုင်ပါဘူး။ သိပ္ပံပညာရှင်တွေကတော့ အော်တစ်ဇင် ကိုဖြစ်စေတဲ့ အကြောင်းအရာကို သေချာမသိကြသော်လည်း မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင် နှစ်မျိုးစလုံးနှင့် သက်ဆိုင်နိုင်တယ်လို့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ) ကဘာလဲ။ ကလေး လေးဖက်နာရောဂါ ဆိုသည်မှာ ကလေးများတွင် ဖြစ်ပွားသော အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ကလေးများတွင်ဖြစ်သော ဘာကြောင့်မှန်းမသိဘဲ အဆစ် ရောင်ခြင်း နှင့် Still’s disease ဟုလည်း ခေါ်ပါသည်။ ကလေး လေးဖက်နာရောဂါသည် အရွယ်ရောက်ပြီးသူများတွင် ဖြစ်သော လေးဖက်နာရောဂါနှင့် ကွဲပြားပါသည်။ နာတာရှည် ရောဂါတစ်မျိုးဖြစ်ပြီး လများ နှစ်များ အထိကြာနိုင်ပါသည်။ သို့သော် ကလေးငယ်များ၏ ၇၅ရာခိုင်နှုန်းသည် ပျောက်ကင်း သွားပါသည်။ ပျောက်ကင်းစေသော ဆေးမရှိသော်လည်း အချိန်မီ သိခြင်း၊ ဆေးကောင်းခြင်း နှင့် ကုသမှုကောင်းခြင်း သည် ပုံမှန်ဘဝ အတိုင်း အခွင့်အရေးများ ရစေပါသည်။ ကလေး လေးဖက်နာရောဂါသည် စာရေးခြင်း၊ အဝတ်ဝတ်ခြင်း နှင့် ပစ္စည်းများသယ်ခြင်း (လက်၊ လက်ကောက်ဝတ်) ၊ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း