သွားကျဲတာတွေကို စိပေးနိုင်ပါတယ်။ သွားမညီတာတွေကို ညှိပေးနိုင်ပါတယ်။ သွားတွေကို တည့်မတ်စေပါတယ်။ 
သွားနဲ့မေးရိုးခွဲစိတ်မှုမှာ ဘာတွေကို အသုံးပြုပါသလဲ။
အဓိက braces လို့ခေါ်တဲ့ သွားထိန်းနဲ့ အလားတူပစ္စည်းတွေကို အသုံးပြုကြပါတယ်။ ဒီထဲမှာမှ အမြဲတမ်း တပ်ထားရတဲ့ fixed appliances နဲ့ ယာယီပဲ ထပ်ရတဲ့ removable appliancesဆိုပြီး ရှိပါတယ်။
Fixed appliances တွေကို အသုံးပြုတဲ့အခါ တိကျမှုက အရေးကြီးပါတယ်။ တပ်ထားချိန်မှာ ပုံမှန်အတိုင်း စားနိုင်သောက်နိုင်ပေမယ့် တချို့သောအစားအစာတွေ (ဥပမာ ကာဗွန်ပါတဲ့ အချိုရည်တွေ၊ မာတဲ့ အစားအစာတွေ၊ ပီကေနဲ့ ကပ်စေးတဲ့ အစားအစာတွေ) ကို ရှောင်ကြဉ်ရပါမယ်။
တွန်းတွန်းတိုက်တိုက် အားကစားတွေ လုပ်နေတယ်။ သွားဖုံးကို ထိခိုက်နိုင်ခြေရှိတယ်ဆိုရင်တော့ သွားဖုံးအကာတွေ သုံးရပါမယ်။
အသုံးများတဲ့ Fixed appliances တွေကတော့ သွားထိန်းတွေ၊ Fixed-space maintainers လို့ခေါ်တဲ့ ကလေးတွေ သွားကျိုးပြီးရင် တည့်တည့်လေး ပေါက်လာအောင် ထိန်းပေးတဲ့ အကူပစ္စည်းတွေ ပါပါတယ်။
- Removable orthodontic appliances
ဒီ appliances တွေကတော့ သာမန်ပြဿနာတွေဖြစ်တဲ့ လက်မစုပ်ရင် မစုပ်အောင် တပ်ထားရတာ၊ သွားစောင်းနေတာတွေကို ပြုပြင်တာ စတာတွေပဲ ဖြစ်ပါတယ်။
ဒါတွေကို သွားတိုက်တာ၊ စားသောက်တာ၊ သွားပွတ်ကြိုးသုံးတာ စတဲ့အချိန်တွေမှာ ဖြုတ်ထားလို့ရပါတယ်။ တစ်ခါတလေ သွားဆရာဝန်တွေက စက်ဘီးစီးတဲ့အခါ၊ တူရိယာတွေ မှုတ်တဲ့အခါ ဖြုတ်ထားဖို့ အကြံပေးလေ့ရှိပါတယ်။
Removable orthodontic appliances တွေထဲမှာ Alignersလိုမျိုး သွားထိန်းနဲ့ အလားတူပစ္စည်းတွေ၊ သွားကို နှုတ်ခမ်းနဲ့ ပါးတွေ မဖိမိအောင် ကာထားတဲ့ Lip and cheek bumpers လိုမျိုးတွေ ပါဝင်ပါတယ်။
- Splints, or jaw repositioning appliances
ဒါကတော့ မေးရိုးတွေမှာ တပ်ရတာပါ။ မေးရိုးကို ပုံမှန်အတိုင်း လှုပ်ရှားလို့ရအောင် ထိန်းပေးပါတယ်။ မေးရိုးလှုပ်ရှားတဲ့အခါ နာကျင်တာ၊ ကြွက်သားတွေ ပုံမှန်မလှုပ်ရှားနိုင်တဲ့အခါမျိုးမှာ သုံးကြပါတယ်။
သွားနဲ့မေးရိုးခွဲစိတ်မှု လုပ်တဲ့အခါ သတိထားရမယ့် အချက်တွေ
သွားနဲ့မေးရိုးခွဲစိတ်မှုတွေက အခါခပ်သိမ်း အောင်မြင်တာတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ လိုချင်တဲ့ရလဒ်မျိုး မရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အများစုက အောင်မြင်ပြီး အန္တရာယ်လည်း နည်းပါတယ်။ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့
သွားထိန်းတပ်တဲ့အခါ တပ်ထားတဲ့နေရာကို သေချာ မသန့်ရှင်းတတ်ရင် သွားပိုးစားလာနိုင်ပါတယ်။ အထူးသဖြင့် အချိုစားတာများရင် ပိုဖြစ်တတ်ပါတယ်။
သွားကို သွားထိန်းတပ်တဲ့အခါ အောက်က အမြစ်တွေပါ အနည်းနဲ့အများ ထိခိုက်တတ်ပါတယ်။
ဒါကလည်း သွားထိန်းတွေကြောင့်ပဲ ဖြစ်တာပါ။ သွားထိန်းတပ်တဲ့သူ တချို့မှာ သွားဖုံးရောင်တာ၊ သွားဖုံးရောဂါတွေ ဖြစ်တာကို တွေ့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။