ရောဂါရှာဖွေစစ်ဆေးရာမှာ အောက်ပါအရာတွေကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။ ကင်ဆာလို့ ယူဆရင်တော့
- X-ray ဓာတ်မှန်၊
- MRI scan၊
- CT scan နဲ့
- Endoscopy လို့ခေါ်တဲ့ မှန်ပြောင်းကြည့်တဲ့နည်းလမ်းတွေပါ သုံးရနိုင်ပါတယ်။
သွားနှင့် ခံတွင်း ရောဂါ အမျိုးအစားများ
သွားနဲ့ ခံတွင်းမှာ ဖြစ်နိုင်တဲ့ ရောဂါအမြောက်အများရှိပါတယ်။ အများစုဟာ သွားနဲ့ ခံတွင်းကို စနစ်တကျ မစောင့်ရှောက် မထိမ်းသိမ်းတာကြောင့်ဖြစ်လာတဲ့ ရောဂါတွေဖြစ်ကြပါတယ်။ ရောဂါအများစုဟာ ကာကွယ်တားဆီးလို့ရပြီး သွားနဲ့ခံတွင်းကို သန့်ရှင်းအောင်ထားဖို့သာ လိုအပ်တာပါ။
ဒါပေမယ့်လည်း လေ့လာချက်တွေအရဆိုရင် လူတိုင်းဟာ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာ အနည်းဆုံး တစ်ခုကိုတော့ ဘဝတသက်တာမှာ ကြုံဆုံရလေ့ရှိပါ။ သွားနဲ့သက်ဆိုင်တဲ့ရောဂါတွေနဲ့ ခံတွင်းနဲ့သက်ဆိုင်တဲ့ရောဂါတွေဆိုပြီး ၂ ပိုင်း ခွဲခြားနိုင်ပါတယ်။ သွားနဲ့သက်ဆိုင်တဲ့ ရောဂါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ခံတွင်း၊ ပါးစပ်တို့နဲ့သက်ဆိုင်တဲ့ရောဂါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ခံတွင်းပြဿနာတွေထဲမှာ ကင်ဆာကလည်း အဖြစ်များပြီး ဆိုးရွားတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ခံတွင်းကင်ဆာ (Oral cancer) ဟာ အမျိုးအစားအမျိုးမျိုးရှိပြီး အောက်ပါအစိတ်အပိုင်းတွေမှာဖြစ်တာတွေကိုလည်း ဖြစ်နိုင်ပါတယ်။
- သွားဖုံးကင်ဆာ၊
- လျှာကင်ဆာ၊
- နှုတ်ခမ်းကင်ဆာ၊
- မေးရိုးကင်ဆာ၊
- လျှာအောက်ပိုင်းက မြင်းခွာပုံနေရာမှာဖြစ်တဲ့ ခံတွင်းကြမ်းပြင်ကင်ဆာ၊
- Hard palate နဲ့ Soft palate ကင်ဆာတို့ပဲဖြစ်ပါတယ်။
လူတစ်ယောက် ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့ အဓိကအကျဆုံးအချက်တွေကတော့ ဆေးလိပ်၊ ကွမ်းစတာတွေ မှီဝဲတာ၊ ဆေးရွက်ကြီးငုံတာတွေဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေကဆိုထားပါတယ်။
ခံတွင်းကျန်းမာရေးနှင့် ပြင်ပကျန်းမာရေးပြဿနာများ၏ ဆက်နွယ်မှု
ခံတွင်းကျန်းမာရေးဆိုပေမယ့် တခြားသော ပြင်ပရောဂါတွေနဲ့လည်း ဆက်နွယ်နေပါတယ်။ ခံတွင်းကို သန့်စင်အောင်မထားရှိတဲ့အခါ သွားနဲ့ ခံတွင်းသာမက ခန္ဓာကိုယ်ရဲ့ တခြားနေရာတွနဲ့ တခြားသော ရောဂါတွေကိုလည်း တွန်းအားပေးပါတယ်။
နှစ်ပေါင်းများစွာ လေ့လာသုတေသနပြုချက်တွေအရ ခံတွင်းကျန်းမာရေးရဟာ ခန္ဓာကိုယ်က တခြားရောဂါတွေနဲ့ ပတ်သက်ဆက်နွယ်နေလေ့ရှိကြောင်း သိရှိထားရကြပါပြီ။ Mayo Clinic ရဲ့ အဆိုအရ အောက်ပါရောဂါတွေဟာ ခံတွင်းကျန်းမာရေးနဲ့ ဆက်နွယ်နေတယ်လို့ဆိုပါတယ်။
ဒါတွေကတော့
- နှလုံးရောဂါ၊
- ကလေးပေါင်ချိန်မပြည့်ပဲ မွေးတာ၊
- ဘက်တီးရီးယားကြောင့် နှလုံးပိုးဝင်တဲ့ရောဂါ (Endocarditis)၊
- အချိန်မတိုင်မီစောလျှင်စွာ မီးဖွားခြင်း စတာတွေပါပဲ။
ကုသခြင်း
သွားနဲ့ခံတွင်းမှာ ရောဂါကင်းနေဖို့ဆိုရင် ကိုယ်တိုင်ဂရုစိုက်ဖို့ လိုအပ်သလို တစ်နှစ် ၂ ကြိမ် ကျွမ်းကျင်သူနဲ့ ပြသကုသဖို့လည်း လိုအပ်ပါတယ်။ ဒီလိုပုံမှန်ပြုလုပ်နေမှသာ ရောဂါဖြစ်နိုင်ခြေရှိမရှိ၊ ကာကွယ်ရမယ့် အခြေအနေနဲ့ ရောဂါရှိနေခဲ့ရင် ကုသရမယ့် နည်းလမ်းတွေကို ရှာဖွေနိုင်မှာပါ။
တကယ်လို့ ကိုယ့်မှာ သွားနဲ့ ခံတွင်းဆိုင်ရာ ရောဂါတစ်စုံတစ်ရာရှိနေတယ်ဆိုရင် အောက်ပါနည်းလမ်းတွေနဲ့ ကုစားနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ခွဲစိတ်ကုသတဲ့ နည်းလမ်းတွေလည်းရှိပါတယ်။ ရောဂါအခြေအနေပြင်းထန်တဲ့အခါမျိုးတွေမှာ ခွဲစိတ်ကုသဖို့ လိုအပ်ပြီးတော့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- Flap surgery
- Bone grafting
- Soft tissue grafts
- Tooth extraction
- သွားပြန်စိုက်ခြင်းနည်းလမ်း (Dental implants) စတာတွေပါပဲ။
Takeaways
သွားနဲ့ခံတွင်းကျန်းမာရေးဟာ ဂရုစိုက်ရမယ့် အရာတစ်ခုပါ။ သွားနဲ့ ခံတွင်းက သိပ်အရေးကြီးဘူးလို့ ယူဆပြီး ဂရုမစိုက်ဘဲ ထားလိုက်မယ်ဆိုရင် သွားနဲ့ခံတွင်းနဲ့ မဆိုင်တဲ့ တခြားနောက်ဆက်တွဲရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။