backup og meta

ရေပန်းစားလာသော သွားအလှပြုပြင်ခြင်း နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေပန်းစားလာသော သွားအလှပြုပြင်ခြင်း နည်းလမ်းများ

    အရင်တုန်းက သွားနဲ့ ပတ်သက်ရင် အများစုက သိပ်ပြီး ဂရုစိုက်လေ့မရှိပါဘူး။ သွားကိုက်တာလို၊ ရေစီးကမ်းပြိုတာလို မဖြစ်မနေ ကုရမယ့် ကိစ္စရှိမှ သွားကြတာမျိုးပါ။ ခုခေတ်မှာတော့ သွားက ကျန်းမာရေးကိစ္စတစ်ခုထက် ပိုလာပါပြီ။ ပုံမှန်သွားကျန်းမာရေး စစ်ဆေးတာ၊ ကုသတာအပြင် သွားအလှပြုပြင်ခြင်း အတွက်လည်း စိတ်ဝင်စားလာကြပါပြီ။ အများနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ လှလှလေး ပြုံးနိုင်ဖို့ကလည်း အရေးကြီးတာကိုး။

    သွားအလှပြုပြင်ခြင်း နည်းလမ်းတွေက တကယ်လည်း အစွမ်းထက်လှပါတယ်။ လူတစ်ယောက်ရဲ့ မျက်နှာအသွင်အပြင်ကို အပြောင်းအလဲဖြစ်နိုင်လောက်တဲ့အထိ စွမ်းတာကြောင့် ခုခေတ်အခါမှာ ရေပန်းစားလာတာပဲ ဖြစ်ပါတယ်။

    ရေပန်းစားလာသော သွားအလှပြုပြင်ခြင်း နည်းလမ်းများ

    သွားအလှပြုပြင်ခြင်း နည်းလမ်းတွေ အများကြီးရှိတဲ့ အထဲကမှ လူသိများပြီး အသုံးများတဲ့ နည်းလမ်း ၇ခုကတော့

    Cosmetic Teeth Whitening/ Teeth bleaching စသဖြင့် ခေါ်ကြပါတယ်။ ဆေးလိပ်တွေ၊ ကော်ဖီတွေ သောက်လို့၊ ကွမ်းချိုးတွေ ကပ်နေလို့ သွားအရောင် မလှတဲ့အခါ၊ အရောင်ပြောင်းနေတဲ့အခါမှာ သုံးကြပါတယ်။ စျေးကွက်ထဲက အာမခံချက်မရှိတဲ့ သွားတိုက်ဆေးတွေနဲ့ သွားဖြူအောင် လုပ်မယ့်အစား သွားဆေးခန်းမှာ စနစ်တကျ ပြုလုပ်လာကြပါတယ်။

    လေဆာတွေ၊ ဆေးတွေ သုံးပြီး ဖြူအောင် လုပ်ကြတာ များပါတယ်။ လူတိုင်းက သွားအစွန်းချွတ်တာ၊ သွားဖြူအောင် လုပ်လို့မရတာဖြစ်တဲ့အတွက် သွားဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။

    Veneers လို့ခေါ်တဲ့ ကြွေ ဒါမှမဟုတ် compositeနဲ့ ပြုလုပ်ထားတဲ့ ကြွေလွှာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ များသောအားဖြင့် လူနာရဲ့ သွားအခြေအနေကို လိုက်ပြီး လိုသလို ညှိယူလို့ ရပါတယ်။ ရှေ့သွားမှာ ကပ်ကြတာ များပါတယ်။ ကြွေလွှာကို သုံးပြီး သွားဝါနေတာ၊ ပဲ့နေတာ၊ သွားကျဲတာ၊ သွားထပ်နေတာကို ပြုပြင်လို့ရပါတယ်။

