သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွား မှာ ချိုးကပ်၊ စွန်းထင်းနေတာတွေ ဘယ်လိုပျောက်အောင် လုပ်ရမလဲ

သွား မှာ ချိုးကပ်စေ၊ စွန်းထင်း စေနိုင်တဲ့ အရာတွေ သင်ပါးစပ်ထဲ ထည့်နေတာ အများကြီးရှိပါတယ်။ အထင်ရှားဆုံး ဥပမာ ပြောရရင် ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ ကော်ဖီသောက်တာ တို့ပေါ့။ ဒီလိုမျိုး အရာတွေကြောင့် သွားမှာ စွန်းထင်းနေတာ၊ ချိုးကပ်နေတာတွေ ဖြစ်လာရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ အကြံပေးချင်ပါတယ်။ သွားတိုက်ဆေး နည်းလမ်းမှန်၊ ပစ္စည်းမှန်၊ အချိန်မှန် - မှန်သုံးမှန်နဲ့ သွားတိုက်ပါ။ သွား ကို အရောင် ကျန်စေနိုင်တဲ့ အစားအသောက်တွေ စားပြီးနောက်ပိုင်း သွားတိုက်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် အက်စစ်ဓာတ်များတဲ့ အစားအသောက်တွေ စားပြီးချိန် ချက်ချင်းသွားတိုက်တာ တော့ မလုပ်ပါနဲ့။ ဒီချိန် တိုက်လိုက်ရင် အက်စစ်ဓာတ်ကြောင့် သွားကြွေလွှာ ပိုထိခိုက်စေနိုင်တယ်။ ကျန်တဲ့ အချိန်တော့ တစ်နေ့နှစ်ကြိမ် တိုက်ရင် လုံလောက်ပါတယ်။ အုန်းဆီ အရည်အသွေး ကောင်းပြီး ဓာတုပစ္စည်း အရောအနှော မပါတဲ့ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ဆေးလိပ်သောက်ခြင်းနှင့် ခံတွင်းကျန်းမာရေး

ဆေးလိပ်သောက်တာ မကောင်းဘူးလို့ ဘယ်လောက်ပြောပြော သောက်နေမိတယ်။ ဆေးလိပ်ဗူးမှာ ဆေးလိပ်သောက်ခြင်း က ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ် ဆိုပေမယ့်လည်း မစွန့်လွှတ်နိုင်သေးဘဲ ဆေးလိပ်ကို ဆက်သောက်နေမိမယ် ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ဖြစ်အောင် ဖတ်ဖို့တော့ လိုနေပါပြီ။ ဒီဆောင်းပါးလေးက ဆေးလိပ်မဖြတ်နိုင်ဘူး။ ဆေးလိပ်သောက်တာကြောင့် ခံတွင်းကျန်းမာရေး ထိခိုက်လာမှာကိုလည်း စိုးရိမ်တယ်ဆိုတဲ့ Smoker တွေအတွက်ပါ။ ကဲ .... ဆေးလိပ်သောက်ခြင်းနှင့် ခံတွင်းကျန်းမာရေး အကြောင်းလေး ကြည့်ကြည့်လိုက်ရအောင်နော်။ ဆေးလိပ်သောက်ခြင်းနှင့် ခံတွင်းကျန်းမာရေး ဆေးလိပ်သောက်တာကြောင့် ကျန်းမာရေးကို အဖက်ဖက်က ထိခိုက်စေနိုင်တယ်ဆိုတာ ပြောနေစရာမလိုဘဲ သိမယ်ထင်ပါတယ်။ ဆေးလိပ်ငွေ့ကို ရှူရှိုက်လိုက်တိုင်း အဆုတ်တွေတင်မဟုတ်ဘဲ သွား နဲ့ ခံတွင်းမှာပါထိခိုက်တာတွေရှိလာနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းနှင့် ခံတွင်းကျန်းမာရေး အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ ခံတွင်းအနံ့ဆိုးစေတယ် သွားဖုံးပြဿနာ ဖြစ်စေတယ်  အရသာခံမှု အားနည်းစေတယ် periodontal disease […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

ဆေးလိပ်သောက်သူတွေရဲ့ ခံတွင်းနံ့ဆိုး ပြဿနာ ဘယ်လိုဖြေရှင်းရမလဲ

ခံတွင်းနံ့ဆိုး ဖြစ်စေတဲ့အကြောင်းရင်းတွေမှာ ဆေးလိပ်သောက်ခြင်းလည်း ပါဝင်တယ်နော်။ ဆေးလိပ်သောက်တတ်တဲ့လူတွေမှာ ခံတွင်းမပြောနဲ့၊ ချွေးနံ့ကပါ ဆေးလိပ်နံ့ထွက်နေတတ်တာပါ။ ခံတွင်းနံ့ဆိုးတာက အလုပ်ခွင်မှာ၊ လူမှုဆက်ဆံရေးမှာ အတော်လေး ကသိကအောက်ဖြစ်ရတဲ့ ပြဿနာဆိုတာ ကြုံဖူးသူတွေသိပါတယ်။ ဘာလို့ ခံတွင်းနံ့ဆိုး ရတာလဲ ဆေးလိပ်သောက်သူတွေမှာ ခံတွင်းနံ့ဆိုး ရတဲ့အဓိက အကြောင်းရင်းကတော့ ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေရဲ့အကြွင်းအကျန်တွေက ခံတွင်းမှာ ကပ်ကျန်ခဲ့လို့ပါပဲ။ ဓာတုပစ္စည်းတွေကြောင့် သွား၊ သွားဖုံး ၊ လျှာနဲ့ ပါးစောင်တဝိုက်မှာ ရောဂါတွေဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က ဆေးလိပ်သောက်ရင် တံတွေးအထွက်နည်းပြီး ခံတွင်းခြောက်သွေ့စေလို့ပါပဲ။ ခံတွင်းခြောက်သွေ့တဲ့အခါ ဘက်တီးရီးယားတွေစုပြီး ခံတွင်းနံ့ကို ဆိုးစေပါတော့တယ်။ ဒါဆို ဘယ်လိုဖြေရှင်းရမလဲ ခံတွင်းနံ့ဆိုးကင်းချင်တယ်ဆိုရင် လုပ်လို့ရတဲ့နည်းလမ်းလေးတွေ သိပ်လွယ်ပါတယ်နော်။ ဆက်ပြီးဖတ်ကြည့်ရအောင် … (၁) သွားကို မှန်မှန်တိုက်ပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ကို ပုံမှန်သွားတိုက်ဖြစ်ဖို့ ကြိုးစားပါ။ တိုက်ပေမယ့် သွားတိုက်နည်းမမှန်လည်း အကျိုးမထူးပါဘူးနော်။ စက်ဝိုင်းပုံသဏ္ဍာန်လမ်းကြောင်း ဝိုက်ပြီး သွားတိုက်ပါ။ (၂) လျှာကိုလည်း မမေ့ပါနဲ့။ သွားတိုက်တယ်၊ […]


သွားပြဿနာများ

တတိယအံသွား ဒါမှမဟုတ် Wisdom Teeth နဲ့ပတ်သက်လို့သိကောင်းစရာ

သွားနဲ့ခံတွင်းဆိုင်ရာပြဿနာတွေအကြောင်းပြောရင် အံသွားပေါက်တဲ့ကိစ္စက မပါမဖြစ်ပါပဲ။ ကျွန်တော်တို့ လူသားတွေရဲ့သွား ၃၂ ချောင်းမှာ အံသွား၁၂ ချောင်းပါဝင်ပါတယ်။အစားအစာမျိုးစုံကြိတ်ဝါးချေဖျက်ဖို့ အံသွား တွေကိုအသုံးပြုပါတယ်။ အံသွားတွေက သွားဖုံးရဲ့နောက်ဆုံးမှာပေါက်ပြီး သွားတွေစပေါက်တဲ့အချိန်မှာ အံသွား ၈ ချောင်းပဲရှိပါတယ်။။ နောက်ဆုံး အံသွား ၄ ချောင်းက အသက် ၁၆၊ ၁၇ လောက်မှစထွက်လာတတ်ပြီး ဒီ ၄ ချောင်းကို 3rd Molar teeth ဒါမှမဟုတ် Wisdom Teeth လို့လည်းခေါ်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ wisdom teeth လို့ခေါ်တဲ့ တတိယမြောက်အံသွားတွေအကြောင်း ပြောပြပေးသွားပါ့မယ်။ ဘာလို့ Wisdom Teeth ထွက်ရတာလဲ ဒါကိုရှင်းပြဖို့ ဟိုးရှေးပဝေသဏီအချိန်ထိ ပြန်သွားရပါမယ်။ ဟိုးအရင်ကျောက်ခေတ်လူသားတွေက အခုခေတ်လို မီးတွေ၊ မီးဖိုတွေသုံးပြီး အစားအစာတွေမချက်ပြုတ်ခဲ့ဘဲ ရှာဖွေရသမျှ အစားအသောက်တွေကို အစိမ်းပဲ ဝါးစားခဲ့ရတာပါ။ မာတဲ့အစားအစာဖြစ်ဖြစ် […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

မိသားစုအတွက် အကောင်းဆုံးသွားတိုက်ဆေးရွေးချယ်မယ်

"ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီးထိရောက်တယ်" ဆိုတဲ့ စကားအတိုင်း နေ့စဉ်မှန်မှန်သွားတိုက်ခြင်းဖြင့် သွားနဲ့ပတ်သက်တဲ့ရောဂါတွေကို ကြိုတင်ကာကွယ်သင့်ပါတယ်။ ဒီလို သွားနဲ့ခံတွင်း သန့်ရှင်းကျန်းမာဖို့အတွက် နေ့စဥ် သွားတိုက်ရာမှာ သွားတိုက်ဆေးက မရှိမဖြစ်လိုအပ်တဲ့အရာပါ။ တချို့ လူတွေက ယခုအချိန်ထိ ကြုံရာ သွားတိုက်ဆေးနဲ့ တိုက်နေကြတုန်းပါပဲ။ ကိုယ့်ခံတွင်းကျန်းမာသန့်ရှင်းဖို့အတွက် သင့်တော်တဲ့ သွားတိုက်ဆေးကိုရွေးချယ်အသုံးပြုသင့်ပါတယ်။ ယခုခေတ်မှာ အရောင်အသွေးမျိုးစုံ အမှတ်တံဆိပ်မျိုးစုံနဲ့ ရောင်းချနေကြတဲ့ သွားတိုက်ဆေး အမျိုးအစားများစွာ ရှိပါတယ်။ မိမိအတွက် မိမိ မိသားစုအတွက် ဘယ်သွားတိုက်ဆေး ဝယ်ရင် ကောင်းမလဲ ဆိုပြီး ခေါင်းစားနေပြီလား။ သွားတိုက်ဆေး ဝယ်တော့မယ်ဆိုရင်ပထမဆုံး သတိပြုရမှာက နိုင်ငံအလိုက် FDA က အသိအမှတ်ပြုထားတဲ့ သွားတိုက်ဆေးကိုရွေးချယ် ရပါမယ်။ ဖလိုရိုက်ပမာဏ မှန်ကန်စွာပါရှိတဲ့ သွားတိုက်ဆေးဖြစ်ရပါမယ်။ဖရိုရိုက် (Fluoride) ဟာ သွားပိုးစားခြင်းကို အထိရောက်ဆုံးကာကွယ်ပေးနိုင်တာမို့ သွားတိုက်ဆေးတိုင်းလိုလိုမှာ ဖရိုရိုက်ဓာတ်ပါဝင်ပါတယ်။ […]


သွားပြဿနာများ

သွားကျောက် တည်ခြင်းအကြောင်း သင်ဘယ်လောက်သိလဲ။

ရယ်လိုက်တဲ့ ပေါ်လာတဲ့ သွားကျောက် တွေကြောင့် လွတ်လွတ်လပ်လပ်မရယ်နိုင် ဖြစ်နေပြီလား။ သွားတိုက်လိုက်တိုင်း သွေးထွက်လို့ စိုးရိမ်နေပြီလား။ စကားပြောမယ်ကြံလိုက်တိုင်း ခံတွင်းအနံ့ဆိုးတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဖြစ်နေပြီလား။ ဒါတွေ အားလုံးကို အဖြေရှာလိုက်ရင် သွားကျောက်တည်တာကြောင့်ဆိုတာ တွေ့ရမှာပါ။ သွားချေး၊ သွားချိုးလို့လဲ အလွယ်ပြောကြပါတယ်။ သွားကျောက် ဘာလို့ တည်ရတာလဲ။ မတည်အောင် လုပ်လို့ရလား။ သွားကျောက်ခြစ်တဲ့အကြောင်း စတာတွေကို ပြောပြပေးပါမယ်။ သွားကျောက် ဆိုတာ ဘာလဲ? သွားကျောက်ဆိုတာ စားကြွင်းစားကျန်တွေ၊ တံတွေးမှာပါတဲ့ သတ္တုဓာတ်တွေ အနည်ကျပြီး ဖြစ်လာတာပါ။ သူက သွားမှာ ကပ်တွယ်ပြီး သွားဖုံးအောက်ကို ဖြည်းဖြည်းခြင်း စားသွားပါတယ်။ သွားကျောက်က သွားကို အပေါ်ကနေ ကျောက်နဲ့ တစ်လွှာဖုံးထားသလိုပါပဲ။ ပြီးတော့ ပွယောင်းယောင်းလေးဖြစ်နေတဲ့ အတွက် စားသောက်ထားသမျှ အလွယ်တကူ စွန်းထင်းနိုငါပါတယ်။ သွားကျောက်တွေက […]


သွားပြဿနာများ

ဘာကြောင့် သွားကျဉ် ရတာလဲ။

ရေခဲလေး ကိုက်မိတာဖြစ်ဖြစ်၊ ဟင်းရည်ပူပူလေး သောက်မိတာ ဖြစ်ဖြစ် သွားထဲမှာ ကျဉ်ခနဲ ခံစားသွားရပါသလား။ ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီလို ပူလွန်း အေးလွန်းတာတွေကို စားလိုက်တိုင်း နာနေပြီဆိုရင် သွားမှာ အပေါက်ရှိနေတာ ဖြစ်နိုင်သလို၊ သွားကျဉ် တာလည်း ဖြစ်နိုင်ပါတယ်။ သွားကျဉ်တာက ခဏပဲ ခံစားရတာဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။ တစ်ချောင်းတလေပဲ ဖြစ်နိုင်သလို သွားတော်တော်များများ ကျဉ်တာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းတွေ အများကြီးပြီး တော်တော်များများကတော့ ခံတွင်းသန့်ရှင်းရေးကို သေချာ လုပ်ရုံနဲ့ သက်သာသွားတတ်ပါတယ်။ သွားကျဉ် ခြင်းရဲ့ လက္ခဏာများ သွားကျဉ်တဲ့ သူတွေက သူတို့နဲ့ မတည့်တာ တစ်ခုခု စားလိုက်တာနဲ့  သွားနာတာ၊ ကျဉ်တာ ဖြစ်လာပါတယ်။ သွားရဲ့ အခြေကနေကို ကျဉ်လာတာပါ။ ပိုဆိုးစေတဲ့ အချက်တွေကတော့ […]


သွားနှင့် ခံတွင်း သန့်ရှင်းရေး

သွားနဲ့ခံတွင်း သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်ကြမလဲ

လောကမှာ တစ်ခါဆုံးရှုံးလိုက်တာနဲ့ နောက်တစ်ခေါက် အစားပြန်မရနိုင်တော့အရာတွေထဲမှာ ကျွန်မတို့ရဲ့ သွားတွေလည်း ပါဝင်ပါတယ်။ ကျွန်မတို့ရဲ့ တစ်နေ့တာမှာ အစားအစာတွေ ဝါးချေနိုင်ဖို့ ပီပြင်စွာ စကားပြောနိုင်ဖို့ နဲ့ လှပစွာပြုံးရယ်နိုင်ဖို့ သဘာဝတရားကြီးဆီကနေ သွားတွေကို လက်ဆောင်ရထားကြပါတယ်။ ဒီသဘာဝရဲ့ လက်ဆောင်ကို သင့်အနေနဲ့ သေချာ မထိန်းသိမ်းခဲ့ရင် နောက်ပိုင်းမှာ သွားကိုက်ခြင်းဝေဒနာ၊ သွားဖုံးရောင်ခြင်းတွေ ဖြစ်လာပြီး နောက်ဆုံးမှာ သွားတွေကို ဆုံးရှုံးလိုက်ရမှာပါ။ ဒီလို အရေးပါတဲ့ သွားနဲ့ခံတွင်း သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်ကြမလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ https://hellosayarwon.com/oral-health/oral-care/best-fruits-for-teeth/ သွားနဲ့ခံတွင်း သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်ကြမလဲ သွားနဲ့ခံတွင်း သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်ကြမလဲ ဆိုတော့ ၁။ တစ်နေ့ကို ၂ ကြိမ် ပုံမှန် သွားတိုက်ပေးပါ။ မနက်စာစားပြီး ၁ ကြိမ် ၊ ညအိပ်ခါနီး တစ်ကြိမ် သွားတိုက်ပေးပါ။ သွားရဲ့ အရင်း […]


သွားပြဿနာများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ သွား နဲ့ ခံတွင်း ပြဿနာများ

"အသက်ကို ဥာဏ်စောင့်" ဆိုတဲ့စကားအတိုင်း အခုလိုဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးမှာ ကျန်းကျန်းမာမာ အသက်ရှည်ရှည် နေရဖို့ ကိုယ့်ဥာဏ်စွမ်းရှိသမျှ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ် ဆိုပြီးပြောနေကြပေမယ့်လဲ ရောဂါဖြစ်မှ မခံမရပ်နိုင် နာကျင်လာမှပဲ ဆေးရုံဆေးခန်းပြေးကြတဲ့ သူတွေမနည်းမနောရှိနေဆဲပါ။ သွားနဲ့ ခံတွင်းရောဂါတွေနဲ့ပတ်သက်လာရင်လည်း ထိုနည်းတူပါပဲ။ မဖြစ်ခင် ဂရုစိုက်ဖို့ သိနေပေမယ့်လည်း အလေးမထား ပေါ့ဆ မိကြတာကြောင့် သွားကိုက်ဝေဒနာခံစားရမှ ဒါမှမဟုတ် မစားနိုင်မသောက်နိုင် ခံတွင်းက နာကျင်လာတော့မှ သွားဆေးခန်းကို ရောက်လာတတ်ကြပါတယ်။ မရှူနိုင်မကယ်နိုင် အချိန်ကျမှ သွားနှုတ်ပြစ်လိုက်ရလို့ တန်ဖိုးရှိတဲ့သွားတွေ ဆုံးရှုံးကြရတယ်။ နောက်ဆုံးအဆင့်ကျတော့မှ ခံတွင်းကင်ဆာ ဆိုတာ သိလိုက်ရတယ် ဆိုတာမျိုးတွေ ကြုံတွေ့ရတာ မနည်းပါဘူး။ သွားကျန်းမာရေးစောင့်ရှောက်ပေးဖို့ သွားဆရာဝန်နဲ့ ပြည်သူ တို့ရဲ့ မျှချေ အချိုးဟာ ၁:၇၅၀၀ ဖြစ်ရမယ်လို့ WHO […]


သွားပြဿနာများ

သွားကျဥ်ခြင်း ဝေဒနာ (tooth sensitivity)

သွားကျဥ်ခြင်း ဝေဒနာ(tooth sensitivity)ကို လူတော်တော်များများ တွေ့ကြုံခံစားဖူးကြမှာပါ။ နာတဲ့ ကိုက်တဲ့ ခံစားချက်မျိုးနဲ့မတူပဲ တော်တော်လေး ကသိကအောက်နိုင်တဲ့ ဝေဒနာမျိုးပါ။ သွားကျဥ်ဖူးတဲ့သူတိုင်း သွားကျဥ်တဲ့အချိန်မှာ ဘယ်လောက်ထိခံစားရခက်လဲဆိုတာ သိကြမှာပါ။ တစ်ခါတရံ မှာ ဘယ်နေရာ၊ ဘယ်သွားက ကျဥ်နေပါတယ်ဆိုပြီး အတိအကျပြောနိုင်ပေမယ့် တချို့သူတွေကျတော့ ဘယ်နေရာ၊ ဘယ်သွား ကျဥ်မှန်း မသိ ဖြစ်တတ်ပါတယ်. ဘယ်အရာက သွားကျဥ်စေတာလဲ၊ သွားကျဥ်ပျောက်အောင် ဘယ်လိုလုပ်ကြမလဲ.. ၁။ ကြွေလွှာပါးပြီး ခံစားမှုများသောသွား - ကြမ်းတမ်းစွာ သွားတိုက်ခြင်း၊ ချိုသောအစားအစာများ၊ အချဥ်ဓာတ်ပါတဲ့ အချိုရည်များ ကို အလွန်အကျွံသောက်သုံးခြင်းတို့ကြောင့် သွားရဲ့ ကြွေလွှာတွေ ပါးပြီး ခံစားမှုပိုများလာတတ်ပါတယ်။ ခံစားမှုများသော သွား (sensitive teeth)တွေဟာ ပုံမှန်သွားတွေထက် အပူအအေးဒဏ်ကို မခံ နိုင်ကြပါဘူး။ ရေခဲရေ၊ အအေး၊ ရေခဲမုန့်၊ ရေခဲချောင်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)