ဒါပေမယ့် ဒါမေမေ့ကို ကူညီချင်တဲ့ စိတ်နဲ့ လုပ်လိူက်တာပါ။ ဒါမျိုးအလားတူ ပစ္စည်းလေးတွေ ကောက်သိမ်းပေးတာလည်း ရှိမှာပါ။ သူ့အတွက် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ဖြစ်နေတာကိုတော့ သတိထားမိချင်မှ သတိထားမိမှာပါ။
ဒါမျိုးဆို မေမေတို့က အရင်ဆူလိုက်မိတာများပါတယ်။ ‘ဒါကို မကိုင်နဲ့လို့ ပြောထားတယ်လေ’ စသဖြင့်ပေါ့။ သူက ကူညီချင်လို့ လုပ်ပေးတာကို မေမေတို့က ဆူလိုက်တော့ ကလေးက စိတ်မကောင်းဘူးပေါ့။ ဘာနဲ့တူလဲဆိုတော့ မေမေတို့ အလုပ်မှာ ကောင်းမယ်ထင်လို့ လုပ်လိုက်တာကို ဘော့စ်က ဆူလိုက်သလိုပဲပေါ့။ ဒီလို ဆူခံရတယ်ဆို မေမေတို့လည်း စိတ်ညစ်တယ်ဟုတ်။
ဒီလို လုပ်မယ့်အစား ကလေးကို မဆူဘဲ သူတို့နားလည်အောင် ပြောပြပေးပါ။ ‘သားက မေမေ့ကို ကူညီတာ သိပ်ကျေးဇူးတင်တာပဲ။ ဒါပေမယ့် ဒါကို ကိုင်ရင် သားပူသွားမှာပေါ့” စသဖြင့် ညင်ညင်သာသာ ပြောဆိုပေးမယ်။ သူတို့ရဲ့ ကောင်းကွက်ကို ချီးကျူးပေးမယ်ဆိုရင် ကလေးက သိပ်ကို ကျေနပ်သွားမှာပါပဲ။
စဉ်းကမ်းဆိုတာ နေရာတိုင်းမှာ လိုအပ်တာပါပဲ။ စည်းကမ်းတွေ ထားရခြင်းက အပြုအမူပိုင်းဆိုင်ရာ မှန်ကန်ဖို့နဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်ဖို့ပါပဲ။ ကလေးဆိုတာမျိုးက “စမ်း” တတ်ပါတယ်။ ဒီစည်းကမ်းကို ဘယ်လောက်ထိ သူတို့ ချိုးဖောက်လို့ရသလဲဆိုတာ စမ်းသပ်တတ်ပါတယ်။
ည ၉နာရီ အိပ်ရာဝင်ရမယ်ဆို ၁၀နာရီမှ မရဘူးလားလို့၊ ၅မိနစ်လောက် ပေးဆော့ပါဦးတို့ လုပ်တတ်ပါတယ်။ ဒီနေရာမှာ မိဘက စည်းကမ်းကို ဘယ်လောက်ထိ ထိန်းသိမ်းထားနိုင်လဲတို့၊ ဘယ်လောက်ထိ အတိုးအလျော့ လုပ်ပေးနိုင်လဲတို့ပေါ် အများကြီး မူတည်သွားပါတယ်။
စည်းကမ်းရဲ့ နောက်မှာ ပြစ်ဒဏ်ဆိုတာ ပါလာရပါတယ်။ ဒါမှမဟုတ်လည်း ညှိနှိုင်းမှုပေါ့။ ဘယ်စည်းကမ်းတွေဖောက်ရင် ဘာပြစ်ဒဏ်တွေဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြထားပါ။
ပြစ်ဒဏ်က ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေလို့ မရပါဘူး။ ဥပမာ ပြစ်ဒဏ်အနေနဲ့ ဒီနေ့ ကာတွန်းကား မကြည့်ရဘူးဆိုတာမျိုးဆို လက်ခံနိုင်ပါတယ်။ ကလေးကို ရိုက်နှက်တာမျိုး မလုပ်ရပါဘူး။
ဒီနေ့ခေတ်မှာ အမေရော အဖေပါ အလုပ်ထွက်လုပ်ကြတာဆိုတော့ ကလေးကို သူများနဲ့ ထားခဲ့ရတာ များပါတယ်။ အလုပ်လုပ်တာ အားပေးပါတယ်။ လုပ်လို့ရပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှာကောင်းကောင်းနဲ့ အလုပ်ချိန်၊ မိသားစုအချိန် ခွဲပေးတတ်ဖို့ လိုပါတယ်။
ကလေးဆိုတာ မိဘကို တွယ်တာတာ သဘာဝပါပဲ။ ကိုယ်ကတော့ ကလေးအတွက်ဆိုပြီး ရှာဖွေနေပေမယ့် ကလေးစိတ်ထဲမှာ သူ့ကို ဂရုမစိုက်ဘူးလို့ ထင်သွားနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို အချိန်ပေးပြီး ဂရုစိုက်ပေးပါ။ သင့်စိတ်ထဲမှာ သူရှိတယ်ဆိုတာ ပြောပြပေးပါ။
ကလေးက သင့်ကို ကြည့်ပြီး သင်ယူနေတာ ဖြစ်တဲ့အတွက် သင်ကရှေ့ကနေ ကောင်းကောင်း လုပ်ပြပေးနေဖို့ လိုပါတယ်။ သင်ချမှတ်ထားတဲ့ စည်းကမ်းတွေကို ကိုယ်တိုင်လိုက်နာဖို့ လိုအပ်ပါတယ်။
ကလေးကို ဒေါသထွက်ရင် မအော်ရဘူး။ ပစ္စည်းတွေ ကောက်မပေါက်ရဘူးလို့ပြောပြီး သင်ကိုယ်တိုင် သောင်းကျန်းနေရင် သူတို့က ဒီစည်းကမ်းကို လိုက်နာစရာမလိုဘူးလို့ ထင်သွားတတ်ပါတယ်။
ကလေးငယ်လေးတွေဆို ဒေါသထွက်ရင် ဒီလိုလုပ်ရတာပါလားဆိုတာ သင်ယူပါလိမ့်မယ်။ ဒါကြောင့် သင် သူတို့ကို မလုပ်စေချင်တာကို သူတို့ရှေ့မှာ မလုပ်ပြပါနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။