backup og meta

သွားနဲ့ ခြင်း အတွက် အိမ်တွင်းနည်းလမ်းကောင်းများ

သွားနဲ့ ခြင်း အတွက် အိမ်တွင်းနည်းလမ်းကောင်းများ

လူကြီးတွေက သွားနဲ့ ပြီဆိုရင် တော်တော်များများက ကျိုးမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီအရွယ်က ကျိုးပြီးရင် ပြန်မပေါက်တော့ဘူးလေ။ ကလေးဆိုရင်တော့ တစ်မျိုးပေါ့။ သွားနဲ့တာဘာကြောင့် ဖြစ်တာလဲ။ သွားနဲ့တာကို အိမ်တွင်းနည်းလမ်းတွေနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။

သွားနဲ့ ရခြင်း အကြောင်းရင်းများ

သွားဖုံးရောင် ရေစီးကမ်းပြိုရောဂါကြောင့်ပါ။ သွားကို သေချာသန့်ရှင်းရေး မလုပ်တဲ့အခါ ဖြစ်တတ်ပါတယ်။ သွားကို သေချာမတိုက်တဲ့အခါ သွားကျောက်တည်ပြီး ဘက်တီးရီးယားတွေ  ဝင်လာပါတယ်။ ဒီသွားကျောက်တွေက သွားတွေကို သွားဖုံးကနေ တွန်းထုတ်သလိုဖြစ်တာကြောင့် သွားဖုံးနဲ့ သွားကြားမှာ ဟလာပါတယ်။  ဟလာတဲ့ နေရာကို ပိုးတွေဝင်ပြီး သွားဖုံးရောင်လာပါတယ်။

ဒါကြောင့် သွားနဲ့တာအပြင်

-သွားဖုံးက နီရဲရောင်ရမ်းတာ

-သွားတိုက်တဲ့အခါ သွားဖုံးက သွေးထွက်တာ

-သွားဖုံးပါးလာတာတွေ ဖြစ်လာပါတယ်။

  • ကိုယ်ဝန်ဆောင်

ကိုယ်ဝန်ရှိချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးနဲ့ သွားတွေမှာ အပြောင်းအလဲ ဖြစ်လာပါတယ်။ အရိုးနဲ့ သွားတွေကို ထောက်ပံ့ထားတဲ့ တစ်ရှူးတွေ အားနည်းလာတဲ့အခါ သွားနဲ့လာပါတယ်။

ဒါပေမယ့် ဒါက ခဏပါပဲ။ ကလေးမွေးပြီးလို့ ဟော်မုန်းတွေ ပြန်ငြိမ်သွားရင် သွားပြန်ခိုင်သွားပါလိမ့်မယ်။

  • ထိခိုက်ဒဏ်ရာရတာ

မျက်နှာကို ထိခိုက်ဒဏ်ရာရတာ၊ ကားတိုက်မှု ဖြစ်တာ၊ သွားကို လက်နက်လိုသုံးပြီး ကိုက်တာ၊ ဖဲ့တာတွေ လုပ်ရင်လည်း သွားနဲ့တတ်ပါတယ်။ ဒါ့ပြင် စိတ်တိုလို့ အံကြိတ်တာ၊ ညအိပ်နေတုန်း သွားကြိတ်တာတွေကလည်း သွားနဲ့စေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် သွားနဲ့သွားတယ်၊ သွားကို ထိခိုက်သွားတယ်လို့ ယူဆရင် သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အရိုးပွတယ်ဆိုတာက အရိုးအတွင်းသားတွေက အပေါက်လေးတွေနဲ့ မွမွလေး ဖြစ်နေတာကို ပြောတာပါ။ ဒီလို အခြေအနေမျိုးမှာ သာမန်ထိခိုက်မိရုံနဲ့တင် အရိုးကျိုးသွားနိုင်ပါတယ်။

အရိုးပွတာက ကျောရိုး၊ ပေါင်ရိုး၊ လက်ရိုးတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် မေးရိုးမှာလည်း တွေ့ရတတ်ပါတယ်။ မေးရိုးက အရိုးပွနေရင်တော့ သွားတွေနဲ့ပြီး ကျွတ်ထွက်နိုင်ပါတယ်။

သွားနဲ့ ခြင်းအတွက် အိမ်တွင်းနည်းလမ်းများ

သွားနဲ့တာအတွက် အကောင်းဆုံးနည်းလမ်းကတော့ သွားဆရာဝန်နဲ့ ပြ၊ ရောဂါအလိုက်တိကျတဲ့ ကုသမှု ခံယူတာပါ။ သွားနဲ့တာကို သက်သာစေဖို့ အိမ်တွင်းနည်းလမ်းတွေလည်း ရှိပါတယ်။

-တစ်နေ့ ၂ကြိမ် နူးညံ့တဲ့ သွားပွတ်တံနဲ့ သွားတိုက်ပါ။

-သွားပွတ်ကြိုးသုံးပါ။

-အာလုပ်ကျင်းဆေးရည်လည်း သုံးနိုင်ပါတယ်။

-ဂတ်စ်ပါတဲ့ အအေးတွေ သောက်တဲ့အခါ သွားနဲ့ တိုက်ရိုက် မထိအောင် ပိုက်နဲ့ စုပ်သောက်ပါ။

  • သွားအတွက် အကျိုးရှိတဲ့ အာဟာရတွေ  စားပါ။

ကယ်ဆီယမ်က အရိုးနဲ့ သွားကို သန်မာစေလို့ နေ့စဉ်စားတဲ့အထဲမှာ ပါသင့်ပါတယ်။ နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရောင်  အရွက်ဖားဖားတွေ၊ အသားတွေ၊ ဥနဲ့ ငါးတွေက ကယ်ဆီယမ်ကြွယ်ဝပါတယ်။

  • ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်

သူကတော့ နဲ့နေတဲ့ သွားပတ်လည်က ဘက်တီးရီးယားတွေကို သေစေပါတယ်။ ဘက်တီးရီးယားတွေက သွားပိုးပေါက်တွေ၊ ပိုးဝင်တာတွေ၊ သွားကျောက်တွေကို တည်စေလို့ သွားကို ပိုနဲ့စေနိုင်ပါတယ်။

ဆားရည်နဲ့ ပလုပ်ကျင်းတာကလည်း သွားကြားမှာ အောင်းနေတဲ့ ဘက်တီးရီးယားတွေကို ရှင်းထုတ်ပေးနိုင်ပါတယ်။ သူကလည်း ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်လိုပဲ ပိုးသေစေနိုင်တဲ့ သတ္တိရှိပါတယ်။ ပိုးတွေ မရှိတော့ သွားဖုံးတွေ ကျန်းမာလာပြီး သွားခိုင်လာပါလိမ့်မယ်။

  • နနွင်းနဲ့ ငရုတ်ကောင်း

ဒီ၂ခု အတွဲအစပ်က သွားနဲ့တာအတွက် ထိရောက်တဲ့ အိမ်တွင်းကုသနည်းပါ။ နှစ်ခုလုံးကို ဆတူရောပြီး နဲ့နေတဲ့ သွားနဲ့ သွားဖုံးကြားမှာ ကပ်ထားပါ။ ခဏနေရင် ရေနဲ့ ပလုပ်ကျင်းချပါ။

သွားနဲ့ခြင်းအတွက် ထိရောက်တဲ့ ကုသမှုနည်းလမ်းများ

ဒါတွေက အိမ်တွင်းနည်းလမ်းတွေသာ ဖြစ်ပြီး ပိုပြီး ထိရောက်ချင်တယ်ဆိုရင်တော့ သွားဆရာဝန်နဲ့ ပြပြီး ဖြစ်တဲ့ အကြောင်းရင်းအလိုက် ကုသမှု ခံယူသင့်ပါတယ်။ ဥပမာ

  • သွားဖုံးမှာ သွားကျောက်တည်နေတာကြောင့်ဆိုရင် သွားကျောက်ခြစ်တာ
  • သွားဖုံးရောင်နေတယ်ဆိုရင် ဆေးဝါးတွေ၊ အာလုပ်ကျင်းဆေးရည်တွေ သုံးထာ
  • သွားဖုံးတွေ ရောင်ပြီး မေးရိုးတွေပါ ထိထားတယ်ဆိုရင် ခွဲစိတ်ကုသတာ
  • မေးရိုးတွေ ပွနေတယ်ဆိုရင် အရိုးအစားထိုးတာ
  • သွားဖုံးတစ်ရှူးအစားထိုးတာ
  • သွားကြိတ်တာကြောင့်ဆိုရင် မကြိတ်မိအောင် သွားမှာအစွပ်စွပ်ထားတာ
  • ထိခိုက်ဒဏ်ရာကြောင့်ဆိုရင်  သွားညှိကွင်းလိုမျိုးတွေနဲ့ ထိန်းထားတာ စတာတွေ လုပ်ရနိုင်ပါတယ်။

သွားမနဲ့အောင်  ဘယ်လိုကာကွယ်ကြမလဲ။

သွားမနဲ့အောင် ရာနှုန်းပြည့်ကာကွယ်လို့ မရပေမယ့် ဖြစ်နိုင်ခြေကို လျှော့ချလို့ရပါတယ်။

  • တစ်နေ့ ၂ကြိမ် စနစ်တကျ သွားတိုက်ပါ။
  • တစ်နေ့ တစ်ကြိမ်လောက် သွားပွတ်ကြိုးနဲ့ သန့်ရှင်းရေး လုပ်ပါ။
  • သွားဆရာဝန်နဲ့ ပုံမှန်ပြသပါ။
  • တွန်းတွန်းတိုက်တိုက် အားကစားတွေ လုပ်တဲ့အခါ သွားကာတပ်ဆင်ပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • သွားကြိတ်တတ်ရင် သွားမှာ အစွပ်စွပ်ထားပါ။
  • အရိုးပွရောဂါရှိနေရင် ကယ်ဆီယမ်နဲ့ ဗီတာမင်ဒီဖြည့်စွက်ဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်ပါ။
  • သွားကို လက်နက်သဖွယ် ကိုက်တာ၊ ဖဲ့တာအတွက် မသုံးပါနဲ့။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicalnewstoday.com/articles/322028#prevention

https://www.miamiperio.com/blog/can-you-tighten-up-a-loose-tooth

https://www.health.harvard.edu/diseases-and-conditions/when-teeth-get-damaged

 

ယခုပုံစံ

04/08/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ

သွားကိုက်ခြင်း အပါအဝင် အဖြစ်များတဲ့ သွားပြဿနာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/08/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement