သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ

ဟင်းရည် ပူပူလေး သောက်မိတာ၊  လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း စတာတွေကို ပူပူလောလော သောက်မိလိုက် တဲ့အခါ ပြန်ထွေးထုတ်ဖို့ ခက်ပြီး လျှာကျက်သွားတာမျိုး တော်တော်များများ ဖြစ်ဖူးမယ် ထင်ပါတယ်။ လျှာကျက်တာက ကြီးကြီးမားမား ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် အစားအစာတွေကို သေချာ အရသာ ခံလို့ မရဘဲ စားရသောက်ရ အရသာ မရှိတာမျိုး ခံစားရနိုင် ပါတယ်။ ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ မြန်မြန် သက်သာအောင် ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ဒီဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ လျှာကျက်တယ်ဆိုတာ ဘာလဲ............ လျှာကျက်တယ် ဆိုတာက နေ့စဉ် ဖြစ်နေကျ မတော်တဆ ထိခိုက်မှု တစ်ခုလို့တောင် ဆိုလို့ရတဲ့ အရာပါ။ လူတော်တော်များများ ဖြစ်ဖူးကြတဲ့ ပြဿနာ တစ်ခုပေါ့။ အရမ်း […]


သွားပြဿနာများ

သွားထပ် လေးတွေက သင့်ရဲ့ ထူးခြားမှုတစ်ခုပါ။

သွားတွေ ထပ်နေလို့ ကြည့်လို့ မကောင်းဘူး ထင်နေတာလား။ အရင်ဆုံး သိရမှာက သွားထပ် တာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကလေးတွေရော လူကြီးတွေရော သွားထပ်တတ်ပါတယ်။ ပြီးတော့ သွားထပ်တာကို မဖြစ်မနေ ပြန်ပြင်စရာ မလိုပါဘူး။ သွားထပ်လေးတွေက သင့်ရဲ့ ချစ်မွှေးပါ။ တချို့ဆို သွားထပ်လေးတွေနဲ့ သိပ်ကို ချစ်စရာကောင်းပြီး ဆွဲဆောင်မှု ရှိပါတယ်။ သင့်ကို ထူးခြားစေတဲ့ အမှတ်အသား တစ်ခုပါပဲ။ လူတွေက သွားထပ်ကြောင့် ကိုယ့်ကိုယ်ကိုယ် မလှဘူးထင်ရင်၊ စကားပြောရတာ အဆင်မပြေရင်၊ တခြား သွားနဲ့ ခံတွင်း ရောဂါတစ်ခုခု ဖြစ်လာမှပဲ ပြန်ညှိကြတာပါ။ ဒီတိုင်းထားလိုက်တာများပါတယ်။ ကိုယ့်ရဲ့ ထူးခြားတဲ့ သွားထပ်လေးတွေက ဘယ်ကဘယ်လို ဖြစ်လာတာလဲ။ တစ်ချိန်ချိန်မှာ စိတ်ကူးပြောင်းသွားလို့ ပြင်ချင်တယ်ဆိုရင် ဘယ်လို ကုသမှုတွေ ရှိလဲဆိုတာ […]


သွားပြဿနာများ

သွားကျဲ လို့ စိတ်ညစ်နေပြီလား

အားရပါးရ ပြုံးလိုက်မယ်လို့ ကြံလိုက်ကာမှ သွားကျဲ နေလို့ အသာလေး ပါးစပ်ပိတ်နေလိုက်ရသူတွေ ရှိလား။ သွားကျဲတာက သွားပြဿနာချည်းပဲ မဟုတ်ပါဘူး။ ဘယ်သူမှ မပြောပေမယ့် ကိုယ့်ဟာကိုယ်တော့ ယုံကြည်မှုနည်းတာပေါ့။ ရှေ့သွားကျဲနေရင် ပိုဆိုးသေး။ စကားတောင် ခပ်ဟဟ မပြောရဲဘူး။ ငါ ဘာတွေများ လုပ်မိလို့ သွားကျဲရတာလဲလို့ရော တွေးဖူးလား။ ငယ်ငယ်ကတော့ လူကြီးတွေက သွားကျိုးရင် သွားဖုံးကို လျှာနဲ့ သွားမထိုးနဲ့၊ သွားခေါလိမ့်မယ်လို့ ပြောဖူးတယ်မလား။ ဒီလိုမျိုးတွေ လုပ်မိလို့ သွားကျဲတာလား။ ဒီလို ကျဲတဲ့အတိုင်းပဲထားရမှာလား။ ဘာမှလုပ်လို့ မရတော့ဘူးလားဆိုတာ ကြည့်ကြည့်ရအောင်။ သွားကျဲတာက ဘယ်သွားမှာမဆို ဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူတွေက ရှေ့သွားကျဲမှပဲ ဂရုစိုက်ကြတာပါ။ ဘာလို့ဆို ကြည့်လို့မကောင်းဘူး ထင်တာကိုး။ သွားကျဲတာကို ဆေးပညာအရ Diastemaလို့ ခေါ်ပါတယ်။ ကလေးမှာရော၊ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ကိုယ်သုံးနေတဲ့ သွားပွတ်တံက ကိုယ်နဲ့ အဆင်ပြေရဲ့လား ဘယ်လိုသိနိုင်မလဲ...........

ဖြူဖွေးသန့်စင်နေတဲ့ သွားတွေ၊ အနံ့အသက်ကင်းတဲ့ ခံတွင်းနံ့တို့က သင့်ကို ယုံကြည်မှု တိုးစေတဲ့အရာတွေဟုတ်။ ဒီခံတွင်းနံ့ သန့်ရှင်းစေဖို့ အထောက်အပံ့ပေးနေတဲ့ အရာလေးတွေ ရှိပါတယ်။ ဒါကတော့ ကောင်းမွန်တဲ့ သွားတိုက်ဆေးရယ် သွားနဲ့ အဆင်ပြေသင့်တော်တဲ့ သွားပွတ်တံရယ်ပါ။ သွားနဲ့ခံတွင်း ကျန်းမာစေဖို့ သွားတိုက်ဆေးက အရေးပါတယ်ဆိုပေမယ့် သွားတိုက်ဆေး ဘယ်လောက်ကောင်းကောင်း သွားပွတ်တံက အရည်အသွေးမကောင်းဘူးဆိုရင် သွားနဲ့ခံတွင်းကျန်းမာရေးကို ထိထိရောက်ရောက် မထောက်ပံ့ပေးနိုင်ပါဘူး။ ဒီတော့ ခံတွင်းကျန်းမာဖို့ဆိုရင် မဖြစ်မနေ ဂရုစိုက်ရမှာက သွားပွတ်တံပါ။ သွားပွတ်တံရဲ့ ဇစ်မြစ်  သွားကို သန့်ရှင်းရေးလုပ်ပေးတဲ့ အရာတွေက ဘီစီ ၃၅၀၀ နောက်ပိုင်းမှာ စတင်ပေါ်ထွက်ခဲ့တယ်။ ဘေဘီလုံလူမျိုးတွေနဲ့ အီဂျစ်လူမျိုးတွေက သစ်ခက်လေးတွေရဲ့ တစ်ဖက်ကို ဖွာနေအောင်လုပ်ပြီး ဖွာနေတဲ့အစွန်းဘက်နဲ့ သွားကို သန့်ရှင်းကြတာပါတဲ့။ ၁၆၀၀ ဘီစီမှာတော့ တရုတ်လူမျိုးတွေက ခံတွင်းအနံ့ဆိုးကင်းစေဖို့အတွက် မွှေးကြိုင်တဲ့ သစ်ပင်တွေရဲ့အစိတ်အပိုင်းတွေကို ဝါးပြီး […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

စိတ်ဖိစီးမှုကြောင့် သွားနဲ့ ခံတွင်းကို ထိခိုက်နိုင်ပါတယ်

စိတ်ဖိစီးမှုများတဲ့အခါ ပြင်ပရောဂါဝေဒနာတွေရဲ့ အန္တရာယ်တွေလည်း အလွယ်တကူ သက်ရောက်လာနိုင်တယ်ဆိုတာကို လူတော်တော်များများသိကြပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုဟာ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ လူသိနည်းပါတယ်။ ခံတွင်းနံ့ဆိုးတာလိုပြဿနာမျိုးတွေကနေ သွားဖုံးသွေးယိုတာအထိ ခံတွင်းနဲ့သက်ဆိုင်တဲ့ ဝေဒနာအများအပြားဟာ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေပါတယ်။ မိမိမှာ စိတ်ဖိစီးမှုပြဿနာကြီးကြီးမားမား ရင်ဆိုင်လာနေရပြီဆိုရင် အောက်ပါ သွားနဲ့ ခံတွင်းဆိုင်ရာ ဝေဒနာမျိုးတွေကို ခံစားရနိုင်ပါတယ်။ သွားအရောင်တောက်ပမှု လျော့ပါးလာတာ သွားအရောင်တောက်ပမှု လျော့ကျတာလို ရေတိုပြဿနာတွေဟာ ပုံမှန်ကျန်းမာရေး အခြေအနေတွေနဲ့သာမကပဲ စိတ်ဖိစီးမှုများနေတာနဲ့လည်း သက်ဆိုင်နေလေ့ရှိတယ်လို့ သွားကျန်းမာရေးပညာရှင်တွေကဆိုထားပါတယ်။ လေ့လာချက်တွေအရ ဒီလိုသွားအရောင်မတောက်ပတော့တာဟာ စိတ်ဖိစီးမှုနဲ့ ၇၀% လောက်အထိ သက်ဆိုင်မှုရှိနေတယ်လို့ ဆိုပါတယ်။ သွား၊ မေးရိုးကိုက်ခဲတာ သွားကိုက်တာဟာ အကြောင်းအရာင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ၃၀% လောက်ကတော့ စိတ်ဖိစီးမှုကြောင့်ပါ။ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ သွားကိုက်ဝေဒနာကို Temporomandibular Disorder (TMD) ဒါမှမဟုတ် Myofascial […]


သွားပြဿနာများ

အိပ်နေစဉ် သွားကြိတ် ခြင်း

တချို့လူတွေက နိုးနေတုန်းပဲ ဖြစ်ဖြစ်၊ အိပ်နေတုန်းပဲ ဖြစ်ဖြစ် သွားကြိတ် တတ်တဲ့ အကျင့်ရှိပါတယ်။ ဆေးပညာအရ Bruxism လို့ ခေါ်ပါတယ်။ အခြေအနေသိပ်မဆိုးရင် သွားကြိတ်တာက ကုစရာမလိုပါဘူး။ ဒါပေမယ့် အကျင့်တစ်ခုလို ဖြစ်လာမယ်။ သွားနဲ့ မေးရိုးတွေ ထိခိုက်လာမယ်။ ခေါင်းတွေကိုက်လာတဲ့အထိ ဆိုးလာရင်တော့ ကုသမှု ခံယူရပါမယ်။ သွားကြိတ်တာနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာကြည့်ရအောင်။ ဘာလို့ သွားကြိတ် တာလဲ။ ဘာကြောင့် သွားကြိတ်တာလဲဆိုတာ ပြောရခက်ပါတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ မျိုးဗီဇကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ သွားကြိတ်တာကို ၂မျိုး ခွဲလို့ရပါတယ်။ နိုးနေစဉ် သွားကြိတ်ခြင်း (Awake bruxism) - ဒါက စိတ်ခံစားချက်တွေ ဖြစ်တဲ့ စိတ်လှုပ်ရှားတာ၊ ဒေါသထွက်တာ၊ စိတ်ရှုပ်တာ၊ စိတ်တင်းကြပ်လာရင် ဖြစ်တတ်ပါတယ်။ တချို့တွေကလည်း […]


ကလေးသွားကျန်းမာ​ရေး

ကလေးငယ်နှင့် သွား ကျန်းမာရေး

ကလေးငယ်လေးတွေရဲ့ သွား လေးတွေဟာ သေးငယ်ပေမယ့် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ သွားနဲ့ သွားဖုံးကျန်းမာရေးမကောင်းတဲ့အခါ သင့်ကလေးလေးဟာ အစာကောင်းကောင်းဝါးနိုင်မှာ မဟုတ်သလို ရှင်းရှင်းလင်းလင်း စကားပြောနိုင်ဖို့အတွက်ကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေရဲ့ သွားကျန်းမာရေး ကို ဂရုမစိုက်မိဘူးဆိုရင် သွားပိုးစားခြင်း၊ သွားအပေါက်ဖြစ်ခြင်း၊ နဲ့ ဆွေးမြေ့လာခြင်းတွေအပြင် အခြားသွားပြဿနာတွေလည်း အများကြီးဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် သွား နဲ့ သွားဖုံး ကျန်းမာရေးဟာ ကလေးငယ်လေးတွေအတွက် အင်မတန်အရေးကြီးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိမိတို့ ကလေးငယ်လေးတွေရဲ့ သွားနဲ့ သွားဖုံးကျန်းမာရေးအတွက် ဘာတွေကို ဂရုစိုက်လုပ်ဆောင်ကြမယ်ဆိုတာလေး ပြောပြပေးသွားပါမယ်။ ၁။ သွားမပေါက်သေးတဲ့ မွေးကင်းစ ကလေးလေးတွေမှာ သွားဖုံးကို ဂရုစိုက်ပေးပါ။ ကလေးငယ်လေးရဲ့ သွားဖုံးလေးတွေမှာ ဘက်တီးရီးယားပိုးလေးတွေ ကပ်တွယ်နေနိုင်ပါတယ်။ ဒါ့ကြောင့် နူးညံ့ပြီး ရေဆွတ်ထားတဲ့ အဝတ်စလေးတစ်ခုခု (သို့) ပတ်တီးစလေးတွေလေးတွေကို […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားပွတ်တံ ကို စနစ်တကျ ဘယ်လို သိမ်းဆည်းမလဲ။

သွားပွတ်တံ ဟာ သွားကို သန့်ရှင်းရေး လုပ်တဲ့အရာဖြစ်လို့ သူကိုယ်တိုင်ကိုလည်း သန့်သန့်ရှင်းရှင်းဖြစ်အောင် ထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် တစ်နေ့နှစ်ခါ ကိုယ့်ပါးစပ်ထဲကို ရောဂါပိုးတွေ ထည့်သွင်းသလို ဖြစ်နေမှာပါ။ သွားတိုက်ပြီးလို့ သွားပွတ်တံကို ရေနဲ့ဆေးချလိုက်ရင် ပြောင်တယ်လို့ ထင်ရပေမယ့် လက်တွေ့မှာတော့ ဒီလိုမဟုတ်ပါဘူး။ မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေ ကပ်ညှိနေနိုင်ပါသေးတယ်။ ဒါကြောင့် သွားပွတ်တံကို စနစ်တကျ ဘယ်လို သိမ်းဆည်းမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ သွားပွတ်တံ ကို ဘယ်လို သန့်ရှင်းအောင် ထားကြမလဲ။ သွားပွတ်တံကို သိမ်းဆည်းနည်း သွားပွတ်တံကို အလုံပိတ်ပြီး မသိမ်းပါနဲ့။ အလုံပိတ်ပြီး သိမ်းတာက စိုထိုင်းဆပိုများစေပြီး ဘက်တီးရီးယားတွေ အလွယ်တကူ ပေါက်ပွားနိုင်ပါတယ်။ ခရီးသွားရင်တော့ သွားပွတ်တံကို ဘက်တီးရီးယားတွေ မကပ်ငြိအောင် အလုံပိတ်ဘူးထဲ ထည့်လို့ရပါတယ်။ ဒါပေမယ့် သွားပွတ်တံက ခြောက်သွေ့နေဖို့တော့ လိုပါတယ်။ သွားပွတ်တံအစွပ်ကိုလည်း သန့်ရှင်းအောင်ထားပါ။ […]


သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားဖုံး သွေးယိုတာ ဘာကြောင့်လဲ

သွားတိုက်လိုက်တိုင်းမှာ သွားဖုံး က သွေးထွက်နေပြီလား။ ဒါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတော်တော်များများက သွားတိုက်ရင် သွားဖုံးက သွေးထွက်တတ်ပါတယ်။ ဘာမှမလုပ်ဘဲ ဒီတိုင်းနေရင်း သွေးထွက်တာမျိုးလည်း ရှိပါတယ်။ သွားဖုံးသွေးယိုတာက သွားနဲ့ ခံတွင်း ပြဿနာကြောင့် ဖြစ်နိုင်သလို တခြား ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာ သွားဖုံးက သွေးထွက်ရင် ဘာရောဂါတွေ ဖြစ်နိုင်လဲ။ ဘယ်လို လုပ်ကြမလဲဆိုတာ ပြောပြပေးပါ့မယ်။ သွားဖုံး က သွေးထွက်ရသည့် အကြောင်းရင်းများ သွားဖုံးရောင်ရမ်းခြင်း သွားဖုံးသွေးယိုစေတဲ့ အထဲမှာ အဖြစ်အများဆုံး အကြောင်းရင်းကတော့ သွားဖုံးရောင်တာပဲ ဖြစ်ပါတယ်။ အဖြစ်များပေမယ့် သိပ်တော့ မပြင်းထန်တတ်ပါဘူး။ သွားချေးကျောက်တွေကြောင့် ရောင်တာများပါတယ်။ ရောင်နေတဲ့ သွားဖုံးက အထိမခံပါဘူး။ နီရဲပြီး ဖောင်းကြွနေတတ်ပါသေးတယ်။ ဒါကြောင့် သွားတိုက်လိုက်တိုင်း သွေးထွက်တာပေါ့။ ရေစီးကမ်းပြိုခြင်း သွားဖုံးရောင်တာကို ဒီတိုင်းထားလိုက်မယ်ဆိုရင် […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ခံတွင်းအနံ့ မနံအောင် ဘာတွေဂရုစိုက်သင့်လဲ။

လူအများစုဟာ ခံတွင်းအနံ့ နံတဲ့ ပြသနာနဲ့ တွေ့ကြုံနေရပါတယ်။ ခံတွင်းအနံ့နံခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းစေနိုင်ရုံသာမက အခြားသူကိုလည်း စိတ်အနှောက်အယှက် ဖြစ်စေနိုင်တဲ့ ပြသနာကြီးတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို ခံတွင်းနံ့နံတာတွေ ဘာ့ကြောင့် ဖြစ်ရတယ်၊ မဖြစ်အောင် ဘယ်လို ဂရုစိုက်ပေးသင့်တယ် ဆိုတဲ့ အချက်တစ်ချို့ကို ဒီဆောင်းပါးလေးမှာ မျှဝေပေးချင်ပါတယ်။ (၁) တစ်နေ့ နှစ်ကြိမ် ပုံမှန် သွားတိုက်ပေးပါ။ သွားသန့်ရှင်းရေးအားနည်းပြီး စားကြွင်းစားကျန်တွေ သွားထဲမှာ ကျန်ခဲ့တဲ့အခါ ဆွေးမြေ့လာတဲ့ အစားအစာတွေ နဲ့ ဘက်တီးရီးယားတွေ ပေါင်းစည်းပြီး ဆိုးရွားတဲ့ အနံ့ကို ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် အစာအကြွင်းအကျန်တွေကို ဖယ်ရှားဖျက်ဆီးပေးနိုင်တဲ့ fluoride ပါတဲ့ သွားတိုက်ဆေးနဲ့ အစာစားပြီးချိန် (သို့) အနည်းဆုံး ပုံမှန် တစ်နေ့နှစ်ကြိမ် တိုက်ပေးဖို့ လိုအပ်ပါတယ်။ သွားကြားမှာ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)