ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု
ကျောင်းနေအရွယ် သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ
ကျောင်းဆိုတဲ့နေရာက ကလေးတွေကို အမှီအခိုကင်းတဲ့ လူကြီးလေးတစ်ယောက်အဖြစ် ရှင်သန်ကြီးပြင်းလာစေဖို့ လေ့လာစရာတွေကို သင်ကြားပေးပြီး လူမှုဆက်ဆံရေးပညာရပ်တွေနဲ့ သိမြင်မှုစွမ်းရည်တွေ တိုးတက်အောင် သင်ကြားပေးတဲ့နေရာပါ။ ကျောင်းနေအရွယ် ရောက်လာပြီဆိုရင် ကလေးတွေရဲ့ အချိန်တော်တော်များများက စာသင်ခန်းတွေထဲမှာ ကုန်ဆုံးကြတာပါ။ စာသင်ခန်း ဆိုတဲ့နေရာမှာ ကလေးတွေ အများအပြားရှိသလို ရောဂါပိုးတွေလည်း မနည်းပါဘူး။ ကလေးတစ်ယောက်ကနေ တစ်ယောက်ကို ရောဂါပိုးတွေ ကူးစက်နိုင်ခြေကလည်း တော်တော်လေး များပါတယ်။ ဒီပြဿနာတွေက ရှောင်လွှဲလို့ မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ ကျောင်းကိုလည်း လွှတ်ရမယ်။ ကလေးကိုလည်း ကျန်းမာရေး မထိခိုက်စေချင်ဘူး။ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကိုယ်ခံအားကိုလည်း ထိခိုက်မှာစိုးတယ်ဆိုရင် အခုပြောပြမယ့် ကိုယ်ခံအားဖြည့်အလေ့အထလေးတွေကို သင်ကြားပေးထားလို့ ရပါတယ်။ ဒီတော့ ကျောင်းနေအရွယ် သားသားမီးမီးတို့ကို သင်ကြားပေးသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထလေးတွေကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ကျောင်းနေအရွယ် သားသားမီးမီးတို့ကို သင်ကြားပေးထားသင့်တဲ့ ကိုယ်ခံအားဖြည့်အလေ့အထများ ကျောင်းနေတဲ့အရွယ်ရောက်လာပြီဆိုပေမယ့် သားသားမီးမီးတွေက အသက် […]