home

သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားဖုံးနှင့် ခံတွင်းရောဂါများ နဲ့ ပတ်သက်ပြီး အဖြစ်များတဲ့ အမျိုးအစားတွေ၊ ရောဂါလက္ခဏာတွေ၊ ကုသနည်းတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားတိုက် တာ သွားကျန်းမာရေးအတွက်ပဲ မဟုတ်ပါဘူး။ သွားနဲ့ ခံတွင်း ကျန်းမာရေးက သင်ထင်ထားတာထက် အများကြီး ပိုအရေးကြီးပါတယ်။ နှလုံးရောင်တာက စလို့ အယ်ဇိုင်းမား ရောဂါအထိ သွားတိုက်တာက အရေးပါတယ်လို့ ပြောရင် ယုံမလားမသိ။ သွားတိုက် တာနဲ့ ကျန်းမာရေး ဘယ်လို ဆက်စစ်နေတာလဲ။ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာလည်း ဘက်တီးရီးယားတွေ ရှိပါတယ်။ အများစုကတော့ အန္တရာယ် မပေးပါဘူး။ ဒါပေမယ့် ခံတွင်းက ရောဂါတွေရဲ့ ဝင်ပေါက်ဆိုတာကိုလည်း မမေ့ပါနဲ့။ ဒီကနေ အစာခြေလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းထဲကို ပိုးတွေ အများကြီး ဝင်သွားနိုင်တယ်လေ။ ပုံမှန်ဆို လူတစ်ယောက်က ခုခံအားလည်း ကောင်းနေမယ်။ သွားသန့်ရှင်းရေးလည်း ပုံမှန်လုပ်ပေးမယ်ဆိုရင် ဘက်တီးရီးယားတွေက မသောင်းကျန်းနိုင်ပါဘူး။ ဒါပေမယ့် သွားမတိုက်ဘူး၊ ခံတွင်း သန့်ရှင်းရေး မလုပ်ဘူးဆိုရင်တော့ ခံတွင်းထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေ ပိုများလာပြီး […]

သွားဖုံးနှင့် ခံတွင်းရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားဝါတယ်၊ သွားအရောင်ပြောင်းတယ်ဆိုတာ ကြည့်ရဆိုးတဲ့ ပြဿနာတစ်ခုပါ။ မျက်နှာရဲ့ အလှအပကို ပေါ်လွင်စေမယ့် သွားတွေ ဝါကျင်ကျင်ဖြစ်နေတာကို လူတိုင်းမြင်ဖူးကြတယ်မဟုတ်လား။ ကြည့်ရဆိုးရဲ့နော်။ ခုဆောင်းပါးမှာတော့ သွားဝါတာမျိုးမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြသွားမှာပါ။ ဒီနေရာမှာ သိထားသင့်တာက ခြုံငုံပြီးသွားဝါတယ်လို့ ခေါ်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ သွားအရောင်ပြောင်းလဲတာကိုဆိုလိုတာဖြစ်ပြီး သွားဟာ အဝါ၊ အညို၊ အမည်း၊ မီးခိုး၊ ပန်းရောင်နဲ့ fluoride လွန်ကဲပြီး ဖြူလွန်းနေတာမျိုးတွေ ပါဝင်ပါတယ်။ ဘာလို့ သွားဝါတာလဲ သွားဝါစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိကဖြစ်စေတဲ့ အချက်တွေကတော့ ဆေးလိပ်သောက်သုံးတာနဲ့ ပုံမှန်စားသုံးနေတဲ့အစားအစာတွေကြောင့်ပါပဲ။ သွားဝါခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကို ပြောပြချင်ပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။ နီကိုတင်းဓာတ် - ဆေးလိပ်-ဆေးပေါ့လိပ်-ဖက်ကြမ်း-စီးကရက်စတာတွေ သောက်သုံးတာ၊ ဆေးရွက်ကြီးငုံတာ၊ ကွမ်းစားတာ စတာတွေအားလုံးက သွားရဲ့မူလအရောင်ကို ပြောင်းလဲစေပါတယ်။ ဒီအရာတွေရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ဆေးရွက်ကြီးထဲက နီကိုတင်းဓာတ်ကြောင့်ပါ။ အစားအစာ - ကော်ဖီ၊ […]

သွားဖုံးနှင့် ခံတွင်းရောဂါများ

ခံတွင်းကနေ မခံမရပ်နိုင်အောင် အနံ့ဆိုးထွက်တဲ့ ကိစ္စက တော်တော်လေး ရှက်ဖို့ကောင်းသလို မိမိကိုယ်ကို ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒီခံတွင်းအနံ့ဆိုးကိုပဲ အာရုံစိုက်မိနေတဲ့အခါကျ တခြားသူနဲ့ စကားပြောရင်လည်း ပါးစပ်က မပွင့်တပွင့်ဖြစ်နေတာ၊ ပါးစပ်ကို လက်နဲ့အုပ်ပြီး စကားပြောနေရတာ၊ မျက်နှာချင်းဆိုင်ပြီး စကားမပြောဘဲ မျက်နှာကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတာက တော်တော်လေးကို ကြည့်ရဆိုးပါတယ်။ မြန်မာတို့နဲ့ ခံတွင်းအနံ့ဆိုးပြဿနာ မြန်မာလူမျိုးတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခြေခံဗဟုသုတနည်းသလို အပြင်ပန်းက မဟုတ်တဲ့ ပြဿနာတွေကိုလည်း သိပ်ပြီး ဂရုမစိုက်တတ်ကြပါဘူး။ ဒီလို ခံတွင်းအနံ့ဆိုးတယ်ဆိုတာ ကိုယ့်အတွက်ရော ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေအတွက်ပါ မကောင်းပါဘူး။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း ခံတွင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ပိုဖြစ်စေတယ်။ ကိုယ့်ရဲ့ ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ ရှိသင့်တာထက် ပိုများတယ်ဆိုတာကို ဖော်ပြနေတယ်။ ဒါကြောင့် ဒီပြဿနာနဲ့ […]

သွားဖုံးနှင့် ခံတွင်းရောဂါများ

တစ်ခါတလေမှာ ခံတွင်းနံ့ဆိုးတာက ခံတွင်း သန့်ရှင်းရေး အားနည်းလို့ မဟုတ်ဘဲ စားလိုက်တဲ့ အစားအစာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အနံ့ပြင်းတဲ့ စားစရာတွေကြောင့် ခံတွင်းအနံ့ဆိုးတာကို သက်သာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးကို ပြောပြပေးပါရစေ။ ခံတွင်း အနံ့ဆိုးစေတဲ့ စားစရာတွေက ဘာတွေလဲ။ ခံတွင်း အနံ့ဆိုးစေတဲ့ စားစရာတွေက ကော်ဖီ တညင်းသီး ဆူးပုတ်ရွက် ကြက်သွန်နီ ကြက်သွန်ဖြူ အယ်လ်ကိုဟော ရှီတာကီမှို စတာတွေပါ။ အစားအစာကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့ အစားအစာကြောင့် ခံတွင်းနံ့ဆိုးတာကို သက်သာစေဖို့ဆိုရင် ရေသောက်ပါ ခံတွင်းနံ့ဆိုးတာက ခံတွင်းခြောက်တဲ့အခါမှာ ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် ခံတွင်းအနံ့ဆိုးတာ သက်သာစေဖို့ ရေများများ သောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားပါ ခံတွင်းအနံ့ဆိုးတာကို သက်သာစေဖို့ လုပ်လို့ရတဲ့ နောက်ထပ် နည်းလမ်းတစ်ခုက အရည်ရွှမ်းတဲ့ အသီးအနှံတွေ ဖြစ်ကြတဲ့ ဖရဲသီး၊ သခွားသီး၊ တရုတ်နံနံ၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး စတာတွေ […]

သွားဖုံးနှင့် ခံတွင်းရောဂါများ

ခံတွင်းဆိုတာ လူ့ကျန်းမာရေးရဲ့ အဓိကအကျဆုံး နေရာလို့ ဆိုကြတယ်။ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အစာအာဟာရအားလုံးဟာ ခံတွင်းကနေတဆင့် ကိုယ်တွင်းကို ဝင်ကြရတယ်မဟုတ်လား။ ဒီတော့ ခံတွင်းမကျန်းမာတဲ့အခါ အစားအသောက်ပါ တစ်ခါတည်းပျက်ရပါတယ်။ ဒါမှမဟုတ် ဆာနေလျက်နဲ့ မစားရတာမျိုးလည်းဖြစ်တတ်ပါသေးတယ်။ ဒီလိုအရေးကြီးလှတော့ မိမိရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရေးဟာ လူတိုင်းအတွက် အထူးအရေးပါနေတော့တာပေါ့။ လူတစ်ယောက်အနေနဲ့ မိမိရဲ့ ခံတွင်း ကျန်းမာလား မကျန်းမာလားဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်ချက်ကတော့ အားနည်းနေတဲ့၊ ချို့ယွင်းနေတဲ့ နေရာကို ကုစားဖို့ဖြစ်ပြီးတော့ နောက်တစ်ချက်ကတော့ ကျန်းမာနေတယ်ဆိုရင် ဂုဏ်ယူဖို့အတွက်ပါပဲ။ လူအများစုဟာ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာအမြဲရှိနေတတ်တာမို့ တကယ်လို့ ကိုယ်ကကျန်းမာနေတယ်ဆိုရင် အရမ်းကို ဂုဏ်ယူဖို့ ကောင်းနေပြီလေ။ ကဲ သင့်ရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရဲ့လားဆိုတာကို အောက်ကအချက်တွေနဲ့ ကိုက်ညှိပြီး ဆန်းစစ်ကြည့်ရအောင် […]

သွားဖုံးနှင့် ခံတွင်းရောဂါများ

ခံတွင်းကနေ အနံ့ဆိုးတွေ ထွက်တာ (Bad Breath or Halitosis or Oral Malodor) ကို လူတိုင်းကြုံဖူးကြပါတယ်။ အနံ့ပြင်းတဲ့အစားအစာတွေစားသောက်တာ၊ ခံတွင်းကို သန့်ရှင်းအောင် မထားတာတွေကြောင့် ခံတွင်းအနံ့ဆိုးထွက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခံတွင်းအနံ့ဆိုးထွက်တာတိုင်းက ဒီလိုအချက်တွေကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ တခြားသောအကြောင်းအရင်းတွေကြောင့်လည်း ခံတွင်းအနံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။ တစ်ခါတစ်ရံမှာဆိုရင် နာတာရှည်ခံတွင်းအနံ့ဆိုးထွက်တဲ့ရောဂါ (Chronic Halitosis) လည်းဖြစ်နေနိုင်ပါတယ်။ ယေဘုယျအားဖြင့် ခံတွင်းအနံ့ဆိုးတွေ ထွက်ပေါ်လာစေတဲ့ အကြောင်းအရင်း အမြောက်အများ ရှိပါတယ်။ အဓိက အကျဆုံးအချက်ကတော့ ၁၀ ချက်ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီအချက် ၁၀ ချက်ကို ဖော်ပြပေးသွားမှာပါ။ ခံတွင်းသန့်ရှင်းရေး အခြေအနေ အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။ သွားပုံမှန်မတိုက်တာ၊ တိုက်ဖြစ်ရင်တောင်မှ လျှာနဲ့ အာခံတွင်း တစ်ခုလုံးကို သန့်စင်အောင် မသန့်ရှင်းတာတွေက သင့်ကို ခံတွင်းအနံ့ဆိုးစေနိုင်ပါတယ်။ ဒီအချက်ကြောင့် သွားဖုံးရောင်တာ၊ […]

သွားဖုံးနှင့် ခံတွင်းရောဂါများ

သွားတိုက်လိုက်တိုင်းမှာ သွားဖုံး က သွေးထွက်နေပြီလား။ ဒါက သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတော်တော်များများက သွားတိုက်ရင် သွားဖုံးက သွေးထွက်တတ်ပါတယ်။ ဘာမှမလုပ်ဘဲ ဒီတိုင်းနေရင်း သွေးထွက်တာမျိုးလည်း ရှိပါတယ်။ သွားဖုံးသွေးယိုတာက သွားနဲ့ ခံတွင်း ပြဿနာကြောင့် ဖြစ်နိုင်သလို တခြား ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာ သွားဖုံးက သွေးထွက်ရင် ဘာရောဂါတွေ ဖြစ်နိုင်လဲ။ ဘယ်လို လုပ်ကြမလဲဆိုတာ ပြောပြပေးပါ့မယ်။ သွားဖုံး က သွေးထွက်ရသည့် အကြောင်းရင်းများ သွားဖုံးရောင်ရမ်းခြင်း သွားဖုံးသွေးယိုစေတဲ့ အထဲမှာ အဖြစ်အများဆုံး အကြောင်းရင်းကတော့ သွားဖုံးရောင်တာပဲ ဖြစ်ပါတယ်။ အဖြစ်များပေမယ့် သိပ်တော့ မပြင်းထန်တတ်ပါဘူး။ သွားချေးကျောက်တွေကြောင့် ရောင်တာများပါတယ်။ ရောင်နေတဲ့ သွားဖုံးက အထိမခံပါဘူး။ နီရဲပြီး ဖောင်းကြွနေတတ်ပါသေးတယ်။ ဒါကြောင့် သွားတိုက်လိုက်တိုင်း သွေးထွက်တာပေါ့။ ရေစီးကမ်းပြိုခြင်း သွားဖုံးရောင်တာကို ဒီတိုင်းထားလိုက်မယ်ဆိုရင် […]

သွားဖုံးနှင့် ခံတွင်းရောဂါများ

ခံတွင်းကျန်းမာရေးလို့ဆိုလိုက်တာနဲ့ သွားတွေဝါလား၊ဖြူလား၊ သွားပိုးစားတာလား ဆိုတာပဲ ဆိုင်တာမဟုတ်ပါဘူး။ သွားဖုံးကိုလည်း မေ့မထားသင့်ပါဘူး။ သွားနဲ့သွားဖုံး အကုန်လုံးအရေးကြီးပါတယ်။ သွားတွေအားလုံးကို ခိုင်မာနေအောင်၊ ညီညာနေအောင် ထိန်းထားပေးတာ သွားဖုံးမို့လို့ပါ။ သွားနဲ့ သွားဖုံးကျန်းမာစေဖို့ မှန်ကန်တဲ့နည်းလမ်းနဲ့ ခံတွင်းကိုဂရုစိုက်တာ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ဒီအချက်တွေကို လုံးဝမမေ့ပါနဲ့ - (၁) သွားတိုက်ဖို့ မပျင်းပါနဲ့ မနက်အိပ်ရာထ တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ် သွားတိုက်ဖို့ မပျင်းပါနဲ့။ တစ်နေ့နှစ်ကြိမ်သွားတိုက်ဖို့ အကြံပြုကြပေမယ့် ညဘက်ကျရင် အိပ်ငိုက်လို့၊ ပျင်းလို့၊ အေးလို့၊ မေ့လို့ စတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ သွားမတိုက်ဖြစ်တတ်ကြပါဘူး။ တစ်နေ့လုံးစားထား၊ သောက်ထားတဲ့အရာတွေရဲ့အကြွင်းအကျန်တွေကနေ ခံတွင်းမှာ ဘက်တီးရီးယားတွေ မွေးထားသလိုဖြစ်နေပါလိမ့်မယ်နော်။ (၂) သွားတိုက်နည်း မှန်ပါစေ သွားတိုက်တော့တိုက်တာပဲ။ နည်းမှားနေမယ်ဆို သွားကြွေလွှာနဲ့ သွားဖုံးတွေကို ပိုထိခိုက်စေတာပါ အဖတ်တင်သွားနိုင်ပါတယ်။ ညင်ညင်သာသာနဲ့ နှံ့စပ်အောင်တိုက်ပါ၊ စက်ဝိုင်းသဏ္ဍာန်ဝိုက်ပြီးတိုက်ပါ။ ဘေးတိုက်ကန့်လန့် […]

သွားဖုံးနှင့် ခံတွင်းရောဂါများ

ကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတနည်းလွန်းတဲ့ ကျွန်တော်တို့နိုင်ငံမှာ သွားနဲ့ခံတွင်းနဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတွေဆိုတာလည်း ခဏခဏကို တွေ့မြင်နေရတာပါ။ ဝေးဝေးမှာ မရှာပါနဲ့၊ ကိုယ်နဲ့ စကားပြောနေတဲ့ သူတစ်ယောက် ခံတွင်းနံ့ နံလွန်းနေတာ၊ သွားကိုကြည့်လိုက်ရင် ကွမ်းချိုး၊ သွားချေးကျောက်တွေနဲ့ ပြည့်နေတာ၊ သွားပိုးစားနေတာတွေ သတိထားမိတယ်မလား။ တချို့ဆိုရင် ကိုယ်တိုင်က ခံတွင်းနံ့ဆိုးထွက်နေတော့ မလုံမလဲဖြစ်ပြီး စကားပြောရင် ပါးစပ်အုပ်ပြောတာ၊ မပွင့်တပွင့်ပြောတာတွေ သတိထားမိမှာပါ။ ဒီလိုဖြစ်ရတယ်ဆိုတာလည်း တကယ့် သွားနဲ့ ခံတွင်းသန့်ရှင်းရေးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ အချက်တွေကို မသိထားတာ၊ နေထိုင်စားသောက်မှုပုံစံ မှားယွင်းတာတွေကြောင့်လို့ ဆိုရမှာပါ။ ဒါဆို မြန်မာနိုင်ငံမှာ ဘယ်လို သွားနဲ့ခံတွင်းပြဿနာတွေ အဖြစ်များလဲ။ ၁။ သွားချေးကျောက်တက်ခြင်း အစာကို တစ်ဖက်တည်းနဲ့ ဝါးပြီး ကျန်တဲ့တစ်ဖက်ကို လုံးဝမသုံးဘဲ ပစ်ထားတာ၊ သွားကို စနစ်တကျမတိုက်တာ၊ သွားပွတ်ကြိုးမသုံးတာကြောင့် အဓိကဖြစ်ရတာပါ။ သွားရဲ့ […]

သွားဖုံးနှင့် ခံတွင်းရောဂါများ

လျှာခင်တွယ်ဆက်ခြင်း လျှာခင်တွယ်ဆက်ခြင်းဆိုတာကမွေးရာပါရောဂါတစ်ခုပါ။ လျှာလှုပ်ရှားရခက်တဲ့အခြေအနေတစ်မျိုးပါ။ လျှာနဲ့ခံတွင်းအောက်ခြေကို တွယ်ဆက်ထားတဲ့ တွယ်ဆက်တစ်ရှုးတွေ များလွန်းနေတာကြောင့် လျှာကလှုပ်ရှားရခက်နေတာပါ။ လျှာခင်တွယ်ဆက်နေတဲ့ ကလေးငယ်တွေဟာ နို့သောက်ရာမှာ အက်အခဲရှိနိုင်သလို အစားစားတဲ့အခါ၊ စကားပြောတဲ့အခါမျိုးနဲ့ မျိုချတဲ့အခါမျိုးမှာ အခက်အခဲတွေဖြစ်နိုင်ပါတယ်။ လျှာခင်တွယ်ဆက်ရခြင်းရဲ့ အကြောင်းအရင်းတွေက ဒီရောဂါလက္ခဏာတစ်ခုပါ။ အကြောင်းအရင်းကတော့ ဘာကြောင့်ရယ်လို့ တိတိကျကျမရှိပါဘူး။ ဒါပေမယ့် လျှာခင်တွယ်ဆက်မှုတော်တော်များများက မျိုးရိုးလိုက်တာကြောင့်ဖြစ်ရတာပါ။ ဘယ်သူတွေပိုဖြစ်နိုင်လဲ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ယောက်ျားလေးတွေက မိန်းကလေးတွေထက် လျှာခင်တွယ်ဆက်နိုင်ခြေပိုများပါတယ်။ တစ်ခါတလေ မိသားစုတစ်စုထဲမှာ တစ်ယောက်မကဖြစ်နိုင်ပါတယ်နော်။ လက္ခဏာတွေကဘာတွေလဲ လျှာခင်တွယ်ဆက်နေတယ်ဆိုရင် အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ လျှာကို အပေါ်သွားကို ထိလို့မရဘူး။ လျှာကိုဘေးဘက်တွေကို လှုပ်ရှားလို့မရဘူး။ အောက်သွားကိုကျော်ပြီး လျှာကို အပေါ်ကို ပင့်လို့မရဘူး။ လျှာထုတ်တဲ့အခါ လျှာအလယ်ပိုင်းက ချိုင့်ဝင်နေမယ်။ နို့စို့အရွယ်ကလေးတွေမှာဆိုရင် နို့စို့ရခက်နေမယ် အမြဲလိုလိုဆာလောင်နေမယ် လေနြာဖစ်မယ် ဂျီကျနေမယ် ကိုယ်အလေးချိန် သိပ်မတက်ဘဲဖြစ်နေမယ် ကိုယ်အလေးချိန်မတက်ဘူးဖြစ်နေမယ်။ နောက်ဆက်တွဲ ဘာပြဿနာတွေဖြစ်နိုင်လဲ လျှာခင်တွယ်ဆက်မှုက ကလေးရဲ့ နို့စို့တာ၊ အစားစားတာ၊ မျိုချတာနဲ့ စကားပြောတာတွေမှာပါ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ နို့သောက်ရာမှာ အခက်အခဲရှိနိုင်တယ် […]

သွားဖုံးနှင့် ခံတွင်းရောဂါများ

Gingivitis (သွားဖုံးရောင်ခြင်း) ကဘာလဲ။ သွားနှင့် သွားဖုံးတို့တွင် သွားဂျိုးများတည်မှု စုပုံလာသည့်အခါတွင် သွားဖုံးရောဂါများ ဖြစ်လာပါသည်။ သွားဖုံးရောင်ခြင်းမှာ ပျောက်ကင်းနိုင်သော သွားဖုံးရောဂါတစ်မျိုးဖြစ်သည်။ ၎င်းမှာ သွားဖုံးများကို နီမြန်း ဖောင်းကြွစေပြီး သွားတိုက်သည့်အခါ အလွယ်အတကူ သွေးထွက်စေပါသည်။ Gingivitis (သွားဖုံးရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

သွားဖုံးနှင့် ခံတွင်းရောဂါများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon