သွားတွေက ခန္ဓာကိုယ်ရဲ့ အမာကျောဆုံး အစိတ်အပိုင်းတွေပါ။ ဝါးစားတာအပြင် သွားတွေက စကားလုံးတွေ ပီသစေဖို့လုပ်ဆောင်ပေးပါတယ်။ သွားမှာလည်း အစိတ်အပိုင်းလေးတွေက အများကြီးပါဝင်နေပါတယ်။
- အပေါ်ယံ ကြွေလွှာ (Enamel)
- ဆင်စွယ်လွှာ (Dentin)
- သွားအတွင်းဆုံး အကြောလွှာ (Pulp)
- သွားအမြစ်ကို သွားဖုံးနဲ့ မေးရိုးမှာ မြဲမြံအောင် တွယ်ဆက်ပေးထားတဲ့ တွယ်ဆက်တစ်ရှူးလွှာ (Cementum)
- သွားတွေကို မေးရိုးမှာ ခိုင်မြဲစေဖို့ ကုပ်တွယ်ပေးထားတဲ့ တစ်ရှူး (Periodontal ligament) တို့ပဲ ဖြစ်ပါတယ်။
အသက် ၁၃ နှစ်အထက် ရောက်လာသူတွေမှာ သွားက ၃၂ ချောင်းရှိပါတယ်။
- ရှေ့သွားက အပေါ် ၂ ချောင်း၊ အောက် ၂ ချောင်း စုစုပေါင်း (၄) ချောင်း
- စွယ်သွားက အပေါ် ၂ ချောင်း၊ အောက် ၂ ချောင်း စုစုပေါင်း (၄) ချောင်း
- ကိုက်ဖြတ်ပေးတဲ့ ရှေ့အံသွားက အပေါ်၄ ချောင်း အောက် ၄ ချောင်း စုစုပေါင်း (၈) ချောင်း
- အံသွားက အပေါ်၄ ချောင်း အောက် ၄ ချောင်း စုစုပေါင်း (၈) ချောင်း
- အံဆုံးက အပေါ် ၂ ချောင်း အောင် ၂ ချောင်း စုစုပေါင်း (၄) ချောင်း စတာတွေပါဝင်ပါတယ်။ သွားက ငယ်သွားလဲပေမယ့် လူတိုင်းမှာ သွား အပိုက တစ်စုံပဲ ပါလာတာပါ။ ဒါကြောင့် ငယ်သွားလဲပြီးတဲ့အခါ သွားကို သေချာ ဂရုစိုက်ဖို့ လိုပါမယ်။
ကြီသွားကို ထိခိုက်တာ၊ ကျိုးတာမျိုး ဖြစ်မယ်ဆိုရင် သွားက အသစ်ထွက်လာမှာ မဟုတ်ဘဲ သွားစိုက်ရတာ အံကပ်တပ်တာရတာတွေ လုပ်ဆောင်ရနိုင်ပါတယ်။
Takeaways
သွားနဲ့ ခံတွင်းက အာဟာရ ဖြည့်တင်းရေး အတွက်ရော၊ ပြောဆို ဆက်သွယ်မှုအတွက်ပါ အရေးပါတာကြောင့် ထိခိုက်မှု မဖြစ်စေဖို့ သွားမှန်မှန်တိုက်တာ၊ သွားကို ပုံမှန် စစ်ဆေးမှုတွေလုပ်တာ၊ သွားနဲ့ခံတွင်း ကျန်းမာစေမယ့် အစားအစားတွေ စားတာ၊ ရေများများ သောက်တာတွေ လုပ်ဖို့ လိုပါမယ်။
သွားနဲ့ ခံတွင်း ထိခိုက်စေတဲ့ အပြုအမူတွေကို ရှောင်ဖို့လည်း လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။