banner

ဆီးချိုလူနာများ ကျန်းမာရေး စစ်ဆေးကြမယ်

Subot Icon

အလွယ်ကူဆုံးနည်းလမ်းများနဲ့ အွန်လိုင်းကနေ ဆီးချိုထိန်းကြမယ်

Subot Icon

သင့်ရဲ့ ဆီးချိုအကြိုအဆင့် ဖြစ်နိုင်ခြေ ကို အွန်လိုင်းက‌နေ စစ်ဆေးမယ်

ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး အမေးများဆုံး မေးခွန်းများ

ဆီးချိုအမျိုးအစားတွေက ဘာတွေလဲ။

Icon Chevron

ဆီးချိုအမျိုးအစားတွေက အမျိုးအစား ကွာခြားမှုတွေ ရှိပါတယ်။ အမျိုးအစား -၁ ဆီးချို - အင်ဆူလင် လုံးဝ မထုတ်နိုင်တာကြောင့် အင်ဆူလင်အပေါ်မှာ မှီခိုနေရတဲ့ ဆီးချိုအမျိုးအစားပါ။ မွေးရာပါဆီးချိုလို့လည်း ခေါ်ကြပါတယ်။ autoimmune ရောဂါ တစ်မျိုးပါ။ကိုယ်တွင်းက ပဋိပစ္စည်းတွေက ပန်ခရိယကို တိုက်ခိုက်တာကြောင့် အင်ဆူလင် ထုတ်လုပ်နိုင်မှု မရှိတဲ့ အခြေအနေပါ။ အမျိုးအစား -၂ ဆီးချို - ဒီဆီးချို အမျိုးအစားက အမျိုးအစား -၁ ဆီးချိုလောက် မပြင်းထန်ပါဘူး။ များသောအားဖြင့်ကတော့ ဘဝ နေထိုင်မှုပုံစံကြောင့် ဖြစ်တာပါ။ အဝလွန်တာကြောင့် အင်ဆူလင်ကို သိရှိတုံ့ပြန်မှု အားနည်းပြီး ဆဲလ်တွေက အင်ဆူလင်ကို မတုံ့ပြန်တဲ့ အနေအထားပါ။ သဘောကတော့ ပန်ခရိယက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့အတွက် အင်ဆူလင်ကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တဲ့ အနေအထားပါ။ ကိုယ်ဝန်ဆောင် ဆီးချို - ကိုယ်ဝန်ဆောင်ဆီးချိုက ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့မှာ ခံစားရတဲ့ ကျန်းမာရေးပြဿနာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အင်ဆူလင်တုံ့ပြန်နိုင်စွမ်း နည်းတာကြောင့်ပါ။ သွေးတွင်းသကြားဓာတ်က အချင်းကနေတဆင့် ကလေးဆီကို ရောက်ရှိသွားပါတယ်။ ကလေးကို ဘေးကင်းကျန်းမာစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချိုကို ထိန်းဖို့ အရေးကြီးပါတယ်။

ဆီးချိုရောဂါရဲ့ အတွေ့ရများတဲ့ လက္ခဏာတွေက ဘာတွေလဲ။

Icon Chevron

ဆီးချိုရောဂါ ခံစားနေရပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ - ပုံမှန်ထက် ရေပိုဆာနေမယ်။ ရေအရမ်းငတ်တာမျိုးပါ - အကြောင်းအရင်း မရှိဘဲ ရုတ်တရက် ကိုယ်အလေးချိန် ကျမယ် - ဆီးခဏခဏ သွားမယ်။ ဆီးပေကျံတဲ့နေရာတွေမှာ ပုရွက်ဆိတ်တွေ တွေ့ရမယ် - ခဏခဏ ဗိုက်ဆာမယ် - အမြင်အာရုံတွေ ဝေဝါးလာမယ် - အမြဲလိုလို ခြေကုန်လက်ပမ်းကျမယ်။ နေရထိုင်ရ မအီမသာဖြစ်မယ် - အနာကျက်နှေးမယ်။ မကြာခဏဆိုသလို အနာတွေဖြစ်မယ်

ဆီးချိုရောဂါကို ဘယ်လို စစ်ဆေးသိရှိနိုင်မလဲ။

Icon Chevron

ဆီးချိုရောဂါကို သွေးတွင်းသကြားဓာတ် ဒါမှမဟုတ် သွေးတွင်းအချိုဓာတ်ကို တိုင်းတာ စစ်ဆေးနိုင်တဲ့ သွေးစစ်ဆေးမှုလုပ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် ပမာဏကို နည်းလမ်း ၃ မျိုးနဲ့ စစ်ဆေးနိုင်ပါတယ်။ မနက်အစောပိုင်း အစားမစားခင် သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း၊ အဆင်ပြေတဲ့အချိန်မှာ သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း (ကျပန်းစစ်တာမျိုးပါ)၊ A1C စစ်ဆေးခြင်း စတာတွေပါ။ တကယ်လို့ သွေးတွင်းသကြားဓာတ် ပမာဏက ကျန်းမာတဲ့ အတိုင်းအတာထက် ကျော်နေမယ်ဆိုရင်တော့ ဆီးချိုရောဂါ ဖြစ်နေပြီလားဆိုတာကို စစ်ဆေးဖို့ လိုပါမယ်။ ဒီစစ်ဆေးမှုတွေကို တတ်ကျွမ်းနားလည်သူနဲ့ သေချာဆေး မေးမြန်းဆွေးနွေးပြီး ဘယ်လို စောင့်ရှောက်မှု လိုအပ်သလဲဆိုတာကို မေးမြန်းပါ။

သွေးတွင်းသကြားဓာတ်က ဘယ်လောက်ရှိသင့်တာလဲ။ တကယ်လို့ သွေးတွင်းသကြားဓာတ်က ၁၂၀ ဒါမှမဟုတ် ၂၀၀ ဖြစ်နေရင် ဘာလုပ်ရမလဲ။

Icon Chevron

ပုံမှန်အားဖြင့်တော့ အစားမစားခင်မှာ သွေးတွင်းသကြားဓာတ်က 80 ကနေ 130 mg/dL ဖြစ်သင့်တာပါ။ အစားစားပြီး ၂ နာရီအကြာမှာ သွေးတွင်းသကြားဓာတ်က 180 mg/dL ထက်နည်းရပါမယ်။ ဒီနေရာမှာ ပြောချင်တာက သွေးတွင်းသကြားဓာတ် အတိုင်းအတာပမာဏက အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ နဲ့ အခြားအချက်တွေအပေါ်မှာ လိုက်ပြီး ကွာခြားနိုင်ပါတယ်။ ဒါကြောင့် သွေးချိုပမာဏ အတိုင်းအတာ ဘယ်လောက် သင့်အတွက် ကျန်းမာတဲ့ အနေအထားလဲဆိုတာကို သိရှိနိုင်ဖို့ တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပါ။

ပိုမိုသိရှိလိုပါသည်:

သင့်မှာ ဆီးချို ရှိနေပြီလား။

ဆီးချိုရောဂါရှိနေရင် ဘာတွေ စားလို့ရလဲ။ ကစီဓာတ်နည်းတဲ့ စားသောက်ပုံကို လိုက်နာ ဖို့ လိုမလား။

Icon Chevron

ဆီးချိုရှိနေပေမယ့်လည်း ကြိုက်နှစ်သက်တာလေးတွေကို နည်းနည်းတော့ စားလို့ ရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပမာဏလောက်ပေါ့။ ဆရာဝန်က ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ နှံစားသီးနှံတွေ၊ ပရိုတင်း နဲ့ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ ပါဝင်နေတဲ့ အာဟာရပြည့်ဝမျှတတဲ့ စားစရာတွေ ပါဝင်နေတဲ့ အထူးစားသောက်မှုပုံစံကို စီစဉ်ညွှန်ကြားတာမျိုး ရှိနိုင်ပါတယ်။ ဆီကြော်စာတွေ၊ အငန်ကဲတာတွေ၊ အချိုများတဲ့ သစ်သီးဖျော်ရည်တွေ၊ ဆိုဒါ၊ အချိုပွဲ စတာတွေကို အတိုင်းအချင့်နဲ့ စားသုံးရပါမယ်။

ဆီးချိုရှိရင် အချိုစားသုံးမှုကို ကန့်သတ်ရမှာလား။ ဒါဆို အချိုမပါတာ (sugar - free) ကို စိတ်ကြိုက်စားလို့ ရလား။

Icon Chevron

အရည်အသွေးမကောင်းတဲ့ အစားအစာတွေမှာ အချိုတွေ အများကြီးပါဝင်နေပြီး ဆီးချို ဖြစ်နိုင်ခြေ ကို တိုးစေနိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ ဆီးချိုရှိနေရင် သကြား နဲ့ အချိုတွေလုံးဝရှောင်ရမယ်လို့ ဆိုလိုတာမျိုးတော့ မဟုတ်ပါဘူး။ ကျန်းမာတဲ့ စားသောက်မှုပုံစံမှာ အချိုက အတိုင်းအတာ တစ်ခုလောက်အထိ ထည့်သွင်း စားသုံးပေးလို့ ရပါတယ်။ သွေးတွင်းသကြားဓာတ် အရမ်းကျသွားတဲ့အခါမျိုးမှာ သကြားနဲ့ အချိုစာတွေ က သွေတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ ထောက်ကူပေးနိုင်ပါတယ်။ သကြားမပါတဲ့ အစားအစာတွေက ဆီးချိုသမားတွေအတွက် အချို့အရာတွေမှာ ပိုကောင်းတယ်ဆိုပေမယ့်လည်း သကြားအစားထိုး စားစရာတွေမှာ ကစီဓာတ်တွေ ပါဝင်နေတတ်ပြီး ခန္ဓာကိုယ်ထဲကို ရောက်ရှိချိန်မှာ သကြားဓာတ်အဖြစ် ပြောင်းလဲ သွားတာ​ကြောင့် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ပြောချင်တာက သကြားမပါဘူးဆိုတိုင်းလည်း စိတ်ကြိုက်စားလို့ မဖြစ်ပါဘူး။ အားလုံးကိုခြုံပြီးပြောရရင်တော့ ဆီးချိုရှိတဲ့သူတစ်ဦးအနေနဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံကို ထိန်းသိမ်းလိုက်နာဖို့ လိုပါမယ်။

အင်ဆူလင်က ဆီးချိုကို ကုသနိုင်သလား။

Icon Chevron

အင်ဆူလင်က ဆီးချိုကို မကုသနိုင်ပါဘူး။ လက်ရှိကာလအထိမှာလည်း ဆီးချိုကို ကုသနိုင်တဲ့ နည်းလမ်းမရှိသေးပါဘူး။ အင်ဆူလင်ကုထုံးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ရပ်ပါ။ အင်ဆူလင်က ဆီးချိုကို ပိုဆိုးမလာအောင် ထိန်းသိမ်းပေးရင်း ဆီးချိုကြောင့် နောက်တက်တွဲ ကျန်းမာရေး ပြဿနာတွေ မခံစားရအောင် ကာကွယ်ပေးတာပါ။ ဒီလိုဆိုတာနဲ့ ဆီးချိုရှိသူတွေက အင်ဆူလင်တစ်မျိုးတည်းအပေါ်မှာပဲ မှီခိုလိုက်လို့လည်း မရပါဘူး။ အရေးကြီးတာက ဆီးချိုကို ထိန်းညှိဖို့အတွက် ကုထုံးကို တက်လက်ခံယူရင်း ရေရှည်မှာ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲဖို့ပါ။

ဆီးချိုရှိတဲ့သူတွေက အအေးမိတာအပါအဝင် အခြားကျန်းမာရေးပြဿနာတွေ အဖြစ်လွယ်သလား။

Icon Chevron

ဆီးချိုရှိသူတွေရဲ့ ကိုယ်ခံအားက ပုံမှန်ထက် နည်းနေတတ်ပြီး ထိခိုက်လွယ်တာကြောင့် အအေးမိတာအပြင် အခြားကျန်းမာရေးပြဿနာတွေ အဖြစ်လွယ်ပါတယ်။ ဒါကြောင့် ဆီးချို ရှိတဲ့သူတွေအနေနဲ့ တုပ်ကွေးလိုမျိုး အဖျားရောဂါတွေ ကူးစက်မခံရအောင် သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ ဆီးချိုရှိသူတွေအနေနဲ့ သေချာလေး ဂရုစိုက်ရက်နဲ့တောင် ဆေးရုံတက်ရောက်ကုသ ခံယူရလောက်အောင်အထိ ပြင်းထန်တဲ့ တုပ်ကွေးနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ခံစား ရနိုင်ခြေ၊ ဒီထက်ပိုဆိုးတဲ့ အနေအထားတွေနဲ့ သေဆုံးနိုင်ခြေက တော်တော်လေး များနေပါတယ်။ တုပ်ကွေးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအနေနဲ့ အဆုတ်ရောင်တာ၊ လေပြွန်ရောင်တာ၊ ထိပ်ကပ်နာ နဲ့ နားပိုးဝင်တာတွေ ခံစားရနိုင်ပါတယ်။ တုပ်ကွေးကြောင့် ဖျားနာမှုက သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်မှု ရှိနေပြီး ဆီးချိုကို ထိန်းသိမ်းဖို့ ခက်ခဲနိုင် ပါတယ်။ တုပ်ကွေး နဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကနေ ကာကွယ်ဖို့ လုပ်ဆောင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ တုပ်ကွေး ကာကွယ်ဆေးထိုးတာနဲ့ တုပ်ကွေး ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာလုပ်ဆောင်တာပါ။

ဆီးချိုဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ။

Icon Chevron

အချို့သောသူတွေမှာ ဆီးချိုရောဂါခံစားရနိုင်ခြေကို တိုးစေနိုင်တဲ့ အခြေအနေတွေရှိနေပါတယ်။ ဒီအခြေအနေတွေကတော့ - - မျိုးရိုးရှိတာ -ကိုယ်အလေးချိန် - ကိုယ်လက်လှုပ်ရှားမှု နည်းတာ - သွေးတိုးရှိတာ - အသက်အရွယ် - သားဥအိမ်ရေအိတ်တည်ခြင်းရောဂါ (PCOS) ခံစားနေရတာတွေပါ။

ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ဘယ်လိုလျှော့ချနိုင်မလဲ။

Icon Chevron

ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ့် အဆင့်တွေ ရှိပါတယ်။ ဒါတွေကတော့ - ပိုနေတဲ့ ကိုယ်အလေးချိန်ကို လျှော့ချပါ။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပါ။ CDC ရဲ့ အကြံပြုချက်ကတော့ ကိုယ်အလေးချိန်ကို 5% ကနေ 7% လောက်လျှော့ချ လိုက်တာ က ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချလိုက်တာပါပဲ။ အစားအသောက်နဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ က ပိုနေတဲ့ ကိုယ်အလေးချိန်တွေကို လျှော့ချနိုင်ပါတယ်။ ဘေးအကင်းဆုံးဖြစ်မယ့် ကိုယ်အလေးချိန် ထိန်းသိမ်းနည်းကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါမယ်။ - လှုပ်လှုပ်ရှားရှားနေပါ။ တစ်နေ့ကို မိနစ် ၃၀ ခန့်နဲ့ တစ်ပတ်ကို မိနစ် ၁၅၀ လောက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ဆီးချိုကာကွယ်ရာမှာ အထောက်အကူ ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ခန်း လုပ်တာက ကိုယ်အလေးချိန် ထိန်းသိမ်းတာကို ထောက်ကူပေးနိုင်သလို ကျန်းမာတဲ့ကိုယ်အလေးချိန် ရရှိစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် ကျစေပြီး အင်ဆူလင် တုံ့ပြန်မှု ကောင်းစေပါတယ်။ −အစားအသောက်ကို ဂရုစိုက်ပါ။ ဟင်းသီးဟင်းရွက်တွေနဲ့ မပြည့်ဝဆီတွေ ပါဝင်နေတဲ့ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံ ထားရှိဖို့ ဆိုလိုတာပါ။ အရသာ၊ အဆီအအိမ့်ပြည့်ဝတဲ့ အစားအစာတွေက စားကောင်းတာ မှန်ပေမယ့် အာဟာရပြည့်ဝပြီး ကျန်းမာရေး နဲ့ ညီညွတ်တာကိုပဲ ရွေးချယ်ပါ။

ဆီးချိုအကြောင်း သိကောင်းစရာများ

Icon Chevron

ဆီးချိုနဲ့ပတ်သက်လို့ တော်တော်များများ မသိထားတဲ့ အချက်အလက်တွေကတော့ - အာရှတိုက်ရဲ့ လူဦးရေ ၆၀ ရာခိုင်နှုန်း ကျော်က ဆီးချိုရှိကြပါတယ်။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်မှာ ဆီးချိုရှိသူလူဦးရေ အများဆုံး နေထိုင်ရာ ဖြစ်ပြီး ၁၁၆ သန်း နဲ့ ၇၇ သန်းစီ အသီးသီး ရှိကြပါတယ်။ အမြင်အာရုံတွေ ရုတ်တရက်ကြီးဆိုသလို ကြည်လင်လာတာက အမျိုးအစား -၂ ဆီးချိုရဲ့ လက္ခဏာ တစ်ရပ်ပါ။ မျက်လုံးထဲမှာ အရည်တွေစုပုံလာတာက အချို့သူတွေမှာ မျက်လုံးထဲက မှန်ဘီလူးကို ပိုပြီး ကြည်လာစေနိုင်တာကြောင့်ပါ။ လူလုပ်အင်ဆူလင်ကို ၁၉၇၈ ခုနှစ်မှာ E.coli ဘက်တီးရီးယားကို အသုံးပြုပြီး ပထမဆုံးအကြိမ် ထုတ်လုပ် ခဲ့ပါတယ်။

ဆီးချိုရောဂါနဲ့ ပတ်သက်လို့ မေးချင်တာလေးတွေ ကျန်နေသေးတယ်။ ဘာလုပ်ရမလဲ။

Icon Chevron

ဆီးချိုရောဂါ အကြောင်း ပိုမို သိရှိလိုတယ်ဆိုရင် ဆီးချိုရောဂါအကြောင်း ဖော်ပြထားတဲ့ ဝဘ်ဆိုက်စာမျက်နှာကို ဝင်ရောက်လေ့လာနိုင်ပါတယ်။ ပိုမို သိရှိလိုတယ်ဆိုရင်တော့ ဒေသဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေကို မေးမြန်းလို့ ရသလို ဆီးချိုအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးလို့လည်း ရပါတယ်။

ဆီးချိုရောဂါအကြောင်း သိထားသင့်သမျှ

ဆီးချို သွေးချို

ဆီးချိုရောဂါ အကြောင်း

ဆီးချိုရောဂါ အကြောင်း ......... ဆီးချိုသွေးချိုရောဂါဆိုတာက နာတာရှည်ရောဂါတစ်မျိုးပါ။ သွေးတွင်းမှာ ဂလူးကို့စ်ပမာဏတွေ (သွေးတွင်းသကြားဓာတ်) အလွန်အကျွံ များနေတာကို ဆိုလိုတာပါ။ သွေးချိုဆီးချိုမှာ အမျိုးအစားတွေက ၅ မျိုးအထိ ရှိပါတယ်။ အမျိုးအစား (၁) ဆီးချို၊ အမျိုးအစား (၂) ဆီးချို၊ ကိုယ်ဝန်ဆောင်ဆီးချို၊ လူငယ်တွေမှာဖြစ်တတ်တဲ့ ဆီးချို maturity onset diabetes of young (MODY)နဲ့ ခုခံအားတုံ့ပြန်မှု မမှန်တာကြောင့် လူငယ်တွေမှာ ဖြစ်တဲ့ ဆီးချို  (LADA) ဆိုပြီးပေါ့။ သုတေသီတွေက အခုလက်ရှိမှာ  သွေးတွင်းသ​ကြားဓာတ် ပမာဏက ဦးနှောက်ကျန်းမာရေးနဲ့  အတော်လေး ဆက်စပ်နေတာ​ကြောင့် အယ်လ်ဇိုင်းမားကို တစ်ခါတလေမှာ အမျိုးအစား (၃) ဆီးချိုရောဂါလို့ သတ်မှတ်တာမျိုး ရှိကြပါတယ်။ ဒီရောဂါက နေထိုင်မှုပုံစံ၊ မျိုးဗီဇအကြောင်းအရာတွေ၊ အသက်အရွယ်တွေနဲ့ […]

ဆီးချိုရောဂါ နောက်ဆက်တွဲပြဿနာများ

ဆီးချိုရောဂါထိန်းချုပ်ဖို့ နည်းလမ်းများ

အမျိုးအစား (၂) ဆီးချို

ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီ (၈) ချက်ကိုသိထားဖို့လိုမယ်နော်

နည်းလမ်းမှန်မှန်သုံးမယ်ဆိုရင် အိမ်သုံးဆီးချိုတိုင်းတာစက်တွေ အတော်များများက တိကျတဲ့အဖြေ ထုတ်ပေးနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ သုံးတဲ့သူအမှားကြောင့်ပဲဖြစ်ဖြစ်၊ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဖြစ်ဖြစ် အဖြေတွေမှားတတ်ပါတယ်။ ဒီလိုတွေမဖြစ်အောင် အိမ်သုံးဆီးချိုတိုင်းစက်တွေနဲ့  ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် သိထားရမယ့် အချက်တချို့ကိုပြောပြပေးပါ့မယ်။ ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီ (၈) ချက်ကိုသိထားဖို့လိုမယ်နော် ကိုယ့်ဖာသာအိမ်မှာဆီးချိုဖောက်စစ်တော့မယ်ဆိုရင် ဒီအချက်တွေကို သိထားဖို့လိုမယ်နော်။ ၁. အိမ်မှာ ဆီးချိုတိုင်းမယ်ဆို အသုံးပြုရမယ့် ပစ္စည်းတွေက ဘာတွေလဲ အဓိက ပစ္စည်း (၃) ခုလိုပါတယ်။ ဆီးချိုတိုင်းတာစက် (Blood Glucose Monitor)၊ လက်ထိပ်ကိုသွေးဖောက် ပေးမယ့် အပ် (Lancet) နဲ့ သွေးကို လက်ခံယူပြီး ဆီးချိုတိုင်းတာစက်ကို ပို့ပေးမယ့် Test strip ချောင်း တို့ပဲဖြစ်ပါတယ်။ ၂. အိမ်သုံးဆီးချိုတိုင်းတာစက်က ထွက်လာတဲ့အဖြေတွေက ဘယ်လောက်ထိတိကျမှုရှိလဲ စက်လည်းကောင်းမယ်၊ အသုံးပြုတဲ့ test strip ချောင်းတွေရဲ့ အခြေအနေလည်းကောင်းမယ်၊ သုံးစွဲနည်းလည်းမှန်ရင် အိမ်သုံးဆီးချိုတိုင်းတာစက်တွေက […]

အမျိုးအစား (၂) ဆီးချို

ဆီးချိုဆေး မက်ဖော်မင် သောက်ရင် ကျောက်ကပ်ထိမှာလား

ဆီးချိုရောဂါရှင်တိုင်း မက်ဖော်မင် လို့ ပြောလိုက်ရင် မသိသူ မရှိပါဘူး၊၊ တချို့များဆို ဆရာဝန် မညွှန်ဘဲနဲ့တောင် သွေးချိုလေးတက်ပြီဆိုတာနဲ့ မက်ဖော်မင်လေး ဝယ်သောက်ကြတာတောင် ရှိပါတယ်၊၊ မက်ဖော်မင်က အမျိုးအစား ၂ ဆီးချိုရောဂါမှာ ထိပ်တန်းဆေး တစ်လက်ဖြစ်တာကြောင့် စကုပြီဆိုရင် မက်ဖော်မင်နဲ့ စလေ့ရှိပါတယ်၊၊ ဒါပေမယ့် တချို့လူနာတွေက ကိုယ့်ဟာကိုယ်ဆီးချိုရှိနေတာ အကောင်းသား၊ မက်ဖော်မင်လေး ဆွဲသောက်လိုက်တာ ဘယ်လောက်မှ မကြာဘူး၊၊ ကျောက်ကပ်ပျက်ပါရောလားဆိုပြီး ပြောလေ့ရှိပါတယ်၊၊ ဒါက တကယ်ပဲလား၊၊ မက်ဖော်မင် နဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ အမျိုးအစား ၂ ဆီးချိုရောဂါမှာ မက်ဖော်မင်က ထိပ်တန်းဆေး ဖြစ်တဲ့အတွက် ဆီးချိုလူနာတော်တော်များများမှာ တခြားသော ခြွင်းချက်မရှိရင် မက်ဖော်မင် စပေးလေ့ရှိပါတယ်၊၊ ဒီကြားထဲမှာလည်း မက်ဖော်မင်နဲ့ ဆီးချိုထိန်းထားနိုင်တယ်ဆိုရင် ဒီဆေးပဲ ဆက်ပေးလေ့ရှိပါတယ်၊၊ ဒီတော့ ဆီးချိုလူနာတွေက […]

အမျိုးအစား (၂) ဆီးချို

အိမ်မှာ အင်ဆူလင် ဘယ်လိုထိုးမလဲ။

အိမ်မှာ အင်ဆူလင် ဘယ်လိုထိုးမလဲ။ ဆီးချို ရှိတဲ့အခါ ဆေးသောက်တာအပြင် အင်ဆူလင်ထိုးတာကလည်း ဆီးချိုအတွက် ကုသမှု နည်းလမ်းတစ်ရပ်ပါ။ ဒီလို အင်ဆူလင် ထိုးတာကို ဆရာဝန် အကူအညီမလိုဘဲ အိမ်မှာတင် ကိုယ်တိုင် ထိုးလို့ ရပါတယ်။ ဒီတစ်ခေါက်တော့ အင်ဆူလင်ကို အိမ်မှာထိုးတဲ့အခါ အမှန်ကန်ဆုံး ဖြစ်အောင် ဘယ်လို ထိုးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ အင်ဆူလင် ဆိုတာ အင်ဆူလင်ဆိုတာ ဟော်မုန်း တစ်မျိုးပါ။ ဆဲလ်တွေက ဂလူးကို့စ်ကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စေဖို့ ကူညီပေးတဲ့ ဟော်မုန်းပါ။ အင်ဆူလင်က သကြားဓာတ်ကို သွေးထဲကနေတဆင့် ဆဲလ်တွေဆီ ဝင်ရောက်နိုင်စေဖို့ ထောက်ကူပေးတာပါ။ အမျိုးအစား -၁ ဆီးချိုရှိသူတွေမှာဆိုရင် ခန္ဓာကိုယ်က အင်ဆူလင်ကို မထုတ်ပေးနိုင်ပါဘူး။ အမျိုးအစား -၂ ဆီးချို ရှိသူတွေမှာတော့ အင်ဆူလင်ကို မှန်မှန်ကန်ကန် အသုံးမချနိုင်တာပါ။ […]

အမျိုးအစား (၂) ဆီးချို

ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ

ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ ...... ဆီးချိုဝေဒနာကို ထိန်းချုပ်ဖို့ဆိုတာက တော်ရုံတန်ရုံကိစ္စတော့မဟုတ်ပါဘူး။ ဆီးချိုဝေဒနာသည်တွေအနေနဲ့ ဆေးဝါးတွေ သောက်သုံးနေရုံသာမက အစားအသောက်နဲ့ သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ဂရုတစိုက်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ချစ်ရတဲ့ သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေတယ်ဆိုရင် ဂရုစိုက်ပေးရာမှာ အထောက်အပံ့ပေးနိုင်မယ့် နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ ချစ်ခင်ရတဲ့သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေရင် ဘယ်လိုကူညီဖေးမ မလဲ ..... ဆိုတော့ ၁) ဆီးချိုဝေဒနာအကြောင်း နားလည်အောင်လုပ်ပါ ဆီးချို ဝေဒနာသည်တွေကို စောင့်ရှောက်ပေးတဲ့သူတွေအနေနဲ့ ပထမဆုံးသိထားသင့်တဲ့အချက်က ဆီးချိုဝေဒနာခံစားနေရတဲ့ ကိုယ်ချစ်ခင်ရသူမှာ မျှော်လင့်မထားတဲ့ အခြေအနေမျိုးတွေ့ကြုံလာနိုင်ပါတယ်။ ဒီအခါမှာ အကူအညီပေးနိုင်စေဖို့ ဆီးချို ဝေဒနာနဲ့ပတ်သက်ပြီး များများသိရှိနိုင်အောင်ကြိုးစားရပါမယ်။ ဒီလိုမျိုးလေ့လာတာက ဆီးချို ဝေဒနာ အကြောင်းကို သိရှိနိုင်ပြီး အရေးပေါ်အခြေအနေတွေနဲ့ နောက်ဆက်တွဲဝေဒနာတွေဖြစ်တဲ့အခါ ဘယ်လိုစောင့်ရှောက်မှုပေးရမလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ ကိုယ်ချစ်ခင်ရသူကဆရာဝန်ဆီ သွားရောက်ပြသတဲ့အခါမှာလည်း အတူလိုက်ပါခွင့်ပြုဖို့ […]

အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ

ဆီးချို ရှိတဲ့သူ ဆိုရင်တော့ ဒီရောဂါအတွက် အမြဲသတိရှိသင့်ပါတယ်။ ခရီးတစ်ခု သွားရတော့မယ်ဆိုရင် ကျန်းမာအောင် နေထိုင်ဖို့နဲ့ ဆီးချိုကို ထိန်းချုပ်ဖို့အတွက် အစီအစဉ်တွေကို ကြိုတင် ပြုလုပ်သင့်ပါတယ်။ အစာစားချိန်တွေ ပြောင်းလဲတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အချိန်ကွာခြားမှုတွေဟာ ရောဂါထိန်းချုပ်မှုမှာ အရေးပါပါတယ်။ ဒါ့ကြောင့် ခရီးမသွားခင် အောက်ပါ အချက်တွေကို သိထားသင့်ပါတယ်။ ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ ဆီးချိုရောဂါရှိသူများ ကျန်းမာစွာ ခရီးသွားနိုင်ရန် နည်းလမ်းများ ကတော့ ခရီးမသွားခင် ဆရာဝန်နဲ့ ပြပါ။ ခရီးမသွားခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။ ဆီးချို ထိန်းချုပ်ဖို့အတွက် အစီအစဉ် ဆွဲဖို့ အချိန်အလုံအလောက် ပေးဖို့လည်း လိုပါတယ်။ တကယ်လို့ လိုအပ်မယ်ဆိုရင် ခရီးမသွားခင် တစ်လလောက် […]

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ

ဆီးချိုရောဂါ ရှိသူတွေမှာ ရုတ်တရက် သွေးတွင်း သကြားဓာတ် ကျဆင်းတာမျိုး ဖြစ်နိုင်သလို ရုတ်တရက် သွေးတွင်းသကြားဓာတ် တက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေ ၂ ခုစလုံးက အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ဂရုစိုက်သင့်တဲ့ အခြေအနေတွေထဲက တစ်ခု ဖြစ်တဲ့ ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း (hyperglycemia) ဆီးချိုရောဂါ ရှိသူတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်လွန်းရင် အရေးပေါ်အခြေအနေ (diabetic coma)ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို အမျိုးအစား ၁ နဲ့ အမျိုးအစား ၂ ဆီးချိုရောဂါ နှစ်မျိုးလုံးမှာ ခံစားရနိုင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်ရတဲ့ ကိုမာ (diabetic coma) ဆိုတာ အသက်အန္တရာယ်ရှိပြီး ဆီးချိုနောက်ဆက်တွဲဝေဒနာဖြစ်တဲ့ သတိလစ်မေ့မြောခြင်းဖြစ်ပါတယ်။ သင့်မှာ ဆီးချိုရောဂါ […]

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုသမားများ ဆီးချိုကျတဲ့အခါ

ဆီးချိုသမား ဖြစ်ရတာ မလွယ်ပါဘူး။ သူတို့မှာ ဆီးချိုတက်မှာကြောက်ရ ဆီးချိုကျမှာကြောက်ရနဲ့။ အစားအသောက်တွေ မထိန်းဘဲ စားလိုက်ရင်လဲ ဆီးချိုတွေက မိုးထိုးနေပြန်ပြီ။ ရှောင်မယ် ဘာမှမစားဘူးဆိုပြန်တော့လည်း ဆီးချိုတွေကျလိုက်တာများ မူးလို့။ ဒီနေ့တော့ ဆီးချိုသမားများ ဆီးချိုကျတဲ့အခါ ဖြစ်တတ်တဲ့အကြောင်းကို ပြောပြပေးပါမယ်။ ဆီးချိုကျရင် ရုတ်တရက်မူးဝေပြီး သတိလစ်တတ်တာကြောင့် အချိန်မီမကုနိုင်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကျတဲ့လက္ခဏာတွေကို သိထားသင့်ပါတယ်။ ဆီးချိုသမားများ ဆီးချိုကျတဲ့အခါ ဘယ်လိုခံစားရမှာလဲ။ ​လက်ထိပ်ဖောက်ကြည့်လိုက်လို့ သွေးတွင်းသကြားဓာတ် 70mg/dL (3.9mmol/L)အောက်ဆိုရင် ဆီးချိုကျတယ်လို့ ပြောလို့ရပါတယ်။ လက္ခဏာရှိရှိ မရှိမရှိပါ။ ဆီးချိုကျတဲ့ အစောပိုင်းလက္ခဏာတွေကတော့ ကတုန်ကရင်ဖြစ်တာ ခေါင်းမူးတာ ချွေးထွက်တာ ဗိုက်ဆာတာ စိတ်ဆတ်တာ စိတ်ရှုပ်ထွေးတာ ခေါင်းကိုက်တာတွေပဲ ဖြစ်ပါတယ်။ ညဖက်မှာ ဆီးချိုကျခဲ့ရင်တော့ ချွေးထွက်များလို့ အဝတ်အစားတွေ၊ အိပ်ရာခင်းတွေချွေးစိုတာ အိပ်မက်ဆိုးတွေမက်တာ အိပ်ရာကနိုးလာရင် နုံးတာ၊ ခေါင်းမကြည်တာတွေဖြစ်တတ်ပါတယ်။ ဆီးချိုကျတာကို အချိန်မီမကုနိုင်ရင်တော့ […]

အခြား ကျန်းမာရေး ကိရိယာများ

ဆီးချိုရောဂါနဲ့ ယှဉ်တွဲနေထိုင်ခြင်း

အမျိုးအစား (၂) ဆီးချို

ဝါတွင်းကာလ ဆီးချိုအာဟာရ

ဝါတွင်းကာလ ဥပုသ်စောင့်မယ့်သူတွေထဲမှာ ဆီးချိုရောဂါရှိတဲ့ သူတွေလည်း ပါနေမှာပါ။ သာမန်အခြေအနေမှာတောင် ဆီးချိုက တက်လိုက် ကျလိုက် မဖြစ်အောင် မနည်းဂရုစိုက်နေရတာဆိုတော့ ဝါတွင်းကာလဆို ပိုပြီး ထိန်းချုပ်ရခက်မှာပါ။ ဒါကြောင့် ဝါတွင်းကာလမှာရော ဆီးချိုကို ဘယ်လိုထိန်းမလဲ။ ဆီးချိုသမားတွေမှာ အဓိကပြဿနာက အစားအသောက်ပါပဲ။ အစားအသောက်နဲ့ ဆေးကို သေချာချိန်ညှိမှ ဆီးချိုက ချိန်ခွင်လျှာအလယ်မှာ ငြိမ်နေမှာပါ။ ဆေးကို ဆရာဝန်က ချိန်ညှိပေးနေတာဆိုတော့ အစားအသောက်ထိန်းရမှာ ကိုယ့်တာဝန်ပါ။ ဥပုသ်စောင့်တဲ့အချိန်မှာရော ဘာတွေစားမလဲ။ အာဟာရနဲ့ ဆီးချိုကို ဘယ်လို ချိန်ညှိမလဲဆိုတာ ပြောပြပေးပါ့မယ်။ ဝါတွင်းကာလ ဥပုသ်စောင့်တဲ့ ဆီးချိုရောဂါရှင်တွေမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး အခြေအနေများ ဝါတွင်းကာလမှာ ဥပုသ်စောင့်မယ့် ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ ပြောင်းလဲလာတဲ့ စားသောက်မှု ပုံစံ၊ စားသောက်တဲ့အချိန်၊ ဇီဝကမ္မဖြစ်စဉ်၊ ဟော်မုန်းတွေကြောင့် အောက်က ပြောတဲ့ ကျန်းမာရေး […]

အမျိုးအစား (၂) ဆီးချို

အစ္စလာမ်ဘာသာဝင် ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော်

အစ္စလာမ်ဥပုသ်လက တစ်လနီးပါး ကြာမြင့်ပြီး မနက်အာရုဏ်တက်ချိန်မှ နေဝင်မိုးချုပ်သည်အထိ အစာစားတာ၊ ရေသောက်တာ၊ ဆေးသောက်တာ စတာတွေကို ရှောင်ကြဉ်ရပါတယ်။ ဥပုသ်ထွက်တဲ့ ညစာတစ်ကြိမ်၊ ဥပုသ်မဝင်ခင် မနက်စာ တစ်ကြိမ် ၂ကြိမ်ပဲ စားရပါတယ်။ ဒါကြောင့် ဆီးချိုလူနာတွေအနေနဲ့ ဥပုသ်စောင့် ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒီလိုဆိုပေမယ့် ဥပုသ်လုံးဝမစောင့်ရတာတော့ မဟုတ်ပါဘူး။ ဆီးချိုလူနာများ Ramadan ဥပုသ်လတွင် ဥပုသ်စောင့် လိုသော် အောက်ပါအချက်တွေကို နားလည်လိုက်နာဖို့ လိုပါတယ်။ သင်က ဥပုသ်စောင့် ဖို့ သင့်တော်တဲ့သူလား။ ဆီးချိုလူနာတိုင်းက ဥပုသ်စောင့်လို့ မရတာမဟုတ်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး အန္တရာယ်အလွန်များတဲ့ အုပ်စု၊ အန္တရာယ်များတဲ့ အုပ်စု၊ အသင့်အတင့် ဒါမှမဟုတ် အန္တရာယ်နည်းတဲ့ အုပ်စု ဘယ်အုပ်စုထဲမှာ ရှိနေလဲဆိုတာကို သိဖို့ လိုပါတယ်။ ဒါကြောင့် တတ်နိုင်ရင်တော့ […]

အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံ

ကမ္ဘာပေါ်မှာ ဆီးချို ဖြစ်ပွားမှုနှုန်း က တစ်နှစ်ထက်တစ်နှစ် တရှိန်ထိုးကို တက်တက်လာပါတယ်။ ပြောင်းလဲ တိုးတက်လာတာနဲ့အမျှ ဇိမ်ခံပစ္စည်းတွေလည်းများလာသလို ကိုယ်လက်လှုပ်ရှားမှုကလည်း မရှိသလောက်နည်းပါးလာပါတယ်။ ဒါ့အပြင် အသင့်စား အစားအစာတွေ၊ အချိုရည်တွေ၊ fast food ဆိုင်တွေများလာတာနဲ့အမျှ ခန္ဓာကိုယ်အလေးချိန်ကလည်း ကိုယ်သတိမထားမိတဲ့ အချိန်မှာ တော်တော်လေးတက်လာတတ်ပါတယ်။ ဒီလိုမျိုး ဝလာတာရယ်၊ ကိုယ်လက်လှုပ်ရှားမှု နည်းလာတာရယ်က ဆီးချိုဖြစ်စေတဲ့ အဓိကတရားခံ နှစ်ခုပါ။ ဒီတစ်ခေါက်တော့ ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံ ဆီးချိုစဖြစ်နေပြီဆိုရင် အောက်ပါအချက်လေးတွေ လိုက်လုပ်ဖို့ တိုက်တွန်းပါရစေ။ ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံ အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ (၁) ထမင်းကို သတ်မှတ်ထားတဲ့ပမာဏအတိုင်း စားပေးရပါမယ် ဒီနေရာမှာ ထမင်းလုံးဝ မစားရဘူးလို့ ကျွန်တော် မပြောပါဘူး။ မြန်မာလူမျိုးဖြစ်တော့ ထမင်းကတော့ စားချင်မှာပဲ။ ဒါပေမယ့် စားတဲ့အခါမှာ […]

