ကလေးသွားကျန်းမာ​ရေး

ကလေးသွားကျန်းမာ​ရေး ကို ငယ်စဉ်ကတည်းက စနစ်တကျ ဂရုစိုက်ပေးမှသာ ကြီးလာတဲ့အခါ သွားနဲ့ ခံတွင်းပြဿနာတွေ ကင်းဝေးမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးသွားကျန်းမာ​ရေး

သွားလေးတွေ ကျိုးနေတာ ချစ်စရာလေး ဆိုပေမယ့် သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး ကို သေချာလေး ဂရုစိုက်ဖို့က အရေးကြီးပါတယ်။ ဘေဘီလေး အရွယ်ကစလို့ ဖိုးဖိုးဖွားဖွားတွေအရွယ်အထိ သွားတွေ ကျန်းမာဖို့က အတော်လေး အရေးကြီးပါတယ်။ အကြောင်းကတော့ သွားကောင်းမှ အစားများများစားနိုင်ပြီး ခန္ဓာကိုယ်က ကျန်းမာမယ်။ ကြီးထွားဖွံ့ဖြိုးမယ်လေ။ ဘေဘီလေးတွေဆိုရင် ကြီးထွားဖို့ အရှိန်ယူနေတဲ့အရွယ်မို့ အာဟာရ ပြည့်ဝဖို့က အတော်လေး အရေးပါတာပါ။ ဘေဘီလေးတွေက အသက် ၆ လမှာ  မိခင်နို့အပြင် အစာမာကို စစားကြပါတယ်။ ဒီလို စားသုံးမှုနဲ့အတူ ဒီအရွယ်မှာပဲ ဘေဘီလေးတွေက အစားအစာတွေကို ကိုက်ဖြတ်နိုင်မယ့် အစိတ်အပိုင်းတွေဖြစ်တဲ့ သွားတွေကို ပိုင်ဆိုင်လာကြပါတယ်။ သွားငုတ်တုတ် လူငုတ်တုတ်ဆိုသလိုပေါ့။ စစထွက်ချင်းတော့ ဘေဘီလေးက ရှေ့အပေါ်သွား ၂ ချောင်းနဲ့ ရှေ့အောက်သွား ၂ ချောင်းကို ပိုင်ဆိုင်ကြပါတယ်။ […]

ကလေးသွားကျန်းမာ​ရေး

လူအများစု သတိမထားမိတတ်ကြတဲ့ အရာတွေထဲမှာ သွားကျန်းမာရေးဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အသက် ၆လမှ ၁၂လအတွင်း ပထမဆုံးသွား စတင်ပေါက်လာတဲ့ အချိန်ကနေ အသက်ကြီးလာတဲ့အချိန်ထိ ကိုယ့်ရဲ့ သွားကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ သွားကို ဂရုစိုက်ပေးခြင်းဟာ ခံတွင်းကျန်းမာရေးအတွက်သာမက ကိုယ်ခန္ဓါကျန်းမာရေးအတွက်ပါ အလွန်အရေးကြီးပါတယ်။ ကလေးတွေရဲ့ သွားကို ပျက်စီးစေတဲ့ အစားအစာ ၈ မျိုး သွားကို တစ်နေ့ ၂ကြိမ် မှန်မှန်တိုက်ဖို့ ကလေးဘဝထဲက သေချာအလေ့အကျင့် လုပ်ထားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ့်ကလေးရဲ့ နေ့စဉ်စားသောက်တဲ့ အစားအစာတွေဟာ ခံတွင်းနဲ့ သွားကျန်းမာရေးကို ပါ သက်ရောက်မှုရှိနေတာကို သတိထားရပါမယ်။ ဒါဆိုရင် ဘယ်လိုအစားအစာတွေက ကိုယ့်ကလေးရဲ့ သွားကျန်းမာရေးကို ဒုက္ခပေးနိုင်လဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။ ကလေးတွေရဲ့ သွားကို ပျက်စီးစေတဲ့ အစားအစာတွေကတော့ ၁။ အအေး၊ ဖျော်ရည် ဖျော်ရည်တွေမှာ ပါဝင်တဲ့ […]