ဝါတွင်းကာလ ဥပုသ်စောင့်မယ့်သူတွေထဲမှာ ဆီးချိုရောဂါရှိတဲ့ သူတွေလည်း ပါနေမှာပါ။ သာမန်အခြေအနေမှာတောင် ဆီးချိုက တက်လိုက် ကျလိုက် မဖြစ်အောင် မနည်းဂရုစိုက်နေရတာဆိုတော့ ဝါတွင်းကာလဆို ပိုပြီး ထိန်းချုပ်ရခက်မှာပါ။ ဒါကြောင့် ဝါတွင်းကာလမှာရော ဆီးချိုကို ဘယ်လိုထိန်းမလဲ။ ဆီးချိုသမားတွေမှာ အဓိကပြဿနာက အစားအသောက်ပါပဲ။ အစားအသောက်နဲ့ ဆေးကို သေချာချိန်ညှိမှ ဆီးချိုက ချိန်ခွင်လျှာအလယ်မှာ ငြိမ်နေမှာပါ။ ဆေးကို ဆရာဝန်က ချိန်ညှိပေးနေတာဆိုတော့ အစားအသောက်ထိန်းရမှာ ကိုယ့်တာဝန်ပါ။ ဥပုသ်စောင့်တဲ့အချိန်မှာရော ဘာတွေစားမလဲ။ အာဟာရနဲ့ ဆီးချိုကို ဘယ်လို ချိန်ညှိမလဲဆိုတာ ပြောပြပေးပါ့မယ်။