သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားနှင့် ခံတွင်း သန့်ရှင်းရေး

နေမကောင်း မဖြစ်ဖို့ သွားတိုက် ကြစို့

သွားတိုက် တာ သွားကျန်းမာရေးအတွက်ပဲ မဟုတ်ပါဘူး။ သွားနဲ့ ခံတွင်း ကျန်းမာရေးက သင်ထင်ထားတာထက် အများကြီး ပိုအရေးကြီးပါတယ်။ နှလုံးရောင်တာက စလို့ အယ်ဇိုင်းမား ရောဂါအထိ သွားတိုက်တာက အရေးပါတယ်လို့ ပြောရင် ယုံမလားမသိ။ သွားတိုက် တာနဲ့ ကျန်းမာရေး ဘယ်လို ဆက်စစ်နေတာလဲ။ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာလည်း ဘက်တီးရီးယားတွေ ရှိပါတယ်။ အများစုကတော့ အန္တရာယ် မပေးပါဘူး။ ဒါပေမယ့် ခံတွင်းက ရောဂါတွေရဲ့ ဝင်ပေါက်ဆိုတာကိုလည်း မမေ့ပါနဲ့။ ဒီကနေ အစာခြေလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းထဲကို ပိုးတွေ အများကြီး ဝင်သွားနိုင်တယ်လေ။ ပုံမှန်ဆို လူတစ်ယောက်က ခုခံအားလည်း ကောင်းနေမယ်။ သွားသန့်ရှင်းရေးလည်း ပုံမှန်လုပ်ပေးမယ်ဆိုရင် ဘက်တီးရီးယားတွေက မသောင်းကျန်းနိုင်ပါဘူး။ ဒါပေမယ့် သွားမတိုက်ဘူး၊ ခံတွင်း သန့်ရှင်းရေး မလုပ်ဘူးဆိုရင်တော့ ခံတွင်းထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေ ပိုများလာပြီး […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား

အသက်ရှူလမ်းကြောင်းရောဂါ အများစုက နှာခေါင်း၊ ပါးစပ်ကနေ ဝင်တာဖြစ်တဲ့အတွက် နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား ဆိုပြီး တွေးစရာ ရှိပါတယ်။ နေမကောင်းတုန်းက တိုက်ထားတဲ့ သွားပွတ်တံမှာ ပိုးတွေ ကပ်နေပြီး ခုပြန်တိုက်ရင် ပိုးဝင်ပြန်ဝင်သွားမလားဆိုတာကို စိုးရိမ်ရပါတယ်။ နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား သွားပွတ်တံမှာ ရှိတဲ့ ပိုးမွှားအများစုက အောက်ဆီဂျင်မရှိမှ အသက်ရှင်နိုင်တာပါ။ သွားပွတ်တံကို ဆေးပြီး လေသလပ်ထားလိုက်ရင် အောက်ဆီဂျင်နဲ့ ထိတွေ့မိပြီး ပိုးအများစု အသက်မရှင်နိုင်ကြပါဘူး။ နောက်တစ်ချက်က ခန္ဓာကိုယ်မှာ ရောဂါပိုးတွေ ဝင်လာပြီးရင် သူတို့အတွက် ခုခံအားတွေ ထွက်ပါတယ်။ ဒါကြောင့် နောက်တစ်ခါဝင်ခဲ့ရင်တောင် ဒီခုခံအားက ပြန်တိုက်မှာပါ။ ဒါကြောင့် သာမန်ဖျားနာတာမျိုးပဲ ဖြစ်ခဲ့ရင်တော့ သွားပွတ်တံကို လဲစရာ မလိုပါဘူး။ ဒီလို အခြေအနေတွေ မှာတော့ သွားပွတ်တံ လဲရပါမယ်။ ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်ထားရင် နေမကောင်း […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ

ဆားရည် နဲ့ အာလုတ်ကျင်းတာက လူတိုင်း ကြားဖူးမယ့် ကိစ္စတစ်ရပ်ပါ။ ဒါပေမယ့် ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို သိသူကတော့ ရှားမယ် ထင်ပါတယ်။ ဆားရည်ကို လည်ချောင်းနာတဲ့အခါမှာ အများဆုံး အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ လည်ချောင်းနာတဲ့အခါ အာလုတ်ကျင်းကြတဲ့ ဆားရည်က ဘယ်လို အထောက်အကူပြုလည်းဆိုတာကို ပြောပြပေးပါမယ်။ ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ ဆားရည်က အကုန်အကျ သက်သာပြီး လွယ်ကူတဲ့ ကုသနည်း တစ်ရပ်ပါ။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ ရေနွေးနွေးထဲကို ဆားထည့်ပြီး ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရရှိလို့ပါ။ pH ပမာဏကို ထိန်းညှိပေးတယ် ဆားရည်က ဘက်တီးရီးယားကြောင့် လည်ချောင်းထဲက အက်ဆစ်တွေ မညီမမျှ ဖြစ်တာကို ထိန်းညှိပေးပါတယ်။ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားနဲ့ခံတွင်းအတွက် စားပေးသင့်တဲ့ အသီးအနှံတွေ

ကျန်းမာစေဖို့ အကောင်းဆုံးသော နည်းလမ်းက ကြိုတင် ကာကွယ်တာပါ။ အခုတစ်ခေါက်တော့ အပြုံးတွေ လှပစေဖို့အတွက် အရေးပါတဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် ဘယ် အသီးအနှံတွေ ကို စားသုံးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးက ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာဖို့အတွက် မရှိမဖြစ် အရေးပါပါတယ်။ ဒီလိုပြောရတာက ခေါင်းအစ ခြေအဆုံး ကျန်းမာစေဖို့ အရေးပါတဲ့ အာဟာရကို စားသုံးချေဖျက်ဖို့ တာဝန်ကို သွားနဲ့ခံတွင်းက တာဝန်ယူထားလို့ပါပဲ။ ဒီတော့ ကျန်းမာတဲ့ သွားနဲ့ခံတွင်းကို ပိုင်ဆိုင်ဖို့အတွက် စားပေးသင့်တဲ့ အသီးအနှံတွေ က ဘာတွေများလဲ...... အတူတူ ကြည့်လိုက်ရအောင်လား............. သွားနဲ့ခံတွင်းအတွက် စားပေးသင့်တဲ့ အသီးအနှံတွေ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ အသီးအရွက်တွေက သွားနဲ့ခံတွင်း ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဒီတော့ သွားတွေ၊ သွားဖုံးနဲ့ လျှာ ကျန်းမာစေဖို့ ဒီ […]


သွားပြဿနာများ

သွားနဲ့ ခြင်း အတွက် အိမ်တွင်းနည်းလမ်းကောင်းများ

လူကြီးတွေက သွားနဲ့ ပြီဆိုရင် တော်တော်များများက ကျိုးမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီအရွယ်က ကျိုးပြီးရင် ပြန်မပေါက်တော့ဘူးလေ။ ကလေးဆိုရင်တော့ တစ်မျိုးပေါ့။ သွားနဲ့တာဘာကြောင့် ဖြစ်တာလဲ။ သွားနဲ့တာကို အိမ်တွင်းနည်းလမ်းတွေနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။ သွားနဲ့ ရခြင်း အကြောင်းရင်းများ သွားဖုံးရောဂါ သွားဖုံးရောင် ရေစီးကမ်းပြိုရောဂါကြောင့်ပါ။ သွားကို သေချာသန့်ရှင်းရေး မလုပ်တဲ့အခါ ဖြစ်တတ်ပါတယ်။ သွားကို သေချာမတိုက်တဲ့အခါ သွားကျောက်တည်ပြီး ဘက်တီးရီးယားတွေ  ဝင်လာပါတယ်။ ဒီသွားကျောက်တွေက သွားတွေကို သွားဖုံးကနေ တွန်းထုတ်သလိုဖြစ်တာကြောင့် သွားဖုံးနဲ့ သွားကြားမှာ ဟလာပါတယ်။  ဟလာတဲ့ နေရာကို ပိုးတွေဝင်ပြီး သွားဖုံးရောင်လာပါတယ်။ ဒါကြောင့် သွားနဲ့တာအပြင် -သွားဖုံးက နီရဲရောင်ရမ်းတာ -သွားတိုက်တဲ့အခါ သွားဖုံးက သွေးထွက်တာ -သွားဖုံးပါးလာတာတွေ ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင် ကိုယ်ဝန်ရှိချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးနဲ့ သွားတွေမှာ အပြောင်းအလဲ ဖြစ်လာပါတယ်။ အရိုးနဲ့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။ ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။ ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး […]


သွား နှင့် ခံတွင်းကျန်းမာရေး

သွားနဲ့ခံတွင်း အကြောင်း တစေ့တစောင်း

သွားနဲ့ခံတွင်း အကြောင်း တစေ့တစောင်း ...... သွားနဲ့ခံတွင်း က ပြောတော့သာ ဘာမှ မဟုတ်တယ်။ ခန္ဓာကိုယ်အတွက် အတော်လေး အလုပ်များတဲ့ အစိတ်အပိုင်းပါ။ ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဆိုလည်း ဟုတ်ပါတယ်။ဒီတော့ သွားနဲ့ခံတွင်း မှာ ဘယ်လို အစိတ်အပိုင်းလေးတွေ ပါလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါ။ သွားနဲ့ခံတွင်း မှာ ဘာတွေပါ.......... သွားနဲ့ခံတွင်း အကြောင်း ဆိုလို့ ဒီနှစ်မျိုးတည်းလားဆိုတော့ မဟုတ်သေးပါဘူး။ သွားနဲ့ ခံတွင်းမှာ ပါဝင်နေတဲ့ အစိတ်အပိုင်းလေးတွေက အများကြီးပါ။ နှုတ်ခမ်းကစလို့ အစာရေမျိုမရောက်ခင်အထိက ခံတွင်းပါ။ ဒီခံတွင်းထဲမှာ အကြမ်းဖျင်းအားဖြင့်ကတော့ သွားတွေ၊ သွားဖုံး၊ လျှာ၊ တံထွေး ဂလင်း၊ အာခေါင်စတဲ့ အစိတ်အပိုင်းလေးတွေ ပါဝင်နေတာပါ။ https://hellosayarwon.com/oral-health/dental-conditions/about-wisdom-teeth/ ခံတွင်း ခံတွင်းကို ပါးစပ်လို့လည်း ခေါ်ကြပါတယ်။ ခံတွင်းက အစားအစာတွေကို ချေဖျက်ပေးတယ်။ စကားပြောဖို့ […]


သွားပြဿနာများ

သွားကိုက်ခြင်း အပါအဝင် အဖြစ်များတဲ့ သွားပြဿနာများ

သွားက ခန္ဓာကိုယ်မှာ အမာကျောဆုံး အစိတ်အပိုင်းဆိုပေမယ့် သွားမှာလည်း နာကျင်တာ၊ ကိုက်ခဲတာတွေကို ခံစားရနိုင်သလို အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေလိုပဲ နာမကျန်းဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သွားကိုက်ခြင်း အပါအဝင် အဖြစ်များတဲ့ သွားပြဿနာများ ကို အတူတူလေ့လာ ကြည့်ရအောင်နော်။ သွားကိုက်ခြင်း အပါအဝင် အဖြစ်များတဲ့ သွားပြဿနာများ သွားကိုက်တာက အတော်လေး ခံစားရခက်သလို အလုပ်လည်း ပျက်ပါတယ်။ သွားတွေမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ သွားကို ဘယ်လို ဖွဲ့စည်းထားသလဲ......... ပုလဲလေးတွေ သီထားသလို အစီအရီနဲ့ ဖြူဖွေးနေတဲ့ သွားလေးတွေကို အပေါ်ယံ ကြွေလွှာ (Enamel) ဆင်စွယ်လွှာ (Dentin) သွားအတွင်းဆုံး အကြောလွှာ (Pulp) သွားအမြစ်ကို သွားဖုံးနဲ့ မေးရိုးမှာ မြဲမြံအောင် တွယ်ဆက်ပေးထားတဲ့ တွယ်ဆက်တစ်ရှူးလွှာ […]


သွားပြဿနာများ

သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ

သွားပိုးပေါက်တွေဟာ ကလေးငယ်တွေမှာရော၊ အရွယ်ရောက်ပြီးသူတွေမှာပါ အဖြစ်များတဲ့ သွားပြဿနာတစ်ခုဖြစ်ပါတယ်။ အချိုစားများခြင်း၊ သွားကို သန့်စင်မှုအားနည်းခြင်း၊ သွားကြားတွင် အစာများ ကြွင်းကျန်နေခြင်း၊ ဗီတာမင် D ချို့တဲ့ခြင်းနဲ့ အခြား ကျန်းမာရေးအခြေအနေတွေကြောင့် အက်ဆစ်ဓာတ်တွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်လာပြီး သွားပိုးပေါက်တွေကို ဖြစ်လာစေပါတယ်။ ဒီတော့ သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ သွားပိုးပေါက်တွေ ဖြစ်လာတဲ့အခါ အမြင်မလှရုံသာမက နာကျင်ကိုက်ခဲခြင်း၊ အစာစားရခက်ခဲခြင်း၊ သွားဖုံးရောင်လာပြီး ပြည်တည်နာဖြစ်လာခြင်း စတဲ့ ပြဿနာတွေအပြင် အချိန်ကြာတာနဲ့အမျှ ဆွေးမြေ့လာပြီး သွားတွေဆုံးရှုံးသွားတဲ့ထိ ဖြစ်လာနိုင်တာကြောင့် မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် သွားတွေဟာ ကျွန်ုပ်တို့ နေ့စဉ်အစာစားတဲ့အခါ မဖြစ်မနေအသုံးပြုရတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

ဒီပြဿနာဟာ သွားကိုက်ရာကနေ စပါတယ်။ နာကျင်ခြင်း၊ တစစ်စစ်ကိုက်ခြင်း စတာတွေ ကြုံရပါမယ်။ ဒီပြဿနာကို သေချာစွာ မကုသဘဲထားရင် ရောဂါပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ဒီထက်ဆိုးရင် ကိုယ်ခန္ဓာရဲ့တခြားနေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ လက္ခဏာများ သွားပိုးဝင်ခြင်းရဲ့လက္ခဏာတွေကတော့ - သွား တစစ်စစ် ကိုက်နေခြင်း - မေးရိုး၊ နားနှင့် လည်ပင်းပါ နာကျင်ကိုက်ခဲနေခြင်း (များသောအားဖြင့် ကိုက်တဲ့သွားနဲ့ တဖက်တည်းပါပဲ) - လှဲနေသည့်အချိန်တွင် ပိုကိုက်ခြင်း - ပါးစပ်ကို အထိမခံနိုင်ခြင်း - ပါးရောင်ခြင်း - လည်ပင်း အကျိတ်များရောင်ပြီး နာနေခြင်း - အဖျားတက်ခြင်း - အသက်ရှူလျှင် အနံ့မကောင်းခြင်း - ပါးစပ်အတွင်း အရသာ မကောင်းခြင်း စတာတွေ ဖြစ်ပါတယ်။ တခြားနေရာတွေကို ပျံ့သွားရင် ဘာဖြစ်နိုင်သလဲ ရောဂါပိုးဝင်ပြီး သွားကိုက်နေခြင်းကို ဂရုမစိုက်ဘဲနေရင် တခြားနေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေကိုပါ ကူးစက်သွားရင် တွေ့နိုင်တဲ့လက္ခဏာတွေကတော့ - ခေါင်းကိုက်ခြင်း - မူးဝေခြင်း - အားအင်ကုန်ခမ်းခြင်း - အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း - […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း