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် ကျန်းမာစေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ

ဆီးချိုရှိနေမယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။ အကြောင်းကတော့ ဆီးချိုရှိသူတွေအနေနဲ့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးတာက များစွာသော ကောင်းကျိုးတွေကို ရရှိစေနိုင်တာကြောင့်ပါ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ဖိစီးမှုတွေကို လျော့ကျစေရုံမက သွေးတွင်းသကြားဓာတ်တွေကိုလည်း ထိန်းညှိပေးနိုင်သလို အင်ဆူလင် ဟော်မုန်းထွက်ရှိမှုကိုလည်း ကောင်းမွန်စေပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအတွက် ကျန်းမာစေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဆီးချိုရှိသူတွေ နဲ့ လေ့ကျင့်ခန်း လုပ်ဆောင်ခြင်း လေ့ကျင့်ခန်း လုပ်တာက ဆီးချိုရှိသူတွေ ကျန်းမာစေဖို့ တော်တော်လေး အရေးကြီးတဲ့ အချက်တစ်ရပ်ပါ။ ဆီးချိုရှိသူတွေအနေနဲ့ အေရိုးဗစ်လိုမျိုး ကိုယ်လက်လှုပ်ရှားမှုဖြစ်စေတဲ့ လေ့ကျင့်ခန်းကို တစ်ပတ်ကို မိနစ် ၁၅၀ လောက် လုပ်ဆောင်ပေးဖို့ လိုပါမယ်။ တစ်ပတ်ကို အနည်းဆုံး ၅ ရက်လောက်တော့ လုပ်ဆောင်ရပါမယ်။ တစ်နေ့ကို မိနစ် ၃၀ လောက်စီပေါ့။ ဆီးချိုအတွက် […]

အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ - နေထိုင်မှုပုံစံ၊အစားအသောက်၊ဆေးဝါးကုသမှု

ဆီးချို ရှိလာရင် နေထိုင်စားသောက်မှုတွေကို သေချာလေး ဂရုစိုက်ဖို့ လိုသလို ဆေးဝါးကုသမှုကိုရော နေထိုင်မှု ပုံစံကိုပါ သေချာလေး ဂရုစိုက်ဖို့ လိုမှာပါ။ ဒီတော့ ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ ဆီးချိုရောဂါအတွက် ဘယ်လိုဆင်ခြင်နေထိုင်မလဲ ဆိုတာကို အတူတူ လေ့လာလိုက်စို့နော်။ ဆီးချိုရောဂါကဘာလဲ ဆီးချိုရောဂါ အဓိကအမျိုးအစား ၃ မျိုးရှိပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါ - ခန္ဓာကိုယ်က အင်ဆူလင် ထုတ်မပေးနိုင်တော့ပါဘူး။ ကိုယ်စားလိုက်တဲ့ အစားအစာတွေဆီက ရရှိတဲ့ သကြားဓာတ်(ဂလူးကို့စ်)ကို ခန္ဓာကိုယ်အတွက် အားအဖြစ် ပြောင်းလဲပေးနိုင်ဖို့ အင်ဆူလင် လိုအပ်လာတာကြောင့် ပြဿနာ ရှိလာပါတယ်။ ဒီအမျိုးအစားအတွက် အင်ဆူလင်နေ့တိုင်း ထိုးသွင်းဖို့ လိုအပ်ပါတယ်။ အမျိုးအစား ၂ ဆီးချိုရောဂါ -ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းစွာမထုတ်လုပ်နိုင်၊ အသုံးမပြုနိုင်ပါဘူး။ […]

အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်တွေ လှည့်တောင်မကြည့်သင့်တဲ့ အစားအသောက် ၁၀ မျိုး

မသန့်ရှင်းတဲ့ အစားအစာတွေ၊ အဆီတွေ၊ သကြားဓာတ်တွေ ပိုပိုကဲကဲ ထည့်သွင်းဖန်တီးလာတဲ့ အစားအစာတွေ ပေါများလာတဲ့ ဒီခေတ်ထဲမှာ ဆီးချိုဝေဒနာ ခံစားနေရသူတွေလည်း ပိုပိုများလာပါတယ်။ ဆီးချိုဟာ ဒီကနေ့ခေတ် ကျန်းမာရေးနယ်ပယ်မှာ ပိုပိုပြီးတော့ ဂရုစိုက်စရာ၊ အာရုံစိုက်စရာ ရောဂါဆိုးတစ်ခုဖြစ်လာနေပါပြီ။ ဒီတစ်ခေါက်တော့ ဆီးချိုဝေဒနာရှင်တွေ လှည့်တောင်မကြည့်သင့်တဲ့ အစားအသောက် ၁၀ မျိုး အကြောင်း ပြောပြပေးချင်ပါတယ်။ ဆီးချို အဖြစ်များလာသလား။ ဆီးချိုမှာ ကာကွယ်လို့မရတဲ့ ဆီးချိုအမျိုးအစား-၁ နဲ့ အဖြစ်များတဲ့ ဆီးချို အမျိုးအစား-၂ ဆိုပြီး အမျိုးအစား ၂ မျိုးရှိပါတယ်။ ပုံမှန်အားဖြင့် ဂရုတစိုက်နေထိုင်မယ်ဆိုရင် ဆီးချိုဝေဒနာခံစားနေရပေမယ့်လည်း တစ်သက်လုံး အေးအေးဆေးဆေးနေလို့ရပါတယ်။ ဒါပေမယ့် အစားအသောက် အနေအထိုင် မဆင်ခြင်ရင်တော့ ဆီးချိုက အသက်အန္တရာယ်ကို ကြီးကြီးမားမား ခြိမ်းခြောက်နေတဲ့ရောဂါတစ်မျိုးဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဆီးချိုဝေဒနာကြောင့် သေဆုံးတဲ့ သူအရေအတွက်ဟာ AIDS […]

အမျိုးအစား (၂) ဆီးချို

ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု

သွေးထဲမှာ သကြားဓာတ်ပုံမှန်ထက်မြင့်မားနေတဲ့သူတွေကို ဆီးချိုရောဂါရှိသူတွေလို့ သတ်မှတ်နိုင်ပါတယ်။ ဆီးချိုရောဂါကို ထိန်းချုပ်တယ်ဆိုတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိတာပါ။ နေ့စဉ်စားသောက်လိုက်တဲ့ အစားအစာတွေထဲမှာ ပါဝင်နေတဲ့ အချိုဓာတ်တွေက သွေးတွင်းသကြားဓာတ်နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကို မှန်မှန်ကန်ကန်ရွေးချယ်စားသုံးမှုက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ အထောက်အပံ့ဖြစ်စေမှာပါ။ ဒီတစ်ခေါက်တော့ ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု အတိုင်းအတာလေးကို လေ့လာလိုက်ရအောင်နော်။ ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု ဆီးချိုထိန်းတာမှာ အစားအသောက်ရဲ့ အရေးပါမှု အတိုင်းအတာကို ဆက်ကြည့်လိုက်ရအောင်နော်။ ဆီးချိုရောဂါရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ တကယ်လို့ သင်ဟာ ဆီးချိုရောဂါခံစားနေရသူဆိုရင် အာဟာရပြည့်ဝအောင်စားသုံးပေးတဲ့  စားသောက်မှုပုံစံက နေ့စဉ်ဘဝမှာ ကျန်းမာနေစေဖို့ အထောက်အပံ့ပေးပါလိမ့်မယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံကို မွေးမြူပေးရင်ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးအချို့ကတော့ - ကျန်းမာရေးကောင်းလာမယ် သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းမွန်မွန် ထိန်းညှိလာနိုင်မယ် သွေးတွင်းအဆီကျစေမယ် သွေးပေါင်ချိန်ကို ထိန်းညှိထားနိုင်မယ် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို […]

ဆီးချိုရောဂါဖြစ်နိုင်ခြေ

အမျိုးအစား (၂) ဆီးချို

အဝလွန်ခြင်းနဲ့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဆက်စပ်မှု

အဝလွန်တဲ့ သူတွေက ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများတယ်ဆိုတာ သိထားပြီးသားပါ။ ဒါတင်ပဲလားဆိုတော့ ဆီးချိုသွေးချိုရောဂါရဲ့ အပေါင်းအဖော်တွေ ဖြစ်တဲ့ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းတာကိုလည်း အဖော်ခေါ်လာတတ်ပါတယ်။ ဒါကြောင့် ခုခေတ်မှာ အဝလွန်တာကို ရောဂါတစ်ခုလို သတ်မှတ်လာပါပြီ။ အဝလွန်တယ်ဆိုတာ အဝလွန်တယ် ဆိုတာကို တိုင်းတာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ လူအများနဲ့ လက်လှမ်းမီတာကတော့ ခန္ဓာကိုယ် ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့ Body mass index (BMI) ပါ။ ကိုယ်အလေးချိန်ကို အရပ်နဲ့ စားပြီး တွက်ထားတာပါ။ အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ BMIက ၂၅-၂၉.၉ kg/m2ဆို ဝနေပါပြီ။ ၃၀နဲ့ အထက်ဆိုရင် အဝလွန်တယ်လို့ ယူဆပါတယ်။ ဒီမှာမှ ၃၀-၃၄.၉ ကြားဆို အဝလွန်ခြင်း အဆင့် ၁၊ ၃၅-၃၉.၉ဆို အဝလွန်ခြင်း အဆင့် ၂၊ […]

အမျိုးအစား (၂) ဆီးချို

ဆီးချိုရောဂါဖြစ်စေတဲ့ တရားခံတွေက ဘယ်သူလဲ

သွေးတွင်းသကြားဓာတ်တွေကို ကိုယ်ခန္ဓာက ကောင်းစွာ မထိန်းချုပ်နိုင်တဲ့အခါ ဆီးချိုရောဂါ အစပျိုးလာပါတယ်။ လူတွေ အများဆုံး သိကြတဲ့ ဆီးချိုဖြစ်စေတဲ့ တရားခံကတော့ အချိုစားသုံးမှု များခြင်းပါပဲ။ ဆီးချိုရောဂါဖြစ်စေတဲ့ တရားခံတွေက ဘယ်သူလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။ အချိုစားတိုင်း ဆီးချိုဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချို တစ်နည်းအားဖြင့် သကြား စားသုံးမှုများတဲ့အပြင် လှုပ်ရှားမှုနည်းလာတဲ့အခါ သွေးထဲမှာ သကြားဓာတ်တွေ များလာတယ်။ ကိုယ်ခန္ဓာက သကြားဓာတ်ထဲမှာ ပါဝင်တဲ့ ဂလူးကို့စ်တွေကို မချေဖျက်နိုင်တဲ့အခါ ကိုယ်အလေးချိန်တိုးပြီး အဝလွန်လာတယ်။ နာတာရှည် ဆီးချိုနဲ့ သွေးချိုရောဂါ ဖြစ်လာမယ်။နောက်ဆက်တွဲအနေနဲ့ နှလုံးနဲ့ ဦးနှောက်အပြင် အမြင်အာရုံတွေ ထိခိုက်လာမယ်။ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာစေနိုင်ပါတယ်။ ဂလူးကို့စ်ဟာ နေ့စဉ် ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့နဲ့ ကြွက်သားနဲ့ တစ်ရှူးတွေကို သန်စွမ်းစေနိုင်ပေမယ့် လိုတာထက် […]

အမျိုးအစား (၂) ဆီးချို

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ

ဆီးချိုရှိနေလို့ ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်နေတဲ့သူများရှိလား။ ဆီးချိုရှိပေမယ့် အနေအထိုင် အာဟာရစားသုံးမှုတွေကို သေချာဂရုစိုက်မယ်ဆိုရင် သာမန်လူတစ်ယောက်လို သက်တမ်းစေ့စေ့ နေလို့ရပါတယ်နော်။ ဆီးချိုဝေဒနာရှိသူအတွက် အရေးအကြီးဆုံးကတော့ နေထိုင်မှုပုံစံနဲ့ နေ့စဉ်စားသောက်မှုပုံစံပါ။ ဒီအချက်တွေကို ဟန်ချက်ညီအောင်ထိန်းနိုင်မယ်ဆိုရင် ဆီးချိုသမားတွေဟာလည်း သာမန်လူတွေလိုပဲ သက်တမ်းစေ့စေ့နေနိုင်မှာပါ။ ဒီတော့ ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ က ဘာတွေများ ဖြစ်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံဆိုတာ ဘာလဲ။ ဆီးချိုရှိတာနဲ့ လူဖြစ်ရှုံးသလိုကြီး မတွေးစေချင်ပါဘူး။ ဆီးချိုက ကုသလို့မရပေမယ့် အကောင်းဆုံးဂရုစိုက်မယ်ဆိုရင်တော့ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်မှာ အသေအချာပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကိုပြောပြပေးပါရစေနော်။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ ဒီအချက်က ဆီးချိုရှိသူတွေအတွက်တော်တော်လေးအရေးပါတဲ့ အချက်ပါ။ အစားအသောက်က သွေးချိုအပေါ်မှာ အဓိကသက်ရောက်နေတာပါ။ အစားစားတဲ့အခါ စားကောင်းတယ်ဆိုပြီး အများကြီးတစ်ခါတည်း စားလိုက်တာမျိုးမလုပ်ပါနဲ့။ အစားစားတဲ့အခါ အာဟာရမျှတအောင် […]