    • သွားမြစ်တွင်း တိုင်စိုက်ကုသခြင်း

    Dental implant လို့ခေါ်ပါတယ်။ သတ္တုနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းကို သုံးပြီး လွတ်နေတဲ့ သွားနေရာမှာ အစားထိုးတာပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းလေးကို တိုက်တေနီယမ်နဲ့ ပြုလုပ်ထားပြီး သွားမရှိတဲ့ မေးရိုးမှာ ခွဲစိတ်ပြီး ထည့်လိုက်တာပဲ ဖြစ်ပါတယ်။ သွားတုတပ်တာမျိုး မဟုတ်ဘဲ တိုင်စိုက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီimplantကို မှီပြီး သွားတု၊ အံကပ် စတာတွေကို အပေါ်ကနေ ထပ်တပ်နိုင်ပါတယ်။

    ရေပန်းစားလာသော သွားအလှပြုပြင်ခြင်း နည်းလမ်းများ

    • သွားတုစွပ်ခြင်း

    သွားစိုက်ခါနီးရင် သွားဆရာဝန်က သွားပုံယူတယ်ဆိုတာကို ကြားဖူးမှာပါ။ ဒီလို ပုံယူပြီး လိုသလို စွပ်လို့ရအောင် ပြုပြင်ထားတာကို Crowns လို့ခေါ်ပါတယ်။ ဒီပစ္စည်းလေးကို အခရိုင်းလစ်၊ ကြွေ စတာတွေနဲ့ ပြုလုပ်ပြီး ကြိတ်ဝါးလို့ ရအောင် သတ္တုတစ်မျိုးမျိုးနဲ့ ရောစပ်ထားပါတယ်။

    Crownsတွေကို သွားမလှတာ၊ သွားပိုးစားနေတာ၊ သွားပဲ့နေတာ၊ သွားကျိုးနေတာ၊ အပေါက်ကြီးဖြစ်နေတာ၊ သွားကျဲနေတာတွေကို ပြုပြင်ဖို့ သုံးပါတယ်။

    • သွားကြွေလွှာ ပြုပြင်ခြင်း

    Enamel shaping လို့ခေါ်ပါတယ်။ သွားကြွေလွှာ အနေအထားကို ကြည့်ပြီး ကြွေလွှာ ဖြည့်တာ၊ ဖယ်တာတွေ လုပ်ပေးတာပဲ ဖြစ်ပါတယ်။ နာကျင်မှု မရှိဘဲ ချက်ချင်းသိသာတဲ့ နည်းလမ်း ဖြစ်ပါတယ်။

    • သွားကပ်ကုသခြင်း

    Bonding လုပ်တယ်လို့ ခေါ်ပါတယ်။ သွားနဲ့ အရောင်တူတဲ့ ပစ္စည်းကို သွားမှာ ကပ်ပြီး ပြုပြင်ပေးတာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို သွားအရောင်စွန်းတာ၊ သွားကျိုးတာ၊ သွားပဲ့တာတွေကို ပြုပြင်ဖို့အတွက် သုံးနိုင်ပါတယ်။

    • သွားများ ညီညာစေရန် သွားညှိကုသခြင်း

    သွားညှိကုသတာက ကလေးတွေပဲ လုပ်လို့ရတာ မဟုတ်ပါဘူး။ ဒီခေတ်မှာ လူကြီးတွေလည်း လုပ်လာကြပါပြီ။ အဓိကကတော့ သွားမညီတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရလို့ပါ။ သွားထပ်နေတာ၊ သွားခေါနေတာအတွက် သွားညှိကုသနိုင်ပါတယ်။

    သွားကျန်းမာရေးက အရေးကြီးသလို သွားအလှအပကလည်း အရေးကြီးလာပါပြီ။ သွားကို လှပအောင် ပြုပြင်တာက မိမိရဲ့ ရုပ်သွင်ကို ပြောင်းလဲစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိစေလို့ သွားအလှပြုပြင်ခြင်း နည်းလမ်းတွေက ရေပန်းစားလာတာပဲ ဖြစ်ပါတယ်။

      မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

      မှ အချက်အလက် စစ်ဆေးထားပါသည်။

      Dr. Htet Htet Zaw Win


      Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      advertisement iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      advertisement iconadvertisement
      advertisement iconadvertisement