သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားနှင့် ခံတွင်း သန့်ရှင်းရေး

ကြက်သွန်နံ့ကို ဘယ်လိုဖျောက်မလဲ

ကြက်သွန်နီ ကြက်သွန်ဖြူဟာ အစားအသောက်ထဲမှာ အနံ့အရသာကောင်းအောင် ထည့်သွင်းနိုင်တဲ့ စားစရာဖြစ်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များစွာပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ဆိုးတာက အစိမ်းစားလိုက်ရင် အနံ့မကောင်းတော့တာပါပဲ။ သင်စကားပြောရင် ခံတွင်းကနေ အနံ့ဆိုးတွေထွက်နေမှာ အသေအချာပါပဲ။ ဒီလိုအနံ့ဆိုးထွက်ရခြင်းဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ ဆာလဖာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေ ရှိနေလို့ ဖြစ်ပါတယ်။ ဒီအနံ့ဟာ နာရီနဲ့ချီပြီး စွဲနေတတ်ပါတယ်။ အဆိုပါအနံ့တွေကို ပျောက်အောင်၊ လျော့ကျအောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါနည်းလမ်းတွေ ကြိုးစားကြည့်ပါ။ ၁။ ရေသောက်ပါ အစာစားပြီးချိန်ရေသောက်လိုက်ခြင်းဟာ ခံတွင်းထဲက ကြက်သွန်အကြွင်းအကျန်တွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် တံတွေးထွက်လာအောင်လည်း လှုံ့ဆော်နိုင်တာမို့ ခံတွင်းထဲက အနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပြီးသား ဖြစ်သွားပါတယ်။ ၂။ သွားတိုက်ပါ၊ သွားကြားထိုးပါ သွားကြားသွားဖုံးကြားမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေနဲ့ ကြက်သွန်အကြွင်းအကျန်တွေ ထိတွေ့လာရင် အနံ့ပိုဆိုးလာတတ်ပါတယ်။ အစာစားပြီး သွားကြားထိုးခြင်း၊ သွားပွတ်ကြိုးသုံးခြင်းဟာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

လျှာအရသာ ဘာကြောင့် ပျက်ရသလဲ

ကျွန်ုပ်တို့ရဲ့ လျှာမှာ စားသုံးလိုက်တဲ့ အစားအစာတွေကို ချို၊ ချဉ်၊ ငံ၊ ခါး စသည်ဖြင့် အရသာခံပေးနိုင်တဲ့ taste buds လို့ခေါ်တဲ့ အဖုလေးတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့်လည်း စုံလင်လှတဲ့ အစားအစာတွေကို ခံစားပြီး အရသာရှိရှိစားသောက်နိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို အရသာခံတဲ့ ဖြစ်စဉ်လေးတွေကို အနှောင့်အယှက်ပေးနိုင်တဲ့ အကြောင်းအရင်းလေးတွေ ရှိတာကြောင့် တစ်ခါတလေမှာ အရသာခံမရတာ၊ အရသာပြောင်းသွားတာမျိုးတွေ ခံစားရလေ့ရှိပါတယ်။ တချို့က ပါးစပ်ပျက်တယ် ဆိုပြီးလည်း ပြောလေ့ရှိပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ဘယ်လိုအကြောင်းအရင်းတွေကြောင့် လျှာအရသာ ပျက်နိုင်လဲဆိုတာနဲ့ ပတ်သတ်ပြီး မျှဝေပေးသွားချင်ပါတယ်။ ၁။ ရောဂါပိုးဝင်ခြင်း အသက်ရှူလမ်းကြောင်းထဲသို့ ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်ပိုးဝင်ပြီး နေထိုင်မကောင်းဖြစ်တဲ့အခါ၊ တုပ်ကွေးဖြစ်တဲ့အခါတွေမှာ ဖျားနာ၊ နှာစေး၊ ကိုက်ခဲ၊ နှာရည်ယို၊ နှာပိတ်တာတွေအပြင် အရသာခံတဲ့ လုပ်ငန်းလည်း […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့

အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့  ဘယ်လိုလုပ်ရမလဲ ဆိုတာကို သိပြီးပြီလား! တစ်ခါတလေမှာ ခံတွင်းနံ့ဆိုးတာက ခံတွင်း သန့်ရှင်းရေး အားနည်းလို့ မဟုတ်ဘဲ စားလိုက်တဲ့ အစားအစာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အနံ့ပြင်းတဲ့ စားစရာတွေကြောင့် ခံတွင်းအနံ့ ဆိုးတာကို သက်သာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးပါရစေ။ ခံတွင်းနံ့ဆိုး စေတဲ့ စားစရာတွေက ဘာတွေလဲ။ ခံတွင်း အနံ့ဆိုးစေတဲ့ စားစရာတွေက ကော်ဖီ တညင်းသီး ဆူးပုတ်ရွက် ကြက်သွန်နီ ကြက်သွန်ဖြူ အယ်လ်ကိုဟော ရှီတာကီမှို စတာတွေပါ။ အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့ အနံ့ပြင်းပြင်း စားစရာတွေကြောင့် ခံတွင်းနံ့ ဆိုးတာကို သက်သာစေဖို့ ဆိုရင် ရေသောက်ပါ ခံတွင်းနံ့ ဆိုးတာက ခံတွင်း ခြောက်တဲ့အခါမှာ ပိုဆိုးတတ် ပါတယ်။ ဒါကြောင့် ခံတွင်း အနံ့ဆိုးတာ သက်သာစေဖို့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းကျန်းမာရေးအတွက် တံထွေးက ဘာလုပ်ပေးသလဲ။

ပါးစပ်ထဲမှာရှိတဲ့ တံထွေးတွေက ခန္ဓာကိုယ်အတွက် အကျိုးများ ပြုရဲ့လား ညစ်ပတ်တယ်။ ရွံစရာကောင်းတယ် လို့ပဲ အမြဲတွေးနေမိလား။ ဒါဆိုရင်တော့ တံထွေးက ဘာတွေ လုပ်ပေးလဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ တံထွေး ဆိုတာ တံထွေးဆိုတာက ပါးစပ်ထဲမှာရှိတဲ့ ဂလင်း ပေါင်းများစွာကနေ ထုတ်လွှတ်လိုက်တဲ့ အရည်ကြည် တစ်မျိုးပါ။ တံထွေးမှာ antibodies နဲ့ အင်ဇိုင်းတွေ ပါဝင်နေပါတယ်။ တံထွေးက ကျန်းမာတဲ့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ များသောအားဖြင့်ကတော့ ရေနဲ့ ဖွဲ့စည်းထားတာပါ။ ဒါပေမယ့် တံထွေးက အစာခြေဖို့နဲ့ သွားတွေကို ခိုင်မာစေဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ အရာတွေ ပါဝင်နေပါတယ်။ တံထွေးက အရေးကြီးတယ်လို့ ပြောရတဲ့ အကြောင်းအရင်း တံထွေးက အရေးကြီးတယ်လို့ ပြောရတာက တံထွေးက ပါးစပ်ကို ကို စိုစွတ်စေတယ် ပါးစပ်ကို […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားနဲ့ ခံတွင်း ကျန်းမာနေတယ်ဆိုတဲ့ လက္ခဏာ (၇) ရပ်

ခံတွင်းဆိုတာ လူ့ကျန်းမာရေးရဲ့ အဓိကအကျဆုံး နေရာလို့ ဆိုကြတယ်။ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အစာအာဟာရအားလုံးဟာ ခံတွင်းကနေတဆင့် ကိုယ်တွင်းကို ဝင်ကြရတယ်မဟုတ်လား။ ဒီတော့ ခံတွင်းမကျန်းမာတဲ့အခါ အစားအသောက်ပါ တစ်ခါတည်းပျက်ရပါတယ်။ ဒါမှမဟုတ် ဆာနေလျက်နဲ့ မစားရတာမျိုးလည်းဖြစ်တတ်ပါသေးတယ်။ ဒီလိုအရေးကြီးလှတော့ မိမိရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရေးဟာ လူတိုင်းအတွက် အထူးအရေးပါနေတော့တာပေါ့။ လူတစ်ယောက်အနေနဲ့ မိမိရဲ့ ခံတွင်း ကျန်းမာလား မကျန်းမာလားဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်ချက်ကတော့ အားနည်းနေတဲ့၊ ချို့ယွင်းနေတဲ့ နေရာကို ကုစားဖို့ဖြစ်ပြီးတော့ နောက်တစ်ချက်ကတော့ ကျန်းမာနေတယ်ဆိုရင် ဂုဏ်ယူဖို့အတွက်ပါပဲ။ လူအများစုဟာ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာအမြဲရှိနေတတ်တာမို့ တကယ်လို့ ကိုယ်ကကျန်းမာနေတယ်ဆိုရင် အရမ်းကို ဂုဏ်ယူဖို့ ကောင်းနေပြီလေ။ ကဲ သင့်ရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရဲ့လားဆိုတာကို အောက်ကအချက်တွေနဲ့ ကိုက်ညှိပြီး ဆန်းစစ်ကြည့်ရအောင် […]


သွားနှင့်မေးရိုးခွဲစိတ်ကုသမှုများ

အံကပ်တပ် ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

အသက်ကြီးလို့ သွားတွေ မကောင်းတော့ဘူးဆိုရင် စားဖို့၊ စကားပြောဖို့ အခက်အခဲရှိလာတတ်ပါတယ်။ ခုခေတ်မှာ ဆေးပညာတွေ တိုးတက်နေပြီဆိုတော့ ဒါဟာ ပြသနာ တစ်ခု မဟုတ်တော့ပါဘူး။ အသက်ကြီးတော့ သွားမကောင်းတော့ရော ဘာဖြစ်လဲ။ ဆေးပညာနဲ့ ပြုပြင်လိုက်ရင် အရင်လိုပဲ စားလို့ သောက်လို့ ရသွားတာပေါ့။ ဒီလို လွယ်ကူအောင် လုပ်ပေးတဲ့ထဲမှာ အံကပ်တပ် တာလည်း အပါအဝင်ပါပဲ။ ခုခေတ် ဘိုးဘိုးဘွားဘွားတွေ အတွက်တော့ အံကပ်တပ်တာဟာ မထူးဆန်းတော့တဲ့ ကိစ္စပါပဲ။ ဒါကြောင့် အိမ်က ဘိုးဘိုးဘွားဘွားတွေကို အံကပ်တပ်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုရင် သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို အရင်လေ့လာကြည့်ရအောင်ပါ။ အံကပ်တပ် ခြင်းရဲ့ ကောင်းကျိုးများ အစာစားရလွယ်လာတယ်။ အံကပ်တပ်ရတဲ့ အကြောင်းရင်းကလည်း ဒါကြောင့်ပါပဲ။ ငယ်ငယ်တုန်းကလို ကြက်ပေါင်တုံးကြီးကို မကိုက်နိုင်သည့်တိုင်အောင် ပုံမှန်စားတာ သောက်တာလောက်တော့ ကောင်းကောင်း လုပ်နိုင်ပါတယ်။ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ဘိုးဘိုးဘွားဘွားတွေအတွက် အံကပ် သန့်ရှင်းရေးလုပ်နည်း

အသက်လေးကြီးလာလို့ စားလို့ ဝါးလို့ မကောင်းတော့ရင်၊ သွားတွေ မစုံတော့ဘူးဆိုရင် သွားစိုက်မှာလား၊ အံကပ် တပ်မှာလား စဉ်းစားလာကြပါပြီ။ ဒီထဲမှာ အံကပ်တပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ဘိုးဘိုးဘွားဘွားတွေများရှိရင် ဒီအံကပ်ကို ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲဆိုပြီး စဉ်းစားနေကြမှာပါ။ အံကပ်ဆိုတာ ကိုယ့်ရဲ့ မွေးစားသွားတွေပါပဲ။ ဒါကြောင့် ကိုယ်ပိုင်သွားတွေလိုပဲ ဂရုစိုက်ရမှာပါ။ သွားတိုက်ဖို့လိုသလို အံကပ်တွေကိုလည်း ပုံမှန် သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။ သွားဆရာဝန်က သေသေချာချာ ရှင်းပြလိုက်ပေမယ့် ဘိုးဘိုးဘွားဘွားတွေက အကုန်မှတ်မိချင်မှ မှတ်မိမှာပါ။ ဒါကြောင့် အိမ်မှာရှိတဲ့ သားသမီးတွေ မြေးတွေက အံကပ်သန့်ရှင်းရေးလုပ်နည်းကို သေသေချာချာ ပြန်ရှင်းပြနိုင်ဖို့ လိုပါတယ်။ အံကပ် တွေကို ကြာကြာလည်းတပ်ချင်တယ်၊ သန့်သန့်ရှင်းရှင်းလည်း ထားချင်တယ်ဆိုရင် အစာစားပြီးတိုင်း အံကပ်ကို ဖြုတ်ပြီး ဆေးပေးပါ။ ဘေစင်အောက်မှာ ရေဖွင့်ပြီး ရေနိုင်နိုင်နဲ့ ဆေးပေးတာက […]


သွားပြဿနာများ

သွားထိန်း လေးတွေတပ်ထားပြီး သွားဖုံးရောင်လာတဲ့အခါ

ယနေ့ခေတ်ကြီးမှာ အပြုံးလေးတွေလှလာဖို့၊ သွားလေးတွေညီဖို့ ဆိုပြီး braces လို့ခေါ်တဲ့ သွားထိန်း စွပ်လေးတွေ တပ်ဆင်တာလေးတွေ ခေတ်စားလာကြပါတယ်။ သွားထိန်းစွပ်လေးတွေ တပ်တာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သွားထိန်းစွပ်လေးတွေ တပ်ထားရင်း သွားနာတာ၊ သွားဖုံးလေးတွေ ရောင်လာတာ၊ စားချင်တာတွေမစားရတာ၊ သေသေချာချာဂရုစိုက်ပေးရတာမျိုးတွေ အများကြီးရှိပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ သွားထိန်းစွပ်လေးတွေတပ်ထားတဲ့ သူတွေမှာ အဖြစ်များတဲ့ သွားဖုံးရောင်ခြင်းပြသနာ အကြောင်းကို မျှဝေပေးသွားမှာပါ။ https://hellosayarwon.com/oral-health/cosmetic-dentistry/benefits-of-dental-braces/ သွားထိန်း တပ်ထားတဲ့ သူတွေမှာ ဘာလို့ သွားဖုံးရောင်တာတွေ အဖြစ်များလဲ။ ၁။ သန့်ရှင်းမှုပိုင်းမှာ အားနည်းတာကြောင့်။ များသောအားဖြင့် သွားထိန်း လေးတွေရှိနေတာကြောင့် သွားကို သေသေချာချာသန့်ရှင်းရေးလုပ်ဖို့ မလွယ်ကူတာကြောင့် အဖြစ်များပါတယ်။ သွားကို သန့်ရှင်းရေး ကောင်းကောင်းမလုပ်နိုင်တဲ့အခါ သွားချေးတွေ၊ အစာအကြွင်းအကျန်တွေ စုပုံလာပြီး ဘက်တီးရီးယားပိုးမွှားလေးတွေ ပေါက်လာနိုင်ပါတယ်။ ၂။ သွားလေးတွေ နေရာအနည်းငယ်ရွေ့သွားတာကြောင့်။ Braces လေးတွေက သွားလေးတွေကို […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနံ့က ပြောပြနေတဲ့ သင့်ရဲ့ ကျန်းမာရေးအခြေအနေများ

လူတစ်ယောက်ရဲ့ ပါးစပ်ကနေ အနံ့ဆိုး တစ်စုံတစ်ရာ ထွက်နေပြီဆိုရင် လူတော်တော်များများက မသိမသာလေး ကျဉ်သွားကြပါတယ်။ ထုတ်ပြောလို့ကလည်း အားနာစရာ၊ အနားမှာ နေဖို့ကလည်း အဆင်မပြေနဲ့မဟုတ်လား။ တကယ်တော့ ခံတွင်းအနံ့ဆိုးထွက်နေတဲ့ လူတစ်ယောက်နဲ့စကားပြောဖြစ်နေပြီဆိုရင် သူ့ကို အသိပေးလိုက်ပါ။ ဒါက သူ့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုခြင်းတစ်မျိုးဖြစ်သလို သူ့ကို ကူညီရာလည်း ရောက်ပါတယ်။ ခံတွင်းအနံ့ဆိုးတာဟာ ယျေဘုယျအားဖြင့် ခံတွင်းမသန့်ရှင်းလို့၊ အနံ့ပြင်းတဲ့အစားအစာတွေ မှီဝဲစားသောက်ထားလို့၊ အရက်သေစာနဲ့ ဆေးလိပ်မှီဝဲထားလို့လည်းဖြစ်နိုင်သလို ကျန်းမာရေးပြဿနာတစ်စုံတစ်ရာ ရှိနေတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါတင်မကပါဘူး။ ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေရဲ့ နိမိတ်လက္ခဏာတွေလည်းဖြစ်နေနိုင်တာကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုးဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတွေကို အောက်မှာ စုစည်းဖော်ပြပေးထားပါတယ်။ Morning Breath လူတစ်ယောက် အိပ်ပျော်နေချိန်မှာ ဟောက်တတ်တာကို သဘာဝဖြစ်စဉ်တစ်ခုအဖြစ် အတော်များများက မှတ်ယူတတ်ကြတယ်။ တကယ်တမ်းကတော့ ဟောက်တာဟာ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ အိပ်နေစဉ်ဟောက်တာဟာ Sleep […]


အခြားခံတွင်းရောဂါ ပြဿနာများ

သင်ဘာလို့ ခံတွင်းအနံ့ဆိုးရွားနေတာလဲ

ခံတွင်းကနေ အနံ့ဆိုးတွေ ထွက်တာ (Bad Breath or Halitosis or Oral Malodor) ကို လူတိုင်းကြုံဖူးကြပါတယ်။ အနံ့ပြင်းတဲ့အစားအစာတွေစားသောက်တာ၊ ခံတွင်းကို သန့်ရှင်းအောင် မထားတာတွေကြောင့် ခံတွင်းအနံ့ဆိုးထွက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခံတွင်းအနံ့ဆိုးထွက်တာတိုင်းက ဒီလိုအချက်တွေကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ တခြားသောအကြောင်းအရင်းတွေကြောင့်လည်း ခံတွင်းအနံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။ တစ်ခါတစ်ရံမှာဆိုရင် နာတာရှည်ခံတွင်းအနံ့ဆိုးထွက်တဲ့ရောဂါ (Chronic Halitosis) လည်းဖြစ်နေနိုင်ပါတယ်။ ယေဘုယျအားဖြင့် ခံတွင်းအနံ့ဆိုးတွေ ထွက်ပေါ်လာစေတဲ့ အကြောင်းအရင်း အမြောက်အများ ရှိပါတယ်။ အဓိက အကျဆုံးအချက်ကတော့ ၁၀ ချက်ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီအချက် ၁၀ ချက်ကို ဖော်ပြပေးသွားမှာပါ။ ခံတွင်းသန့်ရှင်းရေး အခြေအနေ အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။ သွားပုံမှန်မတိုက်တာ၊ တိုက်ဖြစ်ရင်တောင်မှ လျှာနဲ့ အာခံတွင်း တစ်ခုလုံးကို သန့်စင်အောင် မသန့်ရှင်းတာတွေက သင့်ကို ခံတွင်းအနံ့ဆိုးစေနိုင်ပါတယ်။ ဒီအချက်ကြောင့် သွားဖုံးရောင်တာ၊ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း