backup og meta

ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ

    ဆားရည် နဲ့ အာလုတ်ကျင်းတာက လူတိုင်း ကြားဖူးမယ့် ကိစ္စတစ်ရပ်ပါ။ ဒါပေမယ့် ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို သိသူကတော့ ရှားမယ် ထင်ပါတယ်။ ဆားရည်ကို လည်ချောင်းနာတဲ့အခါမှာ အများဆုံး အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ လည်ချောင်းနာတဲ့အခါ အာလုတ်ကျင်းကြတဲ့ ဆားရည်က ဘယ်လို အထောက်အကူပြုလည်းဆိုတာကို ပြောပြပေးပါမယ်။

    ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ

    ဆားရည်က အကုန်အကျ သက်သာပြီး လွယ်ကူတဲ့ ကုသနည်း တစ်ရပ်ပါ။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ ရေနွေးနွေးထဲကို ဆားထည့်ပြီး ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရရှိလို့ပါ။

    pH ပမာဏကို ထိန်းညှိပေးတယ်

    ဆားရည်က ဘက်တီးရီးယားကြောင့် လည်ချောင်းထဲက အက်ဆစ်တွေ မညီမမျှ ဖြစ်တာကို ထိန်းညှိပေးပါတယ်။ ကျန်းမာတဲ့ pH ပမာဏကို ထိန်းညှိပေးပါတယ်။ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ မပေါက်ဖွားစေဖို့  ကာကွယ်ပေးပါတယ်။

    နှာခေါင်း ပိတ်တာကို သက်သာစေတယ်

    ဆားရည်နဲ့ ပလုတ်ကျင်းတာက အသက်ရှူလမ်းကြောင်းနဲ့ နှာခေါင်းထဲမှာ ရှိတဲ့ ချွဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နာကျင်မှုတွေကို သက်သာစေသလို ရောင်ရမ်းမှုကို လျော့ကျစေ ပါတယ်။ နှာခေါင်းထဲက ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

    အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာကို သက်သာစေတယ်

    သုတေသန ပြုချက်တွေအရ တစ်နေ့ကို ဆားရည်နွေးနွေးနဲ့ ၃ ကြိမ် ပလုတ်ကျင်း ပေးတာက အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ၄၀ ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင် တယ်လို့ တွေ့ရပါတယ်။

    အာသီးရောင်တာကို သက်သာစေပါတယ်

    ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကြောင့် အာသီးရောင် နိုင်ပါတယ်။ အာသီးရောင်တဲ့အခါ အစာတွေ ရေတွေ မျိုချဖို့ ခက်ခဲနိုင်ပါတယ်။ ဒီနာကျင်မှုကို သက်သာစေဖို့ ဆားရည် နွေးနွေးလေးနဲ့ အာလုပ်ကျင်း ပေးလို့ ရပါတယ်။

    ခံတွင်း အနံ့ဆိုး သက်သာစေနိုင်တယ်

    အစားကြောင့် ဖြစ်ဖြစ်၊ အခြား အကြောင်းအရင်းကြောင့် ဖြစ်ဖြစ် ခံတွင်းနံ့ နံတာကို သက်သာစေဖို့ ခံတွင်းသန့် ဆေးရည်တွေ မသုံးချင်ဘူးဆိုရင် ဆားရည်နဲ့ အာလုပ် ကျင်းပေးလို့ ရပါတယ်။

    သွားဖုံးနဲ့ သွားမှာ သွေးထွက်တာကို သက်သာစေနိုင်တယ်

    ဆားရည်နွေးနွေးလေးနဲ့ ပလုတ် ကျင်းတာက သွားဖုံးရောင်တာ၊ သွားဖုံး သွေးထွက်တာတွေကို သက်သာစေ နိုင်ပါတယ်။ ဆားရည်က ရောင်ရမ်းမှုကို သက်သာစေနိုင်သလို သွားဖုံး ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက် ပေးနိုင်ပါတယ်။ သွားကိုက် သွားနာတာကိုလည်း သက်သာစေနိုင် ပါတယ်။

    ခံတွင်း အနာကို သက်သာစေနိုင်တယ်

    ပါးစပ်ထဲမှာ ဖြစ်တဲ့ အနာ ဖြူဖြူလေးတွေ သက်သာစေဖို့လည်း ဆားရည်နဲ့ ပလုပ်ကျင်းပေးလို့ ရပါတယ်။ အနာ သက်သာစေပြီး အနာကျက် မြန်စေနိုင် ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement