ဗီတာမင် B12 ချို့တဲ့ ခြင်းနှင့် ကျီးကန်းပါးစပ်

ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
Share now

ခုလိုကာလမျိုးမှာ ရာသီဥတုကြောင့်ရော စားသောက်နေထိုင်မှုပုံစံကြောင့်ပါ ကျီးကန်းပါးစပ် (Angular Cheilitis) လို ဝေဒနာမျိုးကို ကြုံရတတ်ပါတယ်။ ဒီဝေဒနာဟာ ဗီတာမင် B12 ချို့တဲ့ မှုရဲ့ အရေးပါတဲ့ လက္ခဏာတစ်မျိုးဆိုတာကိုတော့ လူသိနည်းပါတယ်။

ကျီးကန်းပါးစပ် ဆိုတာက နှုတ်ခမ်းထောင့်တွေ နီရဲအက်ကွဲကာ ပါးစပ် ဟမရ ပြုမရဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ စားရသောက်ရ စကားပြောဆိုရတာမှာ အတော်လေး ကသိကအောက်နိုင်တဲ့ ရောဂါဆိုပါတော့။ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်သော်ငြား အတော်လေးစိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာမျိုးလို့တော့ ဆိုရပါလိမ့်မယ်။

ပုံမှန်အားဖြင့် ဗီတာမင် B မှာ အုပ်စုဝင်အမျိုးအစား ၈ မျိုးရှိပါတယ်။ ကျီးကန်းပါးစပ် လို နှုတ်ခမ်းမှာဖြစ်တဲ့ ပြဿနာတွေဟာ ဗီတာမင် B အုပ်စုထဲက ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်ရတာပါ။

ဗီတာမင် B ချို့တဲ့ တဲ့အခါမှာ ရောဂါလက္ခဏာအမျိုးမျိုးပြသလေ့ရှိပြီး အမျိုးအစားအလိုက် လက္ခဏာခြင်း အတန်ငယ်ကွဲပြားတတ်ပါတယ်။ တခြားအကြောင်းအရင်းတွေကြောင့်လည်း ကျီးကန်းပါးစပ် ဖြစ်နိုင်ပေမယ့် ဗီတာမင် B12 ချို့တဲ့ရင်တော့ သေချာပေါက် ကျီးကန်းပါးစပ် ဝေဒနာခံစားရပါလိမ့်မယ်။

ဗီတာမင် B12 ချို့တဲ့ ခြင်းနဲ့ နှုတ်ခမ်းပေါ်က ပြဿနာများ

ဗီတာမင် B12 ချို့တဲ့သူတွေဟာ နှုတ်ခမ်းထောင့်တွေ နီရဲကွဲအက်တဲ့ ကျီးကန်းပါးစပ် တင်သာမက တခြားလက္ခဏာတွေကိုလည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါတွေကတော့ နှုတ်ခမ်းနဲ့ နှုတ်ခမ်းထောင့်တွေမှာ

  • ရောင်ရမ်းတာ၊
  • သွေးထွက်တာ၊
  • ကွဲအက်တာ၊
  • အရည်ကြည်ဖုထွက်တာ၊
  • နှုတ်ခမ်း ခြောက်ပြီး အရေပြားကွာတာ၊
  • ယားယံတာ၊
  • နာတာ စတာတွေဆိုပါတော့။

ဒီလို နှုတ်ခမ်းမှာ ပြဿနာတက်တော့ စားရေးသောက်ရေးမှာပါ တစ်ပူပေါ်တစ်ပူဆင့်ပါတော့တယ်။ ဗီတာမင် B12 ချို့တဲ့ပြီး ကျီးကန်းပါးစပ် ဖြစ်လာတဲ့အခါ နောက်ဆက်တွဲအနေနဲ့

  • အစားအသောက်ပျက်တာ၊
  • ပါးစပ်ပျက်တာ၊
  • နှုတ်ခမ်းနဲ့ ပါးစပ်မှာ စပ်ဖျဉ်းဖျဉ်း ဖြစ်နေတာတွေပါ ထပ်ပြီးဖြစ်လာတတ်ပါတယ်။

ဗီတာမင် B12 ချို့တဲ့တာမျိုး မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ

ဗီတာမင် B12 ဟာ အလွယ်တကူဖြည့်ဆည်းလို့ရပါတယ်။ ဗီတာမင် B12 ချို့တဲ့ မှုမဖြစ်ချင်ရင် အောက်ပါအစားအစာတွေကို ပုံမှန် မီဝဲစားသုံးပေးဖို့ လိုအပ်ပါတယ်။

ဒါတွေကတော့

  • နို့
  • ဒိန်ခဲ၊
  • တိရိစ္ဆာန် ကလီစာ (အထူးသဖြင့် အသဲ)၊
  • ပင်လယ်ငါး၊
  • ပင်လယ်စာ၊
  • အသား၊
  • ဥ၊
  • စီရီယယ်၊
  • အစိမ်းရင့်ရောင်ရှိတဲ့ အရွက်တွေ၊
  • ကိုက်လန်၊
  • ကညွတ်ကြီး စတာတွေပါပဲ။ ဒီအစားအစာတွေက ဗီတာမင် B12 ချို့တဲ့မှုကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် B12 ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေဖြစ်ပါတယ်။

ဗီတာမင် B12 ချို့တဲ့တာကြောင့်ဖြစ်တဲ့ ကျီးကန်းပါးစပ် ကို ဘယ်လို သက်သာစေမလဲ

နှုတ်ခမ်းနဲ့ နှုတ်ခမ်းထောင့်တွေ ခြောက်သွေ့လာချိန်မှာ တံတွေးကနေတဆင့် မှိုပိုးဝင်တာ ဒါမှမဟုတ်ဘက်တီးရီးယားပိုး ဝင်တာတွေကြောင့် ကျီးကန်းပါစပ် စတင်ဖြစ်ရပါတယ်။  ဒီလိုဖြစ်ရာမှာ ဗီတာမင် B12 ချို့တဲ့တာကြောင့် ဒါမှမဟုတ် သံဓာတ်အားနည်းတာကြောင့် စတဲ့ နောက်ခံအကြောင်းအရင်းကို ရှာဖွေပြီး ကုသရမှာဖြစ်ပါတယ်။

နေအိမ်မှာ ကုသမယ်ဆိုရင်တော့

အနာကို သင့်လျော်ရာ လိမ်းဆေးတစ်မျိးမျိုးလိမ်းပြီး သန့်သန့်ရှင်းရှင်းထားတာ၊

အရောင် သက်သာအောင် စတီးရွိုက်လိမ်းတာ၊

ပါးစပ်မခြောက်အောင် ရေခဏခဏ သောက်တာ၊

နှုတ်ခမ်းကွဲတာ သက်သာအောင် နှုတ်ခမ်းအဆီလိမ်းတာ

တံတွေးနဲ့ တိုက်ရိုက်မထိအောင် နှုတ်ခမ်းထောင့်ကို အုန်းဆီ၊ Vaseline ဂျယ် စတာတွေလိမ်းတာတွေ လုပ်ပေးနိုင်ပါတယ်။ ကျီးကန်းပါးစပ်ရောဂါ အများစုက အိမ်မှာ ကုရင်းနဲ့ပဲ ပျောက်သွားတာ များပါတယ်။ ဒါကြောင့် သိပ်စိုးရိမ်စရာ မရှိပါဘူး။ ခဏခဏ ပြန်ဖြစ်တတ်ရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

ဗီတာမင် B12 ချို့တဲ့တာကြောင့်ဖြစ်တာဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးကုသမှု ခံယူပြီး ကျီးကန်းပါစပ် ဝေဒနာကို သက်သာစေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သာမန်အချိန်မှာ ကျန်းမာစေပေမယ့် နာမကျန်းဖြစ်ချိန်မှာ မစားသင့်တဲ့ အစားအစာများ

အစာအာဟာရဆိုတာ လူတိုင်းအတွက် ကျန်းမာစေမယ့် အကျိုးပြု ဓာတ်စာတွေဖြစ်ပါတယ်။ တချို့အစားအစာတွေဟာ ...

ရေးသားသူ Ye Zon Aung

ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ဆောင်းတွင်းလို ကာလမျိုးမှာ ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ...

ရေးသားသူ Ye Myo Myat

အိပ်ရေးဝဝအိပ်ချင်သူတွေ သောက်သုံးပေးသင့်တဲ့ အဖျော်ယမကာ ၁၀ မျိုး

အိပ်မပျော်တဲ့ ဒီအခြေအနေကို ကုစားပေးနိုင်မယ့် နည်းလမ်းကတော့ အိပ်ယာဝင်ခါနီးမှာ သင့်လျော်တဲ့ အဖျော်ယမကာ တချို့ကို မှီဝဲ သောက်သုံးပေးတာပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သက်သက်လွတ်စားရင်း မှားနေကြသည်များ

သက်သက်လွတ်စားတာဟာ ပိုကျန်းမာစေတယ်၊ ကိုယ်အလေးချိန် သိသိသာသာကျစေတယ်။ ဒါပေမယ့် သက်သက်လွတ်စားရင်း လွဲမှားနေကြတာလေးတွေလည်း ရှိနေပါသေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
ကပ်ဘေးရဲ့ မွန်းကျပ်မှုတွေကို Hiking ထွက် ပြီး ဖြေဖျောက်ကြမလား

ကပ်ဘေးရဲ့ မွန်းကျပ်မှုတွေကို Hiking ထွက် ပြီး ဖြေဖျောက်ကြမလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read