သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ဘေဘီလေးအတွက် Diaper ဘယ်လိုလဲပေးမလဲ

    ဘေဘီလေးအတွက် Diaper ဘယ်လိုလဲပေးမလဲ

    အသစ်စက်စက်မေမေဖေဖေတို့အနေနဲ့ဘေဘီလေးကိုသေးခံ (Diaper) သုံးပေးချင်ပေမယ့်သေးခံဘယ်လိုလဲပေးရမလဲမသိဘူးဆိုပြီးဖြစ်နေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးေးလကို တူတူဖတ်ကြည့်ပြီးဘေဘီလေးကို အဆင်ပြေပြေနဲ့သေးခံလဲပေးကြည့်ရအောင်လား…………..

    ဘေဘီလေးကိုသေးခံလဲပေးမယ်ဆိုရင်

    ဘေဘီလေးကိုသေးခံလဲပေးမယ်ဆိုရင် ပထမဆုံးလုပ်ရမယ့် အချက်ကလိုအပ်တဲ့ ပစ္စည်းတွေကိုပြင်ဆင်ဖို့ပါ။ ပြီးမှ တစ်ဆင့်ချင်းစီ လုပ်ပေးရုံပါနော်။

    လိုအပ်တာတွေကဘာတွေဖြစ်မလဲ………..

    • သန့်စင်ခြောက်သွေ့နေတဲ့သေးခံအသစ်
    • သန့်ရှင်းရေးလုပ်ပေးဖို့ ဂွမ်းစ၊ရေ ဒါမှမဟုတ် wet tissue
    • လွှင့်ပစ်စရာပုံး ဒါမှမဟုတ် အမှိုက်အိတ်
    • သေးခံလောင်တာကို ကာကွယ်ဖို့လူးပေးတဲ့ ခရင်မ် ဒါမှမဟုတ် Baby Oil
    • ရေမလိုလက်သန့်စင်ဆေးရည် တို့ကို လိုအပ်မှာဖြစ်ပါတယ်။

    တစ်ဆင့်ချင်းစီ သန့်စင်လဲလှယ်ပေးမယ်

    ဘေဘီလေးကိုသေးခံလဲပေးတော့မယ်ဆိုရင်

    • လက်ကိုအရင်သန့်စင်ပါ။ လက်ကနေ ဘက်တီးရီးယားတွေဘေဘီလေးဆီကို မကူးစက်စေဖို့ပါ။
    • အရင်ဆုံး အနှီးသန့်သန့်ဒါမှမဟုတ်သေးခံခင်းကိုခင်းပေးပါ။
    • လိုအပ်မယ့်ပစ္စည်းတွေကိုယူပါ။
    • သန့်စင်ပေးမယ့်ပစ္စည်းတွေကို အဆင်သင့်ယူထားပါ။
    • ဘေဘီလေးရဲ့ခြေထောက်နှစ်ဖက်ကို လက်တစ်ဖက်နဲ့စုကိုင်လို့ အပေါ်ကိုနည်းနည်းလောက်မြှောက်ကိုင်ပေးပါ။
    • ဂွမ်းစကိုရေစွတ်ပြီး ကလေးကို အညစ်အကြေးတွေကို အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပေးပါ။
    • ရေခြောက်အောင် ဂွမ်းစလေးနဲ့တို့သုတ်ပေးပါ။
    • သေးခံအသစ်ကို ကလေးခါးအောက်ကိုနေရာတကျထားပေးပါ။
    • Nappy Cream လူးပေးပါ။
    • သေးခံကို အရမ်းလည်းမလျော့အရမ်းလည်း မလျော့တဲ့အနေအထားနဲ့ ဝတ်ဆင်ပေးပါ။
    • ပြီးရင်လက်ကိုသန့်စင်အောင်ပြန်ဆေးကြောပါ။
    • ဘေဘီကို အဝတ်အစားဝတ်ပေးလိုက်ပါ။

    ကဲ…စာတွေ့လေးယူလို့ ဘေဘီလေးကို အဆင်ပြေပြေနဲ့သေးခံ (Diaper) လဲပေးလိုက်စို့လား။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    How to Diaper Your Babyhttps://www.webmd.com/parenting/treat-diaper-rash-16/slideshow-diapering Accessed Date 9 August 2019

    How to change a disposable diaperhttps://www.babycenter.com/0_how-to-change-a-disposable-diaper_3838.bcAccessed Date 9 August 2019

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 23/08/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: