backup og meta

သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ

သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ

သွားပိုးပေါက်တွေဟာ ကလေးငယ်တွေမှာရော၊ အရွယ်ရောက်ပြီးသူတွေမှာပါ အဖြစ်များတဲ့ သွားပြဿနာတစ်ခုဖြစ်ပါတယ်။ အချိုစားများခြင်း၊ သွားကို သန့်စင်မှုအားနည်းခြင်း၊ သွားကြားတွင် အစာများ ကြွင်းကျန်နေခြင်း၊ ဗီတာမင် D ချို့တဲ့ခြင်းနဲ့ အခြား ကျန်းမာရေးအခြေအနေတွေကြောင့် အက်ဆစ်ဓာတ်တွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်လာပြီး သွားပိုးပေါက်တွေကို ဖြစ်လာစေပါတယ်။ ဒီတော့ သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။

သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ

သွားပိုးပေါက်တွေ ဖြစ်လာတဲ့အခါ အမြင်မလှရုံသာမက နာကျင်ကိုက်ခဲခြင်း၊ အစာစားရခက်ခဲခြင်း၊ သွားဖုံးရောင်လာပြီး ပြည်တည်နာဖြစ်လာခြင်း စတဲ့ ပြဿနာတွေအပြင် အချိန်ကြာတာနဲ့အမျှ ဆွေးမြေ့လာပြီး သွားတွေဆုံးရှုံးသွားတဲ့ထိ ဖြစ်လာနိုင်တာကြောင့် မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် သွားတွေဟာ ကျွန်ုပ်တို့ နေ့စဉ်အစာစားတဲ့အခါ မဖြစ်မနေအသုံးပြုရတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ ကို မျှဝေပေးလိုက်ပါတယ်။

သွားပိုးပေါက်တွေကို ဘယ်လိုကာကွယ်ကြမလဲ။

၁။ သွားပုံမှန်တိုက်ပါ။

သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အနည်းဆုံး တစ်နေ့ကိုနှစ်ကြိမ် ပုံမှန်တိုက်ပေးရပါမယ်။ သွားတိုက်တဲ့အခါ အပေါ်၊ အောက် နဲ့ သွားကြားတွေပါမကျန် တိုက်ပုံတိုက်နည်းမှန်မှန် နဲ့ အနည်းဆုံး ၂မိနစ် တိုက်ပေးဖို့လိုအပ်ပါတယ်။

၂။ Fluoride ပါတဲ့သွားတိုက်ဆေးကို အသုံးပြုပါ။

Fluoride ဟာ သွားအတွက်လိုအပ်တဲ့ သတ္တုဓာတ်တွေ ပြန်လည်ဖြည့်တင်းပေးပြီး သွားပိုးပေါက်တွေ မဖြစ်အောင်ကာကွယ်ပေးနိုင်တာကြောင့် fluoride ပါတဲ့ သွားတိုက်ဆေးမျိုးကိုသာ အသုံးပြုသင့်ပါတယ်။

၃။ အစားအသောက်ကို ဂရုစိုက်ပါ။

Sugar ဟာ သွားပိုးပေါက်တွေကို ဖြစ်စေတဲ့ အဓိက အကြောင်းအရာပဲ ဖြစ်တဲ့အတွက် အချိုများတဲ့ အစားအစာတွေ၊ ချိုချဉ် သကြားလုံးတွေ၊ gas ပါတဲ့ drinks နဲ့ အချိုရည်တွေ၊ သစ်သီးခြောက်တွေကို မဖြစ်မနေ ရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် သွားကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အဆီကြော်တွေနဲ့ alcohol (အရက်) ကိုလည်း ရှောင်သင့်ပါတယ်။ သွားဆွေးမြေ့ခြင်းမဖြစ်အောင် ကူညီတိုက်ထုတ်ပေးနိုင်တဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ၊ calcium ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ အချိုဓာတ်မပါတဲ့ black or green tea တွေ ကိုတော့ စားသုံးပေးသင့်ပါတယ်။

၄။ ဗီတာမင် D လုံလောက်မှုရှိအောင် ဂရုစိုက်ပါ။

ဗီတာမင် D ဟာ စားသုံးလိုက်တဲ့ အစားအသောက်တွေထဲက အရိုးနဲ့ သွားအတွက် အထူးကောင်းမွန်တဲ့ ကယ်ဆီယမ်နဲ့ phosphorous သတ္တုဓာတ်တွေကို ခန္ဓာကိုယ်ထဲရောက်အောင် စုပ်ယူနိုင်ဖို့အတွက် ကူညီပေးနိုင်တဲ့ ဗီတာမင်လေးဖြစ်ပါတယ်။ ဗီတာမင် D ကို နို့နဲ့ နို့ထွက် ပစ္စည်းတွေ နဲ့ မနက်ခင်း နေရောင်ခြည်ကနေတစ်ဆင့် ရယူနိုင်ပါတယ်။

၅။ sugar free gum တွေဝါးပါ။

အစာတွေ အများကြီးစားပြီးတဲ့အခါ Xylitol , CPP-APC ( casein phosphopeptide- amorphous calcium phosphate ) တွေပါဝင်တဲ့ sugar free ပီကေမျိုးဝါးပေးမယ်ဆိုရင် pH ကို ညှိပေးပြီး သွားပိုးပေါက်ဖြစ်ခြင်းကို သက်သာစေပါတယ်။

၆။ သွားဆရာဝန်နဲ့ ပုံမှန်ပြသပါ။

သွားပြဿနာအတော်များများဟာ အစပိုင်းမှာ ဘာလက္ခဏာမှ မပြဘဲ ရှိနေနိုင်ပြီး မသိလိုက်ဘဲ ပိုဆိုးသွားတဲ့ အခြေအနေမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့ သွားဆရာဝန်နဲ့ ပုံမှန်လေး check up လုပ်ပေးဖို့ လိုအပ်ပါတယ်။

လှပတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

ရေးသားသူ – Khine Phoo Ngon

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/dental-and-oral-health/worst-foods-for-your-teeth

https://www.webmd.com/oral-health/guide/dental-health-cavities#1

https://www.healthline.com/health/dental-and-oral-health/how-to-get-rid-of-cavities

https://www.healthline.com/find-care/articles/dentists/tooth-cavities

 

 

ယခုပုံစံ

30/03/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေကို သွားပိုးစားစေတဲ့ အစားအသောက်များ ။ ။

သွားပိုးစားစေနိုင်တဲ့အကြောင်းရင်းတွေနဲ့ ကြိုတင်ကာကွယ်ဖို့ အကြံပြုချက်များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement