home

သွားအလှပြုပြင်ခြင်း

သွားအလှပြုပြင်ခြင်း သည် ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့အပြင် မိမိကိုယ်မိမိလည်း ယုံကြည်မှု တိုးစေနိုင်လို့ ဘယ်လိုပြုပြင်နိုင်သလဲဆိုတာ သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွားအလှပြုပြင်ခြင်း

သွားတွေမညီလို့၊့ သွားကျဲနေလို့ သွားခေါနေလို့ဆိုပြီး ကိုယ့်သွားကိုယ် စိတ်တိုင်းမကျတဲ့သူတွေ အများကြီးရှိမှာပါ။ ဒီလို စိတ်တိုင်းမကျတဲ့သူတွေအတွက် သွားထိန်းကသာ တစ်ခုတည်းသော ဖြေရှင်းပေးနိုင်တဲ့ အရာပါ။ မညီတဲ့သွားတွေကို ပြန်ညှိပေးမယ်၊ ကျဲနေတဲ့သွားတွေကို ပြန်စိပေးမယ် ခေါနေတဲ့သွားတွေကို ပြန်ဝင်ောအင် လုပ်ပေး နိုင်တာ သွားထိန်းလို့ခေါ်တဲ့ ( braces) တွေပါ။ သွားထိန်းတစ်ခုတော့မယ်လို့ဆုံးဖြတ်ထားရင် စိတ်ရှည်ရမယ်။ - ဒီနေ့တပ် နောက်တစ်ပါတ်လောက်ဆို သွားတွေကို ပြန်ညှိနိုင်တာမဟုတ်ဘူးလေ။ သွားထိန်းတပ်ထားတဲ့အချိန် အနည်းငယ်ပြောင်းနေတဲ့ ကိုယ့်ရုပ်ကို သည်းခံနိုင်ရမယ်။ သွားထိန်းနဲ့ သွားတွေကို သေချာ သန့်ရှင်းရေးလုပ်တတ်ရမယ်။ အစားရှောင်ရမယ်။ ဒီအချက်တွေ လိုက်နာနိုင်မှ သွားထိန်းတပ်သင့်ပါတယ်။ သွားတိုက်တာ၊ စိတ်ရှည်ရမယ်ဆိုတာတွေက သိပြီးပြီးဆိုတော့ ဒီနေ့ဆောင်းပါးထဲမှာ သွားထိန်းတပ်ထားရင် ရှောင်ရမယ့် အစားအစာတွေ အကြောင်းပြောပြချင်ပါတယ်။ အစားအစာတွေရှောင်ရမယ့်သူတွေထဲမှာ ချွတ်ရတပ်ရလွယ်တဲ့ ပလစ်စတစ်သွားထိန်း ( Invisalign plastic aligners […]

သွားအလှပြုပြင်ခြင်း

သွားမှာတပ်တဲ့စတီးကြိုးလို့ပြောလိုက်တာနဲ့စာကြမ်းပိုး လေးလုံးလေး ဝက်ခြံတွေဗရပွတွေရှိပြီး အများနဲ့ဘောင်မဝင်၊ အပေါင်းအသင်းမဆံ့တဲ့ အူကြောင်ကြောင်ကောင်လေး ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ကို မျက်လုံးထဲပြေးမြင်ကြပါလိမ့်မယ်။ ဒါဟာ ဟိုးအရင်တုန်းကတော့ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒီဖက်ခေတ်မှာတော့ အရွယ်ရောက်ပြီးသူတွေဟာလည်း ဒီသွားစတီးကြိုးတွေကို တပ်လာကြပြီ ဖြစ်ပါတယ်။ ဒါဟာ အလျင်အမြန်ကြီးထွားလာတဲ့ ခေတ်ရေစီးကြောင်း ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေလည်း သွားမှာစတီးကြိုးတပ်တဲ့အကြောင်းနဲ့ဒီလိုမျိုးတပ်သင့်မတပ်သင့်သိရှိစေနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ အရွယ်ရောက်ပြီးသူတွေ ဘာလို့များ သွားမှာတပ်တဲ့ စတီးကြိုးကိုအသုံးပြုကြတာလဲ။ ကျွန်တော်တို့တွေ တဖြည်းဖြည်းနဲ့အသက်ကြီးလာသလို သွားတွေဟာလည်း အသက်ကြီးလာပါတယ်။ ဒီလိုအသက်ကြီးလာတာနဲ့အမျှ ထိခိုက်ဒါဏ်ရာရမှုတွေ၊ ရေခဲတုံးကိုက်တာလိုမျိုး မကောင်းတဲ့အလေ့အထတွေ၊ လျှာနဲ့ထိုးထိုးနေတတ်တာတွေ ဒါမှမဟုတ် သူ့အလိုလို ဖြစ်လာတာတွေ စတဲ့အကြောင်းရင်းတွေကြောင့် သွားတွေဟာ ကျိုးတာ၊ ပဲ့တာ၊ ရွဲ့တာ၊ ထပ်တာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ သွားထပ်တာမျိုးဖြစ်တဲ့အခါမှာ ပုံမှန်အတိုင်း နေသားတကျ ဖြစ်နေစေဖို့အတွက် စတီးကြိုးတွေကို အသုံးပြုဖို့လိုအပ်လာပါတယ်။ လူအများအပြားဟာ ငယ်စဉ်ကတည်းက သွားတွေတစ်ချောင်းပေါ် တစ်ချောင်း […]

သွားအလှပြုပြင်ခြင်း ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon