home

သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားကျန်းမာရေးအတွက် သွားပွတ်ကြိုးသုံး၊ သွားပုံမှန်တိုက်တာအပြင် သွားဆေးခန်းမှန်မှန်ပြဖို့လည်း လိုပါတယ်။ သွားနှင့် ခံတွင်း သန့်ရှင်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။  

ကျန်းမာရေးဗဟုသုတ

သွားနှင့် ခံတွင်း သန့်ရှင်းရေး

အသက်ရှူလမ်းကြောင်းရောဂါ အများစုက နှာခေါင်း၊ ပါးစပ်ကနေ ဝင်တာဖြစ်တဲ့အတွက် နေထိုင်မကောင်း ဖြစ်ပြီးရင် သွားပွတ်တံ ကို လဲသင့်လားဆိုပြီး တွေးစရာ ရှိပါတယ်။ နေမကောင်းတုန်းက တိုက်ထားတဲ့ သွားပွတ်တံမှာ ပိုးတွေ ကပ်နေပြီး ခုပြန်တိုက်ရင် ပိုးဝင်ပြန်ဝင်သွားမလားဆိုတာကို စိုးရိမ်ရပါတယ်။ သွားပွတ်တံ ပေါ်က ပိုးမွှားများ သွားပွတ်တံမှာ ရှိတဲ့ ပိုးမွှားအများစုက အောက်ဆီဂျင်မရှိမှ အသက်ရှင်နိုင်တာပါ။ သွားပွတ်တံကို ဆေးပြီး လေသလပ်ထားလိုက်ရင် အောက်ဆီဂျင်နဲ့ ထိတွေ့မိပြီး ပိုးအများစု အသက်မရှင်နိုင်ကြပါဘူး။ နောက်တစ်ချက်က ခန္ဓာကိုယ်မှာ ရောဂါပိုးတွေ ဝင်လာပြီးရင် သူတို့အတွက် ခုခံအားတွေ ထွက်ပါတယ်။ ဒါကြောင့် နောက်တစ်ခါဝင်ခဲ့ရင်တောင် ဒီခုခံအားက ပြန်တိုက်မှာပါ။ ဒါကြောင့် သာမန်ဖျားနာတာမျိုးပဲ ဖြစ်ခဲ့ရင်တော့ သွားပွတ်တံကို လဲစရာ မလိုပါဘူး။ ဒီလို အခြေအနေတွေ မှာတော့ သွားပွတ်တံ လဲရပါမယ်။ ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်ထားရင် […]

အမေးအဖြေကဏ္ဍ

သွားနှင့် ခံတွင်း သန့်ရှင်းရေး နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

သွားနှင့် ခံတွင်း သန့်ရှင်းရေး

ကြက်သွန်နီ ကြက်သွန်ဖြူဟာ အစားအသောက်ထဲမှာ အနံ့အရသာကောင်းအောင် ထည့်သွင်းနိုင်တဲ့ စားစရာဖြစ်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း များစွာပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ဆိုးတာက အစိမ်းစားလိုက်ရင် အနံ့မကောင်းတော့တာပါပဲ။ သင်စကားပြောရင် ခံတွင်းကနေ အနံ့ဆိုးတွေထွက်နေမှာ အသေအချာပါပဲ။ ဒီလိုအနံ့ဆိုးထွက်ရခြင်းဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ ဆာလဖာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေ ရှိနေလို့ ဖြစ်ပါတယ်။ ဒီအနံ့ဟာ နာရီနဲ့ချီပြီး စွဲနေတတ်ပါတယ်။ အဆိုပါအနံ့တွေကို ပျောက်အောင်၊ လျော့ကျအောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါနည်းလမ်းတွေ ကြိုးစားကြည့်ပါ။ ၁။ ရေသောက်ပါ အစာစားပြီးချိန်ရေသောက်လိုက်ခြင်းဟာ ခံတွင်းထဲက ကြက်သွန်အကြွင်းအကျန်တွေကို ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် တံတွေးထွက်လာအောင်လည်း လှုံ့ဆော်နိုင်တာမို့ ခံတွင်းထဲက အနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပြီးသား ဖြစ်သွားပါတယ်။ ၂။ သွားတိုက်ပါ၊ သွားကြားထိုးပါ သွားကြားသွားဖုံးကြားမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေနဲ့ ကြက်သွန်အကြွင်းအကျန်တွေ ထိတွေ့လာရင် အနံ့ပိုဆိုးလာတတ်ပါတယ်။ အစာစားပြီး သွားကြားထိုးခြင်း၊ သွားပွတ်ကြိုးသုံးခြင်းဟာ […]

သွားနှင့် ခံတွင်း သန့်ရှင်းရေး

အသက်ကြီးလို့ သွားတွေ မကောင်းတော့ဘူးဆိုရင် စားဖို့၊ စကားပြောဖို့ အခက်အခဲရှိလာတတ်ပါတယ်။ ခုခေတ်မှာ ဆေးပညာတွေ တိုးတက်နေပြီဆိုတော့ ဒါဟာ ပြသနာ တစ်ခု မဟုတ်တော့ပါဘူး။ အသက်ကြီးတော့ သွားမကောင်းတော့ရော ဘာဖြစ်လဲ။ ဆေးပညာနဲ့ ပြုပြင်လိုက်ရင် အရင်လိုပဲ စားလို့ သောက်လို့ ရသွားတာပေါ့။ ဒီလို လွယ်ကူအောင် လုပ်ပေးတဲ့ထဲမှာ အံကပ်တပ် တာလည်း အပါအဝင်ပါပဲ။ ခုခေတ် ဘိုးဘိုးဘွားဘွားတွေ အတွက်တော့ အံကပ်တပ်တာဟာ မထူးဆန်းတော့တဲ့ ကိစ္စပါပဲ။ ဒါကြောင့် အိမ်က ဘိုးဘိုးဘွားဘွားတွေကို အံကပ်တပ်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုရင် သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို အရင်လေ့လာကြည့်ရအောင်ပါ။ အံကပ်တပ် ခြင်းရဲ့ ကောင်းကျိုးများ အစာစားရလွယ်လာတယ်။ အံကပ်တပ်ရတဲ့ အကြောင်းရင်းကလည်း ဒါကြောင့်ပါပဲ။ ငယ်ငယ်တုန်းကလို ကြက်ပေါင်တုံးကြီးကို မကိုက်နိုင်သည့်တိုင်အောင် ပုံမှန်စားတာ သောက်တာလောက်တော့ ကောင်းကောင်း လုပ်နိုင်ပါတယ်။ […]

သွားနှင့် ခံတွင်း သန့်ရှင်းရေး

ပူပူလောလော စားမိရင်း လျှာကျက်သွားတဲ့အခါ ဟင်းရည် ပူပူလေး သောက်မိတာ၊  လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း စတာတွေကို ပူပူလောလော သောက်မိလိုက်တဲ့အခါ ပြန်ထွေးထုတ်ဖို့ ခက်ပြီး လျှာကျက်သွားတာမျိုး တော်တော်များများ ဖြစ်ဖူးမယ် ထင်ပါတယ်။ လျှာကျက်တာက ကြီးကြီးမားမား ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် အစားအစာတွေကို သေချာ အရသာခံလို့မရဘဲ စားရသောက်ရ အရသာ မရှိတာမျိုး ခံစားရနိုင်ပါတယ်။ ဒီ ပြဿနာကို မြန်မြန် သက်သာအောင် ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ဒီဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ လျှာကျက်တယ်ဆိုတာ ဘာလဲ............ လျှာကျက်တယ် ဆိုတာက နေ့စဉ် ဖြစ်နေကျ မတော်တဆ ထိခိုက်မှု တစ်ခုလို့တောင် ဆိုလို့ရတဲ့ အရာပါ။ လူတော်တော်များများ ဖြစ်ဖူးကြတဲ့ ပြဿနာ တစ်ခုပေါ့။ အရမ်းပူနေတဲ့ မုန့်စားမိတာ၊ ဟင်းရည်ကို ပူပူလောလော သောက်မိတာ၊ […]

သွားနှင့် ခံတွင်း သန့်ရှင်းရေး

ဖြူဖွေးသန့်စင်နေတဲ့ သွားတွေ၊ အနံ့အသက်ကင်းတဲ့ ခံတွင်းနံ့တို့က သင့်ကို ယုံကြည်မှု တိုးစေတဲ့အရာတွေဟုတ်။ ဒီခံတွင်းနံ့ သန့်ရှင်းစေဖို့ အထောက်အပံ့ပေးနေတဲ့ အရာလေးတွေ ရှိပါတယ်။ ဒါကတော့ ကောင်းမွန်တဲ့ သွားတိုက်ဆေးရယ် သွားနဲ့ အဆင်ပြေသင့်တော်တဲ့ သွားပွတ်တံရယ်ပါ။ သွားနဲ့ခံတွင်း ကျန်းမာစေဖို့ သွားတိုက်ဆေးက အရေးပါတယ်ဆိုပေမယ့် သွားတိုက်ဆေး ဘယ်လောက်ကောင်းကောင်း သွားပွတ်တံက အရည်အသွေးမကောင်းဘူးဆိုရင် သွားနဲ့ခံတွင်းကျန်းမာရေးကို ထိထိရောက်ရောက် မထောက်ပံ့ပေးနိုင်ပါဘူး။ ဒီတော့ ခံတွင်းကျန်းမာဖို့ဆိုရင် မဖြစ်မနေ ဂရုစိုက်ရမှာက သွားပွတ်တံပါ။ သွားပွတ်တံရဲ့ ဇစ်မြစ်  သွားကို သန့်ရှင်းရေးလုပ်ပေးတဲ့ အရာတွေက ဘီစီ ၃၅၀၀ နောက်ပိုင်းမှာ စတင်ပေါ်ထွက်ခဲ့တယ်။ ဘေဘီလုံလူမျိုးတွေနဲ့ အီဂျစ်လူမျိုးတွေက သစ်ခက်လေးတွေရဲ့ တစ်ဖက်ကို ဖွာနေအောင်လုပ်ပြီး ဖွာနေတဲ့အစွန်းဘက်နဲ့ သွားကို သန့်ရှင်းကြတာပါတဲ့။ ၁၆၀၀ ဘီစီမှာတော့ တရုတ်လူမျိုးတွေက ခံတွင်းအနံ့ဆိုးကင်းစေဖို့အတွက် မွှေးကြိုင်တဲ့ သစ်ပင်တွေရဲ့အစိတ်အပိုင်းတွေကို ဝါးပြီး […]

သွားနှင့် ခံတွင်း သန့်ရှင်းရေး

အုန်းဆီဟာ အသားအရေကို စိုပြေဝင်းမွတ်လာစေတဲ့ သဘာဝအဆီတွေထဲမှာ ပါဝင်ပါတယ်။ အုန်းသီးရဲ့ အသားဖတ်ကနေ ထုတ်ယူထားပြီး အရေပြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပြည့်ဝဆီအဖြစ်လည်း သတ်မှတ်ထားပါတယ်။ ဘာကြောင့် အုန်းဆီဟာ သွားကျန်းမာရေးအတွက် ကောင်းတာလဲ။ အုန်းဆီရဲ့ ၅၀ ရာခိုင်နှုန်းမှာ ပါဝင်တဲ့ လောရစ်အက်ဆစ် (Lauric Acid) မှာ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားပိုး၊ မှိုပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ အရေပြား အလှအပအတွက်ဖြစ်ဖြစ်၊ အစာအာဟာရ အနေနဲ့ ဖြစ်ဖြစ်၊ကိုယ်တွင်းအင်္ဂါတွေမှာရှိတဲ့ ပိုးတွေ သေဖို့အတွက် ဖြစ်ဖြစ် သုံးလို့ရသလို သွားနဲ့ ခံတွင်းအတွက်လည်း အသုံးပြုလို့ ရပါတယ်။ ဒါ့အပြင် နောက်ထပ် ခံတွင်းအတွက် ဘာတွေ အကျိုးထူးစေနိုင်လဲဆိုတော့ • သွားကို ဖြူစေတယ် • သွားကြားထဲထိ သန့်စင်ပေးနိုင်တယ် • သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ် • […]

သွားနှင့် ခံတွင်း သန့်ရှင်းရေး

စိတ်ဖိစီးမှုများတဲ့အခါ ပြင်ပရောဂါဝေဒနာတွေရဲ့ အန္တရာယ်တွေလည်း အလွယ်တကူ သက်ရောက်လာနိုင်တယ်ဆိုတာကို လူတော်တော်များများသိကြပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုဟာ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ လူသိနည်းပါတယ်။ ခံတွင်းနံ့ဆိုးတာလိုပြဿနာမျိုးတွေကနေ သွားဖုံးသွေးယိုတာအထိ ခံတွင်းနဲ့သက်ဆိုင်တဲ့ ဝေဒနာအများအပြားဟာ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေပါတယ်။ မိမိမှာ စိတ်ဖိစီးမှုပြဿနာကြီးကြီးမားမား ရင်ဆိုင်လာနေရပြီဆိုရင် အောက်ပါ သွားနဲ့ ခံတွင်းဆိုင်ရာ ဝေဒနာမျိုးတွေကို ခံစားရနိုင်ပါတယ်။ သွားအရောင်တောက်ပမှု လျော့ပါးလာတာ သွားအရောင်တောက်ပမှု လျော့ကျတာလို ရေတိုပြဿနာတွေဟာ ပုံမှန်ကျန်းမာရေး အခြေအနေတွေနဲ့သာမကပဲ စိတ်ဖိစီးမှုများနေတာနဲ့လည်း သက်ဆိုင်နေလေ့ရှိတယ်လို့ သွားကျန်းမာရေးပညာရှင်တွေကဆိုထားပါတယ်။ လေ့လာချက်တွေအရ ဒီလိုသွားအရောင်မတောက်ပတော့တာဟာ စိတ်ဖိစီးမှုနဲ့ ၇၀% လောက်အထိ သက်ဆိုင်မှုရှိနေတယ်လို့ ဆိုပါတယ်။ သွား၊ မေးရိုးကိုက်ခဲတာ သွားကိုက်တာဟာ အကြောင်းအရာင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ၃၀% လောက်ကတော့ စိတ်ဖိစီးမှုကြောင့်ပါ။ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ သွားကိုက်ဝေဒနာကို Temporomandibular Disorder (TMD) ဒါမှမဟုတ် Myofascial […]

သွားနှင့် ခံတွင်း သန့်ရှင်းရေး

ကလေးငယ်လေးတွေရဲ့ သွား လေးတွေဟာ သေးငယ်ပေမယ့် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ သွားနဲ့ သွားဖုံးကျန်းမာရေးမကောင်းတဲ့အခါ သင့်ကလေးလေးဟာ အစာကောင်းကောင်းဝါးနိုင်မှာ မဟုတ်သလို ရှင်းရှင်းလင်းလင်း စကားပြောနိုင်ဖို့အတွက်ကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေရဲ့ သွားကျန်းမာရေး ကို ဂရုမစိုက်မိဘူးဆိုရင် သွားပိုးစားခြင်း၊ သွားအပေါက်ဖြစ်ခြင်း၊ နဲ့ ဆွေးမြေ့လာခြင်းတွေအပြင် အခြားသွားပြဿနာတွေလည်း အများကြီးဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် သွား နဲ့ သွားဖုံး ကျန်းမာရေးဟာ ကလေးငယ်လေးတွေအတွက် အင်မတန်အရေးကြီးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိမိတို့ ကလေးငယ်လေးတွေရဲ့ သွားနဲ့ သွားဖုံးကျန်းမာရေးအတွက် ဘာတွေကို ဂရုစိုက်လုပ်ဆောင်ကြမယ်ဆိုတာလေး ပြောပြပေးသွားပါမယ်။ ၁။ သွားမပေါက်သေးတဲ့ မွေးကင်းစ ကလေးလေးတွေမှာ သွားဖုံးကို ဂရုစိုက်ပေးပါ။ ကလေးငယ်လေးရဲ့ သွားဖုံးလေးတွေမှာ ဘက်တီးရီးယားပိုးလေးတွေ ကပ်တွယ်နေနိုင်ပါတယ်။ ဒါ့ကြောင့် နူးညံ့ပြီး ရေဆွတ်ထားတဲ့ အဝတ်စလေးတစ်ခုခု (သို့) ပတ်တီးစလေးတွေလေးတွေကို […]

သွားနှင့် ခံတွင်း သန့်ရှင်းရေး

လူအများစုဟာ ခံတွင်းအနံ့ နံတဲ့ ပြသနာနဲ့ တွေ့ကြုံနေရပါတယ်။ ခံတွင်းအနံ့နံခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းစေနိုင်ရုံသာမက အခြားသူကိုလည်း စိတ်အနှောက်အယှက် ဖြစ်စေနိုင်တဲ့ ပြသနာကြီးတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို ခံတွင်းနံ့နံတာတွေ ဘာ့ကြောင့် ဖြစ်ရတယ်၊ မဖြစ်အောင် ဘယ်လို ဂရုစိုက်ပေးသင့်တယ် ဆိုတဲ့ အချက်တစ်ချို့ကို ဒီဆောင်းပါးလေးမှာ မျှဝေပေးချင်ပါတယ်။ (၁) တစ်နေ့ နှစ်ကြိမ် ပုံမှန် သွားတိုက်ပေးပါ။ သွားသန့်ရှင်းရေးအားနည်းပြီး စားကြွင်းစားကျန်တွေ သွားထဲမှာ ကျန်ခဲ့တဲ့အခါ ဆွေးမြေ့လာတဲ့ အစားအစာတွေ နဲ့ ဘက်တီးရီးယားတွေ ပေါင်းစည်းပြီး ဆိုးရွားတဲ့ အနံ့ကို ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် အစာအကြွင်းအကျန်တွေကို ဖယ်ရှားဖျက်ဆီးပေးနိုင်တဲ့ fluoride ပါတဲ့ သွားတိုက်ဆေးနဲ့ အစာစားပြီးချိန် (သို့) အနည်းဆုံး ပုံမှန် တစ်နေ့နှစ်ကြိမ် တိုက်ပေးဖို့ လိုအပ်ပါတယ်။ သွားကြားမှာ […]

သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွား မှာ ချိုးကပ်စေ၊ စွန်းထင်း စေနိုင်တဲ့ အရာတွေ သင်ပါးစပ်ထဲ ထည့်နေတာ အများကြီးရှိပါတယ်။ အထင်ရှားဆုံး ဥပမာ ပြောရရင် ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ ကော်ဖီသောက်တာ တို့ပေါ့။ ဒီလိုမျိုး အရာတွေကြောင့် သွားမှာ စွန်းထင်းနေတာ၊ ချိုးကပ်နေတာတွေ ဖြစ်လာရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ အကြံပေးချင်ပါတယ်။ သွားတိုက်ဆေး နည်းလမ်းမှန်၊ ပစ္စည်းမှန်၊ အချိန်မှန် - မှန်သုံးမှန်နဲ့ သွားတိုက်ပါ။ သွား ကို အရောင် ကျန်စေနိုင်တဲ့ အစားအသောက်တွေ စားပြီးနောက်ပိုင်း သွားတိုက်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် အက်စစ်ဓာတ်များတဲ့ အစားအသောက်တွေ စားပြီးချိန် ချက်ချင်းသွားတိုက်တာ တော့ မလုပ်ပါနဲ့။ ဒီချိန် တိုက်လိုက်ရင် အက်စစ်ဓာတ်ကြောင့် သွားကြွေလွှာ ပိုထိခိုက်စေနိုင်တယ်။ ကျန်တဲ့ အချိန်တော့ တစ်နေ့နှစ်ကြိမ် တိုက်ရင် လုံလောက်ပါတယ်။ အုန်းဆီ အရည်အသွေး ကောင်းပြီး ဓာတုပစ္စည်း အရောအနှော မပါတဲ့ […]

သွားနှင့် ခံတွင်း သန့်ရှင်းရေး

ဆေးလိပ်သောက်တာ မကောင်းဘူးလို့ ဘယ်လောက်ပြောပြော သောက်နေမိတယ်။ ဆေးလိပ်ဗူးမှာ ဆေးလိပ်သောက်ခြင်း က ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ် ဆိုပေမယ့်လည်း မစွန့်လွှတ်နိုင်သေးဘဲ ဆေးလိပ်ကို ဆက်သောက်နေမိမယ် ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ဖြစ်အောင် ဖတ်ဖို့တော့ လိုနေပါပြီ။ ဒီဆောင်းပါးလေးက ဆေးလိပ်မဖြတ်နိုင်ဘူး။ ဆေးလိပ်သောက်တာကြောင့် ခံတွင်းကျန်းမာရေး ထိခိုက်လာမှာကိုလည်း စိုးရိမ်တယ်ဆိုတဲ့ Smoker တွေအတွက်ပါ။ ဆေးလိပ်သောက်တာကြောင့် ခံတွင်းမှာ ဘာတွေဖြစ်လာနိုင်လဲ....... ဆေးလိပ်သောက်တာကြောင့် ကျန်းမာရေးကို အဖက်ဖက်က ထိခိုက်စေနိုင်တယ်ဆိုတာ ပြောနေစရာမလိုဘဲ သိမယ်ထင်ပါတယ်။ ဆေးလိပ်ငွေ့ကို ရှူရှိုက်လိုက်တိုင်း အဆုတ်တွေတင်မဟုတ်ဘဲ သွား နဲ့ ခံတွင်းမှာပါထိခိုက်တာတွေရှိလာနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းက ခံတွင်းအနံ့ဆိုးစေတယ် သွားဖုံးပြဿနာ ဖြစ်စေတယ်  အရသာခံမှု အားနည်းစေတယ် periodontal disease (သွားဖုံး နဲ့ သွားတဝိုက်တွင်ဖြစ်သော ရောဂါတစ်မျိုး) ခံစားရစေတယ် သွားတွေအရောင်ပြောင်းစေတယ် ပါးစပ်ထဲမှာ အဖြူရောင်အနာတွေဖြစ်နေမယ် အနာကျက်နှေးမယ် […]

သွားနှင့် ခံတွင်း သန့်ရှင်းရေး ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Phio Thiha

သားဖွားပညာ

Phyo Clinic (Pazundaung)

expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy