ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးရဲ့ မကောင်းတဲ့အပြုအမူတွေကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းများ

ကလေးတွေကိုအုပ်ထိန်းရတာ လွယ်ကူတော့ကိစ္စတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ကလေးတွေလူမှုဆက်ဆံရေးကောင်းမွန်အောင် တစ်နေ့တာလုံးမှာ မရေမတွက်နိုင်လောက်အောင် ထိန်းသိမ်းပြုပြင်နေရတာတောင် တစ်ခါတစ်ရံမှာ ကလေးတွေဟာ ရိုင်းပြတဲ့အပြုအမူတွေ၊ မကောင်းတဲ့အမူအကျင့်တွေ ပေါ်လာတတ်တာကြောင့် ပိုပြီးအခက်တွေ့ကြရပါတယ်။ ကလေးတွေရဲ့ မကောင်းတဲ့အမူအကျင့်တွေကို ထိန်းသိမ်းနိုင်မယ့် ထိရောက်တဲ့အုပ်ထိန်းနည်းလေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။ စိတ်ကိုထိန်းပါ။ ဒေါသကိုငြိမ်အောင်ထိန်းတာက ကလေးတွေရဲ့ရိုင်းပြတဲ့အပြုအမူတွေ ထိန်းချုပ်နိုင်မယ့် သော့ချက်ပါ။ အော်ဟစ်တာနဲ့ စိတ်ဆိုးတာကိုထင်ရှားစေတဲ့အပြုအမူမျိုးပြတာက သူတို့ကိုပိုဆိုးသွားစေပါတယ်။ သူတို့ဟာ သင်ပြောတဲ့စကားတွေကို မကြားရတာ သို့မဟုတ် တစ်လုံးတစ်လေမှ နားမလည်တာကြောင့် စိတ်ထွက်လွယ်ကြပါတယ်။ မိဘတွေဟာ သူတို့ရဲ့တစ်နေ့တာမှာ စိတ်ရှု့ပ်စရာ စိတ်ဖိစီးစရာတွေအများကြီးကိုလည်း ရင်ဆိုင်နေရသေးတာကြောင့် ဒီအချက်ကိုလိုက်နာဖို့ရာ ပြောသလောက်တော့လွယ်မှာမဟုတ်ပါဘူး။ ပင်ပန်းခြင်းဟာ သူတို့ရဲ့ခံစားမှုတွေကိုထိန်းချုပ်နိုင်ဖို့ပိုပြီးခက်ခဲစေပါတယ်။ မိဘတွေဟာ အသက်ပြင်းပြင်းရှူသင့်ပြီး ကလေးတွေကိုစကားမပြောခင်မှာ သေချာဂရုတစိုက်စဉ်းစားပြီးပြောသင့်ပါတယ်။ ဒါ့အပြင် စကားပြောတဲ့နေရာမှာ အေးချမ်းကြည်လင်ပြီး တည်ငြိမ်တဲ့အသံနဲ့ပဲပြောပါ။ ကလေးတွေရဲ့ ရိုင်းစိုင်းတဲ့အပြုအမူတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာ မျှတခိုင်မာပြီးတင်းကြပ်တဲ့နည်းလမ်းတွေနဲ့ကိုင်တွယ်သင့်ပါတယ်။ ဘာတွေကိုဘယ်လိုလုပ်ရမယ်မှန်းမသိတော့တဲ့အခါတွေ သို့မဟုတ် ဒီအခြေအနေတွေကို လက်မြှောက်အရှုံးပေးချင်တဲ့အခါမျိုးတွေမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ တစ်နေ့လျှင် သကြားပမာဏ မည်မျှစားသင့်သနည်း

ကလေးများသည် တစ်နေ့လုံး သကြားလုံး စားရရင်တောင်ရိုးအီသွားသည်ဟုမရှိပါ။ ထမင်းစားချိန်တွင်တောင်မှ အအေးများ၊ အချိုရည်များ သောက်ချင်ကြပါသည်။ ထိုအခါ မိဘများအနေနှင့် စဉ်းစားရခက်ပါသည်။ ကလေးများ၏ လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးရမလား။ သကြားဟာကလေးတွေအတွက် မကောင်း၍ သူတို့လိုအင်ဆန္ဒကိုဆန့်ကျင်ပြီး မကျွေးဘဲနေရမလား။ ဘယ်အရာသည်မှန်ကန်သောရွေးချယ်မှုလဲ။ ၁။ ကလေးများသည်အဘယ်ကြောင့် သကြားများစွာ မစားသင့်တာလဲ။ ယေဘုယျအားဖြင့် လူအတော်များများဟာ နေ့စဉ်သကြားများစွာ စားသုံးလျက်ရှိကြပြီး တစ်နေ့တာ စားသုံးသည့်သကြားပမာဏကို လျော့ချသင့်သည် ဆိုသောအကြံပြုချက် တွေကိုလည်း ရရှိလျက်ရှိသည်။ သကြားကို အစားအစာများ၊ ဖျော်ရည်များ၊ ပျားရည်၊ ကလေးသောက်ဆေးရည်အပြင် သကြားမပါဝင်သော သစ်သီးဖျော်ရည်ဟု တံဆိပ်ကပ်ထားသောပစ္စည်းများတွင်တောင်မှ သကြားကို ထည့်လေ့ရှိကြပါသည်။ ဤအစားအစာများတွင် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် နို့တွင်ပါဝင်သော သဘာဝသကြားများ ပါဝင်လေ့မရှိကြပါ။ အကယ်၍ သင့်ကလေးကို ကောင်းမွန်စွာကြီးထွားစေချင်သည်ဆိုပါက ကလေးစားသောသကြားပမာဏကို ကန့်သတ်ပေးရပါမည်။ သကြားသည် ကောင်းကျိုးထက်ဆိုးကျိုးကိုပိုဖြစ်စေပါသည်။ သကြားပါသောအစားအစာများ စားခြင်းအားဖြင့် အာဟာရဆိုင်ရာပြဿနာများအပြင်၊ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်တစ်ယောက်အတွက် အာဟာရလိုအပ်ချက်များ

ကြီးကောင်ဝင်လာသော အချိန်တွင် ခန္ဓာကိုယ်၏ အရွယ်ရောက်ခြင်း၊ ကြီးထွားခြင်းတို့အတွက် ရုပ်ပိုင်းဆိုင်ရာ အဓိကပြောင်းလဲမှုများ ဖြစ်ပေါ်ပါသည်။ ထိုကဲ့သို့ကြီးထွားနေသော ဆယ်ကျော်သက်အတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး မျှတသောအစာစားခြင်းသည် အလွန်အရေးကြီးပါသည်။ ဆယ်ကျော်သက်အရွယ်များသည် မိမိစားသောက်ရမည့် အစားအသောက်ကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်သော အရွယ်ရောက်ပြီဖြစ်သည့်အတွက် မှန်ကန်စွာကြီးထွားနိုင်ဖို့ အစားအသောက်ဆိုင်ရာ လိုအပ်ချက်များကို လေ့လာပြီး လိုက်လံလုပ်ဆောင်သင့်ပါတယ်။ အဓိကအရေးပါသော အာဟာရများကို အလေးပေးပါ။ အခြားအသက်အရွယ်များကဲ့သို့ပင် အာဟာရလိုအပ်ချက်များသည် များပြားသော်လည်း ကြီးကောင်ဝင်လာသော ဆယ်ကျော်သက် အရွယ်အတွက် ပိုလိုအပ်သောအာဟာရများမှာ သံဓာတ် သံဓာတ်သည် ခန္ဓာကိုယ်၏ ကြီးထွားလုပ်ဆောင်မှုများအတွက် အစားထိုးမရသော အခန်းကဏ္ဍမှ ပါဝင်သည်။ သံဓာတ်သည် သွေးနီဥဆဲလ်များနှင့် ၎င်းတို့၏ ပရိုတင်းမော်လီကျူးများ (ဟေမိုဂလိုဘင်) ဖြစ်ပေါ်ခြင်းကို ကူညီပေးသည်။ သံဓာတ်သည် အဆုတ်နှင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အောက်ဆီဂျင် သယ်ယူပို့ဆောင်ခြင်းကိုလည်း ကူညီပေးသည့်အပြင် ပရိုတင်းများ၏ ဇီဝရုပ်ဖြစ်ပျက်ခြင်းကိုလည်း ကူညီပေးသည်။ သို့ဖြစ်၍ […]


ကလေးအစာခြေစနစ်ပြဿနာများ

အသက် ဆယ့်တစ်နှစ်အောက် ကလေးများတွင် ဗိုက်အောင့်ဗိုက်နာခြင်း

ကလေးငယ်များတွင် ဗိုက်အောင့်ဗိုက်နာခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသောပြဿနာများထဲမှ တစ်ခုဖြစ်သည်။ ဗိုက်နာသောကလေးသုံးယောက်တွင် တစ်ယောက်လောက်သာလျှင် ဆရာဝန်နှင့်သွားရောက်ပြသလေ့ရှိပြီး အလွန်ပြင်းထန်ဆိုးဝါးသောရောဂါခံစားရသော ကလေးငယ်မှာ အရေအတွက်အနည်းငယ်သာရှိသည်။   ကလေးတွေဘာကြောင့်ဗိုက်အောင့်ရသလဲ။ များသောအားဖြင့် ကလေးငယ်များတွင် ဗိုက်နာရသည့် အကြောင်းရင်းမှာ အစားအစာနှင့် အူအလေ့အကျင့်တို့ကြောင့်ဖြစ်သည်။ အများစုသည် ပြင်းထန်သော ဝေဒနာခံစားရလေ့မရှိပါ။ သို့ဖြစ်၍ အိမ်မှာပင်ကုသနိုင်ပါသည်။ သို့သော်လည်းမိဘများသည် ကလေးငယ်များ ဗိုက်နာရသည့်အကြောင်းရင်းကို ရှာမတွေ့သောအခါ အလွန်စိုးရိမ်စိတ်ပူလေ့ရှိကြပါသည်။ ဤအရာကိုဖြေရှင်းဖို့ နည်းလမ်းကတော့ ကလေးကိုစောင့်ကြည့်ပေးဖို့ပင်ဖြစ်ပါသည်။ ဗိုက်စနာသည့်အချိန်မှ သုံးနာရီအတွင်းတွင် ဗိုက်နာခြင်းမှလွဲ၍ အခြားလက္ခဏာများရှိမရှိစောင့်ကြည့်ရပါမည်။ ဗိုက်အောင့်ခြင်းသည်လည်း အလွန်ဆိုးရွားသော ဗိုက်အောင့်ခြင်းမဖြစ်ရပါ။ ကလေးငယ်များ ဗိုက်နာရခြင်း အခြားအကြောင်းရင်း တစ်ခုကတော့ အစာအိမ်နှင့်အနီးတစ်ဝိုက်တွင် နာမကျန်းခြင်းဖြစ်နိုင်ပါသည်။ အဖြစ်အများဆုံးသည် ဝမ်းချုပ်ခြင်းကြောင့်ဖြစ်သည်။ ပိုဆိုးရွားသော အကြောင်းအရင်းများတွင် အစာအဆိပ်သင့်ခြင်း၊ အူအတက်ရောင်ခြင်းနှင့် အူလမ်းကြောင်းပြဿနာများ ပါဝင်ပါသည်။ အပျိုဖော်ဝင်စမိန်းကလေးများတွင် လစဉ်ဗိုက်အောင့်ခြင်းဖြစ်ပွားနိုင်သကဲ့သို့ အခြားအရာများကဲ့သို့ ပို၍ဆိုးရွားသော နာကျင်မှုများလည်း ပေါ်ပေါက်နိင်ပါသည်။ ဗိုက်အောင့်ဗိုက်နာခြင်းအမျိုးအစားနှစ်မျိုးရှိသည်။ ဗိုက်တစ်ပြင်လုံးအောင့်ခြင်းနှင့် တစ်နေရာတည်းကွက်အောင့်ခြင်းဖြစ်သည်။ ဗိုက်တစ်ပြင်လုံးအောင့်ခြင်း […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးအသက်ခြောက်လ အထိ မိခင်နို့တစ်မျိုးတည်း ဘယ်လိုတိုက်ကျွေးမလဲ။

မိခင်နို့သည်ကလေးများအတွက် အကောင်းဆုံးအာဟာရအရင်းအမြစ်တစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ မိခင်များကို မိမိတို့၏ကလေးငယ်များအား အသက်ခြောက်လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဖြင့် ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာစေဖို့အတွက်လမ်းညွှန်ထားပါသည်။ အောက်တွင် အသက်ခြောက်လအထိမိခင်နို့တစ်မျိုးတည်း ဘယ်လိုအောင်မြင်စွာ တိုက်ကျွေးမလဲဆိုသည့်နည်းလမ်းများကို ဖော်ပြပေးထားပါသည်။ အသက်ခြောက်လအထိမိခင်နို့တစ်မျိုးတည်းတိုက်ကျွေး ခြင်း၏အကျိုးကျေးဇူးများ မိခင်အတွက် ကယ်လိုရီများလျော့ကျပြီးကိုယ်အလေးချိန်မြန်မြန်ကျစေသည်။ သားအိမ်မြန်မြန်ကျုံ့စေသည်။ ကလေးမွေးပြီး သားအိမ်သွေးသွန်ခြင်းကို လျှော့ချပေးသည်။ ဆီးချို၊နှလုံးရောဂါ၊အရိုးပွ၊ ရင်သားကင်ဆာရောဂါဖြစ်နိုင်ခြေများ လျှော့ချပေးသည်။ သွေးတွင်းသကြားဓါတ်နှင့် ကိုလက်စထရောထိန်းချုပ်မှု အားကောင်းစေသည်။ ကလေးအတွက် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေသည်။ ဓါတ်မတည့်ခြင်း၊ ဆီးချို၊ ပန်းနာရင်ကျပ်ဖြစ်ပွားမှုများ လျော့ကျစေသည်။ ရောဂါများပိုးမွှားများကိုကိုယ်ခံအားပိုမိုကောင်းစေသည်။ သွားပိုးပေါက်ဖြစ်ခြင်းမှာကာကွယ်ပေးသည်။ ယနေခေတ်တွင်ကြုံတွေ့ရသော အခက်အခဲများ တကယ်လက်တွေ့တွင် ကလေးငယ်များ၏ တစ်ဆယ့်ငါးရာခိုင်နှုန်း အောက်ကိုသာလျှင် အသက်ခြောက်လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးနေကြပါသည်။ အသက်ခြောက်လအထိမိခင်နို့တစ်မျိုးတည်းတိုက်ကျွေးဖို့မိခင်များအတွက်ဘာကြောင့်ခက်ခဲနေသလဲဆိုရင် မိခင်များသည်အသက်ခြောက်လအထိနို့ လုံလောက်စွာမထုတ်နိုင်ဘူးဟု အထင်အမြင်မှားကြသည်။ နို့တိုက်၍နာကျင်မည်ကိုကြောက်ကြသည်။ အလုပ်လုပ်ရခြင်းတွေကြောင့် အလုပ်ရှုပ်ပြီးမိခင်ကိုပင်ပန်းနွမ်းနယ်စေသည်ဟု ထင်ကြသည်။ ဆရာဝန်များနှင့်မိသားစုဝင်များထံမှ နှစ်သိမ့်အားပေးမှုနှင့်ပညာပေးမှုမရရှိကြပါ။ လူကြားထဲတွင် ကလေးနို့တိုက်ရမည်ကို ရှက်ကြသည်။ ခြောက်လအထိမိခင်နို့တစ်မျိုးတည်းဘယ်လိုတိုက်ကျွေးမလဲ။ မိခင်နို့တိုက်ကျွေးဖို့အတွက် လိုအပ်သောအကြံဉာဏ်နှင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင်၏ကလေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာအလေ့အကျင့်ဖန်တီးပေးနိုင်ရန် အကြံပြုချက်ငါးရပ်

သင်၏ကလေးအစာ စစားသောအချိန်တွင် မိဘများအနေဖြင့်ကျန်းမာသော အစာအာဟာရများကိုဘယ်လိုရွေးချယ်ရမည်၊ ကလေးကိုကျန်းမာရေးနှင့်ညီညွတ်သော အစာစားခြင်းပုံစံ ဘယ်လိုလေ့ကျင့်ပေးရမည်ဆိုသည်နှင့်ပက်သက်၍ တွေဝေတတ်ကြပါသည်။ အကယ်၍သင်ဟာ သင့်ကလေးကိုငယ်စဉ်ကတည်းက ကျန်းမာရေးနှင့် ညီညွတ်သောအစာစားခြင်း အလေ့အကျင့်ကိုပြုစုပျိုးထောင်ပေးနိုင်ပါက ကလေးများအတွက် တသက်တာ အကျိုးကျေးဇူး ရရှိမည်ဖြစ်ပါသည်။ ၁။ ဘယ်အချိန်မှာအစာစားခြင်း ရပ်တန့်ရမည်ဆိုတာကိုသင်ကြားပေးပါ။ လူကြီးတွေအနေနဲ့ဗိုက်ပြည့်သွားရင် အစာစားဖို့ရပ်တန့်သင့်ပြီဆိုတာကို နားလည်သော်ငြားလည်း ကလေးများအနေဖြင့်သူတို့ကြိုက်နှစ်သက်သော အစားအစာ စားနေသောအခါတွင် ရပ်တန့်ခိုင်းဖို့ခက်ခဲပါသည်။ ထိုအခါသင်သည် သင့်ကလေးအား “ဗိုက်ပြည့်သွားပြီလား” “ဒီအစားအစာကို အများကြီးပိုစားလျှင် ဗိုက်အောင့်ဗိုက်နာမှာလား” စသည်ဖြင့် မိမိကိုယ်ကိုမေးခွန်းတွေ မေးတတ် ဖို့သင်ပေးပါ။ဤသို့မေးခွန်းမေးခိုင်းခြင်းက သင်၏ကလေးကိုသူတို့ဗိုက်ပြည့်ပြီလား၊အစာအလွန်အကျွံမစားသင့်ဘူးလားဆိုတာက ဆုံးဖြတ်နိင်ဖို့စွမ်းအင်ပေးစွမ်းမည်ဖြစ်ပါသည်။ ၂။ အစာစားချိန်တွင်ရေသို့မဟုတ်ဟင်းချိုများအမြဲတမ်းထားရှိပါ။ မိဘများကြုံတွေ့ရသည့် အခြားပြဿနာတစ်ခုကတော့ကလေးများ အစာစားနေစဉ်အတွင်း ရေသို့မဟုတ်ဟင်းချိုစွတ်ပြုတ်စသည့်အရည်ပါသော အစားအစာစားခိုင်းရခြင်းပင်ဖြစ်ပါသည်။ အစာစားပြီးချိန်တွင်သစ်သီးဖျော်ရည်သောက်ခြင်းက အာဟာရများနှင့်လိုအပ်သော စွမ်းအင်ပမာဏရရှိပေးနိုင်သော်လည်း အစာစားချိန်တွင်သောက်သုံးနိုင်ရန် ရေ သို့မဟုတ်ဟင်းသီးဟင်းရွက် စွပ်ပြုတ်ထားရှိပေးပါ။ ၃။ မနက်စာစားခြင်း မနက်စာကျွေးခြင်းက လွယ်ကူသောအလုပ်တစ်ခုဟု ထင်ရပါသည်။ သို့သော်သင်၏ကလေးကိုကျန်းမာရေးနှင့်မညီညွတ်သော မနက်စာများစားစေခြင်းဖြင့် အလေ့အကျင့်မပြုလုပ်ပေးသင့်ပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မိခင်တွေကြုံရတတ်သော အပြစ်တင်စိတ်ကိုဘယ်လိုဖျောက်ဖျက်ကြမလဲ

မိခင်တွေဟာ သူတို့သားသမီးတွေအပေါ် အပြစ်ရှိတယ်လို့ ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်ကာ တခြားလူတွေဆီကပါ အဝေဖန်ခံရတဲ့ ကိစ္စလေးတွေရှိတတ်ပါတယ်။ အမေတော်တော်များများ တွေ့ကြုံရတတ်တဲ့ အဖြစ်အများဆုံး ကိစ္စလေးတွေကတော့……..   မိမိကလေးနှင့်ကစားပေးချိန်မရှိတဲ့အခါ ဒါဟာမိခင်အများစုကြုံရတတ်တဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရတဲ့ အကြောင်းအရင်းတစ်ခုပါ။ ရုံးမှာ အလုပ်တွေတောင်ပုံရာပုံ ပုံနေတတ်ပြီး အိမ်ပြန်လာချိန်မှာလည်း အိမ်အလုပ်တွေတစုံတပင်ဖြစ်နေတတ်တာကြောင့် သင်ပင်ပန်းတာဟာ သဘာဝကျပါတယ်၊ ဒါပေမယ့် မိမိကလေးလေးအတွက် အချိန်မပေးနိုင်တဲ့အတွက် အပြစ်ရှိသလိုတော့ ခံစားရတာပေါ့။ “မေမေ သမီးအကြိုက်ဆုံးဂါဝန်လေးဘယ်မှာလဲ” ကလေးတွေဟာ လျှော်ပြီးတာမလျှော်ပြီးတာအပထားလို့ သူတို့ကြိုက်တဲ့ ဂါဝန်လေးတွေ အဝတ်အစားလေးတွေကိုပဲ ထပ်တလဲလဲဝတ်ချင်တတ်ကြပါတယ်၊ သင်က ကလေးကို တခြားဟာဝတ်ဖို့ ချော့လိုက်နိုင်တယ်ဆိုရင်တောင်မှ သူ့မျက်နှာပေါ်ကဝမ်းနည်းသွားတဲ့ အရိပ်အယောင်လေးကြောင့် သင်စိတ်မကောင်းဖြစ်သွားရတတ်ပါတယ်။ “ငါဘာပြောလိုက်မိပါလိမ့်” တခါတရံမှာ မိမိခင်ပွန်းကိုဖြစ်ဖြစ်၊ တခြားသူငယ်ချင်းတစ်ယောက်ကို ဖုန်းထဲကနေဖြစ်ဖြစ် ရင့်ရင့်သီးသီးသုံးနှုန်းမိသွားတတ်ပါတယ်။ ဒါကို ကလေးကကြားပြီး လိုက်ပြော လိုက်သုံးနှုန်းတတ်ပါတယ်။ သင်ကမပြောရန်ဆုံးမတဲ့လို့ ‘အမေတို့ကျပြောလို့ရပြီး သားကျ/သမီးကျ ဘာလို့ပြောလို့မရတာလဲ’ လို့ပြန်မေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိမှာပါ။ သူတို့ရဲ့အလုံးစုံကိုမသိနိုင်တဲ့အခါ သူတို့တွေကျောင်းမှာဖြစ်ပျက်လာတာတွေ၊ လုပ်ဆောင်ရတာလေးတွေကို သင်သိနေနိုင်ပေမယ့် […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ဘုူးတိုက်ခြင်းနှင့် ပတ်သတ်သော သိထားသင့်သည့် ၁၁ချက်

မိခင်နို့ရည်တိုက်ကျွေးခြင်းသည် ကလေးငယ်လေးတွေအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိကြပါတယ်။ ဒါပေမယ့် အချ ို့ကျန်းမာရေးမကောင်းတဲ့ မိခင်တွေကိုတော့ ကလေးငယ်တွေကို မိခင်နို့ မတိုက်ကျွေးဖို့ တိုက်တွန်းထားပါတယ်။ ကံကောင်းစွာနှင့်ပဲ ကလေးငယ်တွေကို ဖြည့်စွက်အာဟာရ(ဖော်စပ်ပြုလုပ်ထားသော နို့ရည် သို့ အစာပျော့ )တိုက်ကျွေးခြင်းကလည်း ကျန်းမာရေးအတွက် ကောင်းကျိ ုးများစွာရှိနေတာကို တွေ့ရပြန်တယ်။ အကယ်၍ သင်ဟာ ကလေးငယ်လေးတွေကို ဖြည့်စွက်အာဟာရတိုက်ကျွေးမယ်ဆိုရင်တော့ အကြောင်းအရာ ၁၁ ချက်ကိုသိထားသင့်ပါတယ်။   ၁။ ဖြည့်စွက်အာဟာရတိုက်ကျွေးထားတဲ့ ကလေးငယ်တွေဟာ ပိုမိုပျော်ရွှင်မြူးတူးလေ့ရှိတတ်ပါတယ်။ ကလေးငယ်အယောက် ၃၀၀ ရဲ့ စရိုက်လက္ခဏာကို သုတေသနလုပ်ကြည့်ရာ ဖြည့်စွက်အာဟာရတိုက်ကျွေးထားတဲ့ ကလေးငယ်တွေဟာ ပိုပြီးပျော်ရွှင်ရယ်မောလေ့ရှိပြီး စိတ်ဆိုးဒေါသဖြစ်လွယ်မှုလည်း နည်းပါးလေ့ရှိကြောင်းတွေ့ရပါတယ် ။ ၂။ ဖြည့်စွက်အာဟာရတိုက်ကျွှေးခြင်းဟာ ကလေးငယ်ရဲ့အိပ်စက်ခြင်းကိုတော့ အကျ ို းမပြုပါဘူး။ ဖြည့်စွက်အာဟာရတွေက အစာကြေလွယ်ဖို့အချိန်များစွာကြာပြီး ကလေးငယ်လေးရဲ့ အစာအိမ်ထဲမှာ အချိန်ကြာမြင့်စွာ ရှိနေတတ်တယ်။ ဒါဟာ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက်

မိခင်နို့တိုက်ကျွေးခြင်း ဟာ နို့မှုန့်တိုက်ကျွေးခြင်းထက် ပိုကောင်းတယ်ဆိုတာ လူအများစုက သိရှိပြီးသားပါ။ ဒါပေမဲ့ ကောင်းကျိုးဆိုတာ ဘယ်လိုဟာမျိုးတွေလဲ။ သင်သေချာမသိဘူးဆိုပါက မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက် ကို ကြည့်ရှုပေးပါ။ မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက် မိခင်နို့တိုက်ကျွေးခြင်း ၏ ကောင်းကျိုး၁၁ချက် ကတော့ ၁။ ကျန်းမာတဲ့ ကလေးငယ်လေး ကိုရရှိပါမယ်။ မိခင်နို့ တိုက်ကျွေးသော ကလေးငယ်တွေဟာ အဆုတ်ရောင်ရောဂါ၊ အအေးမိခြင်းနဲ့ ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ နည်းပါးပါတယ်။ အန္တရာယ်ရှိတဲ့ ဝမ်းလျှောခြင်းကဲ့သို့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေလည်း ဖြစ်နိုင်ခြေကို လျှော့ချပေးပါသေးတယ်။ ၂။ နာတာရှည်ရောဂါ ဖြစ်နိုင်ခြေကို နည်းစေပါတယ်။ မိခင်နို့ တိုက်ကျွေးမည်ဆိုပါက အမျိုးစား ၁ဆီးချို၊ ဝမ်းဗိုက်ရောဂါ၊ Crohn’s disease တို့ကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျော့နိုင်စေနိုင်ပါလိမ့်မယ်။ ၃။ SIDS ဖြစ်နိုင်ခြေကို လျော့ချပေးခြင်း။ SIDSဆိုတာ Sudden Infant […]


ကလေးငယ်အာဟာရ

ကလေးများအတွက်ဗီတာမင် ဘီ၏အံ့ဖွယ်အကျိုးကျေးဇူး ၄ ရပ်

ဗီတာမင် ဘီ အုပ်စုတွင် ပုံစံများစွာ ရှိပါသည်။ ဗီတာမင်B1၊ဗီတာမင်B2 ၊ဗီတာမင်B6၊ဗီတာမင်B12 ၊ဗီတာမင် B3(နိုင်ရာစင်)၊ဘိုင်အိုတင်၊ပန်တိုသီးနစ်အက်ဆစ်စသောပုံစံများဖြစ်ပါသည်။ ဗီတာမင် ဘီ အုပ်စုသည်ခန္ဓါကိုယ် မှစွမ်းအင်ထုတ်လုပ်ခြင်းနဲ့ လိုအပ်သောအခါထိုစွမ်းအင်ကို ထုတ်လွှတ်ပေးသောဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များတွင်အဓိက အခန်းကဏ္ဍမှာပါဝင်ပါသည်။ သွေးနီဥများ ခန္ဓါကိုယ်တစ်လျှောက် အောက်ဆီဂျင်သယ်ယူပို့ဆောင်ရာတွင်လည်း ဗီတာမင်ဘီ အုပ်စုကို လိုအပ်ပါသည်။ ဤဗီတာမင်ဘီ အုပ်စုသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုတွင် အလွန်အရေးပါပါသည်။ ၁။ ဗီတာမင် B1 (Thiamine) ဗီတာမင်B1သည် စွမ်းအင်ထုတ်လုပ်ခြင်း အတွက်အဓိကအရေးပါသည်။ ၎င်းသည်သကြားနှင့်အခြား ကာဗိုဟိုက်ဒရိတ်များကိုစွမ်းအင်အဖြစ်သို့ ကူညီပြောင်းလဲပေးသည်။ ၎င်းသည်အာရုံကြောအဖွဲ့အစည်းကို ထိခိုက်ခြင်း၊ပျက်စီးခြင်းများမှလည်း ကာကွယ်ပေးသည်။ အာရုံကြောအဖွဲ့အစည်း မှသတင်းအချက်အလက်များကို ခန္ဓါကိုယ်၏အခြားအင်္ဂါအမျိုးမျိုးသို့ပို့ဆောင်ပေးရာတွင်လည်းအသုံးဝင်သည်။ ကလေးများသည်တစ်နေ့လျှင်ဗီတာမင် B1 ငါးရာမှကိုးရာ မိုက်ခရိုဂရမ်ထိလိုအပ်သည်။ ဗီတာမင် B1 ကို နေကြာစေ့အခွံ့မာသီးများ၊ ပဲပြုတ်၊ပဲစိမ်း၊ဂျုံဖြင့်ပြုလုပ်သော ပေါင်မုန့်များမှရရှိနိုင်သည်။ သို့သော်ဗီတာမင် B1 […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း