ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ

မွေးလာတုန်းက ဘေဘီလေးကို မေမေ့နို့ပဲတိုက်တာဆိုတော့ မေမေကအစားဆင်ခြင်ရင် အဆင်ပြေပြီပေါ့။ သိပ်အများကြီးတွေးစရာမလိုဘူးပေါ့။ ဒီလိုနဲ့ ဘေဘီလေးက ၅ လကျော် ၆ လထဲရောက်လာတယ်။ အစားစကျွေးပြီး ထမင်းကိုကြိတ်ကျွေးတာ၊ အာဟာရမှုန့်ကျွေးတာဆိုပြီး အမျိုးမျိုးရှိမယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အသီးအရွက်လေးတွေနည်းနည်းချင်းစီထည့်ကျွေးလာမယ်။ ဒီလိုကနေ နောက်တော့ သစ်သီးလေးတွေကျွေးဖို့ စဉ်းစားလာမယ်။ ဒီအချိန်မှာက နည်းနည်းတော့အတွေးကြပ်ပြီနော်။ ဘေဘီလေးက လူကြီးတွေစားသမျှ စားလို့မှမရသေးတာလေ။ ဒီတော့ ဘေဘီလေးကို အသီးအနှံတွေကျွေးချင်တယ်။ ဘာတွေများကျွေးလို့ရမလဲဆိုပြီး မေမေတို့ အတွေးရကြပ်နေတဲ့ပြဿနာကို ဒီဆောင်းပါးလေးထဲကနေ အဖြေထုတ်ပေးမယ်နော်။ ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ က ဘာတွေများလဲ...... ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ က ဘာတွေများလဲ...... ဘေဘီလေးကို အာဟာရပြည့်ဝမျှတစွာရရှိစေဖို့ဆိုရင် မုန်လာဥနီ - အပင်ကနေရရှိတဲ့ ဗီတာမင် A […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အထူးစောင့်ရှောက်မှုလိုအပ်တဲ့ကလေးတွေကို ဘယ်လိုမျိုးဂရုစိုက်ပေးမလဲ

ကလေးတိုင်းက မိဘတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ရတနာတွေပါ။ မိဘနေရာရောက်လာတဲ့အခါ သားသမီးထက်အရေးကြီးတာဘာမှမရှိသလိုကိုခံစားရမှာ အမှန်ပါပဲ။ သားသမီးတွေမှာ ထိခိုက်ခံစားရသမျှကို ကိုယ်တိုင်ထိခိုက်ခံစားရသလို ခံစားရစမြဲပါ။ သားသမီးတွေအတွက် အမြဲအဆင်သင့်ရှိနေတတ်တာကလည်း မိဘပါပဲ။ ပုံမှန်အခြေအနေမှာဆိုရင်တောင် ဒီလိုဆိုမှတော့ တကယ်လို့များ သားသမီးက အထူးဂရုစိုက်ရမယ့် ကလေးမျိုးလေးဖြစ်နေမယ်ဆိုရင် ဘယ်လောက်တောင် ကရုဏာပိုပြီး အရိပ်တကြည့်ကြည့်လုပ်နေရမလဲနော်။ အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်မယ့် ကလေးဆိုတာ ကလေးတိုင်းကတော့ အထူးဂရုစိုက်စောင့်ရှောက်မှုကို မလိုအပ်ကြပါဘူး။ ဒါပေမယ့် ကလေးကမွေးလာကတည်းကရောဂါတစ်ခုခုကိုခံစားလာရမယ်။ ဒါမှမဟုတ် စိတ်ခံစားမှုပိုင်းမှာဖြစ်စေ၊ သင်ယူမှုအပိုင်းမှာဖြစ်စေ အားနည်းမှုရှိနေမယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အားနည်းမှုရှိနေမယ်ဆိုခဲ့ရင်တော့ ကလေးက အထူးဂရုစိုက်စောင့်ရှောက်မှုကိုလိုအပ်နေတဲ့ ကလေးပါ။ ကလေးက ဆီးချိုရောဂါ၊ အတက်ရောဂါ၊မွေးရာပါ နှလုံးရောဂါလိုမျိုး ကုသဖို့မလွယ်တဲ့ရောဂါတစ်ခုခုကိုခံစားနေရတာ၊ အမြင်အာရုံအားနည်းတာ၊ အကြားအာရုံအားနည်းတာ၊ စကားပြောဆိုမှုစွမ်းရည်အားနည်းတာတွေအတွက် မိဘတွအနေနဲ့ အထူးဂရုစိုက်စောင့်ရှောက်မှုပေးဖို့လိုအပ်မှာပါ။ ကလေးက အခြားကလေးတွေနည်းတူ မဖွံ့ဖြိုးတာ၊ခြေလက်တွေမှာ ထိခိုက်မှုရှိနေခဲ့ရင်လည်း ကလေးရဲ့ လှုပ်ရှားမှုတိုင်းကို အသေအချာဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။ အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်မယ့် ကလေးတွေကို ဘယ်လိုဂရုစိုက်မလဲ ဘဝဆိုတာကနေ့စဉ်နဲ့အမျှစိန်ခေါ်မှုအပြည့်ပါ။ သာမန်အခြေအနေနဲ့လူတွေအတွက်တောင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရော လက်ဆေးဖို့လိုမလား

လူရယ်လို့ ဖြစ်လာရင် အညစ်အကြေးတွေ၊ ပေကျံစေတဲ့ အရာတွေ၊ ရောဂါပိုးတွေကို ကိုင်တွယ်ထိတွေ့မိနိုင်ပါတယ်။ ဒီထိတွေ့မိမှုတွေကြောင့် ရောဂါမဖြစ်စေဖို့ဆိုရင် လုပ်ဆောင်လို့ရတဲ့ ရိုးစင်းတဲ့ နည်းလမ်းလေး ရှိပါတယ်။ ဒါကတော့ လက်ဆေးတာပါ။ ဒါဆိုရင် မေးစရာ ရှိလာတာက ပက်လက်ကလေးပဲ နေနေရတဲ့ ဘေဘီလေးတွေ နဲ့ အရွယ်မရောက်သေးတဲ့ ဘေဘီလေးကို လက်ဆေး ပေးဖို့ လိုမလားဆိုတဲ့ ကိစ္စပါ။ ဒီအဖြေကို သိချင်ရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဘေဘီပိစိ လက်ဆေးဖို့လိုမလား ....... ဘေဘီလေးတွေရော လက်ဆေးဖို့လိုမလား ဆိုတော့ နုနယ်တဲ့ အရွယ်မှာ ထိခိုက်လွယ်တာကြောင့် အစစအရာရာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒါမှ ရောဂါကင်းပြီး ကျန်းမာတဲ့ ကလေးလေးအဖြစ် ကြီးပြင်းအရွယ်ရောက် လာမှာပါ။ ဘေဘီလေးတွေက သူတို့ရဲ့ လက်ကလေးတွေနဲ့ ဘာမှ မကိုင်ဘူး ဆိုပေမယ့် ပြင်ပလေထုထဲက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတို့ရဲ့သင်္ကြန် ဘေးကင်းပျော်ရွှင်ရစေဖို့

ဧပြီလရောက်မှ မဟုတ်ပါဘူး။ သင်္ကြန်ဆိုတဲ့အငွေ့အသက်က မတ်လမကုန်ခင်တည်းက ရှိနေနှင့်ပြီးသားပါ။ သင်္ကြန်နဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေ၊ အဝတ်အစားတွေ၊ အရောင်းအဝယ်တွေစပြီး အလုပ်ဖြစ်နေပြီလေ။ အပျော်ဆုံးကတော့ကျောင်းပိတ်ရက်မှာ သင်္ကြန်ရေဆော့ဖို့စောင့်မျှော်နေကြတဲ့ ကလေးတွေပါပဲ။ရေသေနတ်တွေ၊ရေပြွတ်တွေ အမျိုးစုံအောင် ဝယ်ဖို့ပူဆာကြသလို သင်္ကြန်အတွက် ကြိုရင်ခုန်နေကြတာမြူးကြွလွန်းပါတယ်။ လူတိုင်းလိုလိုရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ သင်္ကြန်ရက်တွေလည်းပါခဲ့တာပေါ့။ အကြို၊အကျ၊အကြတ်၊အတက်လေးရက်ကို ရက်ထပ်နှစ်မို့ သင်္ကြန်ငါးရက်ဖြစ်တဲ့နှစ်ဆို ကလေးတွေသိပ်ပျော်ကြတာပဲ။ သင်္ကြန်ရက်တွေကုန်ဆုံးသွားမှာ နှမျောလို့ ညနေစောင်းတာတောင် ရေထဲကကိုမတက်တော့ဘူး။ အိမ်ရှေ့ထွက်ဆော့ရင်း အချိန်ကုန်လို့အိမ်ထဲပြန်ဝင်ဖို့ကိုတောင် မနည်းခေါ်ရတဲ့အထိ။ ကလေးတွေဆိုတာ လူကြီးတွေလို မဏ္ဍပ်ထိုင်လို့မရ၊ကားနဲ့လည်ဖို့ စိတ်မချရတဲ့အရွယ်ဆိုတော့ အိမ်ရှေ့ သို့မဟုတ် ရပ်ကွက်မဏ္ဍပ်မှာပဲ မိသားစုမောင်နှမတွေနဲ့ပျော်ရ၊ရေကစားရတာများပါတယ်။ တချို့မိဘတွေက ကလေးတွေပျော်အောင် အိမ်ကကားနဲ့ခဏထွက်လည်ပေးတာမျိုးလည်းရှိပါတယ်။ ဒါပေမယ့် သင်္ကြန်မှာကစားဖို့ ရေကစားဖို့ပစ္စည်းတွေဝယ်ပေးထားရုံ၊ ရေပက်စရာပြင်ပေးထားရုံ၊ရေပက်ခံထွက်ဖို့လိုက်ပို့ရုံနဲ့တော့ ကလေးတွေကိုပျော်ရွှင်စေဖို့ တာဝန်ကျေတာမဟုတ်ပါဘူး။ မိဘတွေအနေနဲ့ သင်္ကြန်မှာပျော်မယ့် ကလေးတွေရဲ့ ကျန်းမာရေး၊ဘေးကင်းလုံခြုံရေး အားလုံးအတွက် သတိမလွတ်ဘဲ ထည့်တွေးထားသင့်ပါတယ်။ အန္တရာယ်ဆိုတာ အများကြီးရယ်။ […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေအတွက် အကောင်းဆုံးအာဟာရရရှိဖို့ ဖြည့်စွက်စာကိုဘယ်လိုပြင်ဆင်ပေးသင့်လဲ

ဘေဘီလေးတစ်ယောက်ကို ကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက်ကြီးပြင်းလာစေချင်တာက မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ ဒီစိတ်ကူးအိပ်မက်ပြည့်ဝဖို့က ဆုတောင်းနေရုံနဲ့ မပြီးပါဘူး။ ကိုယ်တိုင်လုပ်ဆောင်ယူရမှာပါ။ ဒီဆန္ဒလေးပြည့်ဝဖို့ ဘာတွေများလိုမယ်ထင်လဲ။ အတူတူကြည့်လိုက်ကြရအောင် မေမေတို့ရေ... မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပြည့်ဝစေဖို့ မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပြည့်ဝစေဖို့ အခြေခံအားဖြင့် အချက်နှစ်ရပ်ပြည့်စုံဖို့လိုပါမယ်။ ဒါတွေကတော့ အာဟာရပြည့်ဝတဲ့အစားအစာတွေ ရွေးချယ်ပေးမှု နဲ့ အာဟာရပြည့်ဝအောင်ပြင်ဆင်ချက်ပြုတ်ပေးမှုပါ။ ဘေဘီလေးအတွက် အာဟာရပြည့်ဝစေမယ့် အစားအစာတွေကဘာတွေများလဲ...... ဘေဘီလေးတွေက ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့အရွယ်ပါ။ ဒါကြောင့် အာဟာရလုံလောက်ပြည့်ဝအောင်ရရှိဖို့လိုပါမယ်။ ဘေဘီလေးတွေက ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့အာဟာရတွေကို ငယ်စဉ်အရွယ်မှာ လုံလောက်စွာရရှိပါမှ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းအရွယ်ရောက်နိုင်မှာပါ။ ဒီတော့ဘာတွေကျွေးရမလဲ။ မွေးစကနေ ၆ လအထိကတော့  မေမေကအာဟာရပြည့်ဝအောင်စားသုံးပြီး မိခင်နို့ရည်များများတိုက်ပေးရမှာပါ။ ဒီလိုကနေ ၆ လပြည့်ပြီးတဲ့အခါ ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစေဖို့ အစားအစာတွေကို ဂရုစိုက်ရွေးချယ်ရမှာဖြစ်ပါတယ်။ ထမင်း - ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့  ကစီဓာတ်ကို အပြည့်အဝရရှိစေနိုင်ပါတယ်။ ထမင်းကိုသေချာလေးကြိတ်ခြေပြီး ကျွေးပေးလို့ရပါတယ်။ ကြက်သား - ပရိုတင်းဓာတ်ကြွယ်ဝပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း