သားသားမီးမီးတို့မှာ ဖြစ်တတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါများအကြောင်း
ဦးနှောက်ဆိုတာက လူသားတွေရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းမှာရှိတဲ့ အရေးပါပြီး ထိရှလွယ်တဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပေါ့။ အာရုံကြောဆိုင်ရာ ရောဂါတွေက ဦးနှောက်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေ တစ်ရပ်ရပ် ရှိနေတဲ့ သဘောပါ။ ဦးနှောက်မှာ မူမမှန်တဲ့ အခြေအနေတစ်ရပ်ရပ် ရှိနေတာကြောင့် ဦးနှောက်အပေါ်မှာ မှီခိုလှုပ်ရှားနေတဲ့ ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေမှာ ပြဿနာတွေ ရှိလာတာပါ။ ဒီတစ်ခေါက်တော့ သားသားမီးမီးတို့မှာ ဖြစ်တတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါများအကြောင်း လေ့လာကြည့်ရအောင်နော်။ ဦးနှောက် ဘယ်အချိန်မှာ စတင် ဖွံ့ဖြိုးသလဲ ဦးနှောက်က ဘေဘီလေး မေမေ့ဗိုက်ထဲမှာ ရှိတဲ့ အချိန်ကတည်းက စတင် ဖွံ့ဖြိုးတာပါ။ ဒီလိုကနေမှ အသက်အရွယ်လိုက် ဆက်လက်ဖွံ့ဖြိုးလာတာပဲ ဖြစ်ပါတယ်။ ဦးနှောက်စတင် ဖွံ့ဖြိုးကတည်းက ဦးနှောက်ဆဲလ်တွေက ပုံစံပေါ်အောင် ဖွံ့ဖြိုးပြီး ဖြစ်ပေမယ့် နောက်ပိုင်းမှ အာရုံကြောတွေနဲ့ […]