၂။ ကလေးနဲ့ ကစားပေးပါ
သာမန်လူလွတ်တစ်ယောက်အတွက်တောင် ဒီခေတ်ကြီးက ဖိစီးပင်ပန်းလှပါတယ်။ အိမ်ထောင်တစ်ခုရဲ့ တာဝန်၊ ကလေးတစ်ယောက်ရဲ့ တာဝန်ကို တစ်ယောက်တည်း ထမ်းနေရသူအဖို့ ပိုလို့တောင် ဖိစီးမှုတွေများပါလိမ့်ဦးမယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အလုပ်များများ သင့်ကလေးနဲ့ အတူကစားပေးဖို့ အချိန်ကိုတော့ မရရအောင် ထားပေးပါ။ အနည်းဆုံး တစ်ပတ်တစ်ခါလောက် ကစားကွင်းလိုက်ပို့ပါ။
အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက် မလည်ဖြစ်တဲ့ အပတ်တွေမှာလည်း အိမ်မှာ ကစားပါ။ ရင်သွေးလေး သဘောကျတဲ့၊ သူကြိုက်တတ်တဲ့ ကစားနည်းလေးတွေ လိုက်ကစားပေးပါ။ ပျော်စရာအချိန်လေးတွေကို ဖန်တီးပါ။
၃။ အကူအညီ ရယူပါ
သင့်မိဘဆွေမျိုးတွေဆီက အကူအညီကို တတ်နိုင်သမျှ ရယူဖို့ ဝန်မလေးပါနဲ့။ ကလေးတစ်ယောက် ရချိန်အထိ မိဘတွေကို ဒုက္ခဆက်ပေးနေရတယ်လို့ သင့်ကိုယ်သင် အပြစ်ရှိသလို ခံစားမိနိုင်ပေမယ့် ကလေးထိန်းနဲ့ ထားခဲ့ရတာထက်စာရင် အဘိုးအဘွားတွေဆီမှာ အပ်ထားခဲ့ရတာ ပိုစိတ်ချရသလို သင်လည်း အလုပ်မှာ ပိုပြီးနောက်ကြောင်းအေးပါလိမ့်မယ်။ မိဘဆိုတာကတော့ ကိုယ့်သားသမီး ဘယ်အရွယ်ရောက်ရောက် ကလေးလို့ပဲ မျက်စိထဲမြင်ပြီး ကူညီဖို့ အသင့်ရှိနေတာပါ။
၄။ ကလေးကို နားလည်တတ်အောင် သင်ပေးထားပါ
သင့်ကလေး အနည်းငယ် အရွယ်ရောက်လာပြီဆိုရင် ကြုံတွေ့ဖြတ်သန်းနေရတဲ့ အနေအထားတွေကို နားလည်တတ်လာအောင် ပြောပြပါ။ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ တာဝန်လေးတွေကိုလည်း ခွဲဝေပေးပါ။
ဥပမာ သင် ညနေငါးနာရီ အိမ်ပြန်ရောက်နေကျကို အကြောင်းအမျိုးမျိုးကြောင့် မရောက်ဖြစ်သေးဘူးဆိုရင် ညစာပြင်ဆင်ထားဖို့၊ သန့်ရှင်းရေး (တနိုင်) လုပ်ထားဖို့ သင်ပေးထားပါ။ ဒါဆိုရင် သူတို့လေးတွေအနေနဲ့ တာဝန်ပိုသိတတ်လာမှာဖြစ်သလို မိမိကိုယ်ကို တန်ဖိုးထားစိတ်တွေလည်း ပိုလာမှာပါ။ သင်လည်း အနည်းနဲ့အများ ဝန်ပေါ့တာပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။