ကလေးများဟာ ဝမ်းကိုက်ပိုးရှိနေတဲ့ မစင်နှင့် တိုက်ရိုက်ထိတွေ့မိခြင်း သို့မဟုတ် ဝမ်းကိုက်ပိုးရှိတဲ့မြေကြီးကို လက်နှင့်ကိုင်မိထားပြီး ပါးစပ်ကို ကိုင်မိခြင်း၊ လက်မဆေးပဲ အစာစားမိခြင်း၊ မသန့်ရှင်းတဲ့ လမ်းဘေးစာများ စားမိခြင်းကနေ ဝမ်းကိုက်ပိုးကူးစက်မိနိုင်ပါတယ်။
တစ်ခါတစ်လေနေ့ကလေးထိန်းကျောင်း၊ ကလေးကစားကွင်းတွေလိုမျိုး လူများတဲ့နေရာတွေမှာရောဂါပိုးရှိနေတတ်တာကြောင့် မိဘတွေအနေနဲ့ အထူးသတိပြုသင့်ပါတယ်။
ဘယ်လိုကုသလို့ရလဲ။
ကလေး ဝမ်းကိုက်ရောဂါကို ကုသရာမှာရေဓါတ်ပြည့်ဝအောင်ဖြည့်စွက်ပေးခြင်းက အလွန်အရေးကြီးပါတယ်။ ခန္ဓါကိုယ်ကရေဓါတ်၊ဆားဓါတ်ပြည့်ဝနေမှရောဂါပိုးကိုလဲ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ ဒါက ဝမ်းကိုက်ရောဂါအခြေအနေမဆိုးရင် အရည်များများတိုက်ကျွေးပေးရုံနဲ့ လုံလောက်ပါတယ်။ ဒါ့အပြင် ကလေးကို အကျိုးပြုဘက်တီးရီးယားဆေးဝါးတွေလဲ တိုက်နိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေက ကလေးအူလမ်းကြောင်းထဲကရောဂါဖြစ်စေတဲ့ ပိုးမွှားတွေကို တိုက်ဖျက်ပေးပါတယ်။ ရေဓါတ်ခမ်းခြောက်မှုလွန်ကဲနေတဲ့ ကလေးတွေကိုကျတော့ဆေးရုံမှာ အကြောဆေးသွင်းကုသမှ ရမှာဖြစ်ပါတယ်။ ဓါတ်ဆားရည်ကို ပါးစပ်ကသောက်တာထက်သွေးကြောမှ သွင်းလိုက်ခြင်းက ခန္ဓါကိုယ်တွင်းသို့ အရည်ဓါတ်နှင့်ဆားဓါတ်မြန်မြန်ပိုရောက်စေပါတယ